AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္ေတာင္ပိုင္း လင္းေခးခ႐ုိင္ မိုင္းပန္ၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက စိတ္မႏွံ႔သူတဦးရဲ႕ ႐ိႈ႕မီးေၾကာင့္ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္ ၃ လံုး ပ်က္စီးဆံုး႐ႈံးခဲ့ပါတယ္။

မိုင္းပန္ၿမိဳ႕ အေနာက္ရပ္ကြက္ေန အသက္ ၃၀ ေက်ာ္ရြယ္ရွိ စိုင္းေအာင္မိုင္း ဆိုသူမွာ အရက္စြဲရာက စိတ္ေဖာက္ျပန္ေနၿပီး မိသားစုေတြက အိမ္ဝင္းတံခါး ေသာ့ခတ္ထိန္းသိမ္းထားေပမယ့္ ဒီေန႔မနက္မွာ လြတ္ထြက္သြားၿပီး အိမ္ဝင္းတခုထဲ ဝင္ေရာက္ကာ မီး႐ိႈ႕ခဲ့တယ္လို႔ မိုင္းပန္ က်ားျဖဴပါတီ လႊတ္ေတာ္အမတ္ ဦးစိုင္းေနာင့္က ေျပာပါတယ္။

“ဒီကေန႔ မနက္ ၁၀ နာရီေလာက္က က်ေနာ္တို႔ ၿမိဳ႕နယ္႐ုံးမွာ အစည္းအေဝးတက္ေနတုန္း မီးေလာင္တယ္ဆိုလို႔ ခ်က္ခ်င္း သြားၾကည့္ၾကပါတယ္။ က်ေနာ္တို႔ ေရာက္သြားေတာ့ မီးက အိမ္ ၃ လံုးထိ ကူးေနၿပီ၊ မီးသတ္ကား ၂ စီး လာတယ္။ သူတို႔ အိမ္ဝင္းထဲ ဝင္ဖို႔ လမ္းက က်ဥ္းက်ဥ္းေလး ဆိုေတာ့ ခက္ခက္ခဲခဲ ဝင္ရတယ္။ ရပ္ကြက္ကလူေတြလည္း ဝိုင္းသတ္ေပမယ့္ ေရရွားတယ္။ ေရတြင္းကေန ငင္ၿပီး ခပ္ရတာဆိုေတာ့ မီးကို အျမန္မၿငိႇမ္းသတ္ႏိုင္ဘူးေပါ့။ ၄၅ မိနစ္ေလာက္ ၾကာမွ ၿငိမ္းသြားတယ္။ မီးကေတာ့ စိတ္မႏွံ႔တဲ့ လူကေန ႐ိႈ႕လိုက္တာလို႔ သိရပါတယ္။ စိုင္းေအာင္မိုင္းလို႔ ေခၚတယ္။ သူလည္း အဲဒီရပ္ကြက္ထဲကပဲ။ သူ စိတ္ေဖာက္ၿပီး ေလၽွာက္လုပ္မွာစိုးလို႔ အိမ္ဝင္းေသာ့ခတ္ ထိန္းထားတဲ့ၾကားကေန ဘယ္လို လြတ္သြားတယ္ မသိဘူး။ အဲဒါ အိမ္ဝင္းတခုထဲ ျခံခုန္ၿပီး ဝင္သြားတယ္တဲ့၊ အဲဒီဝင္းထဲက ရွိတဲ့အိမ္ ၃ လံုးကို မီးေလာင္သြားတာ။”

မီးေလာင္ခံရတဲ့ အိမ္ ၃ လံုးမွာ သြပ္မိုးပ်ဥ္ကာ ႏွစ္ထပ္အိမ္ေတြ ျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ဆံုး႐ံႈးမႈတန္ဖိုးေတြေတာ့ မသိရေသးပါဘူူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#


ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့မှာ ဒီကနေ့မနက်ပိုင်းက စိတ်မနှံ့သူတဦးရဲ့ ရှို့မီးကြောင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မိုင်းပန်မြို့ အနောက်ရပ်ကွက်နေ အသက် ၃၀ ကျော်ရွယ်ရှိ စိုင်းအောင်မိုင်း ဆိုသူမှာ အရက်စွဲရာက စိတ်ဖောက်ပြန်နေပြီး မိသားစုတွေက အိမ်ဝင်းတံခါး သော့ခတ်ထိန်းသိမ်းထားပေမယ့် ဒီနေ့မနက်မှာ လွတ်ထွက်သွားပြီး အိမ်ဝင်းတခုထဲ ဝင်ရောက်ကာ မီးရှို့ခဲ့တယ်လို့ မိုင်းပန် ကျားဖြူပါတီ လွှတ်တော်အမတ် ဦးစိုင်းနောင့်က ပြောပါတယ်။

“ဒီကနေ့ မနက် ၁၀ နာရီလောက်က ကျနော်တို့ မြို့နယ်ရုံးမှာ အစည်းအဝေးတက်နေတုန်း မီးလောင်တယ်ဆိုလို့ ချက်ချင်း သွားကြည့်ကြပါတယ်။ ကျနော်တို့ ရောက်သွားတော့ မီးက အိမ် ၃ လုံးထိ ကူးနေပြီ၊ မီးသတ်ကား ၂ စီး လာတယ်။ သူတို့ အိမ်ဝင်းထဲ ဝင်ဖို့ လမ်းက ကျဉ်းကျဉ်းလေး ဆိုတော့ ခက်ခက်ခဲခဲ ဝင်ရတယ်။ ရပ်ကွက်ကလူတွေလည်း ဝိုင်းသတ်ပေမယ့် ရေရှားတယ်။ ရေတွင်းကနေ ငင်ပြီး ခပ်ရတာဆိုတော့ မီးကို အမြန်မငြှိမ်းသတ်နိုင်ဘူးပေါ့။ ၄၅ မိနစ်လောက် ကြာမှ ငြိမ်းသွားတယ်။ မီးကတော့ စိတ်မနှံ့တဲ့ လူကနေ ရှို့လိုက်တာလို့ သိရပါတယ်။ စိုင်းအောင်မိုင်းလို့ ခေါ်တယ်။ သူလည်း အဲဒီရပ်ကွက်ထဲကပဲ။ သူ စိတ်ဖောက်ပြီး လျှောက်လုပ်မှာစိုးလို့ အိမ်ဝင်းသော့ခတ် ထိန်းထားတဲ့ကြားကနေ ဘယ်လို လွတ်သွားတယ် မသိဘူး။ အဲဒါ အိမ်ဝင်းတခုထဲ ခြံခုန်ပြီး ဝင်သွားတယ်တဲ့၊ အဲဒီဝင်းထဲက ရှိတဲ့အိမ် ၃ လုံးကို မီးလောင်သွားတာ။”

မီးလောင်ခံရတဲ့ အိမ် ၃ လုံးမှာ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်တွေ ဖြစ်ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးတွေတော့ မသိရသေးပါဘူူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top