Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တနဂၤေႏြေန႔က ကြန္ဂိုမွာ ရထား တစ္စီး တိမ္းေမွာက္လို႔ အနည္းဆံုး ၃၄ ဦးေသဆံုးျပီး ၂၆ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ ႏိုင္ငံအေရွ႕ေတာင္ပိုင္း လူအာလာဘာျပည္နယ္မွာ ျဖစ္ခဲ့တဲ့ သည္မေတာ္တဆမႈဟာ ေသဆံုးဒဏ္ရာရသူေတြ ထပ္တိုးလာဖြယ္ရွိတယ္လို႔လည္း ဆိုပါတယ္။ တခ်ိဳ႕ရထားတြဲေတြ မီးေလာင္ခဲ့ျပီး တခ်ိဳ႕တြဲေတြက ေလာင္စာဆီ သယ္ေဆာင္လာတယ္လို႔ လူအာလာဘာအုပ္ခ်ဳပ္ေရးမွဴး ရစ္ခတ္မူယက္မန္ဂက္ဇ္က ေျပာပါတယ္။ ဒဏ္ရာရသူ ေတြကို တိမ္းေမွာက္ရာနဲ႔ ကီလိုမီတာ ၃၀ ခန္႔အကြာရွိ လူဘူဒီ ေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

ကြန္ဂိုအမ်ိဳးသားမီးရထားကုမၸဏီပိုင္ ရထားဟာ ခရီးသည္ေတြတင္ေဆာင္လာျပီး လူဘြန္ဘာရွိကေန လူယန္နာ အထိ ကုန္ေတြလည္း သယ္ေဆာင္လာတယ္လို႔ ေရဒီယို အိုကာပီက ေဖာ္ျပပါတယ္။ ရထားတြဲ ၁၃ ခုအနက္ ၁၁ ခု မီးေလာင္ခဲ့ပါတယ္။ မေတာ္တဆျဖစ္ရတဲ့အေၾကာင္းရင္းကို မသိရေသးပါဘူး။ ေဒသခံအရာရွိေတြနဲ႔ ရထားအာဏာပိုင္ေတြ အခင္းျဖစ္ရာဆီ သြားေရာက္ေနၾကပါတယ္။

လူဘူဒီရဲ႕ ေဆးရံုအုပ္ က ဒဏ္ရာရ လူ ၃၀ ခန္႔ကို ေဆးရံုကိုပို႔ေဆာင္ႏိုင္ခဲ့ျပီး က်န္တဲ့သူေတြက အခင္းျဖစ္ရာေနရာမွာပဲ ရွိေနေသးျပီး လူနာ လာသယ္တာကို ေစာင့္ေနရတယ္လို႔ ေရဒီယို အိုကာပီက ဆုိပါတယ္။ ေဆးရံုအုပ္အဆိုအရ ဒဏ္ရာရသူတခ်ိဳ႕ ေျခလက္ေတြက်ိဳးကုန္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
တနင်္ဂနွေနေ့က ကွန်ဂိုမှာ ရထား တစ်စီး တိမ်းမှောက်လို့ အနည်းဆုံး ၃၄ ဦးသေဆုံးပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း လူအာလာဘာပြည်နယ်မှာ ဖြစ်ခဲ့တဲ့ သည်မတော်တဆမှုဟာ သေဆုံးဒဏ်ရာရသူတွေ ထပ်တိုးလာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ တချို့ရထားတွဲတွေ မီးလောင်ခဲ့ပြီး တချို့တွဲတွေက လောင်စာဆီ သယ်ဆောင်လာတယ်လို့ လူအာလာဘာအုပ်ချုပ်ရေးမှူး ရစ်ခတ်မူယက်မန်ဂက်ဇ်က ပြောပါတယ်။ ဒဏ်ရာရသူ တွေကို တိမ်းမှောက်ရာနဲ့ ကီလိုမီတာ ၃၀ ခန့်အကွာရှိ လူဘူဒီ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကွန်ဂိုအမျိုးသားမီးရထားကုမ္ပဏီပိုင် ရထားဟာ ခရီးသည်တွေတင်ဆောင်လာပြီး လူဘွန်ဘာရှိကနေ လူယန်နာ အထိ ကုန်တွေလည်း သယ်ဆောင်လာတယ်လို့ ရေဒီယို အိုကာပီက ဖော်ပြပါတယ်။ ရထားတွဲ ၁၃ ခုအနက် ၁၁ ခု မီးလောင်ခဲ့ပါတယ်။ မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဒေသခံအရာရှိတွေနဲ့ ရထားအာဏာပိုင်တွေ အခင်းဖြစ်ရာဆီ သွားရောက်နေကြပါတယ်။

လူဘူဒီရဲ့ ဆေးရုံအုပ် က ဒဏ်ရာရ လူ ၃၀ ခန့်ကို ဆေးရုံကိုပို့ဆောင်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေက အခင်းဖြစ်ရာနေရာမှာပဲ ရှိနေသေးပြီး လူနာ လာသယ်တာကို စောင့်နေရတယ်လို့ ရေဒီယို အိုကာပီက ဆိုပါတယ်။ ဆေးရုံအုပ်အဆိုအရ ဒဏ်ရာရသူတချို့ ခြေလက်တွေကျိုးကုန်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top