ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိမိအား ဓား ျဖင့္ထိုးသူကို ဖုန္း ျဖင့္ ဓာတ္ပံု ႐ိုက္ကာ သူငယ္ခ်င္း မ်ားထံ ေပးပို႔ခဲ့သျဖင့္ တရားခံ အား အျမန္ဆံုးဖမ္းမိျခင္းျဖစ္ေၾကာင္း အသတ္ခံရသူ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ ၏ ေဆြမ်ဳိးမ်ားထံမွ သိရသည္ ။
လိြဳင္ေကာ္ၿမိဳ႕ ေဒါဥခူရပ္ကြက္ေန ဖိုးခြား (ခ) အာကာ၀င္း (၁၇ ႏွစ္) မွာ ေအာက္တိုဘာ ၂၉ ရက္ ည ၁၀ နာရီခန္႔တြင္ ေလာပိတ ေက်းရြာအုပ္စု ေလးမိုင္ရြာ အနီး လမ္းမ ေပၚတြင္ ဓား ဒဏ္ရာ မ်ားျဖင့္ လဲက်ေနစဥ္ ရဲ လွည့္ကင္း ယာဥ္မွ ေတြ႕ရွိသျဖင့္ လိြဳင္ေကာ္ ေဆး႐ံု သို႔ တင္ပို႔ကုသစဥ္ ေအာက္တိုဘာ ၃၀ ရက္ ၁ နာရီခြဲတြင္ ေသဆံုးသြားေၾကာင္း သိရသည္။
“ဖိုးခြား ေဆး႐ံု ေရာက္ေနတယ္ဆိုလို႔ သြားၾကည့္ေတာ့ ၀မ္းဗိုက္ နဲ႔ ေနာက္ေက်ာ ဒဏ္ရာ နွစ္ခ်က္ေတြ႕ရတယ္။ သား ဘာျဖစ္လဲေမးေတာ့ ေလာပိတဘက္သြားတဲ့ ေလးမိုင္ ဓာတ္အားခြဲ႐ံုနားမွာ သူ႔ သူငယ္ခ်င္း ကုလား က ထိုးတယ္လို႔ေျပာတယ္။ ကုလား က သူတို႔ စီးလာတဲ့ ဆိုင္ကယ္ ယူသြားတယ္လို႔ေျပာတယ္ ။ သူက ဓားနဲ႔အထိုးခံရၿပီး လဲက်ေတာ့ ကုလား ကို ဖုန္းနဲ႔ ဓာတ္ပံု႐ိုက္တယ္။ သူ႔ သူငယ္ခ်င္း ေတြကို စာပို႔တယ္။ ရဲကို ဖုန္းထဲက ပံုျပေတာ့ ရဲက သက္ေသအျဖစ္ ယူသြားတယ္။ ကုလားက ဖိုးခြားနဲ႔ တစ္ရပ္ကြက္ထဲေနတာ။ သူတို႔ခင္ၾကတယ္။ ဆိုင္ကယ္လိုခ်င္တာ ယူသြားေပါ့ေနာ္။ ဘာလို႔ကေလးကို ဓားနဲ႔ထိုးရ တာလဲ။ စိတ္မေကာင္းဘူး” ဟု အေဒၚ ျဖစ္သူက ေျပာၾကားသည္။
ရဲ၀ဏၰကို (ခ) ဂ်ဴဘိုင္ (ခ) ကုလား (၂၀ ႏွစ္) အား ရဲတပ္ဖြဲ႕ႏွင့္ တာ၀န္ရွိသူမ်ားက ရွာေဖြရာ ေလာပိတစံျပရြာတြင္ ခိုေအာင္းေနသည္ဟု သတင္း ရရွိခဲ့ၿပီး ေအာက္တိုဘာ ၃၀ ရက္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။
“သားတို႔က ေဒါဥခူ ဂိမ္းဆိုင္ေဘးမွာ ည ၈ နာရီေလာက္ ေဘာလံုး ကန္ေနတာ ကုလားက ေရာက္လာၿပီး ဖိုးခြားကို တပ္ေရွ႕အထိ လိုက္ပို႔ဖို႔ေျပာတယ္။ မင္းကို ထမင္းလည္း ေကြၽးမယ္။ မုန္႔ဖိုး လည္းေပးမယ္လို႔ ေျပာသံၾကားရတယ္။ ဖိုးခြားက ဂိမ္းဆိုင္က ဆိုင္ကယ္ ငွားၿပီး လိုက္ပို႔တယ္။ ၉ နာရီခြဲေလာက္ရွိမယ္ ထင္တယ္။ Message ပို႔တယ္။ ကုလားပံု ပို႔လာတယ္။ ငါ့ကို ကုလား ဓားနဲ႔ထိုးတယ္တဲ့” ဟု ေသဆံုးသူ၏သူငယ္ခ်င္းက ေျပာၾကားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မိမိအား ဓား ဖြင့်ထိုးသူကို ဖုန်း ဖြင့် ဓာတ်ပုံ ရိုက်ကာ သူငယ်ချင်း များထံ ပေးပို့ခဲ့သဖြင့် တရားခံ အား အမြန်ဆုံးဖမ်းမိခြင်းဖြစ်ကြောင်း အသတ်ခံရသူ အသက် ၁၇ နှစ်အရွယ် လူငယ် ၏ ဆွေမျိုးများထံမှ သိရသည် ။
လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်နေ ဖိုးခွား (ခ) အာကာဝင်း (၁၇ နှစ်) မှာ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် လောပိတ ကျေးရွာအုပ်စု လေးမိုင်ရွာ အနီး လမ်းမ ပေါ်တွင် ဓား ဒဏ်ရာ များဖြင့် လဲကျနေစဉ် ရဲ လှည့်ကင်း ယာဉ်မှ တွေ့ရှိသဖြင့် လွိုင်ကော် ဆေးရုံ သို့ တင်ပို့ကုသစဉ် အောက်တိုဘာ ၃၀ ရက် ၁ နာရီခွဲတွင် သေဆုံးသွားကြောင်း သိရသည်။
“ဖိုးခွား ဆေးရုံ ရောက်နေတယ်ဆိုလို့ သွားကြည့်တော့ ဝမ်းဗိုက် နဲ့ နောက်ကျော ဒဏ်ရာ နှစ်ချက်တွေ့ရတယ်။ သား ဘာဖြစ်လဲမေးတော့ လောပိတဘက်သွားတဲ့ လေးမိုင် ဓာတ်အားခွဲရုံနားမှာ သူ့ သူငယ်ချင်း ကုလား က ထိုးတယ်လို့ပြောတယ်။ ကုလား က သူတို့ စီးလာတဲ့ ဆိုင်ကယ် ယူသွားတယ်လို့ပြောတယ် ။ သူက ဓားနဲ့အထိုးခံရပြီး လဲကျတော့ ကုလား ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်တယ်။ သူ့ သူငယ်ချင်း တွေကို စာပို့တယ်။ ရဲကို ဖုန်းထဲက ပုံပြတော့ ရဲက သက်သေအဖြစ် ယူသွားတယ်။ ကုလားက ဖိုးခွားနဲ့ တစ်ရပ်ကွက်ထဲနေတာ။ သူတို့ခင်ကြတယ်။ ဆိုင်ကယ်လိုချင်တာ ယူသွားပေါ့နော်။ ဘာလို့ကလေးကို ဓားနဲ့ထိုးရ တာလဲ။ စိတ်မကောင်းဘူး” ဟု အဒေါ် ဖြစ်သူက ပြောကြားသည်။
ရဲဝဏ္ဏကို (ခ) ဂျူဘိုင် (ခ) ကုလား (၂၀ နှစ်) အား ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရှာဖွေရာ လောပိတစံပြရွာတွင် ခိုအောင်းနေသည်ဟု သတင်း ရရှိခဲ့ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
“သားတို့က ဒေါဥခူ ဂိမ်းဆိုင်ဘေးမှာ ည ၈ နာရီလောက် ဘောလုံး ကန်နေတာ ကုလားက ရောက်လာပြီး ဖိုးခွားကို တပ်ရှေ့အထိ လိုက်ပို့ဖို့ပြောတယ်။ မင်းကို ထမင်းလည်း ကျွေးမယ်။ မုန့်ဖိုး လည်းပေးမယ်လို့ ပြောသံကြားရတယ်။ ဖိုးခွားက ဂိမ်းဆိုင်က ဆိုင်ကယ် ငှားပြီး လိုက်ပို့တယ်။ ၉ နာရီခွဲလောက်ရှိမယ် ထင်တယ်။ Message ပို့တယ်။ ကုလားပုံ ပို့လာတယ်။ ငါ့ကို ကုလား ဓားနဲ့ထိုးတယ်တဲ့” ဟု သေဆုံးသူ၏သူငယ်ချင်းက ပြောကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top