ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

၂၀၁၂ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔ မနက္ ၈ နာရီပတ္ဝန္းက်င္မွာ အာနန္ ဘိုရာ (Anand Bora) ဆီကို က်ားသစ္တစ္ေကာင္ေရတြင္းထဲ ျပဳတ္က်ေနေၾကာင္း အေၾကာင္းၾကားတဲ့ ဖုန္းေကာတစ္ေကာ ဝင္လာပါတယ္။

က်ားသစ္ ျပဳတ္က်ေနတဲ့ ေရတြင္းကေတာ့ အိႏၵိယ ႏိုင္ငံအေနာက္ပိုင္း မဟာရရွတရ ျပည္နယ္ (Maharashtra) မွာ ရွိတယ္လို႔ ဖုန္းဆက္သူက ဆိုပါတယ္။

ဘိုရာ ဟာ ေက်ာင္းဆရာတစ္ေယာက္ျဖစ္တဲ့အျပင္ ဝါသနာအရ ေတာ႐ိုင္းတိရစာၦန္ေတြအေၾကာင္းမွတ္တမ္းတင္႐ိုက္ကူးတဲ့ ဓာတ္ပုံဆရာတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ သစ္ေတာဝန္ထမ္းေတြ ေတာ႐ိုင္းတိရစာၦန္ေတြကို ကယ္ဆယ္ေပးတဲ့အခ်ိန္ေတြမွာ မွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ကူးေလ့ရွိသူတစ္ေယာက္ပါ။

ဒါနဲ႔ပဲ ဘိုရာဟာ က်ားသစ္ ျပဳတ္က်ေနတဲ့ ေရတြင္းရွိရာ ဘူဘာလီ (Bubali)ဆိုတဲ့ ႐ြာေလးဆီကို အေျပးသြားၿပီး ေရတြင္းထဲက က်ားေသ့ကို ၃ နာရီခြဲၾကာ ကယ္ဆယ္ခဲ့ရတဲ့ လုပ္ငန္းကို မွတ္တမ္းတင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာ သူ႔ရဲ႕ ဝါသနာက အက်ိဳးေပးလာခဲ့ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ဘိုရာ ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံေတြထဲက က်ားသစ္ဟာ သူကို ကယ္ဆယ္ေပးေနတဲ့ သူေတြကို ေမာ့ၾကည့္ေနတဲ့ ဓာတ္ပုံဟာ ထင္ရွားတဲ့ ေတာ႐ိုင္းတိရစာၦန္ဓာတ္ပုံပညာဆုကို ၿပီးခဲ့တဲ့ အပတ္က အိႏၵိယ ႏိုင္ငံမွာ ဆုရသြားခဲ့လို႔ပါပဲ။

အခုလိုဒီဓာတ္ပုံ ဆုရသြားတာေၾကာင့္ ဓာတ္ပုံေနာက္ကြယ္က အေၾကာင္းရင္းကို လူအမ်ား စတင္စဥ္းစားလာၾကပါေတာ့တယ္။ အဲ့ဒီအေၾကာင္းရင္းကေတာ့ အိႏၵိယႏိုင္ငံမွာ ခဏခဏေတြ႕ေနရတဲ့ လူသားနဲ႔ တိရစာၦန္ေတြၾကား ပဋိပကၡကို ေထာက္ျပေနတာပါပဲ။

ဓာတ္ပုံ႐ိုက္ကူးတဲ့အခ်ိန္တုန္းက သစ္ေတာေရးရာဝန္ထမ္းေတြေရာက္လာတဲ့အခါ က်ားသစ္ဟာ ေရမနစ္သြားေအာင္ၿပီးခဲ့တဲ့ ၂၅ နာရီလုံးလုံး ေရကူးေနခဲ့တယ္လို႔ ႐ြာသားေတြက ဆိုပါတယ္။ သစ္ေတာဝန္ထမ္းေတြ ေရာက္မလာခင္တုန္းကေတာ့ မိုး႐ြာေနၿပီး ႐ြာသားေတြကေတာ့ သူ႔နည္းသူ႔ဟန္နဲ႔ေရတြင္း မ်က္ႏွာျပင္ လယ္ဗယ္တက္လာမယ္ဆိုရင္ က်ားသစ္ ကုန္းေပၚ တက္လာႏိုင္မယ္ထင္ၿပီး ေရေတြကို လမ္းေၾကာင္းေျပာင္းေပးခဲ့ၾကပါတယ္။

ဒါေပမဲ့ သစ္ေတာဝန္ထမ္းေတြေရာက္လာတဲ့အခါ က်ားသစ္ေရမကူးႏိုင္ေလာက္ေအာင္ ေမာပန္းေနတာကို ေတြ႕ခဲ့တဲ့အတြက္ အႀကီးတန္း သစ္ေတာဝန္ထမ္းျဖစ္သူ ဆူရက္ ဝမ္ဒက္ကာ (Suresh Wadekar) က က်ားေသ့ကို ဆယ္ယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲ့ဒါနဲ႔ ဆူရက္ဟာ ႐ြာသားေတြရဲ႕ အကူအညီနဲ႔ သစ္သားေဖာင္တစ္ခုကိုလုပ္ခဲ့ၿပီး ႀကိဳးနဲ႔သိုင္းကာ ေရတြင္းထဲကို ခ်ေပးခဲ့ပါတယ္။ က်ားသစ္ကလည္း သစ္သားေဖာင္ကိုေတြ႕တာနဲ႔ ေဖာင္ေပၚ ခ်က္ျခင္းခုန္တက္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ေဖာင္ကို ေရတြင္းေပၚ ဆြဲတင္ေနတုန္း က်ားသစ္က ေရတြင္းေပၚကသူ႔ကိုကယ္ေနတဲ့ လူအုပ္ႀကီးကို တစ္ခ်က္လွမ္းၾကည့္လိုက္ပါတယ္။ သစ္သားေဖာင္ေရတြင္းႏႈတ္ခမ္းနဲ႔ ေရာက္တာနဲ႔ က်ားသစ္က ေတာထဲ ေျပးဝင္သြားပါေတာ့တယ္။ အဲ့ဒါက စကၠန႔္ပိုင္းေလးေလာက္ပဲ ၾကာတာပါ။ ”လို႔ ဘိုရာက ေျပာပါတယ္။

ဘိုရာဟာ ေတာ႐ိုင္း တိရစာၦန္ကယ္ဆယ္ေရးလုပ္ငန္းေပါင္း ၁၀၀ေက်ာ္ေလာက္ကို ဓာတ္ပုံ႐ိုက္ကူးခဲ့သူျဖစ္ၿပီး ေခြးအေတြ၊ ေျမေခြးေတြနဲ႔ က်ားသစ္တို႔ဟာ ႀကံခင္းေတြထဲကို ေရာက္လာေလ့ရွိၿပီး ေရတြင္းေတြထဲကို ရံဖန္ရံခါ ျပဳတ္က်ေလ့ရွိတယ္ လို႔ဆိုပါတယ္။

ဒါေပမဲ့ အိႏၵိယ ႏိုင္ငံမွာ က်ားသစ္နဲ႔ လူအုပ္ေတြ႕တိုင္းအခုလို ေအးေအးခ်မ္းခ်မ္းၿပီးဆုံးသြားတာမ်ိဳးမဟုတ္ဘဲ ၂၀၁၆ ႏိုဝင္လာလ ေလာက္တုန္းကလည္း မိန္းကေလးတစ္ေယာက္ကို ကိုက္သတ္ခဲ့တဲ့အတြက္ ေသြးဆာေနတဲ့လူအုပ္တစ္အုပ္က က်ားသစ္ကို သတ္ျဖတ္ခဲ့ၾကပါတယ္။ ဒီ ၂၀၁၇ ထဲမွာပဲ အိႏၵိယ ႏိုင္ငံက ဘန္ဂလို ၿမိဳကေလးမွာ က်ားသစ္တစ္ေကာင္ဟာ လူ ၆ ေယာက္ကို ဒဏ္ရာရေအာင္တိုက္ခိုက္ခဲ့ၿပီး ေနာက္ပိုင္းမွာ သစ္ေတာ ဝန္ထမ္းမ်ားက ေမ့ေဆးနဲ႔ ဖမ္းဆီးကာ ေတာထဲကို လႊတ္ေပးခဲ့ရပါတယ္။ ဒါ့အျပင္ မဟာရရွတရ ျပည္နယ္ (Maharashtra) နာရွစ္ (Nashik) ၿမိဳ႕ေလးမွာပဲ က်ားသစ္ေတြဟာ ကေလးႏွစ္ေယာက္ကို သတ္ျဖတ္ခဲ့ၿပီး က်ားသစ္ကိုေတာ့ ဖမ္းမိခဲ့ျခင္းမရွိပါဘူး။

အခုလို က်ားသစ္ေတြ လူေနထိုင္ရာေနရာေတြထဲ ေရာက္လာတဲ့ ျဖစ္စဥ္ေတြေၾကာင့္ အိႏၵိယ ႏိုင္ငံအေနနဲ႔ သတိထားဖို႔ လိုအပ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ားသစ္ေတြကို လူေတြကို အမဲမလိုက္ၾကပါဘူး။ လူသားနဲ႔ တိရစာၦန္ေတြၾကား ပဋိပကၡဟာ အိႏၵိယႏိုင္ငံမွာ မ်ားျပားေနၿပီး တိရစာၦန္ေတြရဲ႕ ေနထိုင္ရာသစ္ေတာ ဧရိယာေတြ က်ဥ္းေျမာင္းလာတဲ့အတြက္ ဆင္ေတြ၊ က်ားေတြနဲ႔ က်ားသစ္ေတြဟာ လူေနထိုင္ရာ ေနရာေတြထဲ ေရာက္လာၾကေလ့ရွိၿပီး လူသားေတြနဲ႔ ထိပ္တိုက္ေတြ႕ေလ့ရွိၾကပါတယ္။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရး အဖြဲ႕အစည္းေတြကေတာ့ ဒီလို ထိပ္တိုက္ရင္ဆိုင္မႈေတြဟာ ေရွ႕ေလွ်ာက္ပိုမ်ားလာဖို႔ပဲရွိတယ္ လို႔ သတိေပးထားၾကပါတယ္။

က်ားသစ္ေတြဟာ အိႏၵိယႏိုင္ငံမွာ ကာကြယ္ထားတဲ့ မ်ိဳးစိတ္ ျဖစ္ၿပီး က်ားသစ္ရဲ႕ အစိတ္အပိုင္းေတြေရာင္းခ်ျခင္းကို ဥပေဒအရ တားျမစ္ထားပါတယ္။ အိႏၵိယ ႏိုင္ငံမွာ ေၾကာင္ႀကီးမ်ိဳးႏြယ္ျဖစ္တဲ့ က်ားသစ္အေကာင္ေရနဲ႔ ပတ္သတ္ၿပီး တိက်တဲ့ ထုတ္ျပန္ခ်က္မရွိေသးဘဲ လတ္တေလာ ေလ့လာခ်က္တစ္ခုကေတာ့ အိႏၵိယႏိုင္ငံမွာ က်ားသစ္ေကာင္ေရ ၁၂၀၀၀ ကေန ၁၄၀၀၀ ၾကားရွိတယ္ လို႔ခန႔္မွန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၈ နာရီပတ်ဝန်းကျင်မှာ အာနန် ဘိုရာ (Anand Bora) ဆီကို ကျားသစ်တစ်ကောင်ရေတွင်းထဲ ပြုတ်ကျနေကြောင်း အကြောင်းကြားတဲ့ ဖုန်းကောတစ်ကော ဝင်လာပါတယ်။

ကျားသစ် ပြုတ်ကျနေတဲ့ ရေတွင်းကတော့ အိန္ဒိယ နိုင်ငံအနောက်ပိုင်း မဟာရရှတရ ပြည်နယ် (Maharashtra) မှာ ရှိတယ်လို့ ဖုန်းဆက်သူက ဆိုပါတယ်။

ဘိုရာ ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့အပြင် ဝါသနာအရ တောရိုင်းတိရစ္ဆာန်တွေအကြောင်းမှတ်တမ်းတင်ရိုက်ကူးတဲ့ ဓာတ်ပုံဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သစ်တောဝန်ထမ်းတွေ တောရိုင်းတိရစ္ဆာန်တွေကို ကယ်ဆယ်ပေးတဲ့အချိန်တွေမှာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးလေ့ရှိသူတစ်ယောက်ပါ။

ဒါနဲ့ပဲ ဘိုရာဟာ ကျားသစ် ပြုတ်ကျနေတဲ့ ရေတွင်းရှိရာ ဘူဘာလီ (Bubali)ဆိုတဲ့ ရွာလေးဆီကို အပြေးသွားပြီး ရေတွင်းထဲက ကျားသေ့ကို ၃ နာရီခွဲကြာ ကယ်ဆယ်ခဲ့ရတဲ့ လုပ်ငန်းကို မှတ်တမ်းတင်ခဲ့ပါတယ်။

နောက်ဆုံးမှာ သူ့ရဲ့ ဝါသနာက အကျိုးပေးလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဘိုရာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲက ကျားသစ်ဟာ သူကို ကယ်ဆယ်ပေးနေတဲ့ သူတွေကို မော့ကြည့်နေတဲ့ ဓာတ်ပုံဟာ ထင်ရှားတဲ့ တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပညာဆုကို ပြီးခဲ့တဲ့ အပတ်က အိန္ဒိယ နိုင်ငံမှာ ဆုရသွားခဲ့လို့ပါပဲ။

အခုလိုဒီဓာတ်ပုံ ဆုရသွားတာကြောင့် ဓာတ်ပုံနောက်ကွယ်က အကြောင်းရင်းကို လူအများ စတင်စဉ်းစားလာကြပါတော့တယ်။ အဲ့ဒီအကြောင်းရင်းကတော့ အိန္ဒိယနိုင်ငံမှာ ခဏခဏတွေ့နေရတဲ့ လူသားနဲ့ တိရစ္ဆာန်တွေကြား ပဋိပက္ခကို ထောက်ပြနေတာပါပဲ။

ဓာတ်ပုံရိုက်ကူးတဲ့အချိန်တုန်းက သစ်တောရေးရာဝန်ထမ်းတွေရောက်လာတဲ့အခါ ကျားသစ်ဟာ ရေမနစ်သွားအောင်ပြီးခဲ့တဲ့ ၂၅ နာရီလုံးလုံး ရေကူးနေခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။ သစ်တောဝန်ထမ်းတွေ ရောက်မလာခင်တုန်းကတော့ မိုးရွာနေပြီး ရွာသားတွေကတော့ သူ့နည်းသူ့ဟန်နဲ့ရေတွင်း မျက်နှာပြင် လယ်ဗယ်တက်လာမယ်ဆိုရင် ကျားသစ် ကုန်းပေါ် တက်လာနိုင်မယ်ထင်ပြီး ရေတွေကို လမ်းကြောင်းပြောင်းပေးခဲ့ကြပါတယ်။

ဒါပေမဲ့ သစ်တောဝန်ထမ်းတွေရောက်လာတဲ့အခါ ကျားသစ်ရေမကူးနိုင်လောက်အောင် မောပန်းနေတာကို တွေ့ခဲ့တဲ့အတွက် အကြီးတန်း သစ်တောဝန်ထမ်းဖြစ်သူ ဆူရက် ဝမ်ဒက်ကာ (Suresh Wadekar) က ကျားသေ့ကို ဆယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ဆူရက်ဟာ ရွာသားတွေရဲ့ အကူအညီနဲ့ သစ်သားဖောင်တစ်ခုကိုလုပ်ခဲ့ပြီး ကြိုးနဲ့သိုင်းကာ ရေတွင်းထဲကို ချပေးခဲ့ပါတယ်။ ကျားသစ်ကလည်း သစ်သားဖောင်ကိုတွေ့တာနဲ့ ဖောင်ပေါ် ချက်ခြင်းခုန်တက်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဖောင်ကို ရေတွင်းပေါ် ဆွဲတင်နေတုန်း ကျားသစ်က ရေတွင်းပေါ်ကသူ့ကိုကယ်နေတဲ့ လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ သစ်သားဖောင်ရေတွင်းနှုတ်ခမ်းနဲ့ ရောက်တာနဲ့ ကျားသစ်က တောထဲ ပြေးဝင်သွားပါတော့တယ်။ အဲ့ဒါက စက္ကန့်ပိုင်းလေးလောက်ပဲ ကြာတာပါ။ ”လို့ ဘိုရာက ပြောပါတယ်။

ဘိုရာဟာ တောရိုင်း တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၁၀၀ကျော်လောက်ကို ဓာတ်ပုံရိုက်ကူးခဲ့သူဖြစ်ပြီး ခွေးအတွေ၊ မြေခွေးတွေနဲ့ ကျားသစ်တို့ဟာ ကြံခင်းတွေထဲကို ရောက်လာလေ့ရှိပြီး ရေတွင်းတွေထဲကို ရံဖန်ရံခါ ပြုတ်ကျလေ့ရှိတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယ နိုင်ငံမှာ ကျားသစ်နဲ့ လူအုပ်တွေ့တိုင်းအခုလို အေးအေးချမ်းချမ်းပြီးဆုံးသွားတာမျိုးမဟုတ်ဘဲ ၂၀၁၆ နိုဝင်လာလ လောက်တုန်းကလည်း မိန်းကလေးတစ်ယောက်ကို ကိုက်သတ်ခဲ့တဲ့အတွက် သွေးဆာနေတဲ့လူအုပ်တစ်အုပ်က ကျားသစ်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီ ၂၀၁၇ ထဲမှာပဲ အိန္ဒိယ နိုင်ငံက ဘန်ဂလို မြိုကလေးမှာ ကျားသစ်တစ်ကောင်ဟာ လူ ၆ ယောက်ကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ သစ်တော ဝန်ထမ်းများက မေ့ဆေးနဲ့ ဖမ်းဆီးကာ တောထဲကို လွှတ်ပေးခဲ့ရပါတယ်။ ဒါ့အပြင် မဟာရရှတရ ပြည်နယ် (Maharashtra) နာရှစ် (Nashik) မြို့လေးမှာပဲ ကျားသစ်တွေဟာ ကလေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကျားသစ်ကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူး။

အခုလို ကျားသစ်တွေ လူနေထိုင်ရာနေရာတွေထဲ ရောက်လာတဲ့ ဖြစ်စဉ်တွေကြောင့် အိန္ဒိယ နိုင်ငံအနေနဲ့ သတိထားဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျားသစ်တွေကို လူတွေကို အမဲမလိုက်ကြပါဘူး။ လူသားနဲ့ တိရစ္ဆာန်တွေကြား ပဋိပက္ခဟာ အိန္ဒိယနိုင်ငံမှာ များပြားနေပြီး တိရစ္ဆာန်တွေရဲ့ နေထိုင်ရာသစ်တော ဧရိယာတွေ ကျဉ်းမြောင်းလာတဲ့အတွက် ဆင်တွေ၊ ကျားတွေနဲ့ ကျားသစ်တွေဟာ လူနေထိုင်ရာ နေရာတွေထဲ ရောက်လာကြလေ့ရှိပြီး လူသားတွေနဲ့ ထိပ်တိုက်တွေ့လေ့ရှိကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းတွေကတော့ ဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ရှေ့လျှောက်ပိုများလာဖို့ပဲရှိတယ် လို့ သတိပေးထားကြပါတယ်။

ကျားသစ်တွေဟာ အိန္ဒိယနိုင်ငံမှာ ကာကွယ်ထားတဲ့ မျိုးစိတ် ဖြစ်ပြီး ကျားသစ်ရဲ့ အစိတ်အပိုင်းတွေရောင်းချခြင်းကို ဥပဒေအရ တားမြစ်ထားပါတယ်။ အိန္ဒိယ နိုင်ငံမှာ ကြောင်ကြီးမျိုးနွယ်ဖြစ်တဲ့ ကျားသစ်အကောင်ရေနဲ့ ပတ်သတ်ပြီး တိကျတဲ့ ထုတ်ပြန်ချက်မရှိသေးဘဲ လတ်တလော လေ့လာချက်တစ်ခုကတော့ အိန္ဒိယနိုင်ငံမှာ ကျားသစ်ကောင်ရေ ၁၂၀၀၀ ကနေ ၁၄၀၀၀ ကြားရှိတယ် လို့ခန့်မှန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top