Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ဳပ္တို႕ရြာမွာဗ်ာ
ဦးတင္ေဆာင္ ဆိုတဲ့ လူႀကီးတစ္ေယာက္ ရွိတယ္။ သူက က်ဳပ္နဲ႕ အမ်ိဳးစပ္မယ္ဆိုရင္ က်ဳပ္ အေမရဲ႕ အေဖ၊ က်ဳပ္အဖုိးေပါ့ဗ်ာ။ အဲဒီ က်ဳပ္အဖုိးရဲ႕ အကို ျဖစ္သူပါ …. က်ဳပ္နဲ႕ ဘယ္ပံုဘယ္နည္း ေတာ္တံုးေတာ့ မသိဘူး။ အမ်ိဳးေတာ့ ေတာ္တယ္။ က်ဳပ္ကေတာ့ အဲဒီလူႀကီးကို ဘႀကီးအရြယ္မို႕ ဘႀကီးတင္ေဆာင္လို႔ပဲ ေခၚသဗ်။
အဲဒီ လူႀကီးက သရဲတေစၦ ဆိုတာကို နည္းနည္းမွ ေၾကာက္တတ္တဲ့လူ မဟုတ္ဘူး။ သူ မေၾကာက္တတ္ပံုကို က်ဳပ္နည္းနည္း ေျပာျပမယ္။

တစ္ခါကေပါ့  ဘႀကီးတင္ေဆာင္ တစ္ေယာက္ လြယ္အိတ္ႀကီး တစ္လံုးလြယ္ၿပီး ေတာထဲကို ဟင္းစားရွာဆိုၿပီး ထြက္သြားခဲ့တယ္။ ဟင္းစားဆိုတာက အသားေကာင္ သြားရွာတာ မဟုတ္ပါဘူး။ ေတာထဲကို ဟင္းခ်က္စားလို႕ရတဲ့ အသီးအရြက္ေတြ သြားရွာၿပီး ခူးယူတာေပါ့ဗ်ာ။ အဲဒီလို ဟင္းစားရွာ သြားလိုက္တာ ေန႕ခင္းကို ေရာက္သြားပါေလေရာ။ က်ဳပ္တို႕ ရြာဘက္မွာေတာ့ မုိးတြင္းမွ ဟင္းစားက ေပါတာ။ က်န္တဲ့ အခ်ိန္ေတြမွာေတာ့ ရွားသဗ်။ ဒါေၾကာင့္ ဟိုပတ္ရွာ၊ ဒီပတ္ရွာရင္းနဲ႕ ဘႀကီးတင္ေဆာင္ တစ္ေယာက္ ဟင္းစားရွာတာ ေနခင္းထိ ေရာက္သြားတာ။ ဟင္းစားလည္း လံုလံုေလာက္ေလာက္ ရေရာ၊ အိမ္ျပန္ဖုိ႕ ေျခဦးျပင္ပါေတာ့တယ္။

ရြာကို ျပန္တဲ့လမ္းမွာ သရက္ပင္ႀကီးေတြ႕ေတာ့ ေနကလည္း ပူတာနဲ႕ သရက္ပင္ အရိပ္ေအာက္ကို ခဏဝင္နားတယ္။ အဲဒီ သရက္ပင္ကလည္း က်ဳပ္တို႕ ရြာမွာ နာမည္ႀကီးပဲ။ ေတာင္အင္တိုင္း သရက္ပင္လို႕ က်ဳပ္တို႕ကေတာ့ ေခၚတယ္။ တစ္ေယာက္တည္းဆို သရက္ပင္နား သြားရဲတဲ့လူ သိပ္မရွိဘူး။ ညဘက္ မေျပာနဲ႕။ ေန႕ခင္းဘက္ေတာင္မွ အဲဒီ သရက္ပင္က သရဲ ေျခာက္တယ္ဗ်။ ဘႀကီးတင္ေဆာင္ ေရာက္သြားတဲ့အခ်ိန္က ေနမြန္းတည့္ေလာက္ ျဖစ္ေနပါၿပီ။

ဘႀကီးတင္ေဆာင္က သရက္ပင္ႀကီးေအာက္ ေအးေအးေဆးေဆး ဝင္ထိုင္ရင္း အေမာေျဖေနတုန္း၊ သူနဲ႕ ခပ္လွမ္းလွမ္း သစ္ကိုင္းက ေလမတုိက္ဘဲနဲ႕ တဝုန္းဝုန္း ထျမည္ပါေလေရာ။ အဲဒါနဲ႕ ဘႀကီးက လွမ္းၾကည့္လိုက္ေတာ့ …. အမေလးဗ်ာ … သရဲႀကီးက သရက္ကိုင္းေပၚမွာ ထိုင္ေနတာ … ေဆးလိပ္ႀကီးလည္း ဖြာလို႕ …။ အဲဒီလိုလည္း ေတြ႕လိုက္ေရာ ဘႀကီးတင္ေဆာင္က မေၾကာက္တတ္တဲ့ လူဆိုေတာ့ သရဲကို “ေဟ့ေကာင္ … မင္း ေျခာက္ေနလုိ႕လည္း အပိုပဲ။ ငါက မေၾကာက္တတ္ဘူးကြ၊ မင္းဟာမင္း ေန” လုိ႕ ေအးေအးပဲ ျပန္ေျပာလိုက္တယ္။ အဲဒီေနရာမွာ က်ဳပ္သာဆို … ေၾကာက္လြန္းလို႕ တစ္ခါတည္း အသက္ပါ ထြက္သြားႏိုင္တယ္။ အဲ့ေလာက္ထိ သတၱိရွိတာ …။ ဤကား စကားခ်ပ္။

ဘႀကီးက သရဲကို အဲဒီလို ေျပာလိုက္ေပမယ့္ သရဲက မေလးမခန္႕နဲ႕ ေဆးလိပ္ႀကီးကိုေတာင္ ထပ္ဖြာျပလိုက္ေသးတယ္။ ဒီအခါ ဘႀကီးတင္ေဆာင္က သူ႕ကို အဲဒီလို လုပ္ရမလားဆိုၿပီး ေနဦီး၊ ေနဦီး၊ မင္းေတာ့ ေနႏွင့္ဦီး၊ မင္း ငါ့အေၾကာင္း မသိေသးဘူး ထင္တယ္” ဆိုၿပီး သရဲကို ၾကည့္ေနရင္းနဲ႕ သရဲကို ပစ္ေပါက္ဖို႕ ေက်ာက္ခဲကို လက္နဲ႕ လိုက္စမ္းတယ္ဗ်။ စမ္းလို႕လည္း မရေရာ၊ ဟိုဟိုသည္သည္ ၾကည့္လိုက္ေတာ့ ခပ္လွမ္းလွမ္းမွာ ေက်ာက္ခဲ တစ္လံုးေတြ႕ေရာ။ ဒါနဲ႕ အဲဒီ ေက်ာက္ခဲကို သြားေကာက္ၿပီး သရဲကို ေပါက္မယ္လည္း လုပ္လိုက္ေရာ။ ဘေကာင့္သား သရဲက ေပ်ာက္သြားေရာဗ်ာ။

သရဲလည္း မျမင္ေရာ ဘႀကီးက သရဲထိုင္တဲ့ သရက္ကိုင္းကို စိတ္တုိတိုနဲ႕ ေပါက္ခ်လိုက္တယ္။ ဒါနဲ႕ပဲ ဘႀကီးတင္ေဆာင္ ရြာျပန္လာခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႕ ပတ္သက္ၿပီး ဆက္ေျပာရရင္ေတာ့ ဘႀကီးတင္ေဆာင္ အဲဒီ သရက္ပင္က အျပန္မွာ ခပ္လွမ္းလွမ္းလည္း ေရာက္ေရာ ေျမဇာခဲ (သဲခဲ) နဲ႕ တိုက္မိလို႕ လဲသြားခဲ့ပါေသးတယ္။ အိမ္လည္း ျပန္ေရာက္ေရာ ဖ်ားပါေလေရာ။ အဖ်ားက ႀကီးလာေတာ့ အိမ္သားေတြလည္း ဘာလုပ္လို႕ ဘာကိုင္ရမွန္း မသိတာနဲ႕ ရြာဦးေက်ာင္း ဆရာေတာ္ကို ညႀကီးမင္းႀကီး သြားပင့္ၾကပါတယ္။

ဘႀကီးက အိမ္ျပန္ေရာက္ေတာ့ သူေတြ႕ခဲ့ပံုေတြကို ေျပာျပထားေတာ့ သရဲက ျပဳစားထားလို႕ ဖ်ားတာပဲ ဆိုၿပီး ရြာဦးေက်ာင္း ဆရာေတာ္ကို သြားေရာက္ ပင့္ေဆာင္ၾကတာပါ။ ရြာဦးေက်ာင္း ဆရာေတာ္ရဲ႕ ေလာကီပညာကိုေတာ့ သိမ္ဝင္သပိတ္ကြဲနဲ႕ အသက္ဝင္လာေသာ ဘီလူးအင္းဆိုတဲ့ ပို႕စ္မွာ က်ေနာ္ ေရးသား ေဖာ္ျပခဲ့ၿပီးပါၿပီ။ ဆရာေတာ္လည္း ေရာက္ေရာ ဘႀကီးတင္ေဆာင္ ကိုၾကည့္ၿပီး သရဲက လဲတုန္း အပင္းထည့္လိုက္တာလို႕ ေျပာပါတယ္။ ဒါနဲ႕ပဲ ဆရာေတာ္က သူ႕ပညာအစြမ္းနဲ႕ ဘႀကီးကို ကုေပးခဲ့ပါတယ္။

အထက္က အေၾကာင္းအရာေတြကေတာ့ က်ဳပ္တို႕ရြာက ဘႀကီးတင္ေဆာင္ရဲ႕ သရဲကို နီးနီးကပ္ကပ္ ႀကံဳေတြ႕ခဲ့ရတာေတာင္ ေသြးမလန္႕ဘဲ အေၾကာက္အလန္႕မရွိ ရင္ဆုိင္ခဲ့တဲ့ အေၾကာင္းေလးပါပဲ။ က်ဳပ္က အဲဒီလို ထူးထူးဆန္းဆန္းနဲ႕ သရဲတေစၦ အေၾကာင္းေတြကို စိတ္ဝင္စားသလို အဲဒါေတြနဲ႕ ပတ္သက္တာေတြကိုလည္း ကိုယ့္ထက္ ႀကီးငယ္မဟူ ေမးျမန္း စပ္စုခဲ့ပါတယ္။ က်ဳပ္စပ္စုထားတာေတြကို ဒီေနရာက လူေတြကို ျပန္ရွဲတာပါပဲ။ ဟုတ္မဟုတ္ေတာ့ ခ်င့္ယံုေပါ့ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: AnZarTone
#Unicode Version#
 ကျုပ်တို့ရွာမှာဗျာ
ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျုပ်အဖိုးရဲ့ အကို ဖြစ်သူပါ …. ကျုပ်နဲ့ ဘယ်ပုံဘယ်နည်း တော်တုံးတော့ မသိဘူး။ အမျိုးတော့ တော်တယ်။ ကျုပ်ကတော့ အဲဒီလူကြီးကို ဘကြီးအရွယ်မို့ ဘကြီးတင်ဆောင်လို့ပဲ ခေါ်သဗျ။
အဲဒီ လူကြီးက သရဲတစ္ဆေ ဆိုတာကို နည်းနည်းမှ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ သူ မကြောက်တတ်ပုံကို ကျုပ်နည်းနည်း ပြောပြမယ်။

တစ်ခါကပေါ့  ဘကြီးတင်ဆောင် တစ်ယောက် လွယ်အိတ်ကြီး တစ်လုံးလွယ်ပြီး တောထဲကို ဟင်းစားရှာဆိုပြီး ထွက်သွားခဲ့တယ်။ ဟင်းစားဆိုတာက အသားကောင် သွားရှာတာ မဟုတ်ပါဘူး။ တောထဲကို ဟင်းချက်စားလို့ရတဲ့ အသီးအရွက်တွေ သွားရှာပြီး ခူးယူတာပေါ့ဗျာ။ အဲဒီလို ဟင်းစားရှာ သွားလိုက်တာ နေ့ခင်းကို ရောက်သွားပါလေရော။ ကျုပ်တို့ ရွာဘက်မှာတော့ မိုးတွင်းမှ ဟင်းစားက ပေါတာ။ ကျန်တဲ့ အချိန်တွေမှာတော့ ရှားသဗျ။ ဒါကြောင့် ဟိုပတ်ရှာ၊ ဒီပတ်ရှာရင်းနဲ့ ဘကြီးတင်ဆောင် တစ်ယောက် ဟင်းစားရှာတာ နေခင်းထိ ရောက်သွားတာ။ ဟင်းစားလည်း လုံလုံလောက်လောက် ရရော၊ အိမ်ပြန်ဖို့ ခြေဦးပြင်ပါတော့တယ်။

ရွာကို ပြန်တဲ့လမ်းမှာ သရက်ပင်ကြီးတွေ့တော့ နေကလည်း ပူတာနဲ့ သရက်ပင် အရိပ်အောက်ကို ခဏဝင်နားတယ်။ အဲဒီ သရက်ပင်ကလည်း ကျုပ်တို့ ရွာမှာ နာမည်ကြီးပဲ။ တောင်အင်တိုင်း သရက်ပင်လို့ ကျုပ်တို့ကတော့ ခေါ်တယ်။ တစ်ယောက်တည်းဆို သရက်ပင်နား သွားရဲတဲ့လူ သိပ်မရှိဘူး။ ညဘက် မပြောနဲ့။ နေ့ခင်းဘက်တောင်မှ အဲဒီ သရက်ပင်က သရဲ ခြောက်တယ်ဗျ။ ဘကြီးတင်ဆောင် ရောက်သွားတဲ့အချိန်က နေမွန်းတည့်လောက် ဖြစ်နေပါပြီ။

ဘကြီးတင်ဆောင်က သရက်ပင်ကြီးအောက် အေးအေးဆေးဆေး ဝင်ထိုင်ရင်း အမောဖြေနေတုန်း၊ သူနဲ့ ခပ်လှမ်းလှမ်း သစ်ကိုင်းက လေမတိုက်ဘဲနဲ့ တဝုန်းဝုန်း ထမြည်ပါလေရော။ အဲဒါနဲ့ ဘကြီးက လှမ်းကြည့်လိုက်တော့ …. အမလေးဗျာ … သရဲကြီးက သရက်ကိုင်းပေါ်မှာ ထိုင်နေတာ … ဆေးလိပ်ကြီးလည်း ဖွာလို့ …။ အဲဒီလိုလည်း တွေ့လိုက်ရော ဘကြီးတင်ဆောင်က မကြောက်တတ်တဲ့ လူဆိုတော့ သရဲကို “ဟေ့ကောင် … မင်း ခြောက်နေလို့လည်း အပိုပဲ။ ငါက မကြောက်တတ်ဘူးကွ၊ မင်းဟာမင်း နေ” လို့ အေးအေးပဲ ပြန်ပြောလိုက်တယ်။ အဲဒီနေရာမှာ ကျုပ်သာဆို … ကြောက်လွန်းလို့ တစ်ခါတည်း အသက်ပါ ထွက်သွားနိုင်တယ်။ အဲ့လောက်ထိ သတ္တိရှိတာ …။ ဤကား စကားချပ်။

ဘကြီးက သရဲကို အဲဒီလို ပြောလိုက်ပေမယ့် သရဲက မလေးမခန့်နဲ့ ဆေးလိပ်ကြီးကိုတောင် ထပ်ဖွာပြလိုက်သေးတယ်။ ဒီအခါ ဘကြီးတင်ဆောင်က သူ့ကို အဲဒီလို လုပ်ရမလားဆိုပြီး နေဦီး၊ နေဦီး၊ မင်းတော့ နေနှင့်ဦီး၊ မင်း ငါ့အကြောင်း မသိသေးဘူး ထင်တယ်” ဆိုပြီး သရဲကို ကြည့်နေရင်းနဲ့ သရဲကို ပစ်ပေါက်ဖို့ ကျောက်ခဲကို လက်နဲ့ လိုက်စမ်းတယ်ဗျ။ စမ်းလို့လည်း မရရော၊ ဟိုဟိုသည်သည် ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ကျောက်ခဲ တစ်လုံးတွေ့ရော။ ဒါနဲ့ အဲဒီ ကျောက်ခဲကို သွားကောက်ပြီး သရဲကို ပေါက်မယ်လည်း လုပ်လိုက်ရော။ ဘကောင့်သား သရဲက ပျောက်သွားရောဗျာ။

သရဲလည်း မမြင်ရော ဘကြီးက သရဲထိုင်တဲ့ သရက်ကိုင်းကို စိတ်တိုတိုနဲ့ ပေါက်ချလိုက်တယ်။ ဒါနဲ့ပဲ ဘကြီးတင်ဆောင် ရွာပြန်လာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်ပြောရရင်တော့ ဘကြီးတင်ဆောင် အဲဒီ သရက်ပင်က အပြန်မှာ ခပ်လှမ်းလှမ်းလည်း ရောက်ရော မြေဇာခဲ (သဲခဲ) နဲ့ တိုက်မိလို့ လဲသွားခဲ့ပါသေးတယ်။ အိမ်လည်း ပြန်ရောက်ရော ဖျားပါလေရော။ အဖျားက ကြီးလာတော့ အိမ်သားတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ ရွာဦးကျောင်း ဆရာတော်ကို ညကြီးမင်းကြီး သွားပင့်ကြပါတယ်။

ဘကြီးက အိမ်ပြန်ရောက်တော့ သူတွေ့ခဲ့ပုံတွေကို ပြောပြထားတော့ သရဲက ပြုစားထားလို့ ဖျားတာပဲ ဆိုပြီး ရွာဦးကျောင်း ဆရာတော်ကို သွားရောက် ပင့်ဆောင်ကြတာပါ။ ရွာဦးကျောင်း ဆရာတော်ရဲ့ လောကီပညာကိုတော့ သိမ်ဝင်သပိတ်ကွဲနဲ့ အသက်ဝင်လာသော ဘီလူးအင်းဆိုတဲ့ ပို့စ်မှာ ကျနော် ရေးသား ဖော်ပြခဲ့ပြီးပါပြီ။ ဆရာတော်လည်း ရောက်ရော ဘကြီးတင်ဆောင် ကိုကြည့်ပြီး သရဲက လဲတုန်း အပင်းထည့်လိုက်တာလို့ ပြောပါတယ်။ ဒါနဲ့ပဲ ဆရာတော်က သူ့ပညာအစွမ်းနဲ့ ဘကြီးကို ကုပေးခဲ့ပါတယ်။

အထက်က အကြောင်းအရာတွေကတော့ ကျုပ်တို့ရွာက ဘကြီးတင်ဆောင်ရဲ့ သရဲကို နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရတာတောင် သွေးမလန့်ဘဲ အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ကျုပ်က အဲဒီလို ထူးထူးဆန်းဆန်းနဲ့ သရဲတစ္ဆေ အကြောင်းတွေကို စိတ်ဝင်စားသလို အဲဒါတွေနဲ့ ပတ်သက်တာတွေကိုလည်း ကိုယ့်ထက် ကြီးငယ်မဟူ မေးမြန်း စပ်စုခဲ့ပါတယ်။ ကျုပ်စပ်စုထားတာတွေကို ဒီနေရာက လူတွေကို ပြန်ရှဲတာပါပဲ။ ဟုတ်မဟုတ်တော့ ချင့်ယုံပေါ့ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: AnZarTone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top