ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 အေမရိကန္ႏုိင္ငံ၊ နယူးေယာက္ၿမိဳ႕တြင္ လမ္းသြားလမ္းလာမ်ားကို ကားျဖင့္ ဝင္တုိက္ခဲ့သည့္ အမ်ိဳးသားအား အၾကမ္းဖက္မႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရသည္။

ဥဇဘက္ကစၥတန္မွ ေ႐ႊ႕ေျပာင္းအေျခခ်လာသူ တစ္ဦးျဖစ္သည့္ အသက္ ၂၉ ႏွစ္အရြယ္ ေဆဖူလို ဆိုင္ေပါ့ဗ္သည္ ေအာက္တိုဘာ ၃၁ ရက္က မက္ဟမ္တန္ ရပ္ကြက္ရွိ စက္ဘီးစီးရာ လမ္းက်ဉ္းေလးေပၚ၌ ျဖတ္သြားျဖတ္လာ လမ္းေလွ်ာက္ေနသူမ်ားႏွင့္ စက္ဘီးစီးလာသူမ်ားကို ပစ္ကပ္ ထရပ္ကား တစ္စီးျဖင့္ ရည္ရြယ္ခ်က္ရွိရွိ ဝင္တိုက္ခဲ့ရာ လူ ၈ ဦး ေသဆံုးခဲ့သည္။

ဆိုင္ေပါ့ဗ္ကို ရဲမ်ားက ပစ္ခတ္ခဲ့ၿပီး ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးရမိခဲ့သည္။ ၎ကို ေဆး႐ံုတြင္ ကုသမႈမ်ား ခံယူေစၿပီးေနာက္ ႏိုဝင္ဘာ ၁ ရက္တြင္ နယူးေယာက္ တရား႐ံုး၌ စြဲခ်က္တင္ခဲ့ျခင္း ျဖစ္သည္။

အစိုးရ ေ႐ွ႕ေနမ်ားက ဆိုင္ေပါ့ဗ္သည္ ဒဏ္ရာရထားေသာ္လည္း ေကာင္းစြာ စကားေျပာႏုိင္ေၾကာင္း ဆိုသည္။ ၎၏ လက္ခ်က္ေၾကာင့္ လူ ၆ ဦး ပြဲခ်င္းၿပီး ေသဆံုးၿပီး ၂ ဦးမွာ ေဆး႐ံုအေရာက္တြင္ ကြယ္လြန္ခဲ့သည္။ ဒဏ္ရာရသူ ၁၂ ဦးအနက္ ၉ ဦးမွာ ေဆး႐ံုတြင္ ဆက္လက္ကုသမႈ ခံယူေနရဆဲ ျဖစ္သည္။

ကနဦး စစ္ေဆးမႈမ်ား၌ ဆိုင္ေပါ့ဗ္က ၎သည္ အဆုိပါ တိုက္ခုိက္မႈအတြက္ ႏွစ္လမွ် ႀကိဳတင္ အခ်ိန္ယူ ျပင္ဆင္ခဲ့ေၾကာင္း ဝန္ခံထားသည္။ ထုိ႔အျပင္ ေဟာ္လိုဝင္း ကာလကို ရည္ရြယ္ခ်က္ရွိရွိ ေရြးခ်ယ္ခဲ့ၿပီး ထိုအခ်ိန္တြင္ မက္ဟမ္တန္ လမ္းမ်ားေပၚ၌ လူအမ်ား ျပည့္ႏွက္ေန၍ဟုလည္း ဆိုင္ေပါ့ဗ္က ဆိုသည္။

ဆိုင္ေပါ့ဗ္၏ ဖုန္းထဲတြင္ အုိင္အက္စ္ စစ္ေသြးႂကြ အဖြဲ႕၏ ရက္စက္ၾကမ္းၾကဳတ္ေသာ ဝါဒျဖန္႔ ဓာတ္ပံုႏွင့္ ဗီဒီယို ၉၀ ခန္႔ကိုလည္း ရွာေတြ႕ခဲ့သည္။ ၎ကိုယ္တိုင္ကလည္း အိုင္အက္စ္၏ အၾကမ္းဖက္ ဝါဒမ်ားကို ေလးစား ႏွစ္သက္ေၾကာင္း ထြက္ဆိုခဲ့သည္။

လတ္တေလာတြင္ ရဲတပ္ဖြဲ႕သည္ အျခားေသာ ဥဇဘက္ကစၥတန္ ႏုိင္ငံသား တစ္ဦးကိုလည္း စံုစမ္းေမးျမန္းမႈမ်ား ျပဳလုပ္ရန္ ရွာေဖြေနသည္။ အသက္ ၃၂ ႏွစ္အရြယ္ မာခမ္မက္ဒ္ဇိုအာ ကာဒီေရာ့ဗ္သည္ အခင္းျဖစ္ခ်ိန္၌ ထိုေနရာတြင္ ရွိေနခဲ့ေၾကာင္း ယံုၾကည္ရၿပီး ၎ႏွင့္ ပတ္သက္၍ ကူညီ သတင္းေပးၾကပါရန္ နယူးေယာက္ ရဲတပ္ဖြဲ႕က တိုက္တြန္းထားသည္။

ဆိုင္ေပါ့ဗ္သည္ ၂၀၁၀ ျပည့္ႏွစ္က ဥဇဘက္ကစၥတန္မွ အေမရိကန္သို႔ ေ႐ႊ႕ေျပာင္းလာၿပီး တရားဝင္ ေနထုိင္ခြင့္ ရထားသည္။ ၎သည္ ဖေလာ္ရီဒါႏွင့္ နယူးဂ်ာစီတို႔တြင္လည္း ေနထိုင္ခဲ့ဖူးၿပီး Uber အငွားယာဉ္ ဝန္ေဆာင္မႈ ကုမၸဏီက ဆိုင္ေပါ့ဗ္သည္ ၎တုိ႔ထံတြင္ အလုပ္လုပ္ဖူးေၾကာင္း အတည္ျပဳခဲ့သည္။

ဥဇဘက္ကစၥတန္ သမၼတ ရွက္ဗ္ကက္ မာဇိုင္ယိုယက္ဗ္က ယခုတိုက္ခုိက္မႈႏွင့္ ဆက္စပ္သည့္ စံုစမ္းမႈမ်ားအတြက္ ကူညီရန္ အရင္းအျမစ္အားလံုး ပံ့ပိုးေပးသြားမည္ဟု အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ထံ ဆက္သြယ္ ကတိျပဳထားေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လမ်းသွားလမ်းလာများကို ကားဖြင့် ဝင်တိုက်ခဲ့သည့် အမျိုးသားအား အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ဥဇဘက်ကစ္စတန်မှ ရွှေ့ပြောင်းအခြေချလာသူ တစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ဆေဖူလို ဆိုင်ပေါ့ဗ်သည် အောက်တိုဘာ ၃၁ ရက်က မက်ဟမ်တန် ရပ်ကွက်ရှိ စက်ဘီးစီးရာ လမ်းကျဉ်းလေးပေါ်၌ ဖြတ်သွားဖြတ်လာ လမ်းလျှောက်နေသူများနှင့် စက်ဘီးစီးလာသူများကို ပစ်ကပ် ထရပ်ကား တစ်စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့သည်။

ဆိုင်ပေါ့ဗ်ကို ရဲများက ပစ်ခတ်ခဲ့ပြီး ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည်။ ၎င်းကို ဆေးရုံတွင် ကုသမှုများ ခံယူစေပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် နယူးယောက် တရားရုံး၌ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ ရှေ့နေများက ဆိုင်ပေါ့ဗ်သည် ဒဏ်ရာရထားသော်လည်း ကောင်းစွာ စကားပြောနိုင်ကြောင်း ဆိုသည်။ ၎င်း၏ လက်ချက်ကြောင့် လူ ၆ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးမှာ ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့သည်။ ဒဏ်ရာရသူ ၁၂ ဦးအနက် ၉ ဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်။

ကနဦး စစ်ဆေးမှုများ၌ ဆိုင်ပေါ့ဗ်က ၎င်းသည် အဆိုပါ တိုက်ခိုက်မှုအတွက် နှစ်လမျှ ကြိုတင် အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း ဝန်ခံထားသည်။ ထို့အပြင် ဟော်လိုဝင်း ကာလကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ပြီး ထိုအချိန်တွင် မက်ဟမ်တန် လမ်းများပေါ်၌ လူအများ ပြည့်နှက်နေ၍ဟုလည်း ဆိုင်ပေါ့ဗ်က ဆိုသည်။

ဆိုင်ပေါ့ဗ်၏ ဖုန်းထဲတွင် အိုင်အက်စ် စစ်သွေးကြွ အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော ဝါဒဖြန့် ဓာတ်ပုံနှင့် ဗီဒီယို ၉၀ ခန့်ကိုလည်း ရှာတွေ့ခဲ့သည်။ ၎င်းကိုယ်တိုင်ကလည်း အိုင်အက်စ်၏ အကြမ်းဖက် ဝါဒများကို လေးစား နှစ်သက်ကြောင်း ထွက်ဆိုခဲ့သည်။

လတ်တလောတွင် ရဲတပ်ဖွဲ့သည် အခြားသော ဥဇဘက်ကစ္စတန် နိုင်ငံသား တစ်ဦးကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ရှာဖွေနေသည်။ အသက် ၃၂ နှစ်အရွယ် မာခမ်မက်ဒ်ဇိုအာ ကာဒီရော့ဗ်သည် အခင်းဖြစ်ချိန်၌ ထိုနေရာတွင် ရှိနေခဲ့ကြောင်း ယုံကြည်ရပြီး ၎င်းနှင့် ပတ်သက်၍ ကူညီ သတင်းပေးကြပါရန် နယူးယောက် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ဆိုင်ပေါ့ဗ်သည် ၂၀၁၀ ပြည့်နှစ်က ဥဇဘက်ကစ္စတန်မှ အမေရိကန်သို့ ရွှေ့ပြောင်းလာပြီး တရားဝင် နေထိုင်ခွင့် ရထားသည်။ ၎င်းသည် ဖလော်ရီဒါနှင့် နယူးဂျာစီတို့တွင်လည်း နေထိုင်ခဲ့ဖူးပြီး Uber အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီက ဆိုင်ပေါ့ဗ်သည် ၎င်းတို့ထံတွင် အလုပ်လုပ်ဖူးကြောင်း အတည်ပြုခဲ့သည်။

ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကက် မာဇိုင်ယိုယက်ဗ်က ယခုတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် စုံစမ်းမှုများအတွက် ကူညီရန် အရင်းအမြစ်အားလုံး ပံ့ပိုးပေးသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ထံ ဆက်သွယ် ကတိပြုထားကြောင်းလည်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top