Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လက္ထပ္ ခဲ့တုန္းက ေပ်ာ္ရႊင္မႈေတြကို အခ်ိန္အၾကာႀကီး တည္ၿမဲေနေအာင္ ထိန္းထားႏိုင္ဖို႔ လိုပါတယ္။
ကိုယ္ခ်စ္တဲ့သူနဲ႔ ေရႊလက္တြဲၿပီး မဂၤလာပြဲ ဆင္ႏႊဲရတာ သိပ္ကို ေပ်ာ္စရာေကာင္းပါတယ္။ အဲ့ဒိ ေပ်ာ္ရႊင္မႈေတြကို လက္ထပ္ၿပီး အခ်ိန္ေတြအၾကာႀကီး ၾကာသည္အထိ ထိန္းသိမ္းသြားႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။ သမီးရည္းစားဘဝမွာ ထားရွိခဲ့တဲ့ ခ်စ္ျခင္း၊ ရင္ခုန္ျခင္းေတြက အိမ္ေထာင္သည္ ဘဝမွာလည္း ဆက္ရွိေနရမွာပါ။

မ်ားေသာအားျဖင့္ကေတာ့ အိမ္ေထာင္သည္ ဘဝ ေရာက္သြားၾကရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ သမီးရည္းစား အခ်စ္ကေန လင္မယား အခ်စ္ကို ေျပာင္းသြားတာေၾကာင့္ ရင္းႏႈီးမႈေတြ လြန္ၿပီး ရင္ခုန္ စိတ္လႈပ္ရွားတာမ်ိဳး နည္းသြားတတ္ပါတယ္။

လင္မယားဘဝမွာေတာ့ အရင္းႏွီးဆံုးလူေတြ ျဖစ္လာမွာပါ။
စားဝတ္ေနေရးနဲ႔ စီးပြားေရးေတြအတြက္ ႐ုန္းကန္ေနရတာေၾကာင့္လည္း သမီးရည္းစား ဘဝတုန္းကေလာက္ ႏွစ္ေယာက္အတူ အခ်ိန္ျဖဳန္းတာမ်ိဳးေတြ လုပ္ျဖစ္ခ်င္မွ လုပ္ျဖစ္ေတာ့မွာပါ။ အခုေခတ္က အမ်ိဳးသမီးေတြလည္း လုပ္ငန္းခြင္ ဝင္ၾကတဲ့ ေခတ္ဆိုေတာ့ သူလည္း သူ႔အလုပ္နဲ႔သူ ကိုယ္လည္း ကိုယ့္အလုပ္နဲ႔ ကိုယ္မို႔ ထမင္းေတာင္ လက္ဆံုမစားျဖစ္ေတာ့တဲ့ လင္မယားေတြလည္း ရွိၾကပါတယ္။

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔အတြက္ လင္မယားႏွစ္ေယာက္ၾကားက အခ်စ္ေတြက ေအးခဲမေနဘဲ အၿမဲပူေႏြးေနဖို႔ လိုပါတယ္။ တစ္ဦးအေပၚ တစ္ဦး ဂ႐ုစိုက္ေပးမႈ၊ ျဖည့္ဆည္းေပးလိုမႈ၊ စိတ္ဝင္စားမႈေတြလည္း သမီးရည္းစား ဘဝလိုပဲ ရွိေနသင့္ပါတယ္။

ရင္ခုန္စိတ္လႈပ္ရွားရမယ့္ အျပဳအမူေလးေတြ မၾကာခဏ ဖန္တီးေပးပါ။

အလုပ္ ပင္ပန္းတာ နဲ႔ လုပ္ငန္းခြင္ထဲမွာ ႀကံဳေတြ႕ခဲ့ရတဲ့ စိတ္ဖိစီးမႈေတြကို ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္အေပၚ ဂ႐ုမစိုက္ျခင္းနဲ႔ မေျဖရွင္းသင့္ပါဘူး။ ဆိုလိုတာက တခ်ိဳ႕ေသာသူေတြဟာ အျပင္က ႀကံဳလာရတဲ့ အဆင္မေျပမႈေတြကို အိမ္မွာလာၿပီး ေဖာက္ခြဲတတ္လို႔ပါ။ ဒီလိုဆိုရင္ေတာ့ အဲ့လိုလူဟာ ေကာင္းမြန္တဲ့ လက္တြဲေဖာ္ေကာင္း မဟုတ္ေတာ့သလို လက္တြဲေဖာ္မေကာင္းတဲ့ အိမ္ေထာင္ေရးကလည္း သာယာေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ဘူးေနာ္။

အိမ္ေထာင္ဖက္အေပၚမွာ အခ်ိန္ပိုေပးသင့္ပါတယ္
ေနာက္အေရးႀကီးဆံုး တစ္ခုက အိမ္ေထာင္သည္ ျဖစ္သြားၿပီဆိုရင္ ကိုယ့္ရဲ႕ အေပါင္းအသင္း သူငယ္ခ်င္းေတြထက္ အိမ္ေထာင္ဖက္ အေပၚ ပိုၿပီးအခ်ိန္ေပးဖို႔ လိုပါၿပီ။ ဒီလိုေျပာလို႔ သူငယ္ခ်င္းေတြနဲ႔ မေတြ႔ရဘူးလို႔ မေျပာဘူးေနာ္။ အိမ္ေထာင္သည္ဆိုတာ လူပ်ိဳ၊ အပ်ိဳ ဘဝကထက္ အိမ္ေထာင့္တာဝန္ဆိုတဲ့ တာဝန္တစ္ခု ပိုလာတာမို႔ အပ်ိဳ၊ လူပ်ိဳတုန္းကလို သူငယ္ခ်င္းေတြနဲ႔ ေသာက္စား ေပ်ာ္ပါး ေရွာ့ပင္ထြက္တာထက္ လင္မယားႏွစ္ေယာက္ အတူတူ date လုပ္ၿပီး ညစာစားတာက ပိုအဆင္ေျပမယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လက်ထပ် ခဲ့တုန်းက ပျော်ရွှင်မှုတွေကို အချိန်အကြာကြီး တည်မြဲနေအောင် ထိန်းထားနိုင်ဖို့ လိုပါတယ်။
ကိုယ်ချစ်တဲ့သူနဲ့ ရွှေလက်တွဲပြီး မင်္ဂလာပွဲ ဆင်နွှဲရတာ သိပ်ကို ပျော်စရာကောင်းပါတယ်။ အဲ့ဒိ ပျော်ရွှင်မှုတွေကို လက်ထပ်ပြီး အချိန်တွေအကြာကြီး ကြာသည်အထိ ထိန်းသိမ်းသွားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သမီးရည်းစားဘဝမှာ ထားရှိခဲ့တဲ့ ချစ်ခြင်း၊ ရင်ခုန်ခြင်းတွေက အိမ်ထောင်သည် ဘဝမှာလည်း ဆက်ရှိနေရမှာပါ။

များသောအားဖြင့်ကတော့ အိမ်ထောင်သည် ဘဝ ရောက်သွားကြရင် တစ်ယောက်နဲ့ တစ်ယောက် သမီးရည်းစား အချစ်ကနေ လင်မယား အချစ်ကို ပြောင်းသွားတာကြောင့် ရင်းနှီုးမှုတွေ လွန်ပြီး ရင်ခုန် စိတ်လှုပ်ရှားတာမျိုး နည်းသွားတတ်ပါတယ်။

လင်မယားဘဝမှာတော့ အရင်းနှီးဆုံးလူတွေ ဖြစ်လာမှာပါ။
စားဝတ်နေရေးနဲ့ စီးပွားရေးတွေအတွက် ရုန်းကန်နေရတာကြောင့်လည်း သမီးရည်းစား ဘဝတုန်းကလောက် နှစ်ယောက်အတူ အချိန်ဖြုန်းတာမျိုးတွေ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မှာပါ။ အခုခေတ်က အမျိုးသမီးတွေလည်း လုပ်ငန်းခွင် ဝင်ကြတဲ့ ခေတ်ဆိုတော့ သူလည်း သူ့အလုပ်နဲ့သူ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ထမင်းတောင် လက်ဆုံမစားဖြစ်တော့တဲ့ လင်မယားတွေလည်း ရှိကြပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့အတွက် လင်မယားနှစ်ယောက်ကြားက အချစ်တွေက အေးခဲမနေဘဲ အမြဲပူနွေးနေဖို့ လိုပါတယ်။ တစ်ဦးအပေါ် တစ်ဦး ဂရုစိုက်ပေးမှု၊ ဖြည့်ဆည်းပေးလိုမှု၊ စိတ်ဝင်စားမှုတွေလည်း သမီးရည်းစား ဘဝလိုပဲ ရှိနေသင့်ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားရမယ့် အပြုအမူလေးတွေ မကြာခဏ ဖန်တီးပေးပါ။

အလုပ် ပင်ပန်းတာ နဲ့ လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ကိုယ့်ရဲ့ အိမ်ထောင်ဖက်အပေါ် ဂရုမစိုက်ခြင်းနဲ့ မဖြေရှင်းသင့်ပါဘူး။ ဆိုလိုတာက တချို့သောသူတွေဟာ အပြင်က ကြုံလာရတဲ့ အဆင်မပြေမှုတွေကို အိမ်မှာလာပြီး ဖောက်ခွဲတတ်လို့ပါ။ ဒီလိုဆိုရင်တော့ အဲ့လိုလူဟာ ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်း မဟုတ်တော့သလို လက်တွဲဖော်မကောင်းတဲ့ အိမ်ထောင်ရေးကလည်း သာယာပျော်ရွှင်နိုင်မှာ မဟုတ်ဘူးနော်။

အိမ်ထောင်ဖက်အပေါ်မှာ အချိန်ပိုပေးသင့်ပါတယ်
နောက်အရေးကြီးဆုံး တစ်ခုက အိမ်ထောင်သည် ဖြစ်သွားပြီဆိုရင် ကိုယ့်ရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေထက် အိမ်ထောင်ဖက် အပေါ် ပိုပြီးအချိန်ပေးဖို့ လိုပါပြီ။ ဒီလိုပြောလို့ သူငယ်ချင်းတွေနဲ့ မတွေ့ရဘူးလို့ မပြောဘူးနော်။ အိမ်ထောင်သည်ဆိုတာ လူပျို၊ အပျို ဘဝကထက် အိမ်ထောင့်တာဝန်ဆိုတဲ့ တာဝန်တစ်ခု ပိုလာတာမို့ အပျို၊ လူပျိုတုန်းကလို သူငယ်ချင်းတွေနဲ့ သောက်စား ပျော်ပါး ရှော့ပင်ထွက်တာထက် လင်မယားနှစ်ယောက် အတူတူ date လုပ်ပြီး ညစာစားတာက ပိုအဆင်ပြေမယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top