လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

သြားမွာတပ္တဲ့စတီးၾကိဳးလို႕ေျပာလိုက္တာနဲ႕စာၾကမ္းပိုး ေလးလုံးေလး ဝက္ျခံေတြဗရပြေတြရွိျပီး အမ်ားနဲ႕ေဘာင္မဝင္၊ အေပါင္းအသင္းမဆံ့တဲ့ အူေၾကာင္ေၾကာင္ေကာင္ေလး ဒါမွမဟုတ္ ေကာင္မေလးတစ္ေယာက္ကို မ်က္လုံးထဲေျပးျမင္ၾကပါလိမ့္မယ္။ ဒါဟာ ဟိုးအရင္တုန္းကေတာ့ ဟုတ္ေကာင္းဟုတ္ပါလိမ့္မယ္။ ဒီဖက္ေခတ္မွာေတာ့ အရြယ္ေရာက္ျပီးသူေတြဟာလည္း ဒီသြားစတီးၾကိဳးေတြကို တပ္လာၾကျပီ ျဖစ္ပါတယ္။ ဒါဟာ အလ်င္အျမန္ၾကီးထြားလာတဲ့ ေခတ္ေရစီးေၾကာင္း ျဖစ္ပါတယ္။ အရြယ္ေရာက္ျပီးသူေတြလည္း သြားမွာစတီးၾကိဳးတပ္တဲ့အေၾကာင္းနဲ႕ဒီလိုမ်ိဳးတပ္သင့္မတပ္သင့္သိရွိေစႏိုင္ဖို႕အတြက္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါဦး။

အရြယ္ေရာက္ျပီးသူေတြ ဘာလို႔မ်ား သြားမွာတပ္တဲ့ စတီးၾကိဳးကိုအသုံးျပဳၾကတာလဲ။

ကြၽန္ေတာ္တို႔ေတြ တျဖည္းျဖည္းနဲ႕အသက္ၾကီးလာသလို သြားေတြဟာလည္း အသက္ၾကီးလာပါတယ္။ ဒီလိုအသက္ၾကီးလာတာနဲ႔အမွ် ထိခိုက္ဒါဏ္ရာရမႈေတြ၊ ေရခဲတုံးကိုက္တာလိုမ်ိဳး မေကာင္းတဲ့အေလ့အထေတြ၊ လွ်ာနဲ႕ထိုးထိုးေနတတ္တာေတြ ဒါမွမဟုတ္ သူ႔အလိုလို ျဖစ္လာတာေတြ စတဲ့အေၾကာင္းရင္းေတြေၾကာင့္ သြားေတြဟာ က်ိဳးတာ၊ ပဲ့တာ၊ ရြဲ႕တာ၊ ထပ္တာေတြ ျဖစ္ေပၚလာတတ္ပါတယ္။ သြားထပ္တာမ်ိဳးျဖစ္တဲ့အခါမွာ ပံုမွန္အတိုင္း ေနသားတက် ျဖစ္ေနေစဖို႕အတြက္ စတီးၾကိဳးေတြကို အသုံးျပဳဖို႕လိုအပ္လာပါတယ္။

လူအမ်ားအျပားဟာ ငယ္စဥ္ကတည္းက သြားေတြတစ္ေခ်ာင္းေပၚ တစ္ေခ်ာင္း ထပ္ျပီးေပါက္ေနတာမ်ိဳး ျဖစ္ေလ့ရွိၾကေပမယ့္ အဲ့ဒီ့အခ်ိန္တုန္းက မိဘက မတတ္ႏိုင္တဲ့အတြက္ စတီးၾကိဳးေတြကို မတပ္ခဲ့ရပါဘူး။ အရြယ္ေရာက္လာလို႔ အလုပ္လုပ္ျပီ၊ ပိုက္ဆံရွာႏိုင္ျပီဆိုတဲ့အခ်ိန္မွာ ထပ္ေနတဲ့သြားေလးေတြကို ျပဳျပင္ခ်င္စိတ္ေပၚလာေလ့ရွိၾကပါတယ္။ ပိုေကာင္းတဲ့ ပိုလွတဲ့အျပဳံးေလး ဒါမွမဟုတ္ အလုပ္အကိုင္အသစ္အတြက္ေပါ့။
လူအခ်ိဳ႕အေနနဲ႔ ဒါဟာ လုပ္သင့္တယ္၊ ထိုက္တန္တယ္လို႕ယူဆၾကပါတယ္။ သူတို႕အေနနဲ႔ ၾကည္႔ရတာ၊ ေနရာတာတမ်ိဳးၾကီး ျဖစ္ေကာင္းျဖစ္ေနမယ္၊ သြားဆရာဝန္ဆီ ခဏခဏသြားဖို႔ လိုေကာင္းလိုလိမ့္မယ္။ ဒါေပမယ့္ ဒါေတြအားလုံးဟာ ႏွစ္အနည္းငယ္အတြင္းမွာ အရာထင္လာပါလိမ့္မယ္။ တစ္သက္တာ အသာစံဖို႕ခဏတာအနာခံရတာလို႕သူတို႔အေနနဲ႔ ေျပာေလ့ရွိၾကပါတယ္။

မေကာင္းတဲ့အခ်က္ေတြ

သြားမွာစတီးၾကိဳးေတြတပ္တာဟာသင့္သြားေတြအတြက္ေကာင္းတယ္၊ အက်ိဳးရွိတယ္ဆိုေပမယ့္ ငယ္တုန္းရြယ္တုန္းလုပ္ရင္ေတာ့ ပိုေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ငယ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္ရဲ့တံု႕ျပန္ႏိုင္စြမ္း၊ ပံုမွန္ျပန္ျဖစ္ႏိုင္စြမ္းက ပိုျမန္၊ပိုေကာင္းလို႔ ျဖစ္ပါတယ္။

ျပင္ဆင္စရာရွိတာ ၾကိဳတင္ျပင္ဆင္ပါ။

သြားက်ဲေနတာေတြကို ေစ့ေအာင္လုပ္ေပးတာ ဒါမွမဟုတ္ ထပ္ေနတဲ့သြားေတြကိုခ်ဲျပီး ေျဖာင့္ေအာင္လုပ္ေပးတာ စတဲ့အခ်က္ေတြကို စတီးၾကိဳးေတြက လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ စတီးၾကိဳးတပ္ျပီးတဲ့အခါ သင့္အေနနဲ႕လိုက္နာေဆာင္ရြက္စရာေတြ အမ်ားၾကီးရွိေနပါတယ္။

သင့္မွာ ေလာေလာဆယ္သြားဖုံး ဒါမွမဟုတ္ သြားနဲ႕ပတ္သက္တဲ့ေရာဂါတစ္ခု ျဖစ္ေနတယ္ဆိုရင္ စတီးၾကိဳးမတပ္ခင္ အဆိုပါေရာဂါကို အရင္ကုရမွာ ျဖစ္ပါတယ္။ သင့္သြား ဒါမွမဟုတ္ သြားဖုံးေတြအေနႏွဲ႕စတီးၾကိဳးကာလၾကာျမင့္စြာတပ္ထားတာကို ခံႏိုင္ရည္ရွိပါေစ။ အစားအေသာက္ကိုလည္း ဆင္ျခင္ဖို႕လိုအပ္မွာျဖစ္ျပီး ေစးကပ္တဲ့၊ မာတဲ့အစာေတြမွန္သမွ် ဘာမွမစားရပါဘူး။ စတီးၾကိဳးကို ျပတ္သြားေစႏိုင္တဲ့အတြက္ ေရခဲတုံးဝါးစားတာမ်ိဳးေတာင္ မလုပ္ရပါဘူး။ စတီးၾကိဳးတပ္ထားရင္ သြားတိုက္တဲ့အခါ ဒါမွမဟုတ္ သြားကိုၾကိဳးနဲ႕ရွင္းတာမ်ိဳးေတြလုပ္တဲ့အခါ ပိုျပီးလက္ဝင္တဲ့အတြက္ ဒါေတြလုပ္ဖို႕အခ်ိန္ကိုပိုေပးထားရမွာ ျဖစ္ပါတယ္။ သြားေပၚမွာ ဘာမွကပ္တင္ျပီး က်န္မေနေစရပါဘူး။

ဘာလို႕လဲဆိုေတာ့ ဒီလိုမ်ိဳးက်န္ေနခဲ့ရင္ သြားကိုေရာ စတီးၾကိဳးကိုပါ ထိခိုက္ေစလို႕ပဲ ျဖစ္ပါတယ္။
သြားဆရာဝန္နဲ႕မွန္မွန္ျပဖို႕ၾကိဳတင္ျပီးအစီအစဥ္ဆြဲပါ။ တစ္လတခါပံုမွန္ျပဖို႕ (လိုအပ္ရင္ တစ္ပတ္တခါ ျပဖို႕) အခ်ိန္မရရေအာင္ယူပါ။ သင့္အေနနဲ႕ဘယ္ေလာက္ပဲအလုပ္မ်ားေနပါေစ၊ သြားမွာစတီးၾကိဳးတပ္ထားစဥ္ကာလတစ္ေလွ်ာက္လုံး သြားဆရာဝန္ေခၚတဲ့ရက္ခ်ိန္းတိုင္းကို မပ်က္မကြက္ဘဲမွ န္မွန္သြားေရာက္ရပါမယ္။ သင့္အေျခအေနနဲ႕လိုအပ္ခ်က္ေတြအေပၚမူတည္ျပီး သြားဆရာဝန္အေနနဲ႕အေကာင္းဆုံးနည္းလမ္းကို ေရြးခ်ယ္ေပးပါလိမ့္မယ္။

တခ်ိဳ႕ေတြက သြားကိုေထာက္ထားတဲ့အရာေလးေတြနဲ႕ဝိုင္ယာၾကိဳးေလးေတြလိုအပ္မွာျဖစ္ျပီး တခ်ိဳ႕ေတြကေတာ့ အလွအပကိုပိုျပီးဦးစားေပးပါလိမ့္မယ္။ ပံုမွန္စတီးၾကိဳး၊ သတၱဳၾကိဳး၊ အစြပ္ေလးေတြ၊ အံကပ္အၾကည္ေလးေတြစသျဖင့္ ပံုစံအမ်ိဳးမ်ိဳးကြဲျပားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။

ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။

လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီးပေါက်နေတာမျိုး ဖြစ်လေ့ရှိကြပေမယ့် အဲ့ဒီ့အချိန်တုန်းက မိဘက မတတ်နိုင်တဲ့အတွက် စတီးကြိုးတွေကို မတပ်ခဲ့ရပါဘူး။ အရွယ်ရောက်လာလို့ အလုပ်လုပ်ပြီ၊ ပိုက်ဆံရှာနိုင်ပြီဆိုတဲ့အချိန်မှာ ထပ်နေတဲ့သွားလေးတွေကို ပြုပြင်ချင်စိတ်ပေါ်လာလေ့ရှိကြပါတယ်။ ပိုကောင်းတဲ့ ပိုလှတဲ့အပြုံးလေး ဒါမှမဟုတ် အလုပ်အကိုင်အသစ်အတွက်ပေါ့။
လူအချို့အနေနဲ့ ဒါဟာ လုပ်သင့်တယ်၊ ထိုက်တန်တယ်လို့ယူဆကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရတာ၊ နေရာတာတမျိုးကြီး ဖြစ်ကောင်းဖြစ်နေမယ်၊ သွားဆရာဝန်ဆီ ခဏခဏသွားဖို့ လိုကောင်းလိုလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ နှစ်အနည်းငယ်အတွင်းမှာ အရာထင်လာပါလိမ့်မယ်။ တစ်သက်တာ အသာစံဖို့ခဏတာအနာခံရတာလို့သူတို့အနေနဲ့ ပြောလေ့ရှိကြပါတယ်။

မကောင်းတဲ့အချက်တွေ

သွားမှာစတီးကြိုးတွေတပ်တာဟာသင့်သွားတွေအတွက်ကောင်းတယ်၊ အကျိုးရှိတယ်ဆိုပေမယ့် ငယ်တုန်းရွယ်တုန်းလုပ်ရင်တော့ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ငယ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း၊ ပုံမှန်ပြန်ဖြစ်နိုင်စွမ်းက ပိုမြန်၊ပိုကောင်းလို့ ဖြစ်ပါတယ်။

ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ပါ။

သွားကျဲနေတာတွေကို စေ့အောင်လုပ်ပေးတာ ဒါမှမဟုတ် ထပ်နေတဲ့သွားတွေကိုချဲပြီး ဖြောင့်အောင်လုပ်ပေးတာ စတဲ့အချက်တွေကို စတီးကြိုးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် စတီးကြိုးတပ်ပြီးတဲ့အခါ သင့်အနေနဲ့လိုက်နာဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။

သင့်မှာ လောလောဆယ်သွားဖုံး ဒါမှမဟုတ် သွားနဲ့ပတ်သက်တဲ့ရောဂါတစ်ခု ဖြစ်နေတယ်ဆိုရင် စတီးကြိုးမတပ်ခင် အဆိုပါရောဂါကို အရင်ကုရမှာ ဖြစ်ပါတယ်။ သင့်သွား ဒါမှမဟုတ် သွားဖုံးတွေအနေနှဲ့စတီးကြိုးကာလကြာမြင့်စွာတပ်ထားတာကို ခံနိုင်ရည်ရှိပါစေ။ အစားအသောက်ကိုလည်း ဆင်ခြင်ဖို့လိုအပ်မှာဖြစ်ပြီး စေးကပ်တဲ့၊ မာတဲ့အစာတွေမှန်သမျှ ဘာမှမစားရပါဘူး။ စတီးကြိုးကို ပြတ်သွားစေနိုင်တဲ့အတွက် ရေခဲတုံးဝါးစားတာမျိုးတောင် မလုပ်ရပါဘူး။ စတီးကြိုးတပ်ထားရင် သွားတိုက်တဲ့အခါ ဒါမှမဟုတ် သွားကိုကြိုးနဲ့ရှင်းတာမျိုးတွေလုပ်တဲ့အခါ ပိုပြီးလက်ဝင်တဲ့အတွက် ဒါတွေလုပ်ဖို့အချိန်ကိုပိုပေးထားရမှာ ဖြစ်ပါတယ်။ သွားပေါ်မှာ ဘာမှကပ်တင်ပြီး ကျန်မနေစေရပါဘူး။

ဘာလို့လဲဆိုတော့ ဒီလိုမျိုးကျန်နေခဲ့ရင် သွားကိုရော စတီးကြိုးကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။
သွားဆရာဝန်နဲ့မှန်မှန်ပြဖို့ကြိုတင်ပြီးအစီအစဉ်ဆွဲပါ။ တစ်လတခါပုံမှန်ပြဖို့ (လိုအပ်ရင် တစ်ပတ်တခါ ပြဖို့) အချိန်မရရအောင်ယူပါ။ သင့်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ၊ သွားမှာစတီးကြိုးတပ်ထားစဉ်ကာလတစ်လျှောက်လုံး သွားဆရာဝန်ခေါ်တဲ့ရက်ချိန်းတိုင်းကို မပျက်မကွက်ဘဲမှ န်မှန်သွားရောက်ရပါမယ်။ သင့်အခြေအနေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး သွားဆရာဝန်အနေနဲ့အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မယ်။

တချို့တွေက သွားကိုထောက်ထားတဲ့အရာလေးတွေနဲ့ဝိုင်ယာကြိုးလေးတွေလိုအပ်မှာဖြစ်ပြီး တချို့တွေကတော့ အလှအပကိုပိုပြီးဦးစားပေးပါလိမ့်မယ်။ ပုံမှန်စတီးကြိုး၊ သတ္တုကြိုး၊ အစွပ်လေးတွေ၊ အံကပ်အကြည်လေးတွေစသဖြင့် ပုံစံအမျိုးမျိုးကွဲပြားပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top