Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အြန္လိုင္းေပၚမွာဆိုရင္ ဂိမ္းနဲ႔ ေလာင္းကစားမသဲကြဲတဲ့ ပံုစံအမ်ိဳးမ်ိဳးကိုေတြ႕ေနရပါတယ္။ ဖဲဂိမ္းပံုစံလို ရွမ္းကိုးမီး၊ ပိုကာ၊ ကာစီႏိုစတာေတြကို ဂိမ္းပံုစံကေနအြန္လိုင္းေပၚမွာ အေကာင့္ေတြဖြင့္ၿပီး ေငြပမာဏအေျမာက္အျမားနဲ႔ စီးပြားျဖစ္ လုပ္ကိုင္လာၾကတာေတြရွိလာပါတယ္။ဖဲဂိမ္းမက် ေလာင္းကစားမက်ေရာေႏွာေနတဲ့ ကစားနည္းေတြမွာ ကစားတိုင္း႐ံႈးေနတဲ့ သူေတြကပိုမ်ားေနသလို အစပိုင္းမွာ ကစားတဲ့ player ဘက္ကို အႏိုင္ေပးထားၿပီး ေနာက္ပိုင္းမွာ အ႐ံႈးကပိုမ်ားေနတယ္လို႔ အြန္လိုင္းေလာင္းကစားဂိမ္းကစားသူ ေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

ႏိုင္ငံတကာက အြန္လိုင္းေလာင္းကစားေတြပံုစံအတုယူၿပီး ဂိမ္းနဲ႔ေလာင္းကစားကို လူမႈကြန္ရက္ျဖစ္တဲ့ ေဖ့စ္ဘုတ္ခ္၊ ဝက္ဘ္ ဆိုက္နဲ႔အပလီေကးရွင္းေတြခ်ိတ္ဆက္ၿပီး ကစားလာၾကပါတယ္။
ဂိမ္းမွာဆိုရင္ ဖဲဂိမ္းအမ်ိဳးမ်ိဳး ေလာင္းကစားနည္းေတြမွာ ကာစီႏိုု၊ အန္စာတံုး၊ ဘဏ္ကာေတြျဖစ္တယ္။ ဖဲဂိမ္းကိုအသက္အရြယ္ မေရြးကစားေနၾကၿပီး ကာစီႏိုဂိမ္းေတြကိုေတာ့ လူငယ္နဲ႔အသက္ႀကီးပိုင္း အမ်ိဳးသားအမ်ားစုကကစားၾကတာကိုေတြ႕ရပါတယ္။

ဖဲဂိမ္းကစားတဲ့သူေတြကစားဖို႔ ဂိမ္းအက္ပ္ကိုေဒါင္းရတယ္။ အေကာင့္ဖြင့္ ကစားရတယ္။ ဝက္ဘ္ဆိုက္နဲ႔ခ်ိတ္ထားတဲ့ ဂိမ္း ေလာင္းကစားေတြဆိုရင္ ဝက္ဘ္ဆိုက္မွာအေကာင့္ဖြင့္ထားရတယ္။ ဂိမ္းအက္ပ္က ဖုန္းဘီလ္ကေန ျဖတ္တာရွိသလို ဝက္ဘ္ဆိုက္နဲ႔ခ်ိတ္တဲ့ ေလာင္းကစားဂိမ္းေတြဆိုရင္ ဘဏ္အေကာင့္ပါတြဲလ်က္ဖြင့္ထားရတာျဖစ္ေၾကာင္းသိရပါတယ္။မိုဘိုင္းလ္ဖုန္း၊ ကြန္ပ်ဴတာေတြကေန အခ်ိန္မေရြး အင္တာနက္က တစ္ဆင့္ ၂၄ နာရီေလာင္းကစားနည္းေပါင္းစံုကိုဝင္ ေရာက္ေလာင္းကစားႏိုင္ပါတယ္။

အဲသည္မွာ ဖဲဂိမ္းတစ္ခုေထာင္ထားတဲ့ ဝက္ဘ္ဆိုက္တစ္ခုဆိုရင္ သူ႕ရဲ႕ဝက္ဘ္ဆိုက္မွာ လူပိုမ်ားေအာင္စတင္ကစားသူကို ဖုန္းဘီလ္ ၅၀ဝ၀၊ ၁၀,ဝ၀ဝ အစားစားလက္ေဆာင္အေနနဲ႔ ေပးတာရွိသလို ေလာင္းကစားဝက္ဘ္ဆိုက္တခ်ိဳ႕ကေတာ့ သူ႕တို႔ဝက္ဘ္ဆိုက္(သို႔)အပလီေကးရွင္းမွာစကစားတဲ့ ပေလယာေတြကို ကစားပြဲတစ္ခုမွာတစ္ပြဲ အခမဲ့ေပးကစားတာလည္းရွိပါတယ္။ ေနာက္တစ္နည္းကေတာ့ ကစားပြဲ ႏွစ္ပြဲသံုးပြဲမွာ ပေလယာေတြကိုအႏိုင္ေပးထားၿပီး ဆြဲေဆာင္တာမ်ိဳးလည္းရွိပါတယ္။

သိန္းရာခ်ီကစား
ဂိမ္းသမားနဲ႔ ေလာင္းကစားသမားေတြက အနည္းဆံုး က်ပ္ ၂၀ဝ၀ ကေန က်ပ္သိန္း ၁၀ဝ၊ သိန္း ၂၀ဝ အထိေလာင္းကစား ျပဳလုပ္ၾကတယ္လို႔ ပေလယာတစ္ဦးက ဆိုပါတယ္။
ကစားတဲ့အခါမွာ ယူနစ္နဲ႔ကစားၾကတာလည္းရွိပါတယ္။ ယူနစ္အစားစာမွာ ကိုယ္ႀကိဳက္ရာေလာင္းႏိုုင္တယ္။ အႏိုင္ရရွိတဲ့ ေလာင္းေၾကးေငြေတြကို အပတ္စဥ္ ႏွစ္ႀကိမ္ ဒါမွမဟုတ္သံုးႀကိမ္အထိထုတ္ယူႏိုင္ေၾကာင္းသိရပါတယ္။

ပိုကာဂိမ္းဆိုရင္ အစပိုင္းမွာ သူတို႔ကအႏိုင္ေပးထားတယ္၊ ေနာက္ပိုင္းကစားရင္႐ံႈးတာကမ်ားေနတယ္၊ ဖဲ႐ိုက္တာအရမ္းကြ်မ္းတဲ့ သူေတာင္႐ံႈးေနတယ္၊ အဲဒီေပ့ခ်္ေတြရဲ႕ ကြန္မန္႔ေတြကိုဝင္ဖတ္ၾကည့္လိုက္၊ ႐ံႈးတဲ့သူေတြဆဲထားတာေတြခ်ည္းပဲ၊ ကြ်န္ေတာ္က ကာစီႏိုကစားတာ၊ တစ္ခါကစားရင္ ငါးသိန္း၊ ေျခာက္သိန္းရင္းလိုက္တယ္၊ ႏိုင္တစ္လွည့္ ႐ံႈးတစ္လွည့္ပဲ၊ ကစားတာမ်ားေတာ့ အ႐ံႈးကအရင္းထက္ပိုမ်ားေနတယ္၊  အခုဆို႐ံႈးထားတာ ၁၀ သိန္းေက်ာ္ေနၿပီလို႔ ကစားသူတစ္ဦးျဖစ္တဲ့ ကိုထက္ေအာင္က ေျပာပါတယ္။

ေနာက္တစ္ခုက ေအးဂ်င့္ကေန တစ္ဆင့္ ေလာင္းကစားျပဳလုပ္ဖို႔ အေကာင့္ဖြင့္ထားၾကသူေတြကို တခ်ိဳ႕ေအးဂ်င့္ေတြကႀကိဳ တင္ေငြေတြကို လိမ္လည္တာမ်ိဳးေတြလည္းရွိေနပါတယ္။ တခ်ိဳ႕က ေအးဂ်င့္အေယာင္ေဆာင္ၿပီး အြန္လိုင္းကေနေစာင့္ၾကည့္ ၿပီး ဂြင္ဖမ္းလို႔ရတဲ့သူေတြကို ဘဏ္ကေနႀကိဳတင္ေငြလႊဲခိုင္းၿပီး လိမ္လည္တာေတြလည္းရွိပါတယ္။ သည္ကိစၥမွာဆိုရင္လိမ္ လည္တဲ့သူေတြကိုလည္း တရားဥပေဒနဲ႔ ရင္ဆိုင္လို႔မရႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကစားတဲ့သူေတြကိုယ္တိုင္ကိုက တရားမဝင္ ကစားေနတာေၾကာင့္ပါပဲ။

သည္ေလာင္းကစားကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ မႈခင္းရဲတပ္ဖြဲ႕လက္ေအာက္မွာရွိတဲ့ ဆိုက္ဘာမႈခင္းဌာနမွာတာဝန္ရွိေနေပမဲ့  လက္ရွိအခ်ိန္အထိေတာ့ ေပၚတင္ကစားေနၾကတာကိုေတြ႕ရမွာပါ။ သည္လိုအြန္လိုင္းေလာင္းကစားေတြကိုအေရးယူျခင္းမရွိမႈအေပၚ ျပည္သူတခ်ိဳ႕ကလည္း ေဝဖန္ေနၾကပါတယ္။အြန္လိုင္းေလာင္းကစားျပဳလုပ္ျခင္းက ေလာင္းကစားအမႈနဲ႔ၿငိစြန္းေနတဲ့အျပင္ အင္တာနက္နဲ႔အသံုးျပဳတာေၾကာင့္ ဆက္သြယ္ ေရး ဥပေဒနဲ႔ၿငိစြန္းေၾကာင္း ဥပေဒအႀကံေပးတစ္ဦးရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

ပုဂၢလိက ဆိုက္ဘာလံုၿခံဳေရးနည္းပညာရွင္ ကိုရန္ႏိုင္ျမင့္ရဲ႕ အဆိုအရကိုယ့္ရဲ႕အေကာင့္ထဲမွာ ဂိမ္းကိုပိုက္ဆံနဲ႔ဝယ္လို႔ရတယ္။ ဥပမာကစားဖို႔အတြက္ အေကာင့္ထဲ ၂၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ ကေနႀကိဳက္သေလာက္ဝယ္ထည့္ထားမယ္။ ဒါေပမဲ့ အဲသည္ေငြကို ေငြသားအေနနဲ႕ ျပန္ထုတ္လို႔မရဘူး။ ႏိုုင္ခဲ့ရင္လည္း ေငြသားထုတ္လို႔မရတာေတြရွိတယ္။ အဲသည္ေတာ့ေလာင္းကစား မေျမာက္ဘူးထင္တာပဲ။ ဝယ္ကစားတဲ့သူကအ႐ံႈးပဲလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
အွန်လိုင်းပေါ်မှာဆိုရင် ဂိမ်းနဲ့ လောင်းကစားမသဲကွဲတဲ့ ပုံစံအမျိုးမျိုးကိုတွေ့နေရပါတယ်။ ဖဲဂိမ်းပုံစံလို ရှမ်းကိုးမီး၊ ပိုကာ၊ ကာစီနိုစတာတွေကို ဂိမ်းပုံစံကနေအွန်လိုင်းပေါ်မှာ အကောင့်တွေဖွင့်ပြီး ငွေပမာဏအမြောက်အမြားနဲ့ စီးပွားဖြစ် လုပ်ကိုင်လာကြတာတွေရှိလာပါတယ်။ဖဲဂိမ်းမကျ လောင်းကစားမကျရောနှောနေတဲ့ ကစားနည်းတွေမှာ ကစားတိုင်းရှုံးနေတဲ့ သူတွေကပိုများနေသလို အစပိုင်းမှာ ကစားတဲ့ player ဘက်ကို အနိုင်ပေးထားပြီး နောက်ပိုင်းမှာ အရှုံးကပိုများနေတယ်လို့ အွန်လိုင်းလောင်းကစားဂိမ်းကစားသူ တွေရဲ့ ပြောပြချက်အရသိရပါတယ်။

နိုင်ငံတကာက အွန်လိုင်းလောင်းကစားတွေပုံစံအတုယူပြီး ဂိမ်းနဲ့လောင်းကစားကို လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်၊ ဝက်ဘ် ဆိုက်နဲ့အပလီကေးရှင်းတွေချိတ်ဆက်ပြီး ကစားလာကြပါတယ်။
ဂိမ်းမှာဆိုရင် ဖဲဂိမ်းအမျိုးမျိုး လောင်းကစားနည်းတွေမှာ ကာစီနိုု၊ အန်စာတုံး၊ ဘဏ်ကာတွေဖြစ်တယ်။ ဖဲဂိမ်းကိုအသက်အရွယ် မရွေးကစားနေကြပြီး ကာစီနိုဂိမ်းတွေကိုတော့ လူငယ်နဲ့အသက်ကြီးပိုင်း အမျိုးသားအများစုကကစားကြတာကိုတွေ့ရပါတယ်။

ဖဲဂိမ်းကစားတဲ့သူတွေကစားဖို့ ဂိမ်းအက်ပ်ကိုဒေါင်းရတယ်။ အကောင့်ဖွင့် ကစားရတယ်။ ဝက်ဘ်ဆိုက်နဲ့ချိတ်ထားတဲ့ ဂိမ်း လောင်းကစားတွေဆိုရင် ဝက်ဘ်ဆိုက်မှာအကောင့်ဖွင့်ထားရတယ်။ ဂိမ်းအက်ပ်က ဖုန်းဘီလ်ကနေ ဖြတ်တာရှိသလို ဝက်ဘ်ဆိုက်နဲ့ချိတ်တဲ့ လောင်းကစားဂိမ်းတွေဆိုရင် ဘဏ်အကောင့်ပါတွဲလျက်ဖွင့်ထားရတာဖြစ်ကြောင်းသိရပါတယ်။မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာတွေကနေ အချိန်မရွေး အင်တာနက်က တစ်ဆင့် ၂၄ နာရီလောင်းကစားနည်းပေါင်းစုံကိုဝင် ရောက်လောင်းကစားနိုင်ပါတယ်။

အဲသည်မှာ ဖဲဂိမ်းတစ်ခုထောင်ထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုဆိုရင် သူ့ရဲ့ဝက်ဘ်ဆိုက်မှာ လူပိုများအောင်စတင်ကစားသူကို ဖုန်းဘီလ် ၅၀ဝဝ၊ ၁၀,ဝဝဝ အစားစားလက်ဆောင်အနေနဲ့ ပေးတာရှိသလို လောင်းကစားဝက်ဘ်ဆိုက်တချို့ကတော့ သူ့တို့ဝက်ဘ်ဆိုက်(သို့)အပလီကေးရှင်းမှာစကစားတဲ့ ပလေယာတွေကို ကစားပွဲတစ်ခုမှာတစ်ပွဲ အခမဲ့ပေးကစားတာလည်းရှိပါတယ်။ နောက်တစ်နည်းကတော့ ကစားပွဲ နှစ်ပွဲသုံးပွဲမှာ ပလေယာတွေကိုအနိုင်ပေးထားပြီး ဆွဲဆောင်တာမျိုးလည်းရှိပါတယ်။

သိန်းရာချီကစား
ဂိမ်းသမားနဲ့ လောင်းကစားသမားတွေက အနည်းဆုံး ကျပ် ၂၀ဝ၀ ကနေ ကျပ်သိန်း ၁၀ဝ၊ သိန်း ၂၀ဝ အထိလောင်းကစား ပြုလုပ်ကြတယ်လို့ ပလေယာတစ်ဦးက ဆိုပါတယ်။
ကစားတဲ့အခါမှာ ယူနစ်နဲ့ကစားကြတာလည်းရှိပါတယ်။ ယူနစ်အစားစာမှာ ကိုယ်ကြိုက်ရာလောင်းနိုုင်တယ်။ အနိုင်ရရှိတဲ့ လောင်းကြေးငွေတွေကို အပတ်စဉ် နှစ်ကြိမ် ဒါမှမဟုတ်သုံးကြိမ်အထိထုတ်ယူနိုင်ကြောင်းသိရပါတယ်။

ပိုကာဂိမ်းဆိုရင် အစပိုင်းမှာ သူတို့ကအနိုင်ပေးထားတယ်၊ နောက်ပိုင်းကစားရင်ရှုံးတာကများနေတယ်၊ ဖဲရိုက်တာအရမ်းကျွမ်းတဲ့ သူတောင်ရှုံးနေတယ်၊ အဲဒီပေ့ချ်တွေရဲ့ ကွန်မန့်တွေကိုဝင်ဖတ်ကြည့်လိုက်၊ ရှုံးတဲ့သူတွေဆဲထားတာတွေချည်းပဲ၊ ကျွန်တော်က ကာစီနိုကစားတာ၊ တစ်ခါကစားရင် ငါးသိန်း၊ ခြောက်သိန်းရင်းလိုက်တယ်၊ နိုင်တစ်လှည့် ရှုံးတစ်လှည့်ပဲ၊ ကစားတာများတော့ အရှုံးကအရင်းထက်ပိုများနေတယ်၊  အခုဆိုရှုံးထားတာ ၁၀ သိန်းကျော်နေပြီလို့ ကစားသူတစ်ဦးဖြစ်တဲ့ ကိုထက်အောင်က ပြောပါတယ်။

နောက်တစ်ခုက အေးဂျင့်ကနေ တစ်ဆင့် လောင်းကစားပြုလုပ်ဖို့ အကောင့်ဖွင့်ထားကြသူတွေကို တချို့အေးဂျင့်တွေကကြို တင်ငွေတွေကို လိမ်လည်တာမျိုးတွေလည်းရှိနေပါတယ်။ တချို့က အေးဂျင့်အယောင်ဆောင်ပြီး အွန်လိုင်းကနေစောင့်ကြည့် ပြီး ဂွင်ဖမ်းလို့ရတဲ့သူတွေကို ဘဏ်ကနေကြိုတင်ငွေလွှဲခိုင်းပြီး လိမ်လည်တာတွေလည်းရှိပါတယ်။ သည်ကိစ္စမှာဆိုရင်လိမ် လည်တဲ့သူတွေကိုလည်း တရားဥပဒေနဲ့ ရင်ဆိုင်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကစားတဲ့သူတွေကိုယ်တိုင်ကိုက တရားမဝင် ကစားနေတာကြောင့်ပါပဲ။

သည်လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီးတော့ မှုခင်းရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့ ဆိုက်ဘာမှုခင်းဌာနမှာတာဝန်ရှိနေပေမဲ့  လက်ရှိအချိန်အထိတော့ ပေါ်တင်ကစားနေကြတာကိုတွေ့ရမှာပါ။ သည်လိုအွန်လိုင်းလောင်းကစားတွေကိုအရေးယူခြင်းမရှိမှုအပေါ် ပြည်သူတချို့ကလည်း ဝေဖန်နေကြပါတယ်။အွန်လိုင်းလောင်းကစားပြုလုပ်ခြင်းက လောင်းကစားအမှုနဲ့ငြိစွန်းနေတဲ့အပြင် အင်တာနက်နဲ့အသုံးပြုတာကြောင့် ဆက်သွယ် ရေး ဥပဒေနဲ့ငြိစွန်းကြောင်း ဥပဒေအကြံပေးတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ပုဂ္ဂလိက ဆိုက်ဘာလုံခြုံရေးနည်းပညာရှင် ကိုရန်နိုင်မြင့်ရဲ့ အဆိုအရကိုယ့်ရဲ့အကောင့်ထဲမှာ ဂိမ်းကိုပိုက်ဆံနဲ့ဝယ်လို့ရတယ်။ ဥပမာကစားဖို့အတွက် အကောင့်ထဲ ၂၀,ဝဝဝ၊ ၃၀,ဝဝဝ ကနေကြိုက်သလောက်ဝယ်ထည့်ထားမယ်။ ဒါပေမဲ့ အဲသည်ငွေကို ငွေသားအနေနဲ့ ပြန်ထုတ်လို့မရဘူး။ နိုုင်ခဲ့ရင်လည်း ငွေသားထုတ်လို့မရတာတွေရှိတယ်။ အဲသည်တော့လောင်းကစား မမြောက်ဘူးထင်တာပဲ။ ဝယ်ကစားတဲ့သူကအရှုံးပဲလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top