Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

   အေကာက္ခြန္မဲ့ပစၥည္း ခန္ ့မွန္း တန္ဖုိး ေငြက်ပ္ ၄၈၁၇.၂၇၈ သန္းခန္႔အား ေအာက္တိုဘာ ၁ ရက္မွ ၃၁ ရက္အထိ တစ္လ တာအတြင္း သိမ္းဆည္းရမိခဲ့ေၾကာင္း အေကာက္ခြန္ဦးစီးဌာနမွ သိရသည္။

ရန္ကုန္ အျပည္ျပည္ ဆိုင္ရာ ေလဆိပ္၊ ေလဆိပ္ကုန္ေလွာင္႐ုံ၊ ဆိပ္ကမ္းမ်ား၊ အထူးကင္း၊ ေရပူ စစ္ေဆးေရး စခန္းႏွင့္ အေကာက္ခြန္နယ္ေျမ ေဒသအသီးသီးတို႔တြင္ တင္သြင္း၊ တင္ပို႔ခြင့္ စာရြက္စာတမ္းအေထာက္အထား တစ္စုံ တစ္ရာ တင္ျပႏိုင္ျခင္းမရွိသည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ားအား သိမ္းဆည္း ရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထုိသို႔ တားဆီး သိမ္းဆည္း ခဲ့ရာတြင္ စုစုေပါင္း ၄၅၆ မႈ (ခန္႔မွန္းတန္ဖိုး ေငြက်ပ္ ၄၈၁၇.၂၇၈ သန္းခန္႔)အား သိမ္းဆည္း ရမိခဲ့ေၾကာင္း ျပန္ၾကားေရး ၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
   အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၈၁၇.၂၇၈ သန်းခန့်အား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ တာအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူ စစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီးတို့တွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တားဆီး သိမ်းဆည်း ခဲ့ရာတွင် စုစုပေါင်း ၄၅၆ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၁၇.၂၇၈ သန်းခန့်)အား သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top