Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကုလားပဲကို စြယ္စံုရတဲ့ ဟင္းအမည္တစ္မ်ဳိးလို႔ ဆိုရမွာပါ။  ဟင္းခ်ဳိအျဖစ္ ခ်က္ေသာက္လို႔ ရသလို ကုလားပဲသုပ္၊ ကုလားပဲျခမ္းေၾကာ္ စသျဖင့္လည္း စားႏိုင္ပါတယ္။ ကုလားပဲ စားတာေၾကာင့္ ေအာက္ပါ အက်ဳိးေက်းဇူးေတြကို ရရွိေစပါတယ္။

(၁) ဆာေလာင္မႈကို ထိန္းခ်ဳပ္ေပးပါတယ္

ကုလားပဲမွာ အမွ်င္ဓာတ္နဲ႔ ပ႐ိုတင္းဓာတ္မ်ားစြာ ပါဝင္ၿပီး Glycemic Index နည္းပါတယ္။ ဒါေၾကာင့္ တစ္ေန႔မွာ ကုလားပဲဟင္း ခြက္တစ္ဝက္စာခန္႔ စားေပးရင္ ၾကာၾကာ ဗိုက္ျပည့္ေစၿပီး အစာမ်ားမ်ား မစားျဖစ္ေအာင္ ထိန္းေပးပါတယ္။ ဒါေၾကာင့္ ကယ္လိုရီ နည္းနည္းစားျဖစ္ကာ ကိုယ္အေလးခ်ိန္ မတက္ေအာင္ ထိန္းေပးႏိုင္ပါတယ္။

(၂) ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစပါတယ္

ေန႔စဥ္စားတဲ့ အစားအေသာက္ထဲမွာ ကုလားပဲဟင္း ခြက္ရဲ႕ ေလးပံုသံုးပံု ထည့္စားတာေၾကာင့္ အမွ်င္ဓာတ္ကို ရရွိေစကာ မေကာင္းတဲ့ ကုိလက္စထေရာကို ေလ်ာ့က်ေစသလို ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

(၃) အစာေျခလမ္းေၾကာင္းရဲ႕ လုပ္ငန္းေတြကို ပံ့ပိုးေပးပါတယ္

ကုလားပဲမွာ ပါဝင္တဲ့ အမွ်င္ဓာတ္ဟာ အစာေျခ လမ္းေၾကာင္းစနစ္ကို က်န္းမာေစတဲ့အျပင္ အူမႀကီးရွိ ဆဲလ္ေတြကို က်န္းမာေစပါတယ္။ အူမႀကီးဆဲလ္ေတြ က်န္းမာတာေၾကာင့္ လုပ္ငန္းေဆာင္တာ ပိုေကာင္းမြန္ၿပီး အူမႀကီးကင္ဆာ အပါအဝင္ အူမႀကီးေရာဂါျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

(၄) အင္တီေအာက္ဆီးဒင့္ ဂုဏ္သတၱိရွိပါတယ္

ကုလားပဲမွာ ဆာပိုနင္လို႔ေခၚတဲ့ ဖိုင္တိုကမ္မီကယ္ ပါဝင္တာေၾကာင့္ အင္တီေအာက္ဆီးဒင့္ ဂုဏ္သတၱိရွိပါတယ္။ ကုလားပဲမွာ ဗီတာမင္စီ၊ ဗီတာမင္B6 နဲ႔ သြပ္ဓာတ္တို႔အျပင္ ေဖာလိတ္ဓာတ္လည္း မ်ားစြာပါဝင္ပါတယ္။ အင္တီေအာက္ဆီးဒင့္ေတြက တစ္ကိုယ္လံုးရွိ ႏွလံုးေသြးေၾကာစနစ္၊ အသက္႐ွဴလမ္းေၾကာင္းစနစ္နဲ႔ နာ့ဗ္ေၾကာစနစ္ေတြကို ေထာက္ပံ့ေပးတာေၾကာင့္ ႏွလံုးေရာဂါ၊ အဆုတ္ေရာဂါစတဲ့ ေရာဂါေဝဒနာေတြရဲ႕ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

(၅) ႏွလံုးေသြးေၾကာေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္

ကုလားပဲကို ေန႔စဥ္ အနည္းငယ္စားတာက ေသြးတြင္းမေကာင္းတဲ့ အဆီေတြကို ေလ်ာ့က်ေစတာေၾကာင့္ ႏွလံုးေသြးေၾကာရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။ ကုလားပဲမွာပါတဲ့ အမွ်င္ဓာတ္ဟာ ေသြးေၾကာနံရံကို က်န္းမာေစတာေၾကာင့္ ေသြးလွည့္ပတ္စီးဆင္းမႈကို ေကာင္းမြန္ေစပါတယ္။

(၆) ေသြးတြင္း သၾကားဓာတ္ကို ဟန္ခ်က္ညီမွ်ေစပါတယ္

ကုလားပဲမွာ ပါဝင္တဲ့ ပ႐ိုတင္းနဲ႔ အမွ်င္ဓာတ္ႏွစ္မ်ဳိးဟာ အစာေျခလမ္းေၾကာင္း စနစ္အတြင္း ေသြးလည့္ပတ္စီးဆင္းမႈကို ေကာင္းေစၿပီး အစာေခ်ဖ်က္မႈကို ပံုမွန္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အစာက ထြက္လာတဲ့ သၾကားဓာတ္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဗီတာမင္နဲ႔ သတၱဳဓာတ္ ပါဝင္မႈေၾကာင့္ ေသြးတြင္း သၾကားဓာတ္အေပၚ အစာေျခစနစ္ရဲ႕ သက္ေရာက္မႈကို ဟန္ခ်က္ညီမွ်ေစပါတယ္။

(၇) ကယ္လိုရီရယူမႈကို ထိန္းေပးပါတယ္

ကုလားပဲနဲ႔ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းႏိုင္စြမ္းအၾကား ဆက္စပ္မႈကို ေလ့လာခဲ့တဲ့အခါ ကုလားပဲစားရင္ စိတ္ေက်နပ္မႈ ရရွိေစကာ ဆာေလာင္မႈနဲ႔ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ထိန္းေပးႏိုင္ေၾကာင္း သိရပါတယ္။ ကုလားပဲဟာ အစာေၾကညက္ေစကာ ကယ္လိုရီရယူမႈကိုလည္း ထိန္းခ်ဳပ္ေပးပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်လိုသူေတြနဲ႔ ကိုယ္အေလးခ်ိန္ ထိန္းေနသူတို႔အတြက္ ကုလားပဲဟင္းကို စားေပးၿပီး တျခားကယ္လိုရီမ်ားတဲ့ အစာေတြကို ေလွ်ာ့စားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Good Health

# Unicode Version ျဖင့္ ဖတ္ပါ #

ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်

ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာ ဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။

(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ကုလားပဲဟင်း ခွက်ရဲ့ လေးပုံသုံးပုံ ထည့်စားတာကြောင့် အမျှင်ဓာတ်ကို ရရှိစေကာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၃) အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ်

ကုလားပဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတဲ့အပြင် အူမကြီးရှိ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ အူမကြီးဆဲလ်တွေ ကျန်းမာတာကြောင့် လုပ်ငန်းဆောင်တာ ပိုကောင်းမွန်ပြီး အူမကြီးကင်ဆာ အပါအဝင် အူမကြီးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်

ကုလားပဲမှာ ဆာပိုနင်လို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်စီ၊ ဗီတာမင်B6 နဲ့ သွပ်ဓာတ်တို့အပြင် ဖောလိတ်ဓာတ်လည်း များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက တစ်ကိုယ်လုံးရှိ နှလုံးသွေးကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်နဲ့ နာ့ဗ်ကြောစနစ်တွေကို ထောက်ပံ့ပေးတာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါစတဲ့ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၅) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ကုလားပဲကို နေ့စဉ် အနည်းငယ်စားတာက သွေးတွင်းမကောင်းတဲ့ အဆီတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်ဟာ သွေးကြောနံရံကို ကျန်းမာစေတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်

ကုလားပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်နှစ်မျိုးဟာ အစာခြေလမ်းကြောင်း စနစ်အတွင်း သွေးလည့်ပတ်စီးဆင်းမှုကို ကောင်းစေပြီး အစာချေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် အစာက ထွက်လာတဲ့ သကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကြောင့် သွေးတွင်း သကြားဓာတ်အပေါ် အစာခြေစနစ်ရဲ့ သက်ရောက်မှုကို ဟန်ချက်ညီမျှစေပါတယ်။

(၇) ကယ်လိုရီရယူမှုကို ထိန်းပေးပါတယ်

ကုလားပဲနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်စွမ်းအကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါ ကုလားပဲစားရင် စိတ်ကျေနပ်မှု ရရှိစေကာ ဆာလောင်မှုနဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ ကုလားပဲဟာ အစာကြေညက်စေကာ ကယ်လိုရီရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြားကယ်လိုရီများတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Good Health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top