Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နယ္သာလန္ႏုိင္ငံက ေက်ာင္းသူေတြျဖစ္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ လုိလာနဲ႔ အသက္ ၂၀ အရြယ္ ေမာ္နီကာတုိ႔က သူမတုိ႔ရဲ႕ အပ်ိဳစင္ ဘဝကို ဂ်ာမန္ဝက္ဘ္ဆုိက္တခုကတဆင့္ ေလလံတင္ေရာင္းခ်ဖုိ႔ ဆံုးျဖတ္လိုက္တယ္လို႔ သိရပါတယ္။

ၿဗိတိန္ႏုိင္ငံက ေက်ာင္းသူရဲ႕ ပထမဦးဆံုုး အပ်ိဳစင္ဘဝကုိ ေပါင္ ၁ သိန္း အျမင့္ဆံုးေစ်းနဲ႔ ဒီအပတ္ထဲမွာ ေရာင္းခ်ခဲ့တာကို သည္ဆန္းသတင္းမွာ ေဖာ္ျပၿပီးေနာက္ ဒတ္ခ်္ေက်ာင္းသူ ၂ ဦးက သူမတို႔ရဲ႕ အပ်ိဳစင္ဘဝကုိ ဒီလုိေရာင္းခ်ဖုိ႔ ေၾကညာခဲ့တာလို႔ သိရပါတယ္။

တကမာၻလံုးက အပ်ိဳစင္ေတြကို ေလလံတင္ေရာင္းခ်ေနတဲ့ စင္ဒရဲလားအက္စေကာ့တ္ ဝက္ဘ္ဆုိက္ကတဆင့္ လုိလာနဲ႔ ေမာ္နီကာတုိ႔ ၂ ဦးက သူမတုိ႔ရဲ႕ ကုိယ္ခႏၶာကို ေလလံတင္ေရာင္းခ်ဖို႔ ကမ္းလွမ္းခဲ့တာပါ။

လိုလာက အပ်ိဳစင္ျဖစ္ေၾကာင္း စစ္ေဆးထားၿပီး ဒါကို သက္ေသျပႏုိင္ဖုိ႔ ေဆးစာရြက္လည္း ရွိတယ္လို႔ ေျပာကာ အပ်ိဳစင္ဘဝကို ေရာင္းခ်လုိ႔ရတဲ့ ေငြနဲ႔ မိသားစုအေႂကြးေတြ ဆပ္ဖုိ႔နဲ႔ သူမရဲ႕ ေက်ာင္းစရိတ္ေတြအတြက္ သံုးမယ္လို႔ ဆုိပါတယ္။

“ေငြေၾကးအတြက္ စိတ္ပူရတာေတြ မရွိဖုိ႔နဲ႔ က်မရဲ႕ ေက်ာင္းစရိတ္အတြက္ ေပးခ်င္လို႔ စင္ဒရဲလားအက္စေကာ့ဝက္ဘ္ဆုိက္မွာ က်မရဲ႕ အပ်ိဳစင္ဘဝကို ေရာင္းခ်င္တာပါ။ ဒီေငြေတြနဲ႔ က်မမိသားစုမွာ တင္ေနတဲ့ အေႂကြးေတြကို ကူညီေျဖရွင္းဖုိ႔လည္း သံုးမယ္။”

အသက္ ၂၀ အရြယ္ ေမာ္နီကာကေတာ့ “ခုခ်ိန္ထိ က်မရဲ႕ အပ်ိဳစင္ဘဝကိုေပးဖို႔ ထိုက္တန္တဲ့သူ မေတြ႔ေသးဘူး။ ဒီလုိလုပ္တာက တကၠသုိလ္ေက်ာင္းစရိတ္က ေစ်းမေပါဘူးေလ။ က်မရဲ႕ ေက်ာင္းစရိတ္အတြက္ ဒါက အေထာက္အကူျဖစ္မယ္” လုိ႔ ေျပာပါတယ္။

ဆက္လက္ၿပီး သူမက “က်မတုိ႔ရဲ႕ ခႏၶာကုိယ္ကို က်မတုိ႔ကုိယ္တုိင္ ထိန္းခ်ဳပ္ရတာက အေရးႀကီးတယ္လုိ႔ က်မထင္တယ္။ တခ်ိဳ႕လူေတြက က်မအယူအဆကို သေဘာတူခ်င္မွ တူမယ္။ က်မအတြက္ ဒါက အေကာင္းဆံုးပဲလုိ႔ထင္တယ္။ ၿပီးေတာ့ ဒါက က်မရဲ႕ အနာဂတ္လံုၿခံဳဖုိ႔ အေထာက္အကူလည္း ျပဳမယ္” လုိ႔ ဆုိပါတယ္။

ေမာ္နီကာနဲ႔ လုိလာတုိ႔ ၂ ဦးစလံုးရဲ႕ လက္ရွိ အနိမ့္ဆံုး ေလလံေခၚေစ်းက ေပါင္ ၂ ေသာင္းလို႔ သိရပါတယ္။

အပ်ိဳစင္ဘဝကို ေပါင္ ၂ သိန္း အျမင့္ဆံုးေစ်းနဲ႔ ေလလံတင္ ေရာင္းခ်ၿပီးေနာက္ ဒီအပတ္ သတင္းေခါင္းႀကီးပိုင္းေတြမွာ ပါခဲ့တဲ့ အသက္ ၂၆ ႏွစ္အရြယ္ ၿဗိတိန္ေက်ာင္းသူ ဘရစ္ဂ်က္စမင္ရဲ႕ ေျခရာနင္းၿပီး သူမတုိ႔ ၂ ဦးက လုပ္ေဆာင္ခဲ့တာလို႔ ဆုိပါတယ္။

ဂ်က္စမင္က “ေရွး႐ုိးထံုးတမ္းစဥ္လာ လိုက္နာကာ လက္ထပ္ၿပီးမွ လိင္ဆက္ဆံမႈျပဳခ်င္တဲ့ အမ်ိဳးသမီးေတြကို က်မ တကယ္ပဲ ေလးစားပါတယ္။ က်မလည္း သူတုိ႔ထဲက တေယာက္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ က်မကို ေပ်ာ္ရႊင္ေစမယ့္ တျခားနည္းလမ္းတခုကို ေရြးခဲ့တယ္။ ဆံုးျဖတ္ခ်က္အတြက္ က်မ ေသခ်ာပါတယ္” လုိ႔ ေျပာပါတယ္။

အပ်ိဳစင္ေတြကို ေလလံတင္တဲ့ဝက္ဘ္ဆုိက္ လုပ္ကိုင္သူ ဂ်ာမန္အမ်ိဳးသားက “ဒီအမ်ိဳးသမီးငယ္ေတြ သူတုိ႔မလုပ္ခ်င္တဲ့အလုပ္ကို လုပ္ဖုိ႔ ဘယ္သူကမွ မတုိက္တြန္းခဲ့ပါဘူး။ လိင္မႈကိစၥမွာ သူတုိ႔ရဲ႕ ကုိယ္ပုိင္အယူအဆ၊ ကုိယ္ပိုင္အေတြးအေခၚနဲ႔ပါ” လုိ႔ ေျပာေၾကာင္း သည္ဆန္းသတင္းမွာ ႏုိဝင္ဘာ ၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#


နယ်သာလန်နိုင်ငံက ကျောင်းသူတွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် လိုလာနဲ့ အသက် ၂၀ အရွယ် မော်နီကာတို့က သူမတို့ရဲ့ အပျိုစင် ဘဝကို ဂျာမန်ဝက်ဘ်ဆိုက်တခုကတဆင့် လေလံတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက ကျောင်းသူရဲ့ ပထမဦးဆုံုး အပျိုစင်ဘဝကို ပေါင် ၁ သိန်း အမြင့်ဆုံးဈေးနဲ့ ဒီအပတ်ထဲမှာ ရောင်းချခဲ့တာကို သည်ဆန်းသတင်းမှာ ဖော်ပြပြီးနောက် ဒတ်ချ်ကျောင်းသူ ၂ ဦးက သူမတို့ရဲ့ အပျိုစင်ဘဝကို ဒီလိုရောင်းချဖို့ ကြေညာခဲ့တာလို့ သိရပါတယ်။

တကမ္ဘာလုံးက အပျိုစင်တွေကို လေလံတင်ရောင်းချနေတဲ့ စင်ဒရဲလားအက်စကော့တ် ဝက်ဘ်ဆိုက်ကတဆင့် လိုလာနဲ့ မော်နီကာတို့ ၂ ဦးက သူမတို့ရဲ့ ကိုယ်ခန္ဓာကို လေလံတင်ရောင်းချဖို့ ကမ်းလှမ်းခဲ့တာပါ။

လိုလာက အပျိုစင်ဖြစ်ကြောင်း စစ်ဆေးထားပြီး ဒါကို သက်သေပြနိုင်ဖို့ ဆေးစာရွက်လည်း ရှိတယ်လို့ ပြောကာ အပျိုစင်ဘဝကို ရောင်းချလို့ရတဲ့ ငွေနဲ့ မိသားစုအကြွေးတွေ ဆပ်ဖို့နဲ့ သူမရဲ့ ကျောင်းစရိတ်တွေအတွက် သုံးမယ်လို့ ဆိုပါတယ်။

“ငွေကြေးအတွက် စိတ်ပူရတာတွေ မရှိဖို့နဲ့ ကျမရဲ့ ကျောင်းစရိတ်အတွက် ပေးချင်လို့ စင်ဒရဲလားအက်စကော့ဝက်ဘ်ဆိုက်မှာ ကျမရဲ့ အပျိုစင်ဘဝကို ရောင်းချင်တာပါ။ ဒီငွေတွေနဲ့ ကျမမိသားစုမှာ တင်နေတဲ့ အကြွေးတွေကို ကူညီဖြေရှင်းဖို့လည်း သုံးမယ်။”

အသက် ၂၀ အရွယ် မော်နီကာကတော့ “ခုချိန်ထိ ကျမရဲ့ အပျိုစင်ဘဝကိုပေးဖို့ ထိုက်တန်တဲ့သူ မတွေ့သေးဘူး။ ဒီလိုလုပ်တာက တက္ကသိုလ်ကျောင်းစရိတ်က ဈေးမပေါဘူးလေ။ ကျမရဲ့ ကျောင်းစရိတ်အတွက် ဒါက အထောက်အကူဖြစ်မယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူမက “ကျမတို့ရဲ့ ခန္ဓာကိုယ်ကို ကျမတို့ကိုယ်တိုင် ထိန်းချုပ်ရတာက အရေးကြီးတယ်လို့ ကျမထင်တယ်။ တချို့လူတွေက ကျမအယူအဆကို သဘောတူချင်မှ တူမယ်။ ကျမအတွက် ဒါက အကောင်းဆုံးပဲလို့ထင်တယ်။ ပြီးတော့ ဒါက ကျမရဲ့ အနာဂတ်လုံခြုံဖို့ အထောက်အကူလည်း ပြုမယ်” လို့ ဆိုပါတယ်။

မော်နီကာနဲ့ လိုလာတို့ ၂ ဦးစလုံးရဲ့ လက်ရှိ အနိမ့်ဆုံး လေလံခေါ်ဈေးက ပေါင် ၂ သောင်းလို့ သိရပါတယ်။

အပျိုစင်ဘဝကို ပေါင် ၂ သိန်း အမြင့်ဆုံးဈေးနဲ့ လေလံတင် ရောင်းချပြီးနောက် ဒီအပတ် သတင်းခေါင်းကြီးပိုင်းတွေမှာ ပါခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ဗြိတိန်ကျောင်းသူ ဘရစ်ဂျက်စမင်ရဲ့ ခြေရာနင်းပြီး သူမတို့ ၂ ဦးက လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဂျက်စမင်က “ရှေးရိုးထုံးတမ်းစဉ်လာ လိုက်နာကာ လက်ထပ်ပြီးမှ လိင်ဆက်ဆံမှုပြုချင်တဲ့ အမျိုးသမီးတွေကို ကျမ တကယ်ပဲ လေးစားပါတယ်။ ကျမလည်း သူတို့ထဲက တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျမကို ပျော်ရွှင်စေမယ့် တခြားနည်းလမ်းတခုကို ရွေးခဲ့တယ်။ ဆုံးဖြတ်ချက်အတွက် ကျမ သေချာပါတယ်” လို့ ပြောပါတယ်။

အပျိုစင်တွေကို လေလံတင်တဲ့ဝက်ဘ်ဆိုက် လုပ်ကိုင်သူ ဂျာမန်အမျိုးသားက “ဒီအမျိုးသမီးငယ်တွေ သူတို့မလုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့ ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ လိင်မှုကိစ္စမှာ သူတို့ရဲ့ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ပါ” လို့ ပြောကြောင်း သည်ဆန်းသတင်းမှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top