Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Anti-Carcinogenic သတၱိပါ၀င္တဲ့ အသီးအႏွံေတြက ကင္ဆာဆဲလ္ေတြကို ေဘးထြက္ဆုိးက်ိဳးမရွိဘဲ ဖ်က္ဆီးေပးႏိုင္ပါတယ္။ အဲ့ဒီအစားအစာေတြကေတာ့ ဘလူးဘယ္ရီ၊ ၀ိုင္အနီ၊ အမည္းေရာင္ ေခ်ာကလပ္၊ နႏြင္း၊ ခရမ္းခ်ဥ္သီး တို႔ျဖစ္ပါတယ္။

ဘလူးဘယ္ရီ နဲ႔ Raspberries

ဘလူးဘယ္ရီနဲ႔ Raspberries သီးေတြမွာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တဲ့ သတၱိေတြနဲ႔ တျခား က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါ၀င္ပါတယ္။

ကင္ဆာေရာဂါ အမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏုိင္တဲ့ Phytochemicals ဓာတ္ေတြပါ၀င္ပါတယ္။ ဒီဘလူးဘယ္ရီနဲ႔ Raspberries အသီးေတြက မ်ိဳးဥျပႊန္ကင္ဆာေရာဂါကိုလည္း ပိုၿပီးထိေရာက္စြာ ကာကြယ္ေပးႏိုင္ပါတယ္။

၀ိုင္အနီ

၀ိုင္အနီမွာ Antioxidant ေတြအမ်ားႀကီးပါ၀င္ၿပီး ကင္ဆာေရာဂါမျဖစ္ပြားေအာင္လည္း ကာကြယ္ေပးပါတယ္။ ၀ိုင္အနီမွာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ကြန္ေပါင္းဓာတ္ေတြပါ၀င္ၿပီး အဲ့ဒီဓာတ္က ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈႏႈန္းကို တားျမစ္ႏိုင္ၿပီး ခႏၶာကိုယ္ထဲရွိ ဆဲလ္ေတြကို စြမ္းအင္ေတြေပးႏိုင္ကာ အႏၱရာယ္ရွိတဲ့ Free Radicals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

အနက္ေရာင္ ေခ်ာကလပ္

လူေတာ္ေတာ္မ်ားမ်ားက ေခ်ာကလပ္ကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ေခ်ာကလပ္က အရသာရွိၿပီး က်န္းမာေရးအတြက္လည္း ေကာင္းပါတယ္။ သင့္စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစၿပီး ကင္ဆာဆဲလ္ေတြကို ကာကြယ္ေပးရမွာလည္း အစြမ္းထက္ပါတယ္။

နႏြင္း

နႏြင္းမွာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္ၿပီး ေရာင္ရမ္းတာေတြကို ေလ်ာ့ပါးေစတဲ့ဓာတ္ေတြပါ၀င္ပါတယ္။ အဲ့ဒီအျပင္ အဆီေတြကိုလည္း ေလာင္ကၽြမ္းေစပါတယ္။

ခရမ္းခ်ဥ္သီး

ဟားဗတ္တကၠသိုလ္က ဆီးက်ိတ္ကင္ဆာ နဲ႔ ပတ္သက္ၿပီး သုေတသနတစ္ရပ္ျပဳလုပ္ခဲ့ပါတယ္။ တစ္လကို ခရမ္းခ်ဥ္သီး ၅ ခါထက္မနည္း စားသံုးသူေတြက ဆီးက်ိတ္ကင္ဆာ ျဖစ္ပြားႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္းေလ်ာ့နည္းသြားတာကို ေတြ႔ရွိခဲ့ရပါတယ္။

ခရမ္းခ်ဥ္သီးမွာ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္တဲ့ဓာတ္ေတြအျပင္ အစာေျခစနစ္ကို ေကာင္းေစၿပီး အပူခ်ိန္မ်ားမ်ားနဲ႔ခ်က္ရင္ ဗီတာမင္စီ ပါ၀င္မႈကိုေတာင္ တိုးေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyFood
#Unicode Version#
Anti-Carcinogenic သတ္တိပါဝင်တဲ့ အသီးအနှံတွေက ကင်ဆာဆဲလ်တွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ဖျက်ဆီးပေးနိုင်ပါတယ်။ အဲ့ဒီအစားအစာတွေကတော့ ဘလူးဘယ်ရီ၊ ဝိုင်အနီ၊ အမည်းရောင် ချောကလပ်၊ နနွင်း၊ ခရမ်းချဉ်သီး တို့ဖြစ်ပါတယ်။

ဘလူးဘယ်ရီ နဲ့ Raspberries

ဘလူးဘယ်ရီနဲ့ Raspberries သီးတွေမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ သတ္တိတွေနဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။

ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ Phytochemicals ဓာတ်တွေပါဝင်ပါတယ်။ ဒီဘလူးဘယ်ရီနဲ့ Raspberries အသီးတွေက မျိုးဥပြွှန်ကင်ဆာရောဂါကိုလည်း ပိုပြီးထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

ဝိုင်အနီ

ဝိုင်အနီမှာ Antioxidant တွေအများကြီးပါဝင်ပြီး ကင်ဆာရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ပေးပါတယ်။ ဝိုင်အနီမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပြီး အဲ့ဒီဓာတ်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို တားမြစ်နိုင်ပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေကို စွမ်းအင်တွေပေးနိုင်ကာ အန္တရာယ်ရှိတဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အနက်ရောင် ချောကလပ်

လူတော်တော်များများက ချောကလပ်ကို ကြိုက်နှစ်သက်ကြပါတယ်။ ချောကလပ်က အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ကင်ဆာဆဲလ်တွေကို ကာကွယ်ပေးရမှာလည်း အစွမ်းထက်ပါတယ်။

နနွင်း

နနွင်းမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ပါးစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

ခရမ်းချဉ်သီး

ဟားဗတ်တက္ကသိုလ်က ဆီးကျိတ်ကင်ဆာ နဲ့ ပတ်သက်ပြီး သုတေသနတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ တစ်လကို ခရမ်းချဉ်သီး ၅ ခါထက်မနည်း စားသုံးသူတွေက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။

ခရမ်းချဉ်သီးမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ဓာတ်တွေအပြင် အစာခြေစနစ်ကို ကောင်းစေပြီး အပူချိန်များများနဲ့ချက်ရင် ဗီတာမင်စီ ပါဝင်မှုကိုတောင် တိုးစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top