မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
လမ်းလုပ်သားများသည် မီးလောင်ချောင်းကျေးရွာနှင့် သဲပုံကျေးရွာအကြားရှိ တံတားငယ်အား ပြုပြင် လုပ်ကိုင်ကြသည့် အလုပ်သမားများဖြစ်ပြီး နေ့လည်စာစားပြီးနောက် အလုပ်ဆက်လက်လုပ်ကိုင်ကြကာ ၄င်းတို့ ယူလာကြသည့် သောက်ရေကုန်သွားသဖြင့် ပလက်စတစ်ပုံးဖြင့် ခပ်တင်ထားသော တောင်ကျစမ်းချောင်း ရေအား သောက်သုံးကြရာမှ အလုပ်သိမ်းပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ခေါင်းမူး၊ အော့အန်၊ ဗိုက်အောင့် ခဲ့ကြသဖြင့် ပဆွပ်ကျေးရွာနာရေးကူညီမှုမော်တော်ယာဉ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတို့ က မြိတ်ပြည်သူ့ဆေးရုံသို့ တင်ဆောင်လာကြကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဆေးကုသမှု ခံယူနေကြသည့် အစာအဆိပ်သင့်ခဲ့သည့် (၁၄)ဦးမှာ သက်သာလျက်ရှိပြီး ၄င်းတို့အား တစ်ဦးချင်းစောင့်ကြည့်လျက်ရှိပြီး စောင့်ကြည့်အချိန်ကျော်လွန်ပါက ၄င်းတို့အား ဆေးရုံမှ ဆင်းခွင့် ပေးမည်ဖြစ် ကြောင်း ဆေးရုံအုပ်ကြီးက ဒေါက်တာသန္တာမျိုးဝင်းက ပြောသည်။
Credit: Thithtoolwin
#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် တောင်ကျချောင်ရေသောက် သုံးမိ၍ အစာ အဆိပ်သင့်ကာ ခေါင်းမူး၊ အော့အန်၊ ဗိုက်အောင့် ခဲ့ကြသည့် လမ်းလုပ်သား(၁၄)ဦးသည် ဆေးကုသမှုခံယူရန် နိုဝင်ဘာလ(၃)ရက် ညဦးပိုင်းတွင် ရောက်ရှိလာရာ ဖျားနာဆောင်တွင် အတွင်းလူနာအဖြစ် သမားတော်ကြီး နှင့် ဆရာဝန်၊ သူနာပြုများက ဂရုတစိုက်ကုသပေး ကြသဖြင့် စိုးရိမ်စရာမရှိဘဲ သက်သာလျက်ရှိကြောင်း ပြည်သူ့ ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းထံမှ သိရသည်။
ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော လမ်းလုပ်သား(၁၄)ဦးမှာ ဆေးရုံမရောက်မီ အော့အန်ခဲ့ကြ ကြောင်း၊ ၎င်းတို့သောက်သုံးခဲ့ကြ သည့်ချောင်းရေမှာ မသန့်ရှင်းသည့်အတွက် ရောဂါပိုးများ ပါလာနိုင်ကြောင်း၊ ၎င်းလူနာများကို ဂရုတစိုက်ဆေးကုသလျက်ရှိရာ ယခုအချိန်ထိ အော့အန်ခြင်းမရှိပဲ သက်သာလျက်ရှိကြောင်း သမားတော်ကြီး ဒေါက်တာ ဦးတင်ဝင်းက ပြောသည်။ အများပြည်သူ သောက်သုံးရေအသုံးပြုနေသည့် ရေအရင်းအမြစ်ရှိသည့်နေရာများမှာ အန္တရာယ်ဖြစ်နိုင်သည့်ပစ္စည်းများ၊ အမှိုက်များစွန့်ပစ်ခြင်းများကို ရှောင်ရှား သင့်ကြောင်း၊ မသန့်ရှင်းသည့်ရေနှင့် ချောင်းရေမြစ်ရေများကို အလွယ်တကူ မသောက်သုံးသင့်ကြောင်း သမားတော်ကြီးမှ တွေ့ဆုံမေးမြန်းစဉ် ပြည်သူများအတွက် အကြံပြုစကားဆိုသည်။
လမ်းလုပ်သားများသည် မီးလောင်ချောင်းကျေးရွာနှင့် သဲပုံကျေးရွာအကြားရှိ တံတားငယ်အား ပြုပြင် လုပ်ကိုင်ကြသည့် အလုပ်သမားများဖြစ်ပြီး နေ့လည်စာစားပြီးနောက် အလုပ်ဆက်လက်လုပ်ကိုင်ကြကာ ၎င်းတို့ ယူလာကြသည့် သောက်ရေကုန်သွားသဖြင့် ပလက်စတစ်ပုံးဖြင့် ခပ်တင်ထားသော တောင်ကျစမ်းချောင်း ရေအား သောက်သုံးကြရာမှ အလုပ်သိမ်းပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ခေါင်းမူး၊ အော့အန်၊ ဗိုက်အောင့် ခဲ့ကြသဖြင့် ပဆွပ်ကျေးရွာနာရေးကူညီမှုမော်တော်ယာဉ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတို့ က မြိတ်ပြည်သူ့ဆေးရုံသို့ တင်ဆောင်လာကြကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဆေးကုသမှု ခံယူနေကြသည့် အစာအဆိပ်သင့်ခဲ့သည့် (၁၄)ဦးမှာ သက်သာလျက်ရှိပြီး ၎င်းတို့အား တစ်ဦးချင်းစောင့်ကြည့်လျက်ရှိပြီး စောင့်ကြည့်အချိန်ကျော်လွန်ပါက ၎င်းတို့အား ဆေးရုံမှ ဆင်းခွင့် ပေးမည်ဖြစ် ကြောင်း ဆေးရုံအုပ်ကြီးက ဒေါက်တာသန္တာမျိုးဝင်းက ပြောသည်။
အစာအဆိပ်သင့်ခဲ့သူများမှာ အမျိုးသား (၂)ဦးနှင့်အမျိုးသမီး(၁၂)ဦးတို့ဖြစ်ပြီး မြိတ်မြို့နယ် ပဆွပ်ကျေးရွာနေသူများဖြစ်ကြကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top