Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒါေတြ သင္သိပါသလား။ မာလကာသီးက ေကာင္းက်ိဳးေတြေပးသလို မာလကာ႐ြက္ကလည္း အသံုးတည့္တယ္ဆုိတာ ေရးသား ေဖာ္ျပလိုက္ပါတယ္။

မာလကာသီးဟာ ဗီတာမင္ A နဲ႔ ဗီတာမင္ C ၾကြယ္ဝစြာ ပါဝင္ေနတဲ့ သစ္သီးပါ။ ထို႔ျပင္ ပိုတက္ဆီယံ၊ လိုက္ကိုပိန္းနဲ႔ အမွ်င္ဓာတ္ေတြ ပါဝင္ေနလို႔ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို က်န္းမာေစႏိုင္ပါေသးတယ္။ မာလကာသီးတင္မဟုတ္ပါဘူး။ မာလကာ႐ြက္ကလည္း အသံုးတည့္တယ္ဆုိတာ သိထားဖုိ႔ လိုအပ္ပါတယ္။

(၁) ဝိတ္က်ဖုိ႔ အေထာက္အကူ

မာလကာ႐ြက္ကို အေျခာက္ခံၿပီး လက္ဖက္ေျခာက္အစားထုိး ေသာက္သံုးေပးတဲ့အခါ ကိုယ္တြင္းက လိုအပ္တဲ့ ကာဗိုဟိုက္ၿဒိတ္ကို ျဖည့္တင္းေပးႏိုင္လို႔ ဆာေလာင္မႈ ေလ်ာ့ပါးေစမွာပါ။

(၂) ဆီးခ်ိဳေသြးခ်ိဳ ကာကြယ္ေပး

မာလကာ႐ြက္ဟာ ေသြးတြင္းအခ်ိဳဓာတ္ကို က်ဆင္းေစႏိုင္တာေၾကာင့္ အ႐ြက္ႏုႏုေလးေတြကို ေဖ်ာ္ရည္သေဘာမ်ိဳး ေသာက္ေပးႏိုင္ရင္ ဆီးခ်ိဳကာကြယ္ရာေရာက္ပါတယ္။

(၃) ႐ႈေဆး

ေခါင္းမူး၊ ေခါင္းကိုက္လာခ်ိန္မွာ မာလကာ႐ြက္ရင့္ရင့္ေတြကို လက္နဲ႔ေျခၿပီး ႐ႈေပးရင္ အမူးအေမာ္ ေျပေစပါလိမ့္မယ္။

(၄) သြားနဲ႔ခံတြင္း

သြားကိုက္တာ၊ သြားဖံုးေရာင္တာနဲ႔ အပူကန္ၿပီး လည္ေခ်ာင္း၊ ခံတြင္း နာက်င္တာမ်ိဳးေတြအတြက္ အ႐ြက္ကို ဝါးစားေပးႏိုင္ပါတယ္။

(၅) အမ်ိဳးသားေရာဂါ

ဆီးက်ိတ္ေရာင္တာ၊ ဆီးက်ိတ္ကင္ဆာေတြအတြက္ မာလကာ႐ြက္ကို သံုးစြဲလို႔လည္း ရပါတယ္။

(၆) ယားယံေပ်ာက္ေစ

ပိုးေကာင္ကိုက္တာ အပါအဝင္ အျခားယားယံမႈေတြကိုလည္း မာလကာ႐ြက္က ကုသႏုိင္ပါတယ္။ အ႐ြက္ေတြကို ႀကိတ္လိုက္ၿပီး ယားယံတဲ့ေနရာေပၚ အုပ္ထားေပးရင္ တကယ္သက္သာမႈကို ခံစားရမွာပါ။

(၇) ဆံပင္

မာလကာ႐ြက္ေတြကို ေရေႏြးနဲ႔ဆူေအာင္ျပဳတ္ၿပီး အခန္းအပူခ်ိန္မွာပဲ အေအးခံပါ။ ဆံပင္နဲ႔ ဦးေရျပားေတြကို ဆြတ္ေပးၿပီး ႏွိပ္နယ္ေပးရင္ ဆံပင္ကၽြတ္တာ သက္သာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#

ဒါတွေ သင်သိပါသလား။ မာလကာသီးက ကောင်းကျိုးတွေပေးသလို မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ ရေးသား ဖော်ပြလိုက်ပါတယ်။

မာလကာသီးဟာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ သစ်သီးပါ။ ထို့ပြင် ပိုတက်ဆီယံ၊ လိုက်ကိုပိန်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါသေးတယ်။ မာလကာသီးတင်မဟုတ်ပါဘူး။ မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

(၁) ဝိတ်ကျဖို့ အထောက်အကူ

မာလကာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက်အစားထိုး သောက်သုံးပေးတဲ့အခါ ကိုယ်တွင်းက လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ဖြည့်တင်းပေးနိုင်လို့ ဆာလောင်မှု လျော့ပါးစေမှာပါ။

(၂) ဆီးချိုသွေးချို ကာကွယ်ပေး

မာလကာရွက်ဟာ သွေးတွင်းအချိုဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် အရွက်နုနုလေးတွေကို ဖျော်ရည်သဘောမျိုး သောက်ပေးနိုင်ရင် ဆီးချိုကာကွယ်ရာရောက်ပါတယ်။

(၃) ရှုဆေး

ခေါင်းမူး၊ ခေါင်းကိုက်လာချိန်မှာ မာလကာရွက်ရင့်ရင့်တွေကို လက်နဲ့ခြေပြီး ရှုပေးရင် အမူးအမော် ပြေစေပါလိမ့်မယ်။

(၄) သွားနဲ့ခံတွင်း

သွားကိုက်တာ၊ သွားဖုံးရောင်တာနဲ့ အပူကန်ပြီး လည်ချောင်း၊ ခံတွင်း နာကျင်တာမျိုးတွေအတွက် အရွက်ကို ဝါးစားပေးနိုင်ပါတယ်။

(၅) အမျိုးသားရောဂါ

ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကင်ဆာတွေအတွက် မာလကာရွက်ကို သုံးစွဲလို့လည်း ရပါတယ်။

(၆) ယားယံပျောက်စေ

ပိုးကောင်ကိုက်တာ အပါအဝင် အခြားယားယံမှုတွေကိုလည်း မာလကာရွက်က ကုသနိုင်ပါတယ်။ အရွက်တွေကို ကြိတ်လိုက်ပြီး ယားယံတဲ့နေရာပေါ် အုပ်ထားပေးရင် တကယ်သက်သာမှုကို ခံစားရမှာပါ။

(၇) ဆံပင်

မာလကာရွက်တွေကို ရေနွေးနဲ့ဆူအောင်ပြုတ်ပြီး အခန်းအပူချိန်မှာပဲ အအေးခံပါ။ ဆံပင်နဲ့ ဦးရေပြားတွေကို ဆွတ်ပေးပြီး နှိပ်နယ်ပေးရင် ဆံပင်ကျွတ်တာ သက်သာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top