ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပင္လယ္ကမ္းစပ္တြင္ တစ္ဦးတည္း ငါးပက္ေနေသာ အမ်ိဳးသမီးကို အဓမၼျပဳက်င့္ရန္ ႀကံစည္သည့္အမ်ိဳးသားကို ဖမ္း ဆီးအမႈဖြင့္ထားေၾကာင္း သိမ္ ဆိပ္နယ္ေျမရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

မြန္ျပည္နယ္ သထံုၿမိဳ႕နယ္ မရမ္းကုန္းေက်းရြာတြင္ ႏိုဝင္ဘာ ၁၈ ရက္ ေန႔လယ္က ငါးပက္ေန ေသာ အသက္ (၃၀)အရြယ္ အိမ္ ေထာင္ရွင္ အမ်ိဳးသမီးကို (၂၃)ႏွစ္အရြယ္ အမ်ိဳးသားက အလုိမတူ ဘဲ သားမယားျပဳက်င့္ရန္ ႀကံစည္ၿပီး ကာယကံရွင္၏ တိုင္တန္းခ်က္ အရ ႏိုဝင္ဘာ ၁၉ ရက္၌ ဖမ္းဆီး အမႈဖြင့္ခဲ့သည္။

‘‘ငါးရွိတဲ့ေနရာျပမယ္လုိ႔ လိမ္ေခၚသြားၿပီး ႀကံစည္တာပါ။ အမ်ိဳးသမီးက ႐ုန္းကန္လို႔ အထ မေျမာက္လိုက္ပါဘူး။ ဒီေန႔မွ နစ္ နာသူကိုယ္တိုင္ လာေရာက္အမႈ ဖြင့္တိုင္ၾကားတာပါ’’ဟု ရဲအရာရွိ က ေျပာသည္။

အမ်ိဳးသမီးတစ္ဦးတည္း ငါး ပက္ေနစဥ္ ယင္းအမ်ိဳးသား ေရာက္ရွိလာၿပီး သရက္သံုးပင္ကြင္းသို႔ သြားရာလမ္းကို ေမးျမန္းကာ ငါးရွိသည့္ ေရအိုင္ကို ျပေပးမည္ဆုိၿပီး ေခၚေဆာင္ခဲ့သည္။ ထို႔ေနာက္ လွ်ိဳတစ္ခုအနီးအေရာက္တြင္ အဓမၼျပဳရန္ႀကံစည္ရာ အမ်ိဳးသမီးက ျပန္လည္႐ုန္းကန္သျဖင့္ လြတ္ေျမာက္ခဲ့ၿပီး တဲသို႔ျပန္လာကာ ခင္ပြန္းျဖစ္သူကို အက်ိဳးအေၾကာင္း ရွင္းျပခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ျပစ္မႈက်ဴးလြန္သူကို ပုဒ္မ ၃၇၆/ ၅၁၁ ျဖင့္ အမႈဖြင့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပင်လယ်ကမ်းစပ်တွင် တစ်ဦးတည်း ငါးပက်နေသော အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်သည့်အမျိုးသားကို ဖမ်း ဆီးအမှုဖွင့်ထားကြောင်း သိမ် ဆိပ်နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၈ ရက် နေ့လယ်က ငါးပက်နေ သော အသက် (၃၀)အရွယ် အိမ် ထောင်ရှင် အမျိုးသမီးကို (၂၃)နှစ်အရွယ် အမျိုးသားက အလိုမတူ ဘဲ သားမယားပြုကျင့်ရန် ကြံစည်ပြီး ကာယကံရှင်၏ တိုင်တန်းချက် အရ နိုဝင်ဘာ ၁၉ ရက်၌ ဖမ်းဆီး အမှုဖွင့်ခဲ့သည်။

‘‘ငါးရှိတဲ့နေရာပြမယ်လို့ လိမ်ခေါ်သွားပြီး ကြံစည်တာပါ။ အမျိုးသမီးက ရုန်းကန်လို့ အထ မမြောက်လိုက်ပါဘူး။ ဒီနေ့မှ နစ် နာသူကိုယ်တိုင် လာရောက်အမှု ဖွင့်တိုင်ကြားတာပါ’’ဟု ရဲအရာရှိ က ပြောသည်။

အမျိုးသမီးတစ်ဦးတည်း ငါး ပက်နေစဉ် ယင်းအမျိုးသား ရောက်ရှိလာပြီး သရက်သုံးပင်ကွင်းသို့ သွားရာလမ်းကို မေးမြန်းကာ ငါးရှိသည့် ရေအိုင်ကို ပြပေးမည်ဆိုပြီး ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လျှိုတစ်ခုအနီးအရောက်တွင် အဓမ္မပြုရန်ကြံစည်ရာ အမျိုးသမီးက ပြန်လည်ရုန်းကန်သဖြင့် လွတ်မြောက်ခဲ့ပြီး တဲသို့ပြန်လာကာ ခင်ပွန်းဖြစ်သူကို အကျိုးအကြောင်း ရှင်းပြခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top