Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမာၻေပၚရွိ မိန္းကေလးတစ္ေယာက္စီတိုင္းမွာ မည္သည့္အေျခအေနတြင္မဆုိ အျခားသူက မတုပႏိုင္သည့္ ပင္ကိုယ္သဘာ၀အလွနဲ႕ ဆြဲေဆာင္မႈဆိုတာ ရွိစျမဲပါ။ စစ္မွန္သည့္အလွကို ပိုင္ဆိုင္ႏိုင္ရန္ မိတ္ကပ္အမ်ားႀကီး ႀကိဳးစားပမ္းစား ခ်ယ္သစရာမလိုသလုိ ျပည့္စံုေသာပံုရိပ္တစ္ခုကို ဖန္တီးႏိုင္ရန္အတြက္ မိမိတို႕ေန႕စဥ္လုပ္နည္းလုပ္ဟန္မ်ားထဲကို လွည့္စားမႈအနည္းငယ္ေပါင္းထည့္လိုက္ရံုသာ လိုအပ္ပါတယ္။ ထိုု႕အတြက္ အခ်ိန္ကုန္သက္သာရံုသာမက ပိုက္ဆံလည္းေခၽြတာႏိုင္ကာ မိမိကိုယ္ကို ပိုမိုဆြဲေဆာင္မႈရွိႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္မည့္ နည္းလမ္းေလးမ်ားကို မွ်ေ၀ေပးလိုက္ရပါတယ္။

၁၀။ မ်က္ႏွာအေရာင္ကိုတိုးေစပါ။

မ်က္ႏွာအေရာင္ကို ပို၍က်န္းက်န္းမာေစရန္အတြက္ ေဆးဖက္၀င္လက္ဖက္ရည္ႀကမ္းတစ္မ်ိဳးမ်ိဳးကို ပ်ားရည္ျဖင့္ေရာစပ္၍ ေန႕စဥ္ မနက္စာမစားခင္ ပမာဏအနည္းငယ္စီအား မနက္စာမစားမွီ ေသာက္သံုးေပးႏိုင္ပါတယ္။

၉။ မ်က္ေတာင္ေမႊးမ်ားကို ပိုမိုရွည္လ်ား၍ ထူထဲေအာင္ျပဳလုပ္ပါ။

၈။ ႀကြပ္ဆတ္၍ ႏွစ္ခြျဖစ္ေနေသာ ဆံသားမ်ားကို ဖယ္ရွားပစ္ပါ။ဆံသားကို နဂိုမူလအတိုင္း ျပန္လည္လွပလာေစရန္အတြက္ ႀကက္ဥအႏွစ္၊ ဒိန္ခ်ဥ္စစ္စစ္၊ ႀကက္ဆူဆီ၊ အုန္းဆီ၊ ေထာပတ္သီးအဆီတို႕ကို ထည့္ၿပီးလွ်င္ နွံ႕စပ္ေအာင္ ေမႊေပးပါ။ ၿပီးလွ်င္ ထုိေရာသမေမႊထားေသာ အေရာကို စိုစြတ္ေနေသာ ဆံသားအေပၚသို႕ လိမ္းၿပီးေနာက္ ေခါင္းစြပ္ျဖင့္ တစ္နာရီႀကာေပါင္းထားေပးၿပီးေနာက္ ေရာစင္ေအာင္ေဆးခ်ၿပီးလွ်င္ေတာ့ လွပေသာဆံေကသာကို ရရွိႏိုင္ပါၿပီ။

၇။ လက္ကိုအာဟာရျဖည့္တင္းေပးပါ။

သင့္လက္အသားအေရကို ႏူးညံ့မႈရွိေစရန္အတြက္ Hand Cream ကို ရွာလကာရည္သင့္ေတာ္ရံုျဖင့္ ေရာစပ္၍ ႏွစ္ပတ္တိတိ အိပ္ရာသို႕မ၀င္မွီ ညေနတိုင္း လက္ကိုသုတ္လိမ္းေပးႏိုင္ပါတယ္။

၆။ ဆံသားကို ေခ်ာေမြ႕ေျပာင္လက္ေအာင္ျပဳလုပ္ပါ။

ငွက္ေပ်ာသီးတစ္လံုး၊ သံလြင္ဆီတစ္ဇြန္း၊ ပ်ားရည္ႏွစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္းတို႕ကို က်ိတ္စက္ထဲေရာထည့္ေမြကာ ဆံသားအစိုေပၚသို႕ မိနစ္သံုးဆယ္ႀကာထည့္ေပါင္းၿပီး ေရေဆးခ်လိုက္ပါက အံ့အားသင့္ဖြယ္ရလဒ္မ်ားကို ရရွိႏိုင္ပါတယ္။

၅။ မွဲ႕ေျခာက္မ်ားကို ဖယ္ရွားပစ္ပါ။

အသံုးၿပဳၿပီးသား မီးေသြးႏွင့္ ေက်ာင္းသံုးေကာ္တို႕ကို ပန္းကန္လံုးထဲသုိ႕ ထည့္၍ေရာစပ္ေမႊၿပီးေနာက္ ႏွာေခါင္း၊ ပါးႏွင့္ အျခားအမည္းစက္မ်ားရွိရာေနရာမ်ားသို႕ လိမ္းေပးပါ။ ေျခာက္သြားသည့္အခါမွာေတာ့ ခြာလိုက္ႏိုင္ပါတယ္။

၄။ သြားမ်ားကိုျဖဴေဖြးေနေစပါ။

၃။ ညိဳမည္းေနေသာမ်က္ကြင္းမ်ားကို ေပ်ာက္ကင္းေအာင္ျပဳလုပ္ပါ။

ေအးျမေသာႏြားႏို႕အထဲသို႕ အ၀ိုင္းပံုစံရွိ ၀ါဂြမ္းႏွစ္ခုကို ႏွစ္ၿပီးေနာက္ မ်က္လံုးေအာက္ေျခတြင္ထားေပးပါက ရက္အနည္းငယ္အတြင္း သိသာလာႏိုင္ပါတယ္။

၂။ ၿပည့္စံုသပ္ရပ္သည့္ ဆံပင္ပံုစံကိုဖန္တီးပါ။

ဆံေကသာကို ပံုေဖာ္သည့္အခါမွာ လက္မၿငိမ္ျခင္းမ်ိဳးမျဖစ္ရေအာင္ လက္ကိုေရသန္႕သန္႕ျဖင့္ ေဆးၿပီးေနာက္ ဆံပင္ေပၚသို႕သုတ္ေပးႏိုင္ပါတယ္။

၁။ ၀င္းလက္က်န္းမာသည့္အသားအေရကို ရရွိေအာင္ျပဳလုပ္ပါ။

သႀကားႏွင့္ခရမ္းခ်ဥ္သီးအေရာသည္ အသားအေရေပၚရွိဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို ၀င္းလက္လာေစႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးအကြင္းေလးမ်ားအေပၚ သႀကားျဖဴး၍ အသားအႏွံ႕ညင္သာစြာ ပြတ္ေပး၍ ၁၀ မိနစ္အႀကာတြင္ ေရျဖင့္ေဆးေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကမ္ဘာပေါ်ရှိ မိန်းကလေးတစ်ယောက်စီတိုင်းမှာ မည်သည့်အခြေအနေတွင်မဆို အခြားသူက မတုပနိုင်သည့် ပင်ကိုယ်သဘာဝအလှနဲ့ ဆွဲဆောင်မှုဆိုတာ ရှိစမြဲပါ။ စစ်မှန်သည့်အလှကို ပိုင်ဆိုင်နိုင်ရန် မိတ်ကပ်အများကြီး ကြိုးစားပမ်းစား ချယ်သစရာမလိုသလို ပြည့်စုံသောပုံရိပ်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် မိမိတို့နေ့စဉ်လုပ်နည်းလုပ်ဟန်များထဲကို လှည့်စားမှုအနည်းငယ်ပေါင်းထည့်လိုက်ရုံသာ လိုအပ်ပါတယ်။ ထိုု့အတွက် အချိန်ကုန်သက်သာရုံသာမက ပိုက်ဆံလည်းချွေတာနိုင်ကာ မိမိကိုယ်ကို ပိုမိုဆွဲဆောင်မှုရှိနိုင်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းလေးများကို မျှဝေပေးလိုက်ရပါတယ်။

၁၀။ မျက်နှာအရောင်ကိုတိုးစေပါ။

မျက်နှာအရောင်ကို ပို၍ကျန်းကျန်းမာစေရန်အတွက် ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတစ်မျိုးမျိုးကို ပျားရည်ဖြင့်ရောစပ်၍ နေ့စဉ် မနက်စာမစားခင် ပမာဏအနည်းငယ်စီအား မနက်စာမစားမှီ သောက်သုံးပေးနိုင်ပါတယ်။

၉။ မျက်တောင်မွှေးများကို ပိုမိုရှည်လျား၍ ထူထဲအောင်ပြုလုပ်ပါ။

၈။ ကြွပ်ဆတ်၍ နှစ်ခွဖြစ်နေသော ဆံသားများကို ဖယ်ရှားပစ်ပါ။ဆံသားကို နဂိုမူလအတိုင်း ပြန်လည်လှပလာစေရန်အတွက် ကြက်ဥအနှစ်၊ ဒိန်ချဉ်စစ်စစ်၊ ကြက်ဆူဆီ၊ အုန်းဆီ၊ ထောပတ်သီးအဆီတို့ကို ထည့်ပြီးလျှင် နှံ့စပ်အောင် မွှေပေးပါ။ ပြီးလျှင် ထိုရောသမမွှေထားသော အရောကို စိုစွတ်နေသော ဆံသားအပေါ်သို့ လိမ်းပြီးနောက် ခေါင်းစွပ်ဖြင့် တစ်နာရီကြာပေါင်းထားပေးပြီးနောက် ရောစင်အောင်ဆေးချပြီးလျှင်တော့ လှပသောဆံကေသာကို ရရှိနိုင်ပါပြီ။

၇။ လက်ကိုအာဟာရဖြည့်တင်းပေးပါ။

သင့်လက်အသားအရေကို နူးညံ့မှုရှိစေရန်အတွက် Hand Cream ကို ရှာလကာရည်သင့်တော်ရုံဖြင့် ရောစပ်၍ နှစ်ပတ်တိတိ အိပ်ရာသို့မဝင်မှီ ညနေတိုင်း လက်ကိုသုတ်လိမ်းပေးနိုင်ပါတယ်။

၆။ ဆံသားကို ချောမွေ့ပြောင်လက်အောင်ပြုလုပ်ပါ။

ငှက်ပျောသီးတစ်လုံး၊ သံလွင်ဆီတစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ကျိတ်စက်ထဲရောထည့်မွေကာ ဆံသားအစိုပေါ်သို့ မိနစ်သုံးဆယ်ကြာထည့်ပေါင်းပြီး ရေဆေးချလိုက်ပါက အံ့အားသင့်ဖွယ်ရလဒ်များကို ရရှိနိုင်ပါတယ်။

၅။ မှဲ့ခြောက်များကို ဖယ်ရှားပစ်ပါ။

အသုံးပြုပြီးသား မီးသွေးနှင့် ကျောင်းသုံးကော်တို့ကို ပန်းကန်လုံးထဲသို့ ထည့်၍ရောစပ်မွှေပြီးနောက် နှာခေါင်း၊ ပါးနှင့် အခြားအမည်းစက်များရှိရာနေရာများသို့ လိမ်းပေးပါ။ ခြောက်သွားသည့်အခါမှာတော့ ခွာလိုက်နိုင်ပါတယ်။

၄။ သွားများကိုဖြူဖွေးနေစေပါ။

၃။ ညိုမည်းနေသောမျက်ကွင်းများကို ပျောက်ကင်းအောင်ပြုလုပ်ပါ။

အေးမြသောနွားနို့အထဲသို့ အဝိုင်းပုံစံရှိ ဝါဂွမ်းနှစ်ခုကို နှစ်ပြီးနောက် မျက်လုံးအောက်ခြေတွင်ထားပေးပါက ရက်အနည်းငယ်အတွင်း သိသာလာနိုင်ပါတယ်။

၂။ ပြည့်စုံသပ်ရပ်သည့် ဆံပင်ပုံစံကိုဖန်တီးပါ။

ဆံကေသာကို ပုံဖော်သည့်အခါမှာ လက်မငြိမ်ခြင်းမျိုးမဖြစ်ရအောင် လက်ကိုရေသန့်သန့်ဖြင့် ဆေးပြီးနောက် ဆံပင်ပေါ်သို့သုတ်ပေးနိုင်ပါတယ်။

၁။ ဝင်းလက်ကျန်းမာသည့်အသားအရေကို ရရှိအောင်ပြုလုပ်ပါ။

သကြားနှင့်ခရမ်းချဉ်သီးအရောသည် အသားအရေပေါ်ရှိဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ဝင်းလက်လာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးအကွင်းလေးများအပေါ် သကြားဖြူး၍ အသားအနှံ့ညင်သာစွာ ပွတ်ပေး၍ ၁၀ မိနစ်အကြာတွင် ရေဖြင့်ဆေးပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top