Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဧရာဝတီ တိုင္းေဒသႀကီး ပုသိမ္ျမဳိ့ နယ္ေျမစခန္းအပိုင္ အမွတ္ ၇ ရပ္ကြက္ မာတကမ္းနားလမ္းမွာ စိတ္က်မၼာေရးခ် ဳိ ့တဲ့ေနသူ လင္ေယာက္်ားက ဇနီးျဖစ္သူအား (၃)ေပခန္႔အ႐ွည္႐ွိ ၆ မူးလုံးသံေခ်ာင္းျဖင့္ ေနာက္ေျပာင္ၾကည္ဆယ္ ႐ုိက္ႏွက္ခဲ့ရာက လူသတ္မႈျဖင့္ အမႈဖြင့္ အေရးယူ ရေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ၆.၁၁.၂၀၁၇.ရက္ေန ႔ ည ၁၀ နာရီခြဲ အခ်ိန္ခန္႔က ဦးစုိးေအာင္ အသက္ ၅၇ ႏွစ္(ဘ)ဦးႀကီးျမင့္ သည္ ပုသိမ္ျမဳိ့ အမွတ္ ၇ ရပ္ကြက္အုပ္ခ်ဳပ္မႈ႐ုံးတြင္ တာဝန္ထမ္းေဆာင္ေနခ်ိန္ နယ္ေျမမႉးဦးေအာင္ေက်ာ္သူက ဖုန္းျဖင့္ ဆက္သြယ္၍ မာတကမ္းနားလမ္း မ်ဳိးခ်စ္ဆန္ဆက္ေ႐ွ႕ အိမ္အမွတ္မ႐ွိေန လႈိင္ထြန္း အသက္၂၇ ႏွစ္(ဘ)ဦးခင္ၫြန္႔ က်ဘမ္းလုပ္သား သည္ ဇနီးျဖစ္သူ မေအးေအးၾကဴ အသက္ ၂၇ ႏွစ္အား အ႐ွည္ ၃ ေပခန္႔ ၆ မူးလုံးသံေခ်ာင္းႏွင့္႐ုိက္၍ ေနအိမ္ေ႐ွ႕ခန္းမွာ သတိလစ္ေနေၾကာင္းေျပာသျဖင့္ အပိုင္နယ္ထိန္း ရဲဒုတပ္ၾကပ္ ေက်ာ္ဝင္းထြန္းႏွင့္အတူ အခင္းျဖစ္ရပ္သို႔သြားေရာက္ၾကၿပီး ျပည္သူတို႔၏အကူညီျဖင့္ လူနာအားေဆး႐ုံသို႔ရဲေဆးစာနဲ႔အတူ ရဲတပ္ၾကပ္ႀကီးဟန္စိုး တို႔က ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ေပးခဲ့သည္။

တရားခံအား နယ္ထိန္းႏွင့္ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႔က ထိန္းသိမ္ၿပီး စခန္းသို႔ေခၚေဆာင္လာခဲ့ကာ တာဝန္မႉးဖုန္းထက္အာကာထံ အပ္ႏွံေပးခဲ့၏၊ ထိုအခ်ိန္တြင္ ေဆး႐ုံတြင္ေဆးကုသေနေသာ မေအးေအးၾကဴသည္ ရ႐ွိေသာဒါဏ္ရာမ်ားေၾကာင့္ ေသဆုံးသြားေၾကာင္းသတင္းရ႐ွိသျဖင့္ ေသဆုံးသူအမ်ဳိးသၼီးမွာ သာေပါင္းျမဳိ့ ဘက္မွလာေရာက္အိမ္ေထာင္ၾကေနၿပီး ေဆြးမ်ဳိးသားခ်င္းမ႐ွိ၍ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ က တရားလိုျပဳတိုင္ၾကားခဲ့ပါသည္။

အဆုိပါအမႈအား ပုသိမ္ နယ္ေျမ ရဲစန္း (ပ)၂၉၀ /၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္၍ အမႈအား စခန္းမႉးရဲအုပ္ေအာင္ဝင္းျမင့္ က ျမင္ၾကားသက္ေသအခင္းျဖစ္ရပ္ စစ္ေဆးရာ တရားခံသည္ စိတ္က်မၼာေရး မေကာင္းေၾကာင္း ထင္ရာလုပ္ေလ့လုပ္ထ႐ွိေၾကာင္း သိရၿပီးတရားခံအား စစ္ေဆးရာ ေတြေဝေနၿပီး ဇနီးျဖစ္သူကုိ ခ်စ္လို႔ ေနာက္ေျပာင္ၾကည္စယ္ သံေခ်ာင္းနဲ႔႐ုိက္ေနျခင္းသာျဖစ္ေၾကာင္း ေျပာဆိုျခင္းမွလြဲ၍ အျခားဘာမွ ေမးမရျဖစ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ နယ်မြေစခန်းအပိုင် အမှတ် ၇ ရပ်ကွက် မာတကမ်းနားလမ်းမှာ စိတ်ကျမ္မာရေးချ ို့တဲ့နေသူ လင်ယောက်ျားက ဇနီးဖြစ်သူအား (၃)ပေခန့်အရှည်ရှိ ၆ မူးလုံးသံချောင်းဖြင့် နောက်ပြောင်ကြည်ဆယ် ရိုက်နှက်ခဲ့ရာက လူသတ်မှုဖြင့် အမှုဖွင့် အရေးယူ ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၆.၁၁.၂၀၁၇.ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က ဦးစိုးအောင် အသက် ၅၇ နှစ်(ဘ)ဦးကြီးမြင့် သည် ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်မှုရုံးတွင် တာဝန်ထမ်းဆောင်နေချိန် နယ်မြေမှူးဦးအောင်ကျော်သူက ဖုန်းဖြင့် ဆက်သွယ်၍ မာတကမ်းနားလမ်း မျိုးချစ်ဆန်ဆက်ရှေ့ အိမ်အမှတ်မရှိနေ လှိုင်ထွန်း အသက်၂၇ နှစ်(ဘ)ဦးခင်ညွန့် ကျဘမ်းလုပ်သား သည် ဇနီးဖြစ်သူ မအေးအေးကြူ အသက် ၂၇ နှစ်အား အရှည် ၃ ပေခန့် ၆ မူးလုံးသံချောင်းနှင့်ရိုက်၍ နေအိမ်ရှေ့ခန်းမှာ သတိလစ်နေကြောင်းပြောသဖြင့် အပိုင်နယ်ထိန်း ရဲဒုတပ်ကြပ် ကျော်ဝင်းထွန်းနှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက်ကြပြီး ပြည်သူတို့၏အကူညီဖြင့် လူနာအားဆေးရုံသို့ရဲဆေးစာနဲ့အတူ ရဲတပ်ကြပ်ကြီးဟန်စိုး တို့က ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့သည်။

တရားခံအား နယ်ထိန်းနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့က ထိန်းသိမ်ပြီး စခန်းသို့ခေါ်ဆောင်လာခဲ့ကာ တာဝန်မှူးဖုန်းထက်အာကာထံ အပ်နှံပေးခဲ့၏၊ ထိုအချိန်တွင် ဆေးရုံတွင်ဆေးကုသနေသော မအေးအေးကြူသည် ရရှိသောဒါဏ်ရာများကြောင့် သေဆုံးသွားကြောင်းသတင်းရရှိသဖြင့် သေဆုံးသူအမျိုးသ္မီးမှာ သာပေါင်းမြို့ ဘက်မှလာရောက်အိမ်ထောင်ကြနေပြီး ဆွေးမျိုးသားချင်းမရှိ၍ အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က တရားလိုပြုတိုင်ကြားခဲ့ပါသည်။

အဆိုပါအမှုအား ပုသိမ် နယ်မြေ ရဲစန်း (ပ)၂၉၀ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ အမှုအား စခန်းမှူးရဲအုပ်အောင်ဝင်းမြင့် က မြင်ကြားသက်သေအခင်းဖြစ်ရပ် စစ်ဆေးရာ တရားခံသည် စိတ်ကျမ္မာရေး မကောင်းကြောင်း ထင်ရာလုပ်လေ့လုပ်ထရှိကြောင်း သိရပြီးတရားခံအား စစ်ဆေးရာ တွေဝေနေပြီး ဇနီးဖြစ်သူကို ချစ်လို့ နောက်ပြောင်ကြည်စယ် သံချောင်းနဲ့ရိုက်နေခြင်းသာဖြစ်ကြောင်း ပြောဆိုခြင်းမှလွဲ၍ အခြားဘာမှ မေးမရဖြစ်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top