ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဆးေၾကာသန္႕စင္မႈမရွိတဲ့လက္ေတြကေနေရာဂါပိုးေတြကူးစက္တယ္ဆိုတဲ့အခ်က္နဲ႔လက္ကိုမၾကာခဏေဆးေၾကာေပးတာက အေရးပါတဲ့ အခ်က္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားသိရွိလာၾကျပီျဖစ္ပါတယ္။ သာမန္ဖ်ားနာမႈ၊ တုပ္ေကြးနဲ႔ ဝက္တုပ္ေကြး (swine flu) လိုမ်ိဳးေရာဂါပိုးေတြေၾကာင့္ျဖစ္တဲ့ ေရာဂါေတြက ကိုင္တြယ္ထိေတြ႔မႈေတြကေနတဆင့္ ကူးစက္တတ္ပါတယ္။ တံခါး ေလာ့ခ္ေတြ၊ ကားထိုင္ခံုေတြ၊ တံခါးလက္ကိုင္၊ ေလွကားလက္ရန္းေတြနဲ႔ ထိေတြ႔မိတဲ့အခါ အဆိုပါေနရာေတြမွာ ျပန္႔ႏွံံ႔ေနတဲ့ ေရာဂါပိုးေတြက ကူစက္လာတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

အဆိုပါကူးစက္ေရာဂါေတြေၾကာင့္ ဖ်ားနာမႈေတြကေန ကင္းေဝးေစဖို႔အတြက္ လူေတြက လက္မၾကာခဏေဆးတာကို အေလ့အက်င့္တစ္ရပ္လိုမ်ိုး တက္တက္ၾကြၾကြလုပ္ေဆာင္လာၾကပါတယ္။ ေရရရွိႏိုင္ဖို႔ မလြယ္ကူတဲ့ေနရာမ်ိဳးမွာ လက္ေဆးေၾကာဖို႔နဲ႔ လက္မွာ ကပ္ညွိေနတဲ့ ေရာဂါပိုးမႊားေတြကို ႏွိမ္ႏွင္းဖို႔နဲ႔ ေရာဂါကူးစက္တာေတြကို ရပ္တန္႔ဖို႔အတြက္ လက္သန္႔ေဆးေတြကို အသံုးျပဳလာၾကပါတယ္။
လက္သန္႔ေဆးရည္

လက္သန္႔ေဆးရည္ဆိုတာက လက္ေပၚမွာ အစက္ခ်ျပီး ပြတ္လိုက္ရင္ ေရာဂါပိုး ၉၉.၉ ရာခိုင္ႏႈန္းအထိေသေစႏိုင္တဲ့ ေစးပ်စ္တဲ့အရည္တစ္မ်ိဳးျဖစ္ပါတယ္။ သန္႔ရွင္းတဲ့ေရနဲ႔ ဆပ္ျပာေတြ မရရွိႏိုင္တဲ့ေနရာမွာ လက္သန္႔စင္ေဆးေၾကာဖို႔အတြက္ တီထြင္ထားတာျဖစ္ပါတယ္။

ဘက္တီးရီးယားေတြ ေသေစႏိုင္တဲ့အစြမ္းရွိတယ္ဆိုတဲ့ Triclosan  ကို ေဈးကြက္ထဲမွာ ေရာင္းခ်ေနတဲ့ လက္သန္႔ေဆးရည္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ရပါတယ္။ Triclosan က ေကာင္းက်ိဳးျပဳတယ္ဆိုတာထက္ အႏၱရာယ္ျဖစ္ေစတာက ပိုပါတယ္။ သည္ဓာတုဓာတ္က ဘက္တီးရီးယားေတြကို ေဆးယဥ္ပါးေစပါတယ္။
လက္သန္႔ေဆးမသံုးခင္ ဘာေတြသိထားသင့္သလဲ

    အယ္လ္ကိုေဟာပါဝင္မႈကိုစစ္ေဆးပါ –  လက္သန္႔ေဆးဗူးမွာ ဘက္တီးရီးယားအားလံုးကို သုတ္သင္ပစ္ႏိုင္တယ္၊လို႔ပါရွိပါတယ္။ လ္သန္႔ေဆးရည္က ထိေရာက္မႈရွိေစဖို႔ဆိုရင္ အယ္လ္ကိုေဟာက ၆၀ ရာခိုင္ႏႈန္းထည့္သြင္းလုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။အယ္လ္ကိုေဟာပါဝင္မႈက ၅၉ ရာခိုင္ႏႈန္းပဲရွိမယ္ဆိုရင္ လက္ေပၚကပိုးမႊားေတြကို သန္႔စင္ေပးနိုင္မွာမဟုတ္တာေၾကာင့္  လက္သန္႔ေဆးဝယ္ယူမယ္ဆိုရင္ အယ္ကိုလ္ပါဝင္မႈကို ေသခ်ာစစ္ေဆးဖို႔လိုအပ္ပါတယ္။
    ကေလးေတြအတြက္ မသင့္ေတာ္ပါဘူး – ကေလးေတြက မသန္႔ရွင္းတဲ့အရာေတြကို ကိုင္တြယ္နိုင္မိေခ်ပိုမ်ားသလို လက္ေတြကို ပါးစပ္ထဲထည့္တာမ်ိဳးေတြလုပ္ေလ့ရွိတယ္ဆိုတာကို အားလုံးသိထားျပီးျဖစ္ပါတယ္။ လက္သန္႔ေဆးရည္ေတြရဲ႕ ေနာက္ဘက္မွာေဖာ္ျပထားတဲ့ အညႊန္းထဲမွာ ကေလးေတြမမီတဲ့ေနရာမွာထားပါဆိုတဲ့ စာတန္းေလးပါတာကိုေတြ႔ရမွာျဖစ္ပါတယ္။ ကေလးေတြ အေနနဲ႔ လက္သန္႔ေဆးေတြကို ပါးစပ္ထဲထည့္မိမယ္ဆိုရင္ ကေလးေတြအတြက္ေတာ္ေတာ္ကိုအႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။ ကေလးငယ္ေတြမွာ လက္သန္႔ေဆးမွာပါတဲ့ အယ္လ္ကိုေဟာအဆိပ္သင့္မႈျဖစ္ေပၚခဲ့တဲ့ ျဖစ္ရပ္ေတြရွိပါတယ္။ အရြယ္ေရာက္ျပီးသူေတြအေနနဲ႔ လက္သန္႔ေဆးကို ပမာဏေတာ္ေတာ္မ်ားမ်ားစားမိတဲ့အခါ အႏၱရာယ္ရွိတဲ့အေနအထားျဖစ္ေပၚႏိုင္ျပီး ကေလးငယ္ေတြမွာေတာ့ နည္းနည္းေလးေလာက္စားမိတာနဲ႔ကို အႏၱရာယ္ရွိတဲ့အေနအထားမ်ိုးျဖစ္ေပၚခံစားရႏိုင္ပါတယ္။ လက္သန္႔ေဆးမွာပါတဲ့ အေမႊးနံံ႔က ကေလးငယ္ေလးေတြကို စားစရာလို႔ထင္ျပီးစားမိတာမ်ိဳးျဖစ္ေစနိုင္တာေၾကာင့္ လက္သန္႔ေဆးေတြကို ကေလးငယ္ေတြနဲ႔ခပ္ေဝးေဝးမွာထားပါ

လက္သန္႔ေဆးဝယ္တဲ့အခါ ဘယ္လိုေရြးခ်ယ္ဝယ္ယူမလဲ

မိသားစုအတြက္အသံုးျပဳဖို႔ လက္သန္႔ေဆးဝယ္ယူတဲ့အခါ က်န္းမာေရးနဲ႔ညီညြတ္တဲ့ လက္သန္႔ေဆးကိုဝယ္ယူႏိုင္ဖို႔ လက္သန္႔ေဆးမွာပါတဝင္တဲ့ ပစၥည္းေတြကိုေသခ်ာဖတ္ရႈ႕ျပီး ဝယ္ယူဖို႔ကအေရးၾကီးပါတယ္။ လက္သန္႔ေဆးဝယ္ယူတဲ့အခါ သတိထားရမယ့္ပစၥည္းေတြအေၾကာင္း လက္လွမ္းမိသေလာက္ေဖာ္ျပေပးလိုက္ပါတယ္။

ဖန္တီးထားတဲ့ရနံ႔ – လက္သန္႔ေဆးမွာပါတဲ့ ေမႊးပ်ံ႔တဲ့အနံ႔က အဆိပ္အေတာက္ျဖစ္ေစနိုင္တာေၾကာင့္ အေမႊးနံ႔တအားျပင္းတာမ်ိဳးကိုေရွာင္သင့္ပါတယ္။

Parabens – အလွကုန္နဲ႔ေဆးဝါးေတြကို တာရွည္ခံေအာင္လုပ္ေဆာင္ရာမွာအသံုးျပဳတဲ့ အရာတစ္ခုပါ။ ဒီ Parabens  ကရင္သားကင္ဆာျဖစ္ေစႏိုင္ပါတယ္။

Quaternary ammonia compounds – လက္သန္႔ေဆးအခ်ိဳ႕မွာပါဝင္တတ္တဲ့ Quaternary ammonia ျဒပ္ေပါင္းက မ်ိုးပြားစနစ္ကိုထိခိုက္ေစႏိုင္ျပီး ေဖာ္မယ္လ္ဒီဟိုက္ေတြကို ထုတ္လႊတ္ေပးႏိုင္ပါတယ္။

Triethanolamine – Triethanolamine ကအသက္ရႈလမ္းေၾကာင္းကိုဓာတ္မတည္႔မႈျဖစ္ေစႏိုင္ျပီး ကိုယ္ခံအားစနစ္ကို အဆိပ္အေတာက္ျဖစ္ေစႏိုင္ပါတယ္။

Phenoxyethanol – လက္သန္႔ေဆးရည္မွာပါတဲ့ Phenoxyethanol ကဓာတ္မတည့္မႈကိုျဖစ္ေစႏိုင္သလို မ်ိုးပြားစနစ္ကိုလည္း အဆိပ္အေတာက္ျဖစ္ေစႏိုင္ပါတယ္။

Ammonia – လက္သန္႔ေဆးရည္မွာပါတဲ့ Ammonia ကလူသားေတြရဲ႕ကိုယ္အဂၤါစနစ္ေတြကိုအဆိပ္အေတာက္ျဖစ္ေစႏိုင္ပါတယ္။

လက္သန္႕ေဆးရည္ဝယ္ယူတဲ့အခါ အထက္မွာေဖာ္ျပထားတဲ့ ဓာတ္ပစၥည္းေတြမပါတဲ့လက္သန္႔ေဆးမ်ိဳးကိုေရြးခ်ယ္ဝယ္ယူမိဖို႔လိုပါတယ္။
လက္သန္႔ေဆးရဲ႕ ထိေရာက္အသံုးဝင္မႈမ်ား

လက္ေတြညစ္ေပေနတယ္ဆိုရင္ လက္ေတြကို သန္႔ရွင္းႏိုင္မယ့္ အေကာင္းဆံုးေသာနည္းလမ္း လက္သန္႔ေဆးရည္အသံုးျပဳတာပဲျဖစ္ပါတယ္။ လက္ကို လက္သန္ပေဆးရည္သံုးျပီး သန္႔ရွင္းတာထက္ ဆပ္ျပာနဲ႔ေရကို သံုးျပီး သန္႔စင္တာက ပိုေကာင္းတယ္ဆိုေပမယ့္ ေရနဲ႔ ဆပ္ျပာကို အလြယ္တကူမရရွိႏိုင္တဲ့ အေနအထားမ်ိဳးမွာ လက္သန္႔ေဆးရည္ကိုသံုးျပီး သန္႔စင္တာက ပိုးမႊားေတြမကူးစက္ႏိုင္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

လက္ကို ထိထိေရာက္ေရာက္သန္႔ရွင္းႏိုင္ေစဖို႔ဆိုရင္ အယလ္ကိုေဟာ ၆၀ ရာခိုင္ႏႈန္းပါဝင္ေနတဲ့ လက္သန္႔ေဆးရည္ကို အသံုးျပဳရမွာျဖစ္ပါတယ္။ အယ္လ္ကိုေဟာပါဝင္ေနတဲ့ လက္သန္႔ေဆးရည္ေတြက ရိုးရိုးဆပ္ျပာနဲ႔ေရကို အသံုးျပဳျပီး လက္ေဆးတာထက္ ပိုးမႊားေတြ ကိုထိထိေရာက္ေရာက္ႏွိမ္ႏွင္းႏိုင္ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ လက္ေတြကေနတဆင့္ လူနာေတြဆီကို ေရာဂါပိုးကူးစက္တာမ်ိဳးမျဖစ္ေအာင္ လက္သန္႔ေဆးရည္အသံုးျပဳေပးသင့္ပါတယ္။ လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ၾကီး (WHO)  ကအၾကံျပဳထားပါတယ္။
လက္သန္႔ေဆးရည္ကို နည္းစနစ္မွန္မွန္ဘယ္လိုအသံုးျပဳမလဲ

လက္သန္႔ေဆးရည္ကို ထိထိေရာက္ေရာက္အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ လက္သန္႔ေဆးရည္မသံုးခင္မွာ လက္မွာ ၾကီးၾကီမားမား ညစ္ပတ္ေပေရေနတာမ်ိဳးေတြမရွိေအာင္ အရင္လုပ္ရပါမယ္။ ထို႔ေနာက္ လက္ထဲကို လက္သန္႔ေဆးရည္ထည့္ျပီး စကၠန္႔ ၂၀ ကေန ၃၀ အထိၾကာေအာင္ လက္ေခ်ာင္းေတြ၊ လက္သည္းေတြနဲ႔ လက္ဝတ္ရတနာေတြေအာက္ဘက္ကိုပါေသခ်ာေရာက္ေအာင္ပြတ္တိုက္ေပးပါ။ လက္ေကာက္ဝတ္နဲ႔ လက္ဖမိုးေတြေပၚကိုပါပြတ္ေပးပါ။ လက္ကိုေျခာက္ေအာင္ထားလိုက္ပါ။ လက္ကသန္႔ရွင္းသြားတာကိုေတြ႔ရမွာပါ။

လက္သန္႔ေဆးသံုးျပီးတဲ့အခါ လက္ကိုေရနဲ႔ေဆးတာမ်ိဳး၊ တဘက္နဲ႔သုတ္ပစ္တာမ်ိဳးမလုပ္ပါနဲ႔။ လက္သန္႔ေဆးရဲ႕ အာနိသင္မထိေရာက္တာမ်ိဳးျဖစ္သြားႏိုင္ပါတယ္။
လက္သန္႔ေဆးေၾကာင့္ ဘာေတြထိခိုက္ႏိုင္သလဲ
ကေလးရဲ႕ ကိုယ္ခံအားကို က်ဆင္းေစႏိုင္ျခင္း

လက္သန္႔ေဆးအသံုးျပဳတာက  ကေလးငယ္ေတြရဲ႕ကိုယ္ခံအားစနစ္အေပၚမွာ ျပင္းျပင္းထန္ထန္ထိခိုက္ေစႏုိင္တယ္ဆိုတာကို Northwestern Research Center ကလုပ္ေဆာင္ျပီး Science Daily မွာေဖာျ္ပခဲ့တဲ့ေလ့လာမႈတစ္ရပ္မွာ ပါရွိပါတယ္။ လက္သန္႔ေဆးကို အျမဲလိုလိုထိေတြ႔မႈက ကေလးငယ္ေတြကို နာမက်န္းျဖစ္ေစသလို ၾကိဳတင္ကာကြယ္နိုင္တဲ့ေရာဂါမ်ိဳးေတြခံစားရေစႏိုင္တယ္၊ လို႔ေတြ႔ရွိခဲ့ပါတယ္။ အရမ္းကို သန္႔ရွင္းလြန္းေနတဲ့ ပတ္ဝန္းက်င္က ကေလးငယ္ေတြကို ကိုယ္ခံအားက်ဆင္းေစတာမ်ိဳးျဖစ္ေစႏိုင္ျပီး အသက္အရြယ္ၾကီးလာတဲ့ခ်ိန္အထိ ပတ္ဝန္းက်င္ကေရာဂါပိုးေတြကို တိုက္ထုတ္ႏိုင္စြမ္းနည္းပါးျပီး ကိုယ္ခံအားနည္းတာ၊  ဓာတ္မတည့္မႈေတြကို တံု႔ျပန္မႈျပင္းထန္တာမ်ိုးေတြကို ခံစားရတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။
လက္သန္႔ေဆးရည္မွာပါတဲ့ Triclosan ကက်န္းမာေရးကိုထိခိုက္ေစႏိုင္ျခင္း

လက္သန္႔ေဆးအခ်ိဳ႕မွာ အယ္လ္ကိုေဟာအစား triclosan  ကို အသံုးျပဳၾကပါတယ္။ triclosan က ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့အာနိသင္နဲ႔မိႈပိုးေတြကိုေသေစႏိုင္တဲ့အာနိသင္ရွိပါတယ္။ triclosan ကိုဆပ္ျပာေတြနဲ႔ သန္႔ရွင္းေရးအတြက္ အသံုးျပဳတဲ့ပစၥည္းေတြမွာ ထည့္သြင္းအသံုးျပဳေလ့ရွိၾကပါတယ္။ ဒီ triclosan ကပိုးမႊားေတြကို ေသေစႏိုင္တယ္ဆိုေပမယ့္ အျမဲတေစ ထိေတြ႔တဲ့အခါ ဘက္တီးရီးယာေတြက ပဋိဇီဝေဆးေတြကို ယဥ္ပါးသြားတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ triclosan ကိုအေရျပားကအလါယ္တကူစုပ္ယူျပီး ေသြးေၾကာေတြထဲကိုေရာက္ရွိသြားတဲ့အခါ ကင္ဆာ၊ ဓာတ္မတည့္တာေတြျဖစ္တာ (allergies)၊ ေဟာ္မုန္းနဲ႔အရံုေၾကာဆိုင္ရာ ထိခိုက္မႈေတြ ၾကြက္သားေတြအားနညး္တာမ်ိဳးေတြျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ မ်ိဳးမေအာင္တာမ်ိဳးလည္းျဖစ္ေပၚေစႏိုင္ပါတယ္။
အဏုဇီဝပိုးေတြအေပၚထိခိုက္ေစႏိုင္ျခင္း

လက္သန္႔ေဆးေတြမွာ Benzalkonium Chloride ဆိုတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္ေလ့ရွိပါတယ္။ အဆိုပါ ျဒပ္ေပါင္းရဲ႕ အဓိကတာဝန္က ဘက္တီးရီယားေတြကို သုတ္သင္ဖို႔ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ ျဒပ္ေပါင္းက ဆဲလ္ေတြအတြက္ မေကာင္းသလို အက်ိဳးျပဳ အဏုဇီဝပိုးမႊားေတြအတြက္လည္းမေကာင္းပါဘူး။ အဆိုပါ ျဒပ္ေပါင္းက အေရျပားေပၚမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ ဓာတ္မတည့္တာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီျဒပ္ေပါင္းက ငါးေတြနဲ႔ငွက္ေတြကို အဆိပ္ျဖစ္ေစပါတယ္။
လက္သန္႔ေဆးရဲ႕ခ်ိဳတဲ့အနံ႔က အဆိပ္အေတာက္ျဖစ္ေစႏိုင္

လက္သန္႔ေဆးရည္ေတြမွာ ပါတဲ့အန႔ံက ႏွစ္သက္စရာေကာင္းတာက phthalates လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္ပါဝင္တာေၾကာင့္ျဖစ္ပါတယ္။ ထိုျဒပ္ေပါင္းတြက အစားအေသာက္ေတြမွာ အလြယ္တကူေပ်ာ္ဝင္ႏိုင္ျပီး ခႏၶာကိုယ္ထဲကိုေရာက္ရွိသြားပါတယ္။ ဒါေၾကာင့္ အစားအေသာက္ေတြမစားခင္မွာ လက္ကိုဆပ္ျပာနဲ႔မေဆးဘဲ လက္သန္႔ေဆးရည္နဲ႔ေဆးေၾကာတာမ်ိုးမလုပ္ပါနဲ႔။ phthalates နဲ႔အလြန္အကၽြံထိေတြ႔မႈက အမ်ိဳးသမီးေတြမွာ ေမါးလာတဲ့ကေလးငယ္ေတြမွာစအိုေပါက္အေနအထားပံုမွန္မဟုတ္တာမ်ိဳးေတြ႔ရွိခဲ့ရသလို အမ်ိဳးသမီးေတြရဲ႕ မ်ိဳးေအာင္ႏိုင္စြမ္းကိုက်ဆင္းေစတာကိုလည္းေတြ႔ရွိခဲ့ရပါတယ္။
လက္က လံုးဝသန္႔စင္သြားတာမဟုတ္ပါဘူး

လက္သန္႔ေဆးအသံုးျပဳျပီးတဲ့အခါ လက္ကသန္႔သြားျပီလို႔ခံစားရေပမယ့္ အညစ္အေၾကးေတြအားလံုးသန္႔စင္သြားတာမဟုတ္ပါဘူး။ သၾကားနဲ႔အဆီေတြေၾကာင့္လက္မွာ ညစ္ေပမႈေတြက ဆပ္ျပာသံုးျပီးသန္႔ရွင္းေရးမလုပ္ရင္ မသန္႔ရွင္းပါဘူး။ ေထာပတ္အမ်ားၾကီးပါဝင္တဲ့ ေျပာင္းဖူးေပါက္ေပါက္လိုမ်ိဳး အစာေတြစားျပီးတဲ့အခါမ်ိဳးမွာ လက္သန္႔ေဆးနဲ႔သန္႔စင္တာက လံုေလာက္တဲ့သန္႔စင္မႈကိုမေပးႏိုင္ပါဘူး။
အေရျပားကိုပ်က္စီးေစႏိုင္ျခင္း

လက္သန္႔ေဆးရည္ေတြမွာ အစိုဓာတ္ထိန္းေပးတဲ့အာနိသင္ပါတယ္လို႔ဆိုေပမယ့္ မၾကာခဏနဲ႔အလြန္အကၽြံအသံုးျပဳမယ္ဆိုရင္ေတာ့ အေရျပားကိုထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။လက္သန္႔ေဆးကို အလါန္အကၽြံအသံုးျပဳတာက အေရျပားေျခာက္ေသြ႔ၾကမ္းတမ္းမႈကိုျဖစ္ ေပၚေစႏိုင္ပါတယ္။
UV Sensitivity ျဖစ္နိုင္ေျခကိုတိုးေစျခင္း

ပိုးမႊားေတြကို ေသေစႏိုင္တဲ့ လက္သန္႔ေဆးရည္က အေရျပားကို ခရမ္းလြန္ေရာင္ျခည္ဒဏ္မခံႏိုင္ျခင္း (UV Sensitivity) ျဖစ္နိုင္ေျခကို တိုးေစျပီး  ေနေလာင္မႈကိုျဖစ္ေစပါတယ္။ လက္သန္႔ေဆးအသံုးျပဳထားစဥ္အတြင္း သဘာဝေနေရာင္ခံတာနဲ႔ေနေရာင္ခံစက္က ထြက္တဲ့ အပူခ်ိန္ေတြကို ခံတာမ်ိဳးမလုပ္ပါနဲ႔။
ေဟာ္မုန္းဓာတ္ျပဳျခင္း

ပိုးမႊားေတြကိုေသေစႏိုင္တဲ့ လက္သန္႔ေဆးက သိုင္းရြိဳက္ေဟာ္မုန္းေတြနဲ႔ အက္စထရိုဂ်င္ပမာဏေတြအေပၚမွာ ထိခိုက္မႈေတြျဖစ္ေပၚေစႏိုင္ပါတယ္။ လက္သန္႔ေဆးေတြမွာပါတဲ့ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ triclosan ကက်န္းမာေရးအတြက္ ေဘးကင္းရဲ႕လားဆိုတာကို စိုးရိမ္မႈေတြရွိေနဆဲပါ။

ေဆာင္ရန္ ေရွာင္ရန္နဲ႔သတိျပဳစရာအခ်က္ေတြကိုသိရွိျပီး ေရာဂါပိုးေတြကို ကာကြယ္ဖို႔အတြက္ လက္သန္႔ေဆးရည္ေတြကို ထိထိေရာက္အႏၱရာယ္ကင္းကင္းအသံုးျပဳႏိုင္ပါေစေၾကာင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဆေးကြောသန့်စင်မှုမရှိတဲ့လက်တွေကနေရောဂါပိုးတွေကူးစက်တယ်ဆိုတဲ့အချက်နဲ့လက်ကိုမကြာခဏဆေးကြောပေးတာက အရေးပါတဲ့ အချက်ဆိုတာကို တော်တော်များများသိရှိလာကြပြီဖြစ်ပါတယ်။ သာမန်ဖျားနာမှု၊ တုပ်ကွေးနဲ့ ဝက်တုပ်ကွေး (swine flu) လိုမျိုးရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေက ကိုင်တွယ်ထိတွေ့မှုတွေကနေတဆင့် ကူးစက်တတ်ပါတယ်။ တံခါး လော့ခ်တွေ၊ ကားထိုင်ခုံတွေ၊ တံခါးလက်ကိုင်၊ လှေကားလက်ရန်းတွေနဲ့ ထိတွေ့မိတဲ့အခါ အဆိုပါနေရာတွေမှာ ပြန့်နှံံ့နေတဲ့ ရောဂါပိုးတွေက ကူစက်လာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အဆိုပါကူးစက်ရောဂါတွေကြောင့် ဖျားနာမှုတွေကနေ ကင်းဝေးစေဖို့အတွက် လူတွေက လက်မကြာခဏဆေးတာကို အလေ့အကျင့်တစ်ရပ်လိုမျိုး တက်တက်ကြွကြွလုပ်ဆောင်လာကြပါတယ်။ ရေရရှိနိုင်ဖို့ မလွယ်ကူတဲ့နေရာမျိုးမှာ လက်ဆေးကြောဖို့နဲ့ လက်မှာ ကပ်ညှိနေတဲ့ ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့နဲ့ ရောဂါကူးစက်တာတွေကို ရပ်တန့်ဖို့အတွက် လက်သန့်ဆေးတွေကို အသုံးပြုလာကြပါတယ်။
လက်သန့်ဆေးရည်

လက်သန့်ဆေးရည်ဆိုတာက လက်ပေါ်မှာ အစက်ချပြီး ပွတ်လိုက်ရင် ရောဂါပိုး ၉၉.၉ ရာခိုင်နှုန်းအထိသေစေနိုင်တဲ့ စေးပျစ်တဲ့အရည်တစ်မျိုးဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ ဆပ်ပြာတွေ မရရှိနိုင်တဲ့နေရာမှာ လက်သန့်စင်ဆေးကြောဖို့အတွက် တီထွင်ထားတာဖြစ်ပါတယ်။

ဘက်တီးရီးယားတွေ သေစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတဲ့ Triclosan  ကို ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ လက်သန့်ဆေးရည်တော်တော်များများမှာ တွေ့ရပါတယ်။ Triclosan က ကောင်းကျိုးပြုတယ်ဆိုတာထက် အန္တရာယ်ဖြစ်စေတာက ပိုပါတယ်။ သည်ဓာတုဓာတ်က ဘက်တီးရီးယားတွေကို ဆေးယဉ်ပါးစေပါတယ်။
လက်သန့်ဆေးမသုံးခင် ဘာတွေသိထားသင့်သလဲ

    အယ်လ်ကိုဟောပါဝင်မှုကိုစစ်ဆေးပါ –  လက်သန့်ဆေးဗူးမှာ ဘက်တီးရီးယားအားလုံးကို သုတ်သင်ပစ်နိုင်တယ်၊လို့ပါရှိပါတယ်။ လ်သန့်ဆေးရည်က ထိရောက်မှုရှိစေဖို့ဆိုရင် အယ်လ်ကိုဟောက ၆၀ ရာခိုင်နှုန်းထည့်သွင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။အယ်လ်ကိုဟောပါဝင်မှုက ၅၉ ရာခိုင်နှုန်းပဲရှိမယ်ဆိုရင် လက်ပေါ်ကပိုးမွှားတွေကို သန့်စင်ပေးနိုင်မှာမဟုတ်တာကြောင့်  လက်သန့်ဆေးဝယ်ယူမယ်ဆိုရင် အယ်ကိုလ်ပါဝင်မှုကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။
    ကလေးတွေအတွက် မသင့်တော်ပါဘူး – ကလေးတွေက မသန့်ရှင်းတဲ့အရာတွေကို ကိုင်တွယ်နိုင်မိချေပိုများသလို လက်တွေကို ပါးစပ်ထဲထည့်တာမျိုးတွေလုပ်လေ့ရှိတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်ပါတယ်။ လက်သန့်ဆေးရည်တွေရဲ့ နောက်ဘက်မှာဖော်ပြထားတဲ့ အညွှန်းထဲမှာ ကလေးတွေမမီတဲ့နေရာမှာထားပါဆိုတဲ့ စာတန်းလေးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကလေးတွေ အနေနဲ့ လက်သန့်ဆေးတွေကို ပါးစပ်ထဲထည့်မိမယ်ဆိုရင် ကလေးတွေအတွက်တော်တော်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ လက်သန့်ဆေးမှာပါတဲ့ အယ်လ်ကိုဟောအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ လက်သန့်ဆေးကို ပမာဏတော်တော်များများစားမိတဲ့အခါ အန္တရာယ်ရှိတဲ့အနေအထားဖြစ်ပေါ်နိုင်ပြီး ကလေးငယ်တွေမှာတော့ နည်းနည်းလေးလောက်စားမိတာနဲ့ကို အန္တရာယ်ရှိတဲ့အနေအထားမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ လက်သန့်ဆေးမှာပါတဲ့ အမွှေးနံံ့က ကလေးငယ်လေးတွေကို စားစရာလို့ထင်ပြီးစားမိတာမျိုးဖြစ်စေနိုင်တာကြောင့် လက်သန့်ဆေးတွေကို ကလေးငယ်တွေနဲ့ခပ်ဝေးဝေးမှာထားပါ

လက်သန့်ဆေးဝယ်တဲ့အခါ ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

မိသားစုအတွက်အသုံးပြုဖို့ လက်သန့်ဆေးဝယ်ယူတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက်သန့်ဆေးကိုဝယ်ယူနိုင်ဖို့ လက်သန့်ဆေးမှာပါတဝင်တဲ့ ပစ္စည်းတွေကိုသေချာဖတ်ရှု့ပြီး ဝယ်ယူဖို့ကအရေးကြီးပါတယ်။ လက်သန့်ဆေးဝယ်ယူတဲ့အခါ သတိထားရမယ့်ပစ္စည်းတွေအကြောင်း လက်လှမ်းမိသလောက်ဖော်ပြပေးလိုက်ပါတယ်။

ဖန်တီးထားတဲ့ရနံ့ – လက်သန့်ဆေးမှာပါတဲ့ မွှေးပျံ့တဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် အမွှေးနံ့တအားပြင်းတာမျိုးကိုရှောင်သင့်ပါတယ်။

Parabens – အလှကုန်နဲ့ဆေးဝါးတွေကို တာရှည်ခံအောင်လုပ်ဆောင်ရာမှာအသုံးပြုတဲ့ အရာတစ်ခုပါ။ ဒီ Parabens  ကရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

Quaternary ammonia compounds – လက်သန့်ဆေးအချို့မှာပါဝင်တတ်တဲ့ Quaternary ammonia ဒြပ်ပေါင်းက မျိုးပွားစနစ်ကိုထိခိုက်စေနိုင်ပြီး ဖော်မယ်လ်ဒီဟိုက်တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Triethanolamine – Triethanolamine ကအသက်ရှုလမ်းကြောင်းကိုဓာတ်မတည့်မှုဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Phenoxyethanol – လက်သန့်ဆေးရည်မှာပါတဲ့ Phenoxyethanol ကဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလို မျိုးပွားစနစ်ကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Ammonia – လက်သန့်ဆေးရည်မှာပါတဲ့ Ammonia ကလူသားတွေရဲ့ကိုယ်အင်္ဂါစနစ်တွေကိုအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

လက်သန့်ဆေးရည်ဝယ်ယူတဲ့အခါ အထက်မှာဖော်ပြထားတဲ့ ဓာတ်ပစ္စည်းတွေမပါတဲ့လက်သန့်ဆေးမျိုးကိုရွေးချယ်ဝယ်ယူမိဖို့လိုပါတယ်။
လက်သန့်ဆေးရဲ့ ထိရောက်အသုံးဝင်မှုများ

လက်တွေညစ်ပေနေတယ်ဆိုရင် လက်တွေကို သန့်ရှင်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်း လက်သန့်ဆေးရည်အသုံးပြုတာပဲဖြစ်ပါတယ်။ လက်ကို လက်သန်ပဆေးရည်သုံးပြီး သန့်ရှင်းတာထက် ဆပ်ပြာနဲ့ရေကို သုံးပြီး သန့်စင်တာက ပိုကောင်းတယ်ဆိုပေမယ့် ရေနဲ့ ဆပ်ပြာကို အလွယ်တကူမရရှိနိုင်တဲ့ အနေအထားမျိုးမှာ လက်သန့်ဆေးရည်ကိုသုံးပြီး သန့်စင်တာက ပိုးမွှားတွေမကူးစက်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

လက်ကို ထိထိရောက်ရောက်သန့်ရှင်းနိုင်စေဖို့ဆိုရင် အယလ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်နေတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။ အယ်လ်ကိုဟောပါဝင်နေတဲ့ လက်သန့်ဆေးရည်တွေက ရိုးရိုးဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ဆေးတာထက် ပိုးမွှားတွေ ကိုထိထိရောက်ရောက်နှိမ်နှင်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လက်တွေကနေတဆင့် လူနာတွေဆီကို ရောဂါပိုးကူးစက်တာမျိုးမဖြစ်အောင် လက်သန့်ဆေးရည်အသုံးပြုပေးသင့်ပါတယ်။ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)  ကအကြံပြုထားပါတယ်။
လက်သန့်ဆေးရည်ကို နည်းစနစ်မှန်မှန်ဘယ်လိုအသုံးပြုမလဲ

လက်သန့်ဆေးရည်ကို ထိထိရောက်ရောက်အသုံးပြုချင်တယ်ဆိုရင်တော့ လက်သန့်ဆေးရည်မသုံးခင်မှာ လက်မှာ ကြီးကြီမားမား ညစ်ပတ်ပေရေနေတာမျိုးတွေမရှိအောင် အရင်လုပ်ရပါမယ်။ ထို့နောက် လက်ထဲကို လက်သန့်ဆေးရည်ထည့်ပြီး စက္ကန့် ၂၀ ကနေ ၃၀ အထိကြာအောင် လက်ချောင်းတွေ၊ လက်သည်းတွေနဲ့ လက်ဝတ်ရတနာတွေအောက်ဘက်ကိုပါသေချာရောက်အောင်ပွတ်တိုက်ပေးပါ။ လက်ကောက်ဝတ်နဲ့ လက်ဖမိုးတွေပေါ်ကိုပါပွတ်ပေးပါ။ လက်ကိုခြောက်အောင်ထားလိုက်ပါ။ လက်ကသန့်ရှင်းသွားတာကိုတွေ့ရမှာပါ။

လက်သန့်ဆေးသုံးပြီးတဲ့အခါ လက်ကိုရေနဲ့ဆေးတာမျိုး၊ တဘက်နဲ့သုတ်ပစ်တာမျိုးမလုပ်ပါနဲ့။ လက်သန့်ဆေးရဲ့ အာနိသင်မထိရောက်တာမျိုးဖြစ်သွားနိုင်ပါတယ်။
လက်သန့်ဆေးကြောင့် ဘာတွေထိခိုက်နိုင်သလဲ
ကလေးရဲ့ ကိုယ်ခံအားကို ကျဆင်းစေနိုင်ခြင်း

လက်သန့်ဆေးအသုံးပြုတာက  ကလေးငယ်တွေရဲ့ကိုယ်ခံအားစနစ်အပေါ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်ဆိုတာကို Northwestern Research Center ကလုပ်ဆောင်ပြီး Science Daily မှာဖောြ်ပခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ပါရှိပါတယ်။ လက်သန့်ဆေးကို အမြဲလိုလိုထိတွေ့မှုက ကလေးငယ်တွေကို နာမကျန်းဖြစ်စေသလို ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါမျိုးတွေခံစားရစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ပါတယ်။ အရမ်းကို သန့်ရှင်းလွန်းနေတဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေကို ကိုယ်ခံအားကျဆင်းစေတာမျိုးဖြစ်စေနိုင်ပြီး အသက်အရွယ်ကြီးလာတဲ့ချိန်အထိ ပတ်ဝန်းကျင်ကရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းနည်းပါးပြီး ကိုယ်ခံအားနည်းတာ၊  ဓာတ်မတည့်မှုတွေကို တုံ့ပြန်မှုပြင်းထန်တာမျိုးတွေကို ခံစားရတာမျိုးဖြစ်စေနိုင်ပါတယ်။
လက်သန့်ဆေးရည်မှာပါတဲ့ Triclosan ကကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးအချို့မှာ အယ်လ်ကိုဟောအစား triclosan  ကို အသုံးပြုကြပါတယ်။ triclosan က ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အာနိသင်နဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ triclosan ကိုဆပ်ပြာတွေနဲ့ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ဒီ triclosan ကပိုးမွှားတွေကို သေစေနိုင်တယ်ဆိုပေမယ့် အမြဲတစေ ထိတွေ့တဲ့အခါ ဘက်တီးရီးယာတွေက ပဋိဇီဝဆေးတွေကို ယဉ်ပါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်။ triclosan ကိုအရေပြားကအလါယ်တကူစုပ်ယူပြီး သွေးကြောတွေထဲကိုရောက်ရှိသွားတဲ့အခါ ကင်ဆာ၊ ဓာတ်မတည့်တာတွေဖြစ်တာ (allergies)၊ ဟော်မုန်းနဲ့အရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ကြွက်သားတွေအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျိုးမအောင်တာမျိုးလည်းဖြစ်ပေါ်စေနိုင်ပါတယ်။
အဏုဇီဝပိုးတွေအပေါ်ထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးတွေမှာ Benzalkonium Chloride ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်လေ့ရှိပါတယ်။ အဆိုပါ ဒြပ်ပေါင်းရဲ့ အဓိကတာဝန်က ဘက်တီးရီယားတွေကို သုတ်သင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဒြပ်ပေါင်းက ဆဲလ်တွေအတွက် မကောင်းသလို အကျိုးပြု အဏုဇီဝပိုးမွှားတွေအတွက်လည်းမကောင်းပါဘူး။ အဆိုပါ ဒြပ်ပေါင်းက အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ဓာတ်မတည့်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဒြပ်ပေါင်းက ငါးတွေနဲ့ငှက်တွေကို အဆိပ်ဖြစ်စေပါတယ်။
လက်သန့်ဆေးရဲ့ချိုတဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်

လက်သန့်ဆေးရည်တွေမှာ ပါတဲ့အနံ့က နှစ်သက်စရာကောင်းတာက phthalates လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ထိုဒြပ်ပေါင်းတွက အစားအသောက်တွေမှာ အလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပါတယ်။ ဒါကြောင့် အစားအသောက်တွေမစားခင်မှာ လက်ကိုဆပ်ပြာနဲ့မဆေးဘဲ လက်သန့်ဆေးရည်နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ phthalates နဲ့အလွန်အကျွံထိတွေ့မှုက အမျိုးသမီးတွေမှာ မေါးလာတဲ့ကလေးငယ်တွေမှာစအိုပေါက်အနေအထားပုံမှန်မဟုတ်တာမျိုးတွေ့ရှိခဲ့ရသလို အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။
လက်က လုံးဝသန့်စင်သွားတာမဟုတ်ပါဘူး

လက်သန့်ဆေးအသုံးပြုပြီးတဲ့အခါ လက်ကသန့်သွားပြီလို့ခံစားရပေမယ့် အညစ်အကြေးတွေအားလုံးသန့်စင်သွားတာမဟုတ်ပါဘူး။ သကြားနဲ့အဆီတွေကြောင့်လက်မှာ ညစ်ပေမှုတွေက ဆပ်ပြာသုံးပြီးသန့်ရှင်းရေးမလုပ်ရင် မသန့်ရှင်းပါဘူး။ ထောပတ်အများကြီးပါဝင်တဲ့ ပြောင်းဖူးပေါက်ပေါက်လိုမျိုး အစာတွေစားပြီးတဲ့အခါမျိုးမှာ လက်သန့်ဆေးနဲ့သန့်စင်တာက လုံလောက်တဲ့သန့်စင်မှုကိုမပေးနိုင်ပါဘူး။
အရေပြားကိုပျက်စီးစေနိုင်ခြင်း

လက်သန့်ဆေးရည်တွေမှာ အစိုဓာတ်ထိန်းပေးတဲ့အာနိသင်ပါတယ်လို့ဆိုပေမယ့် မကြာခဏနဲ့အလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။လက်သန့်ဆေးကို အလါန်အကျွံအသုံးပြုတာက အရေပြားခြောက်သွေ့ကြမ်းတမ်းမှုကိုဖြစ် ပေါ်စေနိုင်ပါတယ်။
UV Sensitivity ဖြစ်နိုင်ခြေကိုတိုးစေခြင်း

ပိုးမွှားတွေကို သေစေနိုင်တဲ့ လက်သန့်ဆေးရည်က အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မခံနိုင်ခြင်း (UV Sensitivity) ဖြစ်နိုင်ခြေကို တိုးစေပြီး  နေလောင်မှုကိုဖြစ်စေပါတယ်။ လက်သန့်ဆေးအသုံးပြုထားစဉ်အတွင်း သဘာဝနေရောင်ခံတာနဲ့နေရောင်ခံစက်က ထွက်တဲ့ အပူချိန်တွေကို ခံတာမျိုးမလုပ်ပါနဲ့။
ဟော်မုန်းဓာတ်ပြုခြင်း

ပိုးမွှားတွေကိုသေစေနိုင်တဲ့ လက်သန့်ဆေးက သိုင်းရွိုက်ဟော်မုန်းတွေနဲ့ အက်စထရိုဂျင်ပမာဏတွေအပေါ်မှာ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ လက်သန့်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ triclosan ကကျန်းမာရေးအတွက် ဘေးကင်းရဲ့လားဆိုတာကို စိုးရိမ်မှုတွေရှိနေဆဲပါ။

ဆောင်ရန် ရှောင်ရန်နဲ့သတိပြုစရာအချက်တွေကိုသိရှိပြီး ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် လက်သန့်ဆေးရည်တွေကို ထိထိရောက်အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ပါစေကြောင်း

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top