ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဒီေန႔ အထိလည္း ဒီေရာဂါကို ကုသႏိုင္တဲ့ ေဆးမရွိေသးပါဘူး။ ဒါေပမဲ့ ဒါကို အေျဖရွာဖို႔ လုပ္ေဆာင္သြားမယ့္သူကေတာ့ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ ဘီလ္ဂိတ္ ျဖစ္ၿပီး “အယ္ဇိုင္းမားေရာဂါကို ကုသႏိုင္မယ့္ဘယ္နည္းမဆို ကြၽန္ေတာ္တို႔ရဲ႕ ဒီေန႔ေလာကႀကီးအတြက္ တိုးတက္မႈတစ္ခု ျဖစ္လာမွာပါ။ ကြၽန္ေတာ္ရဲ႕ ေရရွည္ ရည္မွန္းခ်က္ကေတာ့ ဒီေရာဂါကို အၿပီးသတ္ ေပ်ာက္ကင္းေအာင္ကုသနည္းေတြ႕ဖို႔ပါပဲ။”လို႔ ဘီလ္ဂိတ္က ဆိုပါတယ္။

အယ္လ္ဇိုင္းမားေရာဂါဆိုတာ ၁၈၆၄ မွ ၁၉၁၅ ခုႏွစ္အတြင္း ေနထိုင္သြားတဲ့ ဂ်ာမန္ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ပါရဂူ အယ္လ္ဇိုင္းမားကို အစြဲျပဳၿပီး ေပးထားတဲ့ ေရာဂါျဖစ္ပါတယ္။ အယ္လ္ဇိုင္းမားေရာဂါ ဟာ အာ႐ုံေၾကာ အားနည္းလာတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အခ်ိန္ၾကာလာေလ ေရာဂါပိုဆိုးလာတတ္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ပထမဆုံး ျဖစ္တတ္လာတတ္တဲ့ ေရာဂါလကၡဏာေတြကေတာ့ လတ္တေလာမွတ္ဉာဏ္မ်ားကို ေမ့ေလ်ာ့လာတတ္ၿပီး ေနာက္ပိုင္းမွာ မွတ္ဉာဏ္က ဘာမွ မမွတ္သားႏိုင္ေတာ့ဘဲ ကိုယ္လက္အဂၤါေတြကိုေတာင္ မထိန္းႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တဲ့ ေရာဂါမ်ိဳးျဖစ္ပါတယ္။ ကုသဖို႔ေဆး ယခုအခ်ိန္ထိမရွိေသးဘဲ ေရာဂါ လကၡဏာေတြ႕ၿပီး ၃ ႏွစ္ မွ ၁၀ ႏွစ္အတြင္း ေသဆုံးေစႏိုင္တဲ့ ေရာဂါမ်ိဳးလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ တစ္ကမာၻလုံးမွာ အယ္လ္ဇိုင္းမွာ ေရာဂါ ခံစားေနရသူ ၄၇ သန္းအထိရွိတယ္ လို႔ခန႔္မွန္းရပါတယ္။

ဘီလ္ဂိတ္ကေတာ့ အယ္လ္ဇိုင္းမားေရာဂါတိုက္ဖ်က္ဖို႔အတြက္ ေဒၚလာ သန္း ၅၀ ခန႔္ကို ဒီေရာဂါအေၾကာင္းေလ့လာဖို႔အတြက္ အသုံးျပဳသြားမွာ ျဖစ္ၿပီး ဒါဟာ မကူးစက္ႏိုင္တဲ့ ေရာဂါတစ္မ်ိဳးအတြက္ ဘီလ္ဂိတ္ရဲ႕ပထမဆုံးလုပ္ေဆာင္ခ်က္လည္း ျဖစ္ပါတယ္။ အရင္က ဘီလ္ဂိတ္ဟာ ဂိတ္ေဖာင္ေဒရွင္းမွတဆင့္ ကူးစက္ေရာဂါေတြ ျဖစ္တဲ့ HIV ေရာဂါ၊ ငွက္ဖ်ားေရာဂါနဲ႔ ပိုလီယို ေရာဂါကုသေရးေတြမွာပဲ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ယေန႔မွာ အယ္ဇိုင္းမားဟာ ဦးေႏွာက္မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းမ်ားရဲ႕ အဓိက လက္သည္ တရားခံျဖစ္ေနၿပီး အေမရိကန္ႏိုင္ငံမွာ လူေသႏႈန္း အမ်ားဆုံးေရာဂါ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတဲ့ေရာဂါျဖစ္ပါတယ္။ လက္ရွိအခ်ိန္ အေမရိကန္မွာ အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရသူ ၅ သန္းခန႔္ရွိၿပီး ဒီလူနာမ်ားေၾကာင့္ တစ္ႏွစ္ကို ေဒၚလာ 259 ဘီလီယံေလာက္ ကုန္က်ေနပါတယ္။ ဒီ ေရာဂါကို ကုသဖို႔ နည္းလမ္းမရွိေသးဘူးဆိုရင္ ၂၀၅၀ ခုႏွစ္ခန႔္မွာ အေမရိကန္ ႏိုင္ငံသား ၁၆ သန္းေလာက္ အယ္လ္ဇိုင္းမား ေရာဂါ ရလာႏိုင္ၿပီး ႏိုင္ငံကို တစ္ႏွစ္လွ်င္ ေဒၚလာ ၁ ႀတီလီယံ ကုန္က်ေစႏိုင္လိမ့္မယ္ လို႔ခန႔္မွန္းရပါတယ္။ ေဆးပညာရွင္ေတြကေတာ့ အယ္ဇိုင္းမားေရာဂါဟာ ကင္ဆာနဲ႔ ႏွလုံးေရာဂါလိုပဲျဖစ္ၿပီး ဒီေရာဂါေတြကို ကုသႏိုင္ ဖို႔ဆိုရင္ ေစာစီးစြာ သိရွိျခင္းနဲ႔ ႀကိဳတင္ကာကြယ္ျခင္းတို႔ျဖင့္သာ ကုသႏိုင္တယ္လို႔ဆိုထားၾကပါတယ္။

“တစ္ေန႔တျခားႀကီးလာတဲ့ ဝန္ထုတ္ဝန္ပိုးႀကီးက မယုံႏိုင္စရာပါပဲ။ ကြၽန္ေတာ္ မိသားစုထဲမွာလည္း ဒီေရာဂါ ခံစားေနရတဲ့သူေတြ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ ဒီေရာဂါ ဘယ္ေလာက္ဆိုးသလဲဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ အယ္လ္ဇိုင္းမားေရာဂါ ကုသေရးကို စလုပ္တာ မဟုတ္ေပမဲ့ ဒီအခ်က္ေၾကာင့္ အယ္လ္ဇိုင္းမားေရာဂါကို ကုသေရးရွာဖို႔ စိတ္ဝင္စားခဲ့တာပါပဲ။ နည္းပညာနဲ႔ တီထြင္မႈေတြဟာ သမိုင္းတစ္ေလွ်ာက္အခက္ခဲဆုံး ပုစာၦေတြကို ေျဖရွင္းေပးႏိုင္တယ္ဆိုတာကို ကြၽန္ေတာ္ စြဲစြဲၿမဲၿမဲ ယုံၾကည္သူတစ္ေယာက္ပါ။ ”လို႔ ဘီလ္ဂိတ္က CNN နဲ႔ေတြ႕ဆုံစဥ္မွာ ေျပာၾကားခဲ့ပါတယ္။

ဂိတ္ရဲ႕ လႉဒါန္းမႈနဲ႔ဆို ဂိတ္ဟာ ဒီေရာဂါနဲ႔ ပတ္သတ္လို႔ ပိုၿပီး ဆန္းသစ္တဲ့ အေတြးအျမင္ေတြ ရလာဖို႔ ေမွ်ာ္လင့္ေနၿပီး အရင္ရွာေဖြထားခဲ့တဲ့ ကုသနည္းေတြနဲ႔ ဆန္းသစ္တဲ့တီထြင္မႈေတြက အယ္လ္ဇိုင္းမားေရာဂါကို ကုသႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

“ဒီဆယ္စုႏွစ္ဟာ တိုးတက္မႈေတြ အမ်ားႀကီးခ်န္ရစ္ႏိုင္ခဲ့မယ္ ဆယ္စုႏွစ္တစ္ခုပါ။ အေကာင္းဆုံးကေတာ့ ေနာက္ႏွစ္ႏွစ္ သုံးႏွစ္အတြင္းမွာ ေပၚလာမယ့္ ေဆးဝါးေတြက ဒီေရာဂါကို ကုသလာႏိုင္မယ့္ အေျခအေနေတြရွိေနပါတယ္။ ” ဘီလ္ဂိတ္ကိုယ္တိုင္လည္း ဒီေရာဂါ ျဖစ္လာမွာ စိုးရိမ္စိတ္ရွိသူတစ္ေယာက္ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဂိတ္ဟာ ႀကိဳတင္ကာကြယ္ျခင္း၊ အားကစားလုပ္ျခင္းနဲ႔ စိတ္က်န္းမာေရး ေကာင္းမြန္ေအာင္ျပဳလုပ္ေနတယ္ လို႔ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမို(ရိုးရာေလး)
#Unicode Version#


ဒီနေ့ အထိလည်း ဒီရောဂါကို ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဒါပေမဲ့ ဒါကို အဖြေရှာဖို့ လုပ်ဆောင်သွားမယ့်သူကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလ်ဂိတ် ဖြစ်ပြီး “အယ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့်ဘယ်နည်းမဆို ကျွန်တော်တို့ရဲ့ ဒီနေ့လောကကြီးအတွက် တိုးတက်မှုတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်ရဲ့ ရေရှည် ရည်မှန်းချက်ကတော့ ဒီရောဂါကို အပြီးသတ် ပျောက်ကင်းအောင်ကုသနည်းတွေ့ဖို့ပါပဲ။”လို့ ဘီလ်ဂိတ်က ဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါဆိုတာ ၁၈၆၄ မှ ၁၉၁၅ ခုနှစ်အတွင်း နေထိုင်သွားတဲ့ ဂျာမန် ဦးနှောက်နှင့် အာရုံကြော ပါရဂူ အယ်လ်ဇိုင်းမားကို အစွဲပြုပြီး ပေးထားတဲ့ ရောဂါဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ဟာ အာရုံကြော အားနည်းလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အချိန်ကြာလာလေ ရောဂါပိုဆိုးလာတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး ဖြစ်တတ်လာတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ လတ်တလောမှတ်ဉာဏ်များကို မေ့လျော့လာတတ်ပြီး နောက်ပိုင်းမှာ မှတ်ဉာဏ်က ဘာမှ မမှတ်သားနိုင်တော့ဘဲ ကိုယ်လက်အင်္ဂါတွေကိုတောင် မထိန်းနိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ကုသဖို့ဆေး ယခုအချိန်ထိမရှိသေးဘဲ ရောဂါ လက္ခဏာတွေ့ပြီး ၃ နှစ် မှ ၁၀ နှစ်အတွင်း သေဆုံးစေနိုင်တဲ့ ရောဂါမျိုးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာ အယ်လ်ဇိုင်းမှာ ရောဂါ ခံစားနေရသူ ၄၇ သန်းအထိရှိတယ် လို့ခန့်မှန်းရပါတယ်။

ဘီလ်ဂိတ်ကတော့ အယ်လ်ဇိုင်းမားရောဂါတိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်း ၅၀ ခန့်ကို ဒီရောဂါအကြောင်းလေ့လာဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပြီး ဒါဟာ မကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးအတွက် ဘီလ်ဂိတ်ရဲ့ပထမဆုံးလုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ အရင်က ဘီလ်ဂိတ်ဟာ ဂိတ်ဖောင်ဒေရှင်းမှတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ HIV ရောဂါ၊ ငှက်ဖျားရောဂါနဲ့ ပိုလီယို ရောဂါကုသရေးတွေမှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာ အယ်ဇိုင်းမားဟာ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်းများရဲ့ အဓိက လက်သည် တရားခံဖြစ်နေပြီး အမေရိကန်နိုင်ငံမှာ လူသေနှုန်း အများဆုံးရောဂါ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ရောဂါဖြစ်ပါတယ်။ လက်ရှိအချိန် အမေရိကန်မှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူ ၅ သန်းခန့်ရှိပြီး ဒီလူနာများကြောင့် တစ်နှစ်ကို ဒေါ်လာ 259 ဘီလီယံလောက် ကုန်ကျနေပါတယ်။ ဒီ ရောဂါကို ကုသဖို့ နည်းလမ်းမရှိသေးဘူးဆိုရင် ၂၀၅၀ ခုနှစ်ခန့်မှာ အမေရိကန် နိုင်ငံသား ၁၆ သန်းလောက် အယ်လ်ဇိုင်းမား ရောဂါ ရလာနိုင်ပြီး နိုင်ငံကို တစ်နှစ်လျှင် ဒေါ်လာ ၁ တြီလီယံ ကုန်ကျစေနိုင်လိမ့်မယ် လို့ခန့်မှန်းရပါတယ်။ ဆေးပညာရှင်တွေကတော့ အယ်ဇိုင်းမားရောဂါဟာ ကင်ဆာနဲ့ နှလုံးရောဂါလိုပဲဖြစ်ပြီး ဒီရောဂါတွေကို ကုသနိုင် ဖို့ဆိုရင် စောစီးစွာ သိရှိခြင်းနဲ့ ကြိုတင်ကာကွယ်ခြင်းတို့ဖြင့်သာ ကုသနိုင်တယ်လို့ဆိုထားကြပါတယ်။

“တစ်နေ့တခြားကြီးလာတဲ့ ဝန်ထုတ်ဝန်ပိုးကြီးက မယုံနိုင်စရာပါပဲ။ ကျွန်တော် မိသားစုထဲမှာလည်း ဒီရောဂါ ခံစားနေရတဲ့သူတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီရောဂါ ဘယ်လောက်ဆိုးသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ကျွန်တော် အယ်လ်ဇိုင်းမားရောဂါ ကုသရေးကို စလုပ်တာ မဟုတ်ပေမဲ့ ဒီအချက်ကြောင့် အယ်လ်ဇိုင်းမားရောဂါကို ကုသရေးရှာဖို့ စိတ်ဝင်စားခဲ့တာပါပဲ။ နည်းပညာနဲ့ တီထွင်မှုတွေဟာ သမိုင်းတစ်လျှောက်အခက်ခဲဆုံး ပုစ္ဆာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်သူတစ်ယောက်ပါ။ ”လို့ ဘီလ်ဂိတ်က CNN နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဂိတ်ရဲ့ လှူဒါန်းမှုနဲ့ဆို ဂိတ်ဟာ ဒီရောဂါနဲ့ ပတ်သတ်လို့ ပိုပြီး ဆန်းသစ်တဲ့ အတွေးအမြင်တွေ ရလာဖို့ မျှော်လင့်နေပြီး အရင်ရှာဖွေထားခဲ့တဲ့ ကုသနည်းတွေနဲ့ ဆန်းသစ်တဲ့တီထွင်မှုတွေက အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဒီဆယ်စုနှစ်ဟာ တိုးတက်မှုတွေ အများကြီးချန်ရစ်နိုင်ခဲ့မယ် ဆယ်စုနှစ်တစ်ခုပါ။ အကောင်းဆုံးကတော့ နောက်နှစ်နှစ် သုံးနှစ်အတွင်းမှာ ပေါ်လာမယ့် ဆေးဝါးတွေက ဒီရောဂါကို ကုသလာနိုင်မယ့် အခြေအနေတွေရှိနေပါတယ်။ ” ဘီလ်ဂိတ်ကိုယ်တိုင်လည်း ဒီရောဂါ ဖြစ်လာမှာ စိုးရိမ်စိတ်ရှိသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂိတ်ဟာ ကြိုတင်ကာကွယ်ခြင်း၊ အားကစားလုပ်ခြင်းနဲ့ စိတ်ကျန်းမာရေး ကောင်းမွန်အောင်ပြုလုပ်နေတယ် လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို(ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top