Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမာ္ခ်ီးေက်းရြာအုပ္စုအနာဂတ္အလင္းတန္းရြာေက်းရြာတြင္ မူလတန္းေက်ာင္းဆရာမတစ္ဦးကို ေရြ႕ေျပာင္းအလုပ္သမားတစ္ဦးက အဓမၼျပဳက်င့္ရန္ ႀကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ႏိုဝင္ဘာ ၉ ရက္ေန႔က အလက(ခြဲ) လယ္ပြာခိုမူလတန္းျပ ဆရာမျဖစ္သူ ေဒၚရို႕ထူးသည္ အနာဂတ္အလင္းတန္းေက်းရြာရိွ ေက်ာင္းဆရာမမ်ား ေနရာခ်ထားေပးေသာ အိမ္တြင္ တစ္ဦးတည္း အိပ္စက္ရာ ည ၉း၃၀ အခ်ိန္က လူတစ္ေယာက္ ျခင္ေထာင္ထဲေရာက္ရိွလာရာ ဆရာမမွ လန္႔ႏိုးခဲ့ေၾကာင္း သိရသည္။

ရဲမွတ္တမ္းအရ ေနအိမ္ရိွ အိပ္ရာအထိ က်ဴးေက်ာ္ဝင္ေရာက္သူျဖစ္ေသာ ေဝလင္းထြန္း (၂၉ ႏွစ္) (ဘ)ဦးေရႊမန္းက ဆရာမအား တက္ခြခဲ့ၿပီ ေအာ္ဟစ္ျခင္းမျပဳရန္ ၿခိမ္းေျခာက္ခဲ့ၿပီး ဆရာမ၏ ပါးစပ္ကိုလည္း အတင္းပိတ္ဆို႔ထားခဲ့သည္။

ထိုသုိ႔ ျပဳလုပ္စဥ္ ဆရာမေဒၚရို႕ထူးမွ အတင္း႐ုန္းကန္ထကာ ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္အကူအညီေတာင္းခဲ့သည္။

ဆရာမ၏ အလန္႔တၾကားေအာ္ဟစ္သံကို အနီးရိွ ေနအိမ္မွ လုပ္ေဖၚကိုင္ဖက္ျဖစ္သူ ဆရာမ ေဒၚဇင္ဇာဇာထူးႏွင့္ ရာအိမ္မွဴး ဦးသီဟေအာင္တို႔က အဆိုပါ အခင္းျဖစ္ပြားရာ ေနအိမ္သို႔ သြားေရာက္ခဲ့သည္။

“က်ေနာ္ တီဗီၾကည့္ေနတုန္း ဆရာမအိမ္ဖက္က ေအာ္သံၾကားလို႔ အျပင္ထြက္ၿပီး လွမ္းၾကည့္လိုက္ေတာ့ ပန္ကန္ေဆးတဲ့ ျပတင္းေပါက္က ဖြင့္ေနတယ္။ က်ေနာ္ ဆရာမအိမ္ကို အေျပးသြားလိုက္တယ္။ အဲ့ဒီျပတင္းေပါက္ကေန က်ေနာ္ဝင္ရတယ္။ အထဲမွာေရာက္ေတာ့ အဲ့ေကာင္က ဆရာမကို အတင္းခ်ဳပ္ထားတယ္။ က်ေနာ္လည္း ေအာ္ၿပီး ဝင္လံုးလိုက္တာ သူ႕လက္ထဲကေန ဆရာမလႊတ္သြားတယ္။ မီးကို ေသခ်ာဖြင့္ၾကည့္လိုက္ေတာ့ လက္ထဲမွာလည္း ဓါးတစ္ေခ်ာင္း ကိုင္ထားေသးတယ္။”ဟု ေမာ္ခ်ီးေက်းရြာအုပ္စု အနာဂတ္အလင္းတန္းေက်းရြာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးသီဟေအာင္က ကႏၱာရဝတီတိုင္း(မ္)သို႔ အတည္ျပဳသည္။

က်ဴးလြန္သူ ေဝလင္းထြန္း ကိုင္ေဆာင္လာေသာ အရိုး-အသြား ၆ လက္မရိွ လက္လုပ္ ဓါးတစ္ေခ်ာင္းကို သက္ေသခံပစၥည္းအျဖစ္ သိမ္းဆည္းခဲ့ၿပီး ေမာ္ခ်ီးနယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္ျမင့္ခိုင္က တရားလို ျပဳလုပ္ကာ (ပ) ၅/၂၀၁၇ ရာဇသတ္ပုဒ္မ ၄၅၈/၃၇၆/၅၁၁ တို႔ျဖစ္ အမႈဖြင့္လွစ္ အေရးယူႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွသည္။

က်ဴးလြန္သူ ေဝလင္းထြန္းသည္ အနာဂတ္အလင္းတန္းေက်းရြာအနီးတြင္ Great Summit Industry ကုမၸဏီလီမိတက္မွ တာဝန္ယူ တည္ေဆာက္ေနေသာ ေမာ္ခ်ီးနယ္ေျမမီးသတ္စခန္း အေဆာက္အဦး ေဆာက္လုပ္ရန္ အလုပ္သမားအျဖစ္ လာေရာက္လုပ္ကိုင္ေနသူ ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မော်ချီးကျေးရွာအုပ်စုအနာဂတ်အလင်းတန်းရွာကျေးရွာတွင် မူလတန်းကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့က အလက(ခွဲ) လယ်ပွာခိုမူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ရို့ထူးသည် အနာဂတ်အလင်းတန်းကျေးရွာရှိ ကျောင်းဆရာမများ နေရာချထားပေးသော အိမ်တွင် တစ်ဦးတည်း အိပ်စက်ရာ ည ၉း၃၀ အချိန်က လူတစ်ယောက် ခြင်ထောင်ထဲရောက်ရှိလာရာ ဆရာမမှ လန့်နိုးခဲ့ကြောင်း သိရသည်။

ရဲမှတ်တမ်းအရ နေအိမ်ရှိ အိပ်ရာအထိ ကျူးကျော်ဝင်ရောက်သူဖြစ်သော ဝေလင်းထွန်း (၂၉ နှစ်) (ဘ)ဦးရွှေမန်းက ဆရာမအား တက်ခွခဲ့ပြီ အော်ဟစ်ခြင်းမပြုရန် ခြိမ်းခြောက်ခဲ့ပြီး ဆရာမ၏ ပါးစပ်ကိုလည်း အတင်းပိတ်ဆို့ထားခဲ့သည်။

ထိုသို့ ပြုလုပ်စဉ် ဆရာမဒေါ်ရို့ထူးမှ အတင်းရုန်းကန်ထကာ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သည်။

ဆရာမ၏ အလန့်တကြားအော်ဟစ်သံကို အနီးရှိ နေအိမ်မှ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ဆရာမ ဒေါ်ဇင်ဇာဇာထူးနှင့် ရာအိမ်မှူး ဦးသီဟအောင်တို့က အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်ခဲ့သည်။

“ကျနော် တီဗီကြည့်နေတုန်း ဆရာမအိမ်ဖက်က အော်သံကြားလို့ အပြင်ထွက်ပြီး လှမ်းကြည့်လိုက်တော့ ပန်ကန်ဆေးတဲ့ ပြတင်းပေါက်က ဖွင့်နေတယ်။ ကျနော် ဆရာမအိမ်ကို အပြေးသွားလိုက်တယ်။ အဲ့ဒီပြတင်းပေါက်ကနေ ကျနော်ဝင်ရတယ်။ အထဲမှာရောက်တော့ အဲ့ကောင်က ဆရာမကို အတင်းချုပ်ထားတယ်။ ကျနော်လည်း အော်ပြီး ဝင်လုံးလိုက်တာ သူ့လက်ထဲကနေ ဆရာမလွှတ်သွားတယ်။ မီးကို သေချာဖွင့်ကြည့်လိုက်တော့ လက်ထဲမှာလည်း ဓါးတစ်ချောင်း ကိုင်ထားသေးတယ်။”ဟု မော်ချီးကျေးရွာအုပ်စု အနာဂတ်အလင်းတန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုသည်။

ကျူးလွန်သူ ဝေလင်းထွန်း ကိုင်ဆောင်လာသော အရိုး-အသွား ၆ လက်မရှိ လက်လုပ် ဓါးတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး မော်ချီးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်ခိုင်က တရားလို ပြုလုပ်ကာ (ပ) ၅/၂၀၁၇ ရာဇသတ်ပုဒ်မ ၄၅၈/၃၇၆/၅၁၁ တို့ဖြစ် အမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

ကျူးလွန်သူ ဝေလင်းထွန်းသည် အနာဂတ်အလင်းတန်းကျေးရွာအနီးတွင် Great Summit Industry ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသော မော်ချီးနယ်မြေမီးသတ်စခန်း အဆောက်အဦး ဆောက်လုပ်ရန် အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top