Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

   ေလာကလူေတြဟာ ကိုယ့္ကိုယ္ကို တန္ဖိုးကို သိပ္မထားၾကဘူး။ ႏွိမ့္ခ်ၿပီးေတာ့ ေတြးၾကတယ္ေနာ္။ ယံုၿပီဆိုရင္ အကုန္လံုး ပံုအပ္ၿပီးေတာ့ ကိုယ့္ရဲ႕အသိဉာဏ္၊ ကိုယ့္ရဲ႕စိတ္ဓာတ္ကို တန္ဖိုးမထားေတာ့ဘူး၊ ဒါမ်ိဳးေတြ ျဖစ္တတ္တယ္။ ဒါေၾကာင့္မို႔လို႔ ျမတ္စြာဘုရား ကိုယ္တိုင္ကလည္း ေဟာထားတာေလ။ " အတၱာ ဟိ အတၱေနာ နာေထာ ” တဲ့။ ကိုယ့္ကိုယ္ကိုသာ ကိုးကြယ္ရာ ျဖစ္တယ္၊ ကိုယ့္ဟာကိုယ္ အားကိုးရမယ္၊ " အတၱနာဟိ သုဒေႏၲန နာထံ လဗ႓တိ ဒုလႅဘံ ” ကိုယ္ကိုယ္တိုင္ စိတ္ယဥ္ေက်းေအာင္လုပ္မွ အားကိုရာတရားဆိုတာ အစစ္အမွန္ကို ရႏိုင္တယ္၊ ေတြ႕ႏိုင္တယ္လို႔ ဒီလို ေျပာတာ။

   ဒါေၾကာင့္မို႔ ေလာကလူေတြရဲ႕ ဒီဘဝခရီးကို ဦးေဆာင္ၿပီးေတာ့ ႀကီးပြားတိုးတက္ႏိုင္တဲ့ အရည္အခ်င္းဟာ အတြင္းမွာပဲ႐ွိတယ္၊ အျပင္မွာ မ႐ွိဘူး။ အျပင္က အကူအညီေလးပဲ ႐ွိတယ္ေနာ္။ ဒါ ဘယ္လို စဥ္းစားရမတုန္းဆို စဥ္းစားၾကည့္ေလ၊ ကေလးေလးတစ္ေယာက္ စာတတ္ေအာင္၊ ေတာ္ေအာင္လို႔ ေက်ာင္းထားတယ္၊ ဆရာေကာင္းနဲ႔၊ ပိုက္ဆံလည္း အင္မတန္ အကုန္အက်ႀကီးတဲ့ေက်ာင္းမွာ သြားထားတယ္၊ ဒါေပမယ့္ သူ မႀကိဳးစားဘူးဆိုရင္ မရဘူး၊ အျပင္ဘက္က ဘယ္ေလာက္ေကာင္းေကာင္း သူကိုယ္တိုင္က မႀကိဳးစားဘူး၊ သူ႕ရဲ႕စိတ္ဓာတ္ကို မျပင္ဘူး၊ သူကိုယ္တိုင္ မလုပ္ဘူးဆိုရင္ ဘာမွမရဘူး။ ဒါက အင္မတန္မွ ထင္႐ွားတယ္၊ ဒါေၾကာင့္မို႔ ကိုယ့္ကိုယ္ကို အားကိုးရမယ္။

   ကိုယ့္ကိုယ္ကို အားကိုဆိုတဲ့ေနရာမွာ အျပင္ဘက္က အေၾကာင္းတရားကိုလည္း ကိုယ္ရေအာင္ ယူရမယ္။ ဆရာဆိုတာ နည္းလမ္းျပတယ္၊ သင္ၾကားေပးတယ္၊ မွတ္ယူၿပီးေတာ့ ႀကိဳးစားဖို႔က ကိုယ့္တာဝန္၊ အဲဒါေၾကာင့္မို႔ ကိုယ္ကိုယ္ကို အေလးထားၿပီးေတာ့၊ ကိုယ့္ကိုယ္ကို ထိပ္တန္းထားၿပီးေတာ့ ျပင္ရမယ္။ ကိုယ့္ကိုယ္ကို ထိပ္တန္းထားၿပီးေတာ့ ဆင္ျခင္စဥ္းစားၿပီးေတာ့ ေကာင္းေအာင္ျပင္ရမယ္။

   ေနာက္တစ္ခု ႐ွိေသးတယ္။ ကိုယ့္ကိုယ္ကို ဘယ္လိုျပင္မလဲ?- " ငါဟာ အခု ဒီဘဝမွာ ကုသိုလ္ေကာင္းမႈ လုပ္ခြင့္ရတယ္၊ ဒီဘဝမွာ ငါ ကုသိုလ္မလုပ္လိုက္ဘူးဆိုလို႔႐ွိရင္ ငါေသသြားလို႔႐ွိရင္ ငရဲက်သြားႏိုင္တယ္၊ တိရစၧာန္ျဖစ္ႏိုင္တယ္၊ ၿပိတၱာျဖစ္ႏိုင္တယ္ ”။ ငရဲ တိရစၧာန္ ၿပိတၱာဘံု ေရာက္သြားလို႔႐ွိရင္ - ကိုယ့္မ်က္စိေအာက္မွာ ၾကည့္ - ၾကက္ကေလးေတြ၊ ဝက္ကေလးေတြ ဘယ္လိုလုပ္ တရားနာႏိုင္မတုန္း၊ ဘယ္လိုလုပ္  တရားႏွလံုးသြင္းႏိုင္မတုန္း။ " ဒီဘဝမ်ိဳးဆိုရင္ ငါ တရားနာခ်င္လို႔လည္း မရဘူး၊ တရားက်င့္ခ်င္လို႔လည္း မရဘူး။ အခု တရားက်င့္ႏိုင္တဲ့ဘဝမွာ ငါက်င့္မွပဲ ” ဒါ ကိုယ့္ကိုယ္ကို စဥ္းစားတာ။ " ဒီဘဝမွာ မလုပ္ဘူးဆိုလို႔႐ွိရင္ သံသရာမွာ ငါလုပ္ဖို႔ အေျခအေနေတြ ရခ်င္မွ ရမွာ၊ ဒါေၾကာင့္မို႔ ဒီဘဝပဲ ငါလုပ္မွာပဲ ” လို႔ စိတ္ထဲက ဒီလို ႏွလံုးသြင္းၿပီးေတာ့ ႀကိဳးစားရမယ္။

   ေနာက္တစ္ခုက " ကာမဂုဏ္အာ႐ုံဆိုတာ ဘယ္ဘဝမဆို ခံစားၾကရတာ၊ တိရစၧာန္ေတြလည္း တိရစၧာန္အတိုင္းအတာအလိုက္ ခံစားတာပဲ၊ လူေတြလည္း လူေတြရဲ႕ အတိုင္းအတာအလိုက္ ခံစားတာပဲ။ အဲဒီ ခံစားမႈႀကီးကိုပဲ အဟုတ္ႀကီးထင္ၿပီးေတာ့ ဒါေတြနဲ႔ နစ္ျမဳပ္ၿပီးေတာ့ေနမယ္ဆိုရင္ ငါ့မွာ ရသင့္ရထိုက္တဲ့ အသိပညာေတြက လက္လြတ္ဆံုး႐ႈံးလိမ့္မယ္၊ အဲဒီေတာ့ ဒါေတြကို လက္လြတ္ဆံုး႐ႈံးခံလို႔ မျဖစ္ဘူး ” ေဟာ စဥ္းစားပံုေလးေတြက အမ်ိဳးမ်ိဳးေနာ္။

   ဘုရားေလာင္း သုေမဓာ ဆင္ျခင္စဥ္းစားတာၾကည့္၊ သုေမဓာဆိုတာ သာမန္ပုဂၢိဳလ္ မဟုတ္ဘူး။ ခုေခတ္ ဆင္းရဲတဲ့ပုဂၢိဳလ္ေတြက ကိုယ့္ဘဝကိုစြန္႔တာ မဆန္းဘူး၊ ဘဝမွာ အဆင္ေျပၿပီးေတာ့ တကယ္ ထိပ္တန္းက်တဲ့ပုဂၢိဳလ္က ဒါေတြကိုစြန္႔ဖို႔ဆိုတာ လြယ္တာမွ မဟုတ္တာ၊ ဘုရားေလာင္း သုေမဓာသူေဌးသားေလးဟာ ဘိုးဘြားမိဘေတြ လက္ထက္ကတည္းက စုေဆာင္းလာတဲ့ ရတနာသိုက္ေတြဟာ နည္းတာ မဟုတ္ဘူး။ မိဘေတြ မ႐ွိေတာ့တဲ့ေနာက္ ဒီရတနာေတြ သူ႕လက္ထဲေရာက္ေတာ့ သူစဥ္းစားပံုေလးၾကည့္ - ဒီရတနာေတြ ႐ွာေဖြစုေဆာင္းတာ စာရင္းနဲ႔ဘာနဲ႔ မွတ္ထားတယ္။ " ဒါက ဘယ္အဘိုး လက္ထက္က၊ ဒါက ဘယ္အဘြား လက္ထက္က၊ ဒါက အဘိုးပစၥည္း၊ ဒါက အဘြားပစၥည္းဆိုၿပီး စာရင္းဇယားေတြနဲ႔ ေဆြ ၇-ဆက္ မ်ိဳး ၇-ဆက္က ပစၥည္းေတြ ” ဆိုၿပီး ျပတယ္။ ဒီေတာ့ သူက ဆက္ၿပီး စဥ္းစားတယ္။ " ပစၥည္း႐ွာတဲ့ပုဂၢိဳလ္ေတြက အခု မ႐ွိၾကေတာ့ဘူး၊ သူတို႔႐ွာသြားတဲ့ ပစၥည္းေတြပဲ က်န္ရစ္တယ္၊ ဒီပစၥည္းေတြကို ငါ သံုးမသြားႏိုင္ဘူးဆိုရင္ ငါလည္းဒီလိုပဲ ထားခဲ့ရမွာပဲ၊ ပစၥည္း႐ွာသြားတဲ့ပုဂၢိဳလ္ေတြ မ႐ွိေတာ့ဘဲနဲ႔ ပစၥည္းေတြသာ က်န္ရစ္တယ္။ သူတို႔႐ွာသြားတဲ့ပစၥည္း သူတို႔ သံုးမသြားရဘူး၊ ငါကေတာ့ ငါပိုင္တဲ့ ပစၥည္းေတြ အားလံုးသံုးမယ္ ” လို႔ - ဘယ္နည္းနဲ႔ ယူသြားလို႔႐ွိရင္ ရႏိုင္မလဲလို႔ ဆင္ျခင္စဥ္းစားၾကည့္တာ။

   ဒီေလာက္ကေတာ့ တရားနာ ပရိသတ္ေတြ ဆင္ျခင္စဥ္းစားၾကည့္ေပါ့။ ကိုယ့္မွာ စိန္ေတြ ေရႊေတြ ပိုင္တယ္ ဆိုလို႔႐ွိရင္ ေနာက္ဘဝကို ဒါေတြယူသြားလို႔ ရမလား၊ မရဘူးလား။ အားလံုးထားပစ္ခဲ့ရတာေနာ္။ အဲဒီေတာ့ ထားပစ္ခဲ့ရတာ ေသခ်ာသည့္အတြက္ေၾကာင့္ ဒါေတြကို ယူသြားခ်င္ရင္ ဘာလုပ္ရမတုန္းဆို " ဒီကေန ျဖစ္ေပၚလာတဲ့ ကုသိုလ္ေကာင္းမႈကို ယူသြားလို႔ရတယ္၊ ဒီေတာ့ ပစၥည္းကို စြန္႔လွဴၿပီးေတာ့ ရတဲ့ ဒါနေကာင္းမႈပဲ ယူသြားမယ္၊ ေဆာက္တည္လို႔ရတဲ့ သီလေကာင္းမႈပဲ ယူသြားမယ္၊ တရားဓမၼ ႏွလံုးသြင္းလို႔ရတဲ့ ဘာဝနာေကာင္းမႈပဲ ယူသြားမယ္ ” တဲ့။ " ဒီပစၥည္းေတြက ယူလို႔ရတာေတြ မဟုတ္ဘူး၊ အဲဒီေတာ့ ယူလို႔မရတဲ့ ပစၥည္းေတြကို ေစာေစာကတည္းက စြန္႔ၿပီးေတာ့ ကိုယ္စြန္႔ျခင္းျဖင့္ ရလာတဲ့ ဒါနေကာင္းမႈကိုပဲ ငါ ယူမယ္ ” လို႔ အဲဒီလို စဥ္းစားၿပီးေတာ့ သူပိုင္တဲ့ပစၥည္းေတြအားလံုး စြန္႔ပစ္လိုက္တယ္၊ စြန္႔ၿပီးေတာ့ ေတာႀကီးထဲ ထြက္ၿပီးေတာ့ သူ တရားက်င့္တယ္ေပါ့။ အဲဒီက်မွ ဒီပကၤရာဘုရားနဲ႔ ေတြတယ္။

   စဥ္းစားပံုခ်င္း မတူဘူး၊ သာမန္ပုဂၢိဳလ္ဆိုရင္ ဘယ္လိုစဥ္းစားမတုန္း၊ " ငါ့ဒီပစၥည္းေတြ တစ္သက္လံုး မကုန္ဘူး၊ ေပ်ာ္ခ်င္ ပါးခ်င္တိုင္း ေပ်ာ္ပါးမယ္ ” " ဒီပစၥည္းေတြ သံုးျဖဳန္းၿပီး ဒီဘဝမွာ ဒီလိုေနသြားမယ္ ” လို႔ ဒီလိုပဲ စဥ္းစားမွာေပါ့။ သံုးျဖဳန္းေပ်ာ္ပါးသြားလို႔႐ွိရင္ ကုသိုလ္က မရလိုက္ဘဲနဲ႔ ပစၥည္းေတြသံုးတာေတာ့ ဒီဘဝမွာ သံုးလို႔လည္းရမယ္၊ ျဖဳန္းလို႔လည္းရမယ္၊ သို႔ေသာ္ သံုးတယ္ ျဖဳန္းတယ္ဆိုတဲ့အခ်ိန္မွာ ဘာေတြက တက္လာတုန္းဆို ေလာဘေတြ တက္လာတယ္၊ ေဒါသေတြ တက္လာတယ္၊ ကာမဂုဏ္အာ႐ုံစိတ္ေတြပဲ တိုးတက္လာတယ္။ အဲဒါေတြက လူကို ဆြဲခ်သြားတာ။ ပစၥည္းေပၚမွာ တြယ္တာမႈေတြက လူကို ဆြဲခ်သြားလိုက္တယ္။ ေနာက္ဆံုးမွာ နိမ့္က်တဲ့ဘဝတစ္ခု ေရာက္သြားမယ္။ ဒါေၾကာင့္မို႔. " အတၱာနံ ေယဝ အဓိပတႎ ကတြာ ” ကိုယ့္ကိုယ္ကို အေလးထားဆင္ျခင္ စဥ္းစားၿပီးတဲ့အခါမွာ အကုသိုလ္ေတြဖယ္ဖို႔ ႀကိဳးစားရမယ္တဲ့။ ကုသိုလ္တရားေတြ ပြားမ်ားအားထုတ္ဖို႔ ႀကိဳးစားရမယ္တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:တရားဓမၼ
#Unicode Version#
   လောကလူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးကို သိပ်မထားကြဘူး။ နှိမ့်ချပြီးတော့ တွေးကြတယ်နော်။ ယုံပြီဆိုရင် အကုန်လုံး ပုံအပ်ပြီးတော့ ကိုယ့်ရဲ့အသိဉာဏ်၊ ကိုယ့်ရဲ့စိတ်ဓာတ်ကို တန်ဖိုးမထားတော့ဘူး၊ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရား ကိုယ်တိုင်ကလည်း ဟောထားတာလေ။ " အတ္တာ ဟိ အတ္တနော နာထော ” တဲ့။ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်တယ်၊ ကိုယ့်ဟာကိုယ် အားကိုးရမယ်၊ " အတ္တနာဟိ သုဒန္တေန နာထံ လဗ္ဘတိ ဒုလ္လဘံ ” ကိုယ်ကိုယ်တိုင် စိတ်ယဉ်ကျေးအောင်လုပ်မှ အားကိုရာတရားဆိုတာ အစစ်အမှန်ကို ရနိုင်တယ်၊ တွေ့နိုင်တယ်လို့ ဒီလို ပြောတာ။

   ဒါကြောင့်မို့ လောကလူတွေရဲ့ ဒီဘဝခရီးကို ဦးဆောင်ပြီးတော့ ကြီးပွားတိုးတက်နိုင်တဲ့ အရည်အချင်းဟာ အတွင်းမှာပဲရှိတယ်၊ အပြင်မှာ မရှိဘူး။ အပြင်က အကူအညီလေးပဲ ရှိတယ်နော်။ ဒါ ဘယ်လို စဉ်းစားရမတုန်းဆို စဉ်းစားကြည့်လေ၊ ကလေးလေးတစ်ယောက် စာတတ်အောင်၊ တော်အောင်လို့ ကျောင်းထားတယ်၊ ဆရာကောင်းနဲ့၊ ပိုက်ဆံလည်း အင်မတန် အကုန်အကျကြီးတဲ့ကျောင်းမှာ သွားထားတယ်၊ ဒါပေမယ့် သူ မကြိုးစားဘူးဆိုရင် မရဘူး၊ အပြင်ဘက်က ဘယ်လောက်ကောင်းကောင်း သူကိုယ်တိုင်က မကြိုးစားဘူး၊ သူ့ရဲ့စိတ်ဓာတ်ကို မပြင်ဘူး၊ သူကိုယ်တိုင် မလုပ်ဘူးဆိုရင် ဘာမှမရဘူး။ ဒါက အင်မတန်မှ ထင်ရှားတယ်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို အားကိုးရမယ်။

   ကိုယ့်ကိုယ်ကို အားကိုဆိုတဲ့နေရာမှာ အပြင်ဘက်က အကြောင်းတရားကိုလည်း ကိုယ်ရအောင် ယူရမယ်။ ဆရာဆိုတာ နည်းလမ်းပြတယ်၊ သင်ကြားပေးတယ်၊ မှတ်ယူပြီးတော့ ကြိုးစားဖို့က ကိုယ့်တာဝန်၊ အဲဒါကြောင့်မို့ ကိုယ်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ပြင်ရမယ်။ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ဆင်ခြင်စဉ်းစားပြီးတော့ ကောင်းအောင်ပြင်ရမယ်။

   နောက်တစ်ခု ရှိသေးတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုပြင်မလဲ?- " ငါဟာ အခု ဒီဘဝမှာ ကုသိုလ်ကောင်းမှု လုပ်ခွင့်ရတယ်၊ ဒီဘဝမှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျသွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ် ”။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ဝက်ကလေးတွေ ဘယ်လိုလုပ် တရားနာနိုင်မတုန်း၊ ဘယ်လိုလုပ်  တရားနှလုံးသွင်းနိုင်မတုန်း။ " ဒီဘဝမျိုးဆိုရင် ငါ တရားနာချင်လို့လည်း မရဘူး၊ တရားကျင့်ချင်လို့လည်း မရဘူး။ အခု တရားကျင့်နိုင်တဲ့ဘဝမှာ ငါကျင့်မှပဲ ” ဒါ ကိုယ့်ကိုယ်ကို စဉ်းစားတာ။ " ဒီဘဝမှာ မလုပ်ဘူးဆိုလို့ရှိရင် သံသရာမှာ ငါလုပ်ဖို့ အခြေအနေတွေ ရချင်မှ ရမှာ၊ ဒါကြောင့်မို့ ဒီဘဝပဲ ငါလုပ်မှာပဲ ” လို့ စိတ်ထဲက ဒီလို နှလုံးသွင်းပြီးတော့ ကြိုးစားရမယ်။

   နောက်တစ်ခုက " ကာမဂုဏ်အာရုံဆိုတာ ဘယ်ဘဝမဆို ခံစားကြရတာ၊ တိရစ္ဆာန်တွေလည်း တိရစ္ဆာန်အတိုင်းအတာအလိုက် ခံစားတာပဲ၊ လူတွေလည်း လူတွေရဲ့ အတိုင်းအတာအလိုက် ခံစားတာပဲ။ အဲဒီ ခံစားမှုကြီးကိုပဲ အဟုတ်ကြီးထင်ပြီးတော့ ဒါတွေနဲ့ နစ်မြုပ်ပြီးတော့နေမယ်ဆိုရင် ငါ့မှာ ရသင့်ရထိုက်တဲ့ အသိပညာတွေက လက်လွတ်ဆုံးရှုံးလိမ့်မယ်၊ အဲဒီတော့ ဒါတွေကို လက်လွတ်ဆုံးရှုံးခံလို့ မဖြစ်ဘူး ” ဟော စဉ်းစားပုံလေးတွေက အမျိုးမျိုးနော်။

   ဘုရားလောင်း သုမေဓာ ဆင်ခြင်စဉ်းစားတာကြည့်၊ သုမေဓာဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။ ခုခေတ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ဘဝကိုစွန့်တာ မဆန်းဘူး၊ ဘဝမှာ အဆင်ပြေပြီးတော့ တကယ် ထိပ်တန်းကျတဲ့ပုဂ္ဂိုလ်က ဒါတွေကိုစွန့်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ၊ ဘုရားလောင်း သုမေဓာသူဌေးသားလေးဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက စုဆောင်းလာတဲ့ ရတနာသိုက်တွေဟာ နည်းတာ မဟုတ်ဘူး။ မိဘတွေ မရှိတော့တဲ့နောက် ဒီရတနာတွေ သူ့လက်ထဲရောက်တော့ သူစဉ်းစားပုံလေးကြည့် - ဒီရတနာတွေ ရှာဖွေစုဆောင်းတာ စာရင်းနဲ့ဘာနဲ့ မှတ်ထားတယ်။ " ဒါက ဘယ်အဘိုး လက်ထက်က၊ ဒါက ဘယ်အဘွား လက်ထက်က၊ ဒါက အဘိုးပစ္စည်း၊ ဒါက အဘွားပစ္စည်းဆိုပြီး စာရင်းဇယားတွေနဲ့ ဆွေ ၇-ဆက် မျိုး ၇-ဆက်က ပစ္စည်းတွေ ” ဆိုပြီး ပြတယ်။ ဒီတော့ သူက ဆက်ပြီး စဉ်းစားတယ်။ " ပစ္စည်းရှာတဲ့ပုဂ္ဂိုလ်တွေက အခု မရှိကြတော့ဘူး၊ သူတို့ရှာသွားတဲ့ ပစ္စည်းတွေပဲ ကျန်ရစ်တယ်၊ ဒီပစ္စည်းတွေကို ငါ သုံးမသွားနိုင်ဘူးဆိုရင် ငါလည်းဒီလိုပဲ ထားခဲ့ရမှာပဲ၊ ပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေ မရှိတော့ဘဲနဲ့ ပစ္စည်းတွေသာ ကျန်ရစ်တယ်။ သူတို့ရှာသွားတဲ့ပစ္စည်း သူတို့ သုံးမသွားရဘူး၊ ငါကတော့ ငါပိုင်တဲ့ ပစ္စည်းတွေ အားလုံးသုံးမယ် ” လို့ - ဘယ်နည်းနဲ့ ယူသွားလို့ရှိရင် ရနိုင်မလဲလို့ ဆင်ခြင်စဉ်းစားကြည့်တာ။

   ဒီလောက်ကတော့ တရားနာ ပရိသတ်တွေ ဆင်ခြင်စဉ်းစားကြည့်ပေါ့။ ကိုယ့်မှာ စိန်တွေ ရွှေတွေ ပိုင်တယ် ဆိုလို့ရှိရင် နောက်ဘဝကို ဒါတွေယူသွားလို့ ရမလား၊ မရဘူးလား။ အားလုံးထားပစ်ခဲ့ရတာနော်။ အဲဒီတော့ ထားပစ်ခဲ့ရတာ သေချာသည့်အတွက်ကြောင့် ဒါတွေကို ယူသွားချင်ရင် ဘာလုပ်ရမတုန်းဆို " ဒီကနေ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကောင်းမှုကို ယူသွားလို့ရတယ်၊ ဒီတော့ ပစ္စည်းကို စွန့်လှူပြီးတော့ ရတဲ့ ဒါနကောင်းမှုပဲ ယူသွားမယ်၊ ဆောက်တည်လို့ရတဲ့ သီလကောင်းမှုပဲ ယူသွားမယ်၊ တရားဓမ္မ နှလုံးသွင်းလို့ရတဲ့ ဘာဝနာကောင်းမှုပဲ ယူသွားမယ် ” တဲ့။ " ဒီပစ္စည်းတွေက ယူလို့ရတာတွေ မဟုတ်ဘူး၊ အဲဒီတော့ ယူလို့မရတဲ့ ပစ္စည်းတွေကို စောစောကတည်းက စွန့်ပြီးတော့ ကိုယ်စွန့်ခြင်းဖြင့် ရလာတဲ့ ဒါနကောင်းမှုကိုပဲ ငါ ယူမယ် ” လို့ အဲဒီလို စဉ်းစားပြီးတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်တယ်၊ စွန့်ပြီးတော့ တောကြီးထဲ ထွက်ပြီးတော့ သူ တရားကျင့်တယ်ပေါ့။ အဲဒီကျမှ ဒီပင်္ကရာဘုရားနဲ့ တွေတယ်။

   စဉ်းစားပုံချင်း မတူဘူး၊ သာမန်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုစဉ်းစားမတုန်း၊ " ငါ့ဒီပစ္စည်းတွေ တစ်သက်လုံး မကုန်ဘူး၊ ပျော်ချင် ပါးချင်တိုင်း ပျော်ပါးမယ် ” " ဒီပစ္စည်းတွေ သုံးဖြုန်းပြီး ဒီဘဝမှာ ဒီလိုနေသွားမယ် ” လို့ ဒီလိုပဲ စဉ်းစားမှာပေါ့။ သုံးဖြုန်းပျော်ပါးသွားလို့ရှိရင် ကုသိုလ်က မရလိုက်ဘဲနဲ့ ပစ္စည်းတွေသုံးတာတော့ ဒီဘဝမှာ သုံးလို့လည်းရမယ်၊ ဖြုန်းလို့လည်းရမယ်၊ သို့သော် သုံးတယ် ဖြုန်းတယ်ဆိုတဲ့အချိန်မှာ ဘာတွေက တက်လာတုန်းဆို လောဘတွေ တက်လာတယ်၊ ဒေါသတွေ တက်လာတယ်၊ ကာမဂုဏ်အာရုံစိတ်တွေပဲ တိုးတက်လာတယ်။ အဲဒါတွေက လူကို ဆွဲချသွားတာ။ ပစ္စည်းပေါ်မှာ တွယ်တာမှုတွေက လူကို ဆွဲချသွားလိုက်တယ်။ နောက်ဆုံးမှာ နိမ့်ကျတဲ့ဘဝတစ်ခု ရောက်သွားမယ်။ ဒါကြောင့်မို့. " အတ္တာနံ ယေဝ အဓိပတိံ ကတွာ ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင် စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရမယ်တဲ့။ ကုသိုလ်တရားတွေ ပွားများအားထုတ်ဖို့ ကြိုးစားရမယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:တရားဓမ္မ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top