Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဗီယက္နမ္ဟာ သာယာလွပတဲ႔ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သလို ယဥ္ေက်းမႈအေမြအႏွစ္လည္း ၾကြယ္ဝတဲ႔ ႏုိင္ငံျဖစ္လို႔ ေနာက္ပိုင္း ကမၻာလွည္႔ခရီးသည္ေတြအတြက္ မ်က္စိက်စရာျဖစ္လာပါတယ္

ဗီယက္နမ္ဟာ သာယာလွပတဲ႔ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သလို ယဥ္ေက်းမႈအေမြအႏွစ္လည္း ၾကြယ္ဝတဲ႔ ႏုိင္ငံျဖစ္လို႔ ေနာက္ပိုင္း ကမၻာလွည္႔ခရီးသည္ေတြအတြက္ မ်က္စိက်စရာျဖစ္လာပါတယ္။ ခ်စ္စဖြယ္ ဗီယက္နမ္မေလးေတြ၊ သာယာလွပတဲ႔ ေတာေတာင္နဲ႔ လွ်ိဳေျမာင္လႈိဏ္ဂူေတြနဲ႔ တင္႔တယ္လို႔ေနပါတယ္။

အေကာင္းဆံုးအပိုင္းကေတာ႔ ေနစရိတ္၊ စားစရိတ္ သက္သာတာပါ။ ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံကေန ဗီယက္နမ္ကို အလည္အပတ္ သြားမယ္ဆိုရင္ ကုန္က်စရိတ္နည္းနည္းနဲ႔ လည္ပတ္လို႔ရတဲ႔ tour package ေတြ အမ်ားႀကီးရွိေနပါၿပီ။ ဒါေပမယ္႔ ဗီယက္နမ္ကို အလည္အပတ္သြားေတာ႔မယ္ဆိုရင္ ဥပေဒနဲ႔ မလြတ္ကင္းတဲ႔ အရာေလးေတြကိုလည္း သိထားသင္႔ပါတယ္။

၁။ မူးယစ္ေဆးဝါး

ဒါကေတာ႔ ရွင္းပါတယ္။ ဗီယက္နမ္မွ မဟုတ္... ဘယ္ႏိုင္ငံမွာမဆို အဖမ္းခံရႏိုင္တဲ႔ ျပစ္မႈပါ။ ဒါေပမယ္႔ ဗီယက္နမ္ႏိုင္ငံမွာေတာ႔ ဘိန္းျဖဴျပႆနာေလးေတြ ရွိတဲ႔အတြက္ အစိုးရက မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိသူေတြကို ႀကီးေလးတဲ႔ ျပစ္ဒဏ္ေပးေနပါတယ္။ မူးယစ္ေဆးဝါး တင္သြင္းျဖန္႔ျဖဴးသူေတြဆို ေထာင္ဒဏ္ႏွစ္ရွည္ က်ခံႏိုင္သည္အထိ ျဖစ္ႏိုင္ပါတယ္။

ၾသစေၾတးလ်အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ ၾသစေၾတးလ်ႏိုင္ငံသား အေယာက္ (၂၀) ဟာ မူးယစ္ေဆးဝါး တင္သြင္းတယ္ဆိုတဲ႔ စြဲခ်က္နဲ႔ ဗီယက္နမ္ေထာင္ထဲမွာ ျပစ္ဒဏ္က်ခံေနရပါတယ္တဲ႔။ ဗီယက္နမ္မွာ လမ္းေဘးမွာ မူးယစ္ေဆးဝါး အလြယ္တကူ ဝယ္သံုးလို႔ရတယ္ ဆိုရင္ေတာင္ ျပန္ခံရမယ္႔ ျပစ္မႈကိုလည္း ထည္႔စဥ္းစားသင္႔ပါတယ္။

၂။ ျပည္႔တန္ဆာ

ဗီယက္နမ္မွာ ျပည္႔တန္ဆာလုပ္ငန္းကို ေပၚတင္နီးပါး လုပ္ေနတဲ႔ ေနရာေတြရွိေပမယ္႔ ဥပေဒအရေတာ႔ တရားမဝင္ပါဘူး။ ရဲေတြကလည္း ျပည္႔တန္ဆာအိမ္ေတြကို ခဏခဏ ဝင္စီးေနတာပါ။ "ကြ်န္ေတာ္ မသိလိုက္လို႔ပါ" ဆိုတဲ႔ စကားေလာက္နဲ႔ေတာ႔ လြယ္လြယ္နဲ႔ လႊတ္ေပးမယ္မထင္ပါဘူး။

၃။ ဆႏၵျပပြဲေတြကို ဓာတ္ပံုရိုက္ျခင္း

အာဏာပိုင္ေတြဟာ အစိုးရဆန္႔က်င္တဲ႔ လႈပ္ရွားမႈေတြ၊ ခြင္႔ျပဳခ်က္မရွိဘဲ ဆႏၵျပျခင္းေတြကို သက္ညွာလိုစိတ္ မရွိပါဘူး။ ဒါေၾကာင္႔ ဆႏၵျပသံေတြ ၾကားသည္ျဖစ္ေစ၊ ျမင္သည္ျဖစ္ေစ သြားမစပ္စုပါနဲ႔။ ေနာက္ၿပီး အေရးအႀကီးဆံုးက ဓာတ္ပံုသြားမရိုက္ပါနဲ႔။ ဗီယက္နမ္က ကုန္သြယ္မႈနဲ႔ ကမၻာလွည္႔ခရီးသြားလုပ္ငန္းကို တံခါးဖြင္႔ထားတယ္ဆိုေပမယ္႔ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင္႔ကိုေတာ႔ တံခါးဖြင္႔ေပး မထားေသးပါဘူး။

၄။ လူမႈကြန္ရက္ေပၚမွာ ႏိုင္ငံေရး ေဝဖန္မႈေတြတင္ျခင္း

လူမႈကြန္ရက္ဆိုတာ အေၾကာင္းအရာေပါင္းစံကို ေရးသားေျပာဆိုၾကတဲ႔ ေနရာပါ။ အဲဒီထဲမွာ ႏိုင္ငံေရးဟာလည္း လူစိတ္ဝင္စားမႈ မ်ားျပားတဲ႔ ေခါင္းစဥ္တစ္ခုေပါ႔။ ဒါေပမယ္႔ ဥပေဒအရေတာ႔ ႏိုင္ငံေရးေဝဖန္မႈေတြက တရားမဝင္ျပန္ပါဘူး။ အာဏာပိုင္ေတြက နယ္ခံဘေလာ႔ဂါေတြကို ပိုၿပီးပစ္မွတ္ထားတယ္ဆိုေပမယ္႔ မိမိလံုျခံဳေရးအတြက္ လူမႈကြန္ရက္ေပၚမွာ ဆယ္လ္ဖီပံုေလးေတြပဲ သာသာယာယာတင္ေနတာ အေကာင္းဆံုးပါပဲ။

၅။ ေလာင္းကစားလုပ္ျခင္း

ေလာင္းကစားလုပ္ခ်င္ရင္ ၿမိဳ႕ႀကီးုျပႀကီးေတြက အသိအမွတ္ျပဳ ကာစီႏိုႀကီးေတြမွာပဲ သြားကစားႏိုင္ပါတယ္။ ၾကက္ပြဲတို႔၊ ေဘာလံုးပြဲတို႔၊ ဖဲဝိုင္းတို႔လိုမ်ိဳး ပိုက္ဆံနည္းနည္းနဲ႔ ေလာင္းကစား လုပ္တာေလးေတြက ဗီယက္နမ္မွာ တရားမဝင္ပါဘူး။ ဟိုတယ္ခန္းထဲမွာ ဖဲရိုက္ေနရံုေလးနဲ႔ေတာ႔ ရဲေတြနဲ႔ လာဝိုင္းမယ္လို႔ မဆိုႏုိင္ေပမယ္႔ ေဘးပတ္ဝန္းက်င္ကို မ်က္စိဖြင္႔၊ နားစြင္႔ထားဦးေပါ႔။

၆။ နယ္ခံတစ္ေယာက္ေယာက္နဲ႔ လက္မထပ္ဘဲ လိင္ဆက္ဆံျခင္း

ဗီယက္နမ္ဥပေဒ ေတာ္ေတာ္မ်ားမ်ားလိုပါပဲ။ တခ်ိဳ႕ဥပေဒေတြက စာအုပ္ထဲမွာေရးထားတာနဲ႔ လက္ေတြ႕ျဖစ္ေနတာ ကြဲျပားမႈေတြ ရွိပါတယ္။ ႏိုင္ငံျခားသား ေတာ္ေတာ္မ်ားမ်ား ဗီယက္နမ္လူမ်ိဳးေတြနဲ႔ ဒိတ္ေနတယ္ဆိုေပမယ္႔ လက္မထပ္ရေသးခင္ သူတို႔နဲ႔ လိင္ဆက္ဆံတာက တရားဥပေဒနဲ႔ မညီပါဘူး။ တခ်ိဳ႕ဟိုတယ္ေတြမွာဆို ႏိုင္ငံျခားသားနဲ႔ ဗီယက္နမ္လူမ်ိဳး တစ္ခန္းတည္း တည္းတာကိုေတာင္ ခြင္႔မျပဳထားပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဗီယက်နမ်ဟာ သာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ်လည်း ကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ နောက်ပိုင်း ကမ္ဘာလှည့်ခရီးသည်တွေအတွက် မျက်စိကျစရာဖြစ်လာပါတယ်

ဗီယက်နမ်ဟာ သာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ်လည်း ကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ နောက်ပိုင်း ကမ္ဘာလှည့်ခရီးသည်တွေအတွက် မျက်စိကျစရာဖြစ်လာပါတယ်။ ချစ်စဖွယ် ဗီယက်နမ်မလေးတွေ၊ သာယာလှပတဲ့ တောတောင်နဲ့ လျှိုမြောင်လှိုဏ်ဂူတွေနဲ့ တင့်တယ်လို့နေပါတယ်။

အကောင်းဆုံးအပိုင်းကတော့ နေစရိတ်၊ စားစရိတ် သက်သာတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ဗီယက်နမ်ကို အလည်အပတ် သွားမယ်ဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ့ လည်ပတ်လို့ရတဲ့ tour package တွေ အများကြီးရှိနေပါပြီ။ ဒါပေမယ့် ဗီယက်နမ်ကို အလည်အပတ်သွားတော့မယ်ဆိုရင် ဥပဒေနဲ့ မလွတ်ကင်းတဲ့ အရာလေးတွေကိုလည်း သိထားသင့်ပါတယ်။

၁။ မူးယစ်ဆေးဝါး

ဒါကတော့ ရှင်းပါတယ်။ ဗီယက်နမ်မှ မဟုတ်... ဘယ်နိုင်ငံမှာမဆို အဖမ်းခံရနိုင်တဲ့ ပြစ်မှုပါ။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံမှာတော့ ဘိန်းဖြူပြဿနာလေးတွေ ရှိတဲ့အတွက် အစိုးရက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနေပါတယ်။ မူးယစ်ဆေးဝါး တင်သွင်းဖြန့်ဖြူးသူတွေဆို ထောင်ဒဏ်နှစ်ရှည် ကျခံနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်အရ သြစတြေးလျနိုင်ငံသား အယောက် (၂၀) ဟာ မူးယစ်ဆေးဝါး တင်သွင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဗီယက်နမ်ထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရပါတယ်တဲ့။ ဗီယက်နမ်မှာ လမ်းဘေးမှာ မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်သုံးလို့ရတယ် ဆိုရင်တောင် ပြန်ခံရမယ့် ပြစ်မှုကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

၂။ ပြည့်တန်ဆာ

ဗီယက်နမ်မှာ ပြည့်တန်ဆာလုပ်ငန်းကို ပေါ်တင်နီးပါး လုပ်နေတဲ့ နေရာတွေရှိပေမယ့် ဥပဒေအရတော့ တရားမဝင်ပါဘူး။ ရဲတွေကလည်း ပြည့်တန်ဆာအိမ်တွေကို ခဏခဏ ဝင်စီးနေတာပါ။ "ကျွန်တော် မသိလိုက်လို့ပါ" ဆိုတဲ့ စကားလောက်နဲ့တော့ လွယ်လွယ်နဲ့ လွှတ်ပေးမယ်မထင်ပါဘူး။

၃။ ဆန္ဒပြပွဲတွေကို ဓာတ်ပုံရိုက်ခြင်း

အာဏာပိုင်တွေဟာ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခြင်းတွေကို သက်ညှာလိုစိတ် မရှိပါဘူး။ ဒါကြောင့် ဆန္ဒပြသံတွေ ကြားသည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ သွားမစပ်စုပါနဲ့။ နောက်ပြီး အရေးအကြီးဆုံးက ဓာတ်ပုံသွားမရိုက်ပါနဲ့။ ဗီယက်နမ်က ကုန်သွယ်မှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တံခါးဖွင့်ထားတယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုတော့ တံခါးဖွင့်ပေး မထားသေးပါဘူး။

၄။ လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေး ဝေဖန်မှုတွေတင်ခြင်း

လူမှုကွန်ရက်ဆိုတာ အကြောင်းအရာပေါင်းစံကို ရေးသားပြောဆိုကြတဲ့ နေရာပါ။ အဲဒီထဲမှာ နိုင်ငံရေးဟာလည်း လူစိတ်ဝင်စားမှု များပြားတဲ့ ခေါင်းစဉ်တစ်ခုပေါ့။ ဒါပေမယ့် ဥပဒေအရတော့ နိုင်ငံရေးဝေဖန်မှုတွေက တရားမဝင်ပြန်ပါဘူး။ အာဏာပိုင်တွေက နယ်ခံဘလော့ဂါတွေကို ပိုပြီးပစ်မှတ်ထားတယ်ဆိုပေမယ့် မိမိလုံခြုံရေးအတွက် လူမှုကွန်ရက်ပေါ်မှာ ဆယ်လ်ဖီပုံလေးတွေပဲ သာသာယာယာတင်နေတာ အကောင်းဆုံးပါပဲ။

၅။ လောင်းကစားလုပ်ခြင်း

လောင်းကစားလုပ်ချင်ရင် မြို့ကြီးုပြကြီးတွေက အသိအမှတ်ပြု ကာစီနိုကြီးတွေမှာပဲ သွားကစားနိုင်ပါတယ်။ ကြက်ပွဲတို့၊ ဘောလုံးပွဲတို့၊ ဖဲဝိုင်းတို့လိုမျိုး ပိုက်ဆံနည်းနည်းနဲ့ လောင်းကစား လုပ်တာလေးတွေက ဗီယက်နမ်မှာ တရားမဝင်ပါဘူး။ ဟိုတယ်ခန်းထဲမှာ ဖဲရိုက်နေရုံလေးနဲ့တော့ ရဲတွေနဲ့ လာဝိုင်းမယ်လို့ မဆိုနိုင်ပေမယ့် ဘေးပတ်ဝန်းကျင်ကို မျက်စိဖွင့်၊ နားစွင့်ထားဦးပေါ့။

၆။ နယ်ခံတစ်ယောက်ယောက်နဲ့ လက်မထပ်ဘဲ လိင်ဆက်ဆံခြင်း

ဗီယက်နမ်ဥပဒေ တော်တော်များများလိုပါပဲ။ တချို့ဥပဒေတွေက စာအုပ်ထဲမှာရေးထားတာနဲ့ လက်တွေ့ဖြစ်နေတာ ကွဲပြားမှုတွေ ရှိပါတယ်။ နိုင်ငံခြားသား တော်တော်များများ ဗီယက်နမ်လူမျိုးတွေနဲ့ ဒိတ်နေတယ်ဆိုပေမယ့် လက်မထပ်ရသေးခင် သူတို့နဲ့ လိင်ဆက်ဆံတာက တရားဥပဒေနဲ့ မညီပါဘူး။ တချို့ဟိုတယ်တွေမှာဆို နိုင်ငံခြားသားနဲ့ ဗီယက်နမ်လူမျိုး တစ်ခန်းတည်း တည်းတာကိုတောင် ခွင့်မပြုထားပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top