မိတ်ဆွေတွေလိုခင်မင်မှုမပျက် ဆက်သွားလို့ရောမရဘူးလား ….တစ်နေ့သူ့မိန်းမကသူ့ရဲ့ရည်းစားဟောင်းနဲ့လမ်းမှာတွေ့ခိုက် စကားပြောနှုတ်ဆက်လိုက်မိတယ် …အဲ့ဒီ့မှာ သူ့ယောကျာင်္းကတွေ့ပြီး သူ့မိန်းမကိုဖောက်ပြန်တဲ့မိန်းမဆိုပြီးအသေရိုက်တော့တာဘဲ။
စကားပြောမိရုံ နှုတ်ဆက်လိုက်မိရုံနဲ့ဖောက်ပြန်တယ်လို့ပြောရောလား… ကဲ သူ့မိန်းမက မခံစားနိုင်တော့ နှိပ်စက်တတ်တဲ့ယောကျာင်္းနဲ့မပေါင်းနိုင်ဘူးဆိုပြီးကွဲကြတော့တာဘဲ
Credit: lwinpyin
#Unicode Version#
 သရုပ်ဆောင် မင်းသမီး ခွန်းဆင့်နေခြည် က အိမ်ထောင်ရေးမှာ လင်မယားနှစ် တစ်ယောက်နဲ့တစ်ယောက် နာလည်မှု ရှိသင့်တယ် ဆိုတာကို အခုလို သူမရဲ့ ဖေ့စ်ဘုတ် မှာ ရှင်းပြထားခဲ့ပါတယ် ။
သရုပ်ဆောင် မင်းသမီး ခွန်းဆင့်နေခြည် က အိမ်ထောင်ရေးမှာ လင်မယားနှစ် တစ်ယောက်နဲ့တစ်ယောက် နာလည်မှု ရှိသင့်တယ် ဆိုတာကို အခုလို သူမရဲ့ ဖေ့စ်ဘုတ် မှာ ရှင်းပြထားခဲ့ပါတယ် ။
ဒါပေမဲ့ ကိုယ်နဲ့ဘဝတစ်ခုအတွက်လက်တွဲထားပြီးကြသူတွေဆိုရင်တော့ရှေးဟောင်းနှောင်းဖြစ်တွေကို ဗွေယူအပြစ်ပြောနေကြတော့ရောဘာထူးကြမှာမို့လို့လဲ ကျွန်မတွေ့ဖူးတယ်။
သူငယ်ချင်းတစ်ယောက် သူကအခုအိမ်ထောင်ကျနေပြီ သူ့အိမ်ထောင်ဘက်က အရက်မူးလာတိုင်း အရင်ကသူ့မိန်းမရဲ့ချစ်သူအကြောင်းပြန်ပြန်ပြောပြီးသူ့မိန်းမကိုအမြဲတမ်းပြဿနာရှာတယ်။
တိုက်ဆိုင်မှုတစ်ခုရှိလာတိုင်း အကြီးစားကွိုင်ရှာတယ် ။
သူတို့အမြဲရန်ဖြစ်စကားများကြရတယ် … သူတို့အိမ်ထောင်ရေးကလုံးဝမသာယာဘူး ….အဲ့လိုအိမ်ထောင်ရေးမသာယာတာဘယ်သူ့အပြစ်လဲ ….ရည်းစားဖြစ်ခဲ့ဖူးသူတိုင်းကရန်သူတွေလိုတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံကြရမှာလား….
မိတ်ဆွေတွေလိုခင်မင်မှုမပျက် ဆက်သွားလို့ရောမရဘူးလား ….တစ်နေ့သူ့မိန်းမကသူ့ရဲ့ရည်းစားဟောင်းနဲ့လမ်းမှာတွေ့ခိုက် စကားပြောနှှုတ်ဆက်လိုက်မိတယ် …အဲ့ဒီ့မှာ သူ့ယောကျာၤးကတွေ့ပြီး သူ့မိန်းမကိုဖောက်ပြန်တဲ့မိန်းမဆိုပြီးအသေရိုက်တော့တာဘဲ။
စကားပြောမိရုံ နှုတ်ဆက်လိုက်မိရုံနဲ့ဖောက်ပြန်တယ်လို့ပြောရောလား… ကဲ သူ့မိန်းမက မခံစားနိုင်တော့ နှိပ်စက်တတ်တဲ့ယောကျာၤးနဲ့မပေါင်းနိုင်ဘူးဆိုပြီးကွဲကြတော့တာဘဲ
အဲ့ဒီ့မှာ မြေဇာပင်ကဘယ်သူတွေလဲ ….သားသမီးတွေပေါ့။
အိမ်ထောင်မကျခင်က ရှိခဲ့ဖူး ချစ်ခဲ့ဖူးတာ အပြစ်လား ….ကိုယ်ချစ်ခဲ့ဖူးသူရည်းစားတစ်ယောက်နဲ့ လမ်းတွေ့ရင်မခေါ်ရဘူးဆိုတာမျိုးကရော ကလေးကလားမဆန်လွန်းဘူးလား။
ရည်းစားဖြစ်ခဲ့ဖူးသူက အခုကိုယ့်ဘဝရဲ့လက်တွဲဖော်မှမဟုတ်တာ …လက်တွဲဖော်တစ်ယောက်နေရာမှာထိထိမိမိနေရာရနေပြီးပါရက်နဲ့ အရင်ရည်းစားဟောင်းကိုဘာမနာလိုဖြစ်နေစရာလိုတော့လို့လဲ ….။
အဲ့လိုသေးသိမ်တဲ့စိတ်နေစိတ်ထားတွေကို အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရောမထားသင့်ဘူးလို့မြင်တယ် ….”သူ့အရင်ရည်းစားနဲ့လမ်းမှာတွေ့လား ကိုယ်ကပါ ဝင်ပြီးသူနဲ့အတူနှုတ်ဆက်ပေးနိုင်ရမယ်….” ဒါမှ သာယာတဲ့အိမ်ထောင်တစ်ခုကို နှစ်ယောက်အတူတည်ဆောက်တယ်လို့ခေါ်တယ်။
ဘာမဟုတ်တာနဲ့ကွိုင်ထထအရှာခံနေရတဲ့သူငယ်ချင်းလည်း သူ့အိမ်ထောင်ဘက်ကိုစိတ်ကုန်သွားရှာတယ် ••• ကဲ သိမြင်သလောက်ချပြလိုက်သည်။
အတွေ့အကြုံရှိသူများလည်း ဗဟုသုတမျှဝေပေးလို့ရပါတယ်•••
လို့ အိမ်ထောင်ရှင် တွေအတွက် ဗဟုသုတယူစရာ အဖြစ်ရေးသားထားပါတယ် ။သူလို့ ကိစ္စနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူတွေကလည်း တဖန်ပြန်လည်မျျဝေပေးဖို့ တောင်းဆိုထားခဲ့ပါသေးတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top