Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေမရီခ်က္ပ္မင္းနားမ ၾကားေသာ ကေလးမ်ားေက်ာင္း သို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ ျပည္သူ႕သမၼတႏုိင္ငံသံ႐ုံးက က်ပ္သိန္း ၆၀၀ လွဴဒါန္းရာ လွဴဒါန္းပြဲကို ႏို၀င္ဘာ ၁၄ ရက္က အဆိုပါေက်ာင္းတြင္ က်င္းပခဲ့သည္။

ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္၊ အသားႏွင့္ အသီးေန႔စဥ္သံုး ပစၥည္းမ်ား ေက်ာပိုးအိတ္၊ ေစာင္အစရွိသည္တို႔ကို ၁၂ လ တိုင္ City Mart မွတစ္ဆင့္ လွဴဒါန္းမည္ျဖစ္ၿပီး စုစုေပါင္းတန္ဖိုးက်ပ္သိန္း ၆၀၀ ရိွသည္။


‘‘လြန္ခဲ့တဲ့လေတြက ဘ႑ာ ေရးအခက္အခဲရွိခဲ့ပါတယ္။ အဲဒါ ေၾကာင့္ ဘုရားသခင္ကိုပဲ ဆု ေတာင္းရတယ္။ ကူညီပါေပါ့ ေနာ္။ ဘ႑ာေရးနဲ႔ ပတ္သက္ၿပီး ပံုမွန္တာ၀န္ယူထားတဲ့ အဖြဲ႕အ စည္းမရွိပါဘူး။ အခုလို လွဴဒါန္းတဲ့သူေပၚေပါက္လာတာ အရမ္း ေက်းဇူးတင္ရပါတယ္’’ ဟု ေက်ာင္းအုပ္ဆရာမႀကီး ေဒၚၫြန္႔ ၫြန္႔သိန္းက ေျပာသည္။

ေက်ာင္းအိပ္၊ ေက်ာင္းစား ကေလးမ်ားကို တစ္လလွ်င္ စား စရိတ္ က်ပ္တစ္ေသာင္းခြဲႏွင့္ ေက်ာင္းစရိတ္ ငါးေထာင္က်ပ္ ေကာက္ခံေသာ္လည္း ေက်ာင္း သားဦးေရထက္၀က္ခန္႔သည္ ေက်ာင္းလခ ပံုမွန္မေပးႏိုင္ဟု၎က ဆိုသည္။

ေက်ာင္းက နံနက္စာႏွင့္ ည ေနစာ၊ ညစာအတြက္ ႏို႔ဆန္ျပဳတ္ တာ၀န္ယူေကြၽးေမြးၿပီး ေန႔လယ္စာအတြက္ အလွဴရွင္မ်ား၏ ေကြၽးေမြးမႈမ်ားရွိသည္ဟု ေဒၚၫြန္႔ၫြန္႔သိန္းက ေျပာသည္။

‘‘ဒီေက်ာင္းမွာ လိုအပ္ခ်က္ ေတြရွိတယ္ဆိုတာကို ၾကားသိရ တယ္။ အဲဒါေၾကာင့္လည္း ဒီလို လွဴဒါန္းရတာပါ။ လွဴဒါန္းခြင့္ရ တဲ့အတြက္လည္း ၀မ္းသာဂုဏ္ယူ မိပါတယ္’’ဟု ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ဟုန္ လ်န္က ေျပာသည္။

အဆိုပါေက်ာင္းတြင္ ေက်ာင္းအိပ္၊ ေက်ာင္းစားကေလး ၂၀၃ ဦး၊ အိမ္မွ ေန႔စဥ္ေက်ာင္းလာတက္ သူ ၁၅၄ ဦး၊ စုစုေပါင္း ၃၅၇ ဦးရွိ သည္။ ဆရာ၊ ဆရာမအင္အား ၃၉ ဦးရွိၿပီး အျခား၀န္ထမ္း ၂၀ ဦးရွိသည္။

ေမရီခ်က္ပ္မင္းနားမၾကား ကေလးမ်ား ေက်ာင္းသည္ ကေလးငယ္မ်ားကို အသက္ (၆ )ႏွစ္ကစတင္လက္ခံၿပီး ေက်ာင္းစာစိတ္၀င္စားသည့္ ကေလးမ်ားအတြက္ အထက (၃) ဒဂံုၿမိဳ႕နယ္ ႏွင့္ ခ်ိတ္ဆက္၍ အထက္တန္း ဆက္တက္ႏိုင္ရန္ ကူညီေပးေနသည္။ ထို႔အျပင္ အသက္ေမြး ၀မ္းေက်ာင္းပညာရပ္သင္ၾကား လိုသည့္ ေက်ာင္းသားမ်ားအတြက္မုန္႔ဖုတ္၊ စက္ျပင္၊ လွ်ပ္စစ္ပစၥည္းျပင္ဆင္ျခင္းအစရွိသည့္ သင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးေန သည္။

အဆိုပါေက်ာင္းကို ၁၉၂၀ ျပည့္ႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး သတၱမတန္းအထိ သင္ၾကားေပးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မေရီချက်ပ်မင်းနားမ ကြားသော ကလေးများကျောင်း သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးက ကျပ်သိန်း ၆၀၀ လှူဒါန်းရာ လှူဒါန်းပွဲကို နိုဝင်ဘာ ၁၄ ရက်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အသားနှင့် အသီးနေ့စဉ်သုံး ပစ္စည်းများ ကျောပိုးအိတ်၊ စောင်အစရှိသည်တို့ကို ၁၂ လ တိုင် City Mart မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်းတန်ဖိုးကျပ်သိန်း ၆၀၀ ရှိသည်။


‘‘လွန်ခဲ့တဲ့လတွေက ဘဏ္ဍာ ရေးအခက်အခဲရှိခဲ့ပါတယ်။ အဲဒါ ကြောင့် ဘုရားသခင်ကိုပဲ ဆု တောင်းရတယ်။ ကူညီပါပေါ့ နော်။ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး ပုံမှန်တာဝန်ယူထားတဲ့ အဖွဲ့အ စည်းမရှိပါဘူး။ အခုလို လှူဒါန်းတဲ့သူပေါ်ပေါက်လာတာ အရမ်း ကျေးဇူးတင်ရပါတယ်’’ ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့် ညွန့်သိန်းက ပြောသည်။

ကျောင်းအိပ်၊ ကျောင်းစား ကလေးများကို တစ်လလျှင် စား စရိတ် ကျပ်တစ်သောင်းခွဲနှင့် ကျောင်းစရိတ် ငါးထောင်ကျပ် ကောက်ခံသော်လည်း ကျောင်း သားဦးရေထက်ဝက်ခန့်သည် ကျောင်းလခ ပုံမှန်မပေးနိုင်ဟု၎င်းက ဆိုသည်။

ကျောင်းက နံနက်စာနှင့် ည နေစာ၊ ညစာအတွက် နို့ဆန်ပြုတ် တာဝန်ယူကျွေးမွေးပြီး နေ့လယ်စာအတွက် အလှူရှင်များ၏ ကျွေးမွေးမှုများရှိသည်ဟု ဒေါ်ညွန့်ညွန့်သိန်းက ပြောသည်။

‘‘ဒီကျောင်းမှာ လိုအပ်ချက် တွေရှိတယ်ဆိုတာကို ကြားသိရ တယ်။ အဲဒါကြောင့်လည်း ဒီလို လှူဒါန်းရတာပါ။ လှူဒါန်းခွင့်ရ တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူ မိပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန် လျန်က ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစားကလေး ၂၀၃ ဦး၊ အိမ်မှ နေ့စဉ်ကျောင်းလာတက် သူ ၁၅၄ ဦး၊ စုစုပေါင်း ၃၅၇ ဦးရှိ သည်။ ဆရာ၊ ဆရာမအင်အား ၃၉ ဦးရှိပြီး အခြားဝန်ထမ်း ၂၀ ဦးရှိသည်။

မေရီချက်ပ်မင်းနားမကြား ကလေးများ ကျောင်းသည် ကလေးငယ်များကို အသက် (၆ )နှစ်ကစတင်လက်ခံပြီး ကျောင်းစာစိတ်ဝင်စားသည့် ကလေးများအတွက် အထက (၃) ဒဂုံမြို့နယ် နှင့် ချိတ်ဆက်၍ အထက်တန်း ဆက်တက်နိုင်ရန် ကူညီပေးနေသည်။ ထို့အပြင် အသက်မွေး ဝမ်းကျောင်းပညာရပ်သင်ကြား လိုသည့် ကျောင်းသားများအတွက်မုန့်ဖုတ်၊ စက်ပြင်၊ လျှပ်စစ်ပစ္စည်းပြင်ဆင်ခြင်းအစရှိသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေ သည်။

အဆိုပါကျောင်းကို ၁၉၂၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး သတ္တမတန်းအထိ သင်ကြားပေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top