Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေန႔လယ္စာ စားၿပီးတုိင္း လူႀကီးမ်ားတြင္ အိပ္ခ်င္၊ ငိုက္မ်ဥ္းေလ့ ရွိၾကသည္။ အဆီအအိမ့္ႏွင့္ အခ်ဳိအစားမ်ားလွ်င္ လူႀကီးမ်ား သာမက လူငယ္မ်ားတြင္ပါ အိပ္ခ်င္စိတ္ ျဖစ္ေလ့ရွိသည္။ ဤသုိ႔ ျဖစ္ရျခင္းမွာ စားထားေသာ အစာမ်ားသျဖင့္ အစာအိမ္မွ အစာမေျခႏုိင္ဘဲ အစာမေၾက သျဖင့္ ျဖစ္ရျခင္း ျဖစ္သည္။

လူႀကီးမ်ားတြင္ အသက္ႀကီး လာေသာအခါ ပါစကဝမ္းမီး ေခၚ အစာေျခရည္ ထြက္ျခင္းမွာ အားနည္းသြား သျဖင့္ ငယ္စဥ္က တစ္နာရီႏွင့္ အစာေၾကလွ်င္ ႀကီးလာေသာအခါ ႏွစ္နာရီခန္႔ ၾကာမွသာ အစာေၾက ႏုိင္သည္။

ေၾကညက္ခဲေသာ အစာ ေကာက္ညႇင္း၊ ဆန္ၾကမ္း စသည္စားလွ်င္ ပုိ၍ဆုိးသည္။ အသက္ႀကီးသူ မ်ားကုိ ေအးေသာထမင္း၊ ဆန္ၾကမ္း၊ ထမင္းၾကမ္းမ်ား မေကြၽးသင့္ပါ။ အစာေၾကညက္ လြယ္ေသာ ဆန္မ်ဳိးကုိ ခ်က္ၿပီး ပူပူေႏြးေႏြးေကြၽးလွ်င္ အစာေၾက ႏုိင္သည္။

လူႀကီးမ်ားအတြက္ ေန႔လယ္စာ ထမင္းစားၿပီးလွ်င္ တစ္ေရး အိပ္စက္ျခင္းသည္ အစာကို ေၾကေစၿပီး ခြန္အားကို တုိးေစသည္။ ပင္ပန္းႏြမ္းနယ္မႈ မ်ားကုိ ေလ်ာ့ပါးေစသည္။ စိတ္ကုိ လန္းဆန္းေစသည္။ အေၾကာအျခင္မ်ား ကို ေလ်ာ့ပါးေစသည္ ဟု ေရွးက အာယုေဗၺဒ သိမ္ျဖဴေဆး သိပၸံဆရာေတာ္ႀကီး က အမိန္႔ရွိခဲ့ ဖူးသည္။

ေန႔လယ္စာစားၿပီး အားရွိေအာင္၊ အစာေၾကေအာင္ အိပ္စက္ျခင္းသည္ ေကာင္းပါသည္။ သုိ႔ေသာ္ နာရီဝက္၊ တစ္နာရီခန္႔သာ အိပ္စက္သင့္သည္။ ထုိ႔ထက္ပုိ၍ ညေနေစာင္းသည္ အထိ အိပ္စက္လွ်င္ ဖ်ားနာတတ္သည္။ စိတ္လက္ မၾကည္ဘဲ ပုိ၍ပင္ ဆုိးတတ္သည္။ ညေနအထိ အိပ္လွ်င္ ဝမ္းခ်ဳပ္တတ္သည္။ စျမင္းခံ တတ္သည္။ လူႀကီးမ်ားတြင္ ဝမ္းခ်ဳပ္ စျမင္းခံလွ်င္ အေညာင္းအကုိက္ ေရာဂါ ျဖစ္တတ္သည္။

ေန႔လယ္ခင္း အိပ္လွ်င္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖုိ႔ မလုိ၊ ေမွးစက္႐ုံမွ်သာ ျဖစ္သင့္သည္။ ေခါင္းအုံး ခပ္ျမင့္ျမင့္ျဖင့္ ဇက္ကို မတ္မတ္ထားၿပီး အိပ္ပါ။ ေဘးတေစာင္း ေခြေခါက္ မအိပ္သင့္ပါ။ ပက္လက္ အေနအထား ျဖင့္အိပ္လွ်င္ အစာအိမ္မွ အစာေျခရည္ ႏွင့္ေျခၿပီး အစာမ်ား ေအာက္ဘက္ အူသိမ္အူမ မ်ားသုိ႔ စီးဆင္းရန္ လြယ္ကူသည္။ တစ္ဖက္သုိ႔ ေစာင္းအိပ္လွ်င္ အူသိမ္ ဦးပုိင္းတြင္ အစာလမ္းေၾကာင္း ပိတ္ဆုိ႔ၿပီး ေလနာ ျဖစ္တတ္သည္။

အစာအိမ္၏ အထြက္တြင္ အူသိမ္ဦးပုိင္းဟု ေခၚေသာ အေကာက္ကေလး ရွိသည္။ ခႏၶာေဗဒ ဘာသာတြင္ Duodenum ဟု ေခၚသည္။ အစာအိမ္ႀကီးႏွင့္ အာဟာရကို စုပ္ယူမည့္ အူေသးမ်ား (Small Intestine) ကုိ ဆက္သြယ္ေပးေသာ ေနရာျဖစ္သည္။ ထုိေနရာတြင္ပင္ သည္းေျခအိတ္မွ ထြက္ေသာ အစာေျခရည္ ႏွင့္ ပန္ကရိယ Pancreas မွထြက္ေသာ အစာေျခရည္ကို ႏွစ္မ်ဳိး ေပါင္းစပ္ၿပီး အဆီခဲပါေသာ အစာႏွင့္ အခ်ဳိဓာတ္ တုိ႔ကို အစာေျခေပးသည္။ ထုိအေကာက္ ကေလးသည္ အစာေျခမႈတြင္ အေရးႀကီးေသာ အဂၤါ အစိတ္အပုိင္း ျဖစ္သည္။

ထမင္းစားၿပီး ေခြေခါက္အိပ္ေလ့ ရွိသူမ်ား၊ အဆီဖတ္၊ အဆီခဲမ်ား လြန္ကဲစြာ စားသုံးသူမ်ားႏွင့္ အပူအစပ္၊ အရက္ေသစာ ေသာက္စားမႈ လြန္ကဲသူမ်ားတြင္ အစာအိမ္ သာမက အူသိမ္ဦးပုိင္း Duodenum တြင္ပါ အနာ ျဖစ္ႏုိင္သည္။ အနာျဖစ္လုိက္ ေဆးကုလိုက္ႏွင့္ ၾကာလွ်င္ အနာေဖး တက္ၿပီး အနာရြတ္မ်ား ေၾကာင့္ အူသိမ္ဦးပုိင္း ထြက္လမ္း က်ဥ္းေျမာင္းၿပီး ပိတ္ဆုိ႔သြားေသာ အခါ ခြဲစိတ္ကုသရ သည္အထိ ျဖစ္ႏုိင္သည္။

အစာအိမ္နာ၊ အူသိမ္နာ ျဖစ္ဖူးသူမ်ားသည္ အစာစားလွ်င္လည္း ဗုိက္နာ၊ အစာစားခ်ိန္ မစားရလွ်င္လည္း ဗုိက္နာေလ့ရွိသည္။ အစာကုိ တဝမစားဘဲ ေလွ်ာ့စားသင့္သည္။ နည္းနည္းခ်င္းႏွင့္ အႀကိမ္မ်ားမ်ား စားေပးလွ်င္ အစာေျခႏုိင္သည္။ တစ္ေန႔ ထမင္းႏွစ္နပ္ စားမည့္အစား သုံးႀကိမ္၊ ေလးႀကိမ္ နည္းနည္းခ်င္း စားလွ်င္ ပုိေကာင္းသည္။ အစာအိမ္ေရာဂါကုိ အစာစား နည္းစနစ္ ေျပာင္းၿပီး ကုသႏုိင္သည္။ ေဆးမလုိပါ။ အပူအစပ္ႏွင့္ အေၾကာ္အေလွာ္၊ အကင္မ်ားသည္ အစာအိမ္နာ ရွိသူႏွင့္ လုံးဝမသင့္ပါ။ အရက္ႏွင့္ ဆုိဒါ အျပင္ ဂက္စ္ျဖင့္ ဖိထားေသာ ေဖာက္လုိက္လွ်င္ အျမႇဳပ္ထြက္သည့္ အခ်ဳိရည္၊ သံဘူးမ်ားကိုပါ ေရွာင္သင့္သည္။ ၄င္းတုိ႔သည္ အစာအိမ္နာကို ေခတၱမွ် သက္သာေစ ေသာ္လည္း အစာအိမ္ကို ေရာင္ေစၿပီး အစာေျခရည္ကုိ ဓာတ္ပ်က္ေစႏုိင္ေသာေၾကာင့္ျဖစ္သည္။ အစာစားၿပီး လွ်င္ ၿငိမ္ၿငိမ္ ထုိင္ေနျခင္းႏွင့္ လႈပ္ရွားေနျခင္း တုိ႔တြင္ လႈပ္ရွား ေနျခင္းက ပုိ၍ အစာေၾက ေစႏုိင္သည္။

ေၾကေသာအစာကုိ အူသိမ္ဦးပုိင္းမွ ေအာက္ပုိင္းသုိ႔ လ်င္ျမန္စြာ သက္ဆင္း ေစႏုိင္သည္။ လူငယ္ လူလတ္ပုိင္း မ်ားတြင္ အစာစားၿပီးလွ်င္ ထုိင္မေနဘဲ လႈပ္ရွား သြားလာမႈ ျပဳလုပ္ျခင္း သည္သာ အေကာင္းဆံုံး ျဖစ္သည္။ ေသြးလွည့္ပတ္မႈ အားေကာင္း၊ အစာေျခ အားေကာင္းသည့္ အရြယ္တြင္ ေန႔လယ္ အိပ္စက္ျခင္းသည္ အက်ဳိးမရွိပါ။

လူငယ္၊ လူလတ္မ်ားႏွင့္ အသက္ ၅၅ ႏွစ္ ေက်ာ္လာေသာ လူႀကီးပုိင္းမ်ား အစာေျခရည္ ထုတ္ႏုိင္အား မတူပါ။ အာယုေဗၺဒ ေဆးပညာ အလုိအရလည္း ''ဝမ္းမီး'' အားမတူၾက ေတာ့ပါ။ လူငယ္မ်ားတြင္ ဝမ္းမီးအား ေကာင္းေနသျဖင့္ စားသမွ် ေၾကႏုိင္သည္။ လူႀကီးမ်ားတြင္ ဝမ္းမီးအား နည္းလာၿပီး အစာမေၾကႏုိင္ သျဖင့္ ေန႔လယ္ ထမင္းစားၿပီးလွ်င္ အိပ္ငုိက္ျခင္း ျဖစ္သည္။

တက္စာမ်ား ျဖစ္ေသာ ဆူးပုပ္ႀကီး၊ ပဲႀကီး၊ တညင္းသီး၊ ငါးသေလာက္၊ မွ်စ္ခ်ဥ္၊ ငါးဥမ်ား၊ ငါးခ်ဥ္၊ ပုစြန္ခ်ဥ္၊ တမာခ်ဥ္၊ ၾကက္ဟင္းခါးသီး၊ ေၾကာင္လွ်ာသီး၊ ေခြးေတာက္ရြက္၊ ငါးပိေကာင္၊ ငံျပာရည္ခ်က္ စသည္ မ်ား စားၿပီးေသာ အခါတြင္လည္း အိပ္ခ်င္ ငုိက္မ်ဥ္းခ်င္ ျခင္းျဖစ္သည္။ ထုိကဲ့သုိ႔ တက္စာႏွင့္ ေန႔လယ္စာစား ၿပီးလွ်င္ ေခတၱ အိပ္စက္ျခင္းျဖင့္ အတက္ သက္သာၿပီး လူလည္းလန္းဆန္း သြားေစႏုိင္သည္။ ေသြးတုိးေရာဂါ ရွိသူ မ်ားလည္း ေန႔လယ္တြင္ အနားယူ အိပ္စက္ျခင္းျဖင့္ ေသြးေပါင္ Blood Pressure တက္ျခင္းကို သက္သာ ေစႏုိင္ေၾကာင္း ေတြ႕ရွိရသည္။

ငယ္စဥ္က ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ေနခဲ့ဖူး ပါသည္။ ေက်ာင္း ဆရာေတာ္ႀကီး သည္ ေန႔လယ္ဆြမ္း စားၿပီးေနာက္ တစ္ေရးအိပ္ က်ိန္းစက္ေလ့ ရွိသည္ကို အမွတ္ရမိ ပါသည္။ ဘုန္းႀကီးမ်ား သည္ လူမ်ားကဲ့သို႔ ညေနစာ စားေလ့ မရွိသျဖင့္ ေန႔ဆြမ္းကို အဝစား (ဘုန္းေပး) ေလ့ ရွိၾကသျဖင့္ အစာေၾကခဲျခင္း ျဖစ္သည္။ ဆြမ္းစားၿပီး အခ်ဳိပြဲမ်ား ကပ္ေလ့ရွိၾကရာ ပို၍ အစာေၾက ခဲသည္။ အစာမေၾကလွ်င္ ေလျဖတ္ ႏိုင္သျဖင့္ ညေနခ်ိန္တြင္ ထန္းလ်က္ႏွင့္ ေဖ်ာ္ေသာ မန္က်ည္း ေဖ်ာ္ရည္၊ ဥသွ်စ္သီး ေဖ်ာ္ရည္၊ သစ္သီးေဖ်ာ္ရည္ မ်ား ကပ္ေပးျခင္းျဖင့္ ဆရာေတာ္ႀကီး မ်ားကို ေလေရာဂါမွ ကင္းေဝး ေစႏိုင္မည္ ျဖစ္သည္။

ဝမ္းသက္လြယ္သူ မ်ားသည္ ေန႔လယ္စာ စားၿပီးလွ်င္ ေရေႏြးၾကမ္း ေသာက္ေပးလွ်င္ အစာေၾကၿပီး ဝမ္းမွန္ေစသည္။ ဝမ္းခ်ဳပ္တတ္သူ မ်ားမွာ ေန႔လယ္စာစား ၿပီးလွ်င္ သစ္သီးေဖ်ာ္ရည္ တစ္ခုခု ေသာက္ေပးလွ်င္ ဝမ္းမွန္ ေစႏိုင္သည္။ ငွက္ေပ်ာသီး ဖီးၾကမ္း၊ ေရွာက္သီးေဖ်ာ္ရည္ ေသာက္ေပးလွ်င္လည္း ဝမ္းခ်ဳပ္ျခင္း၊ စျမင္းခံျခင္း ေဘးမွ ကင္းေဝးႏိုင္ပါသည္။ ေန႔လယ္စာႏွင့္ ညေနစာမ်ား စားလွ်င္ မိမိစားေသာ အစာတြင္ ပါဝင္သည့္အရာကို လိုက္၍ ဆင္ျခင္သင့္ သည္မွာ ဥပမာ-ခ်ဥ္ေပါင္ဟင္း၊ ပဲဟင္းစေသာ ဝမ္းသက္ေစေသာ အစာမ်ားပါလွ်င္ ထမင္းစားၿပီး ေသာအခါ ေရေႏြးၾကမ္း အဖန္ရည္ ေသာက္သင့္သည္။ ၾကက္သား၊ ဆိတ္သား၊ အမဲသား၊ ေကာက္ညႇင္း၊ တညင္းသီး၊ ဒံေပါက္၊ အုန္းထမင္း စသည္မ်ား စားၿပီးလွ်င္ အစာေၾကေစရန္ ေရွာက္သီးေဖ်ာ္ရည္၊ သံပရာေဖ်ာ္ရည္၊ လိေမၼာ္၊ ကမၺလာသီး ေဖ်ာ္ရည္မ်ား ေသာက္သံုးသင့္ ပါသည္။ အစာပိတ္ ေသာက္မည့္ အရည္ကို အပူအေအး သင့္ရာ ေရြးခ်ယ္ႏိုင္လွ်င္ အစာအိမ္ကို မထိခိုက္ဘဲ အစာေၾကေစၿပီး ဝမ္းမွန္ေစႏိုင္မည္ ျဖစ္သည္။

ေန႔လယ္စာစားၿပီး တစ္ေရး အိပ္ျခင္းသည္ လူငယ္မ်ားအတြက္ မသင့္ေလ်ာ္ ေသာ္လည္း သက္ႀကီးဝါႀကီး၊ ဘုန္းႀကီးရဟန္းမ်ား၊ လူအိုမ်ား သာမက က်န္းမာေရး ခ်ဳိ႕တဲ့ ေနမေကာင္းသူ၊ သြားလာလႈပ္ရွားမႈ မျပဳႏိုင္သူမ်ားတြင္ ေကာင္းေသာ အျပဳအမူ ျဖစ္ပါသည္။ တစ္ေမွး၊ တစ္ေရး အိပ္စက္ျခင္းသည္ တျခား အာ႐ံုေထြျပားမႈ မရွိေတာ့သျဖင့္ ခႏၶာကိုယ္၏ အပူဓာတ္ မွန္သမွ်သည္ ဝမ္းမီးသို႔ အားျဖည့္ေပးကာ အစာေျခအား ေကာင္းေစႏိုင္သည္။

ဝမ္းမီး ေကာင္းသျဖင့္ ေျခေသာ အစာသည္ ဝမ္းမခ်ဳပ္၊ စျမင္းမျဖစ္ေစဘဲ ေနာက္တစ္ႀကိမ္ ဆာေလာင္ျခင္းကို အားေပးသျဖင့္ ေနာက္တစ္ေန႔ တြင္လည္း စားေကာင္းလာမည္ ျဖစ္ပါေၾကာင္း ႐ိုးရာ ေဆးပညာ အျမင္႐ႈေထာင့္မွ ေလ့လာမိသမွ် တင္ျပ လိုက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီေန႔စဥ္

# Unicode Version ျဖင့္ ဖတ္ပါ #

နေ့လယ်စာ စားပြီးတိုင်း လူကြီးများတွင် အိပ်ချင်၊ ငိုက်မျဉ်းလေ့ ရှိကြသည်။ အဆီအအိမ့်နှင့် အချိုအစားများလျှင် လူကြီးများ သာမက လူငယ်များတွင်ပါ အိပ်ချင်စိတ် ဖြစ်လေ့ရှိသည်။ ဤသို့ ဖြစ်ရခြင်းမှာ စားထားသော အစာများသဖြင့် အစာအိမ်မှ အစာမခြေနိုင်ဘဲ အစာမကြေ သဖြင့် ဖြစ်ရခြင်း ဖြစ်သည်။

လူကြီးများတွင် အသက်ကြီး လာသောအခါ ပါစကဝမ်းမီး ခေါ် အစာခြေရည် ထွက်ခြင်းမှာ အားနည်းသွား သဖြင့် ငယ်စဉ်က တစ်နာရီနှင့် အစာကြေလျှင် ကြီးလာသောအခါ နှစ်နာရီခန့် ကြာမှသာ အစာကြေ နိုင်သည်။

ကြေညက်ခဲသော အစာ ကောက်ညှင်း၊ ဆန်ကြမ်း စသည်စားလျှင် ပို၍ဆိုးသည်။ အသက်ကြီးသူ များကို အေးသောထမင်း၊ ဆန်ကြမ်း၊ ထမင်းကြမ်းများ မကျွေးသင့်ပါ။ အစာကြေညက် လွယ်သော ဆန်မျိုးကို ချက်ပြီး ပူပူနွေးနွေးကျွေးလျှင် အစာကြေ နိုင်သည်။

လူကြီးများအတွက် နေ့လယ်စာ ထမင်းစားပြီးလျှင် တစ်ရေး အိပ်စက်ခြင်းသည် အစာကို ကြေစေပြီး ခွန်အားကို တိုးစေသည်။ ပင်ပန်းနွမ်းနယ်မှု များကို လျော့ပါးစေသည်။ စိတ်ကို လန်းဆန်းစေသည်။ အကြောအခြင်များ ကို လျော့ပါးစေသည် ဟု ရှေးက အာယုဗ္ဗေဒ သိမ်ဖြူဆေး သိပ္ပံဆရာတော်ကြီး က အမိန့်ရှိခဲ့ ဖူးသည်။

နေ့လယ်စာစားပြီး အားရှိအောင်၊ အစာကြေအောင် အိပ်စက်ခြင်းသည် ကောင်းပါသည်။ သို့သော် နာရီဝက်၊ တစ်နာရီခန့်သာ အိပ်စက်သင့်သည်။ ထို့ထက်ပို၍ ညနေစောင်းသည် အထိ အိပ်စက်လျှင် ဖျားနာတတ်သည်။ စိတ်လက် မကြည်ဘဲ ပို၍ပင် ဆိုးတတ်သည်။ ညနေအထိ အိပ်လျှင် ဝမ်းချုပ်တတ်သည်။ စမြင်းခံ တတ်သည်။ လူကြီးများတွင် ဝမ်းချုပ် စမြင်းခံလျှင် အညောင်းအကိုက် ရောဂါ ဖြစ်တတ်သည်။

နေ့လယ်ခင်း အိပ်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ မလို၊ မှေးစက်ရုံမျှသာ ဖြစ်သင့်သည်။ ခေါင်းအုံး ခပ်မြင့်မြင့်ဖြင့် ဇက်ကို မတ်မတ်ထားပြီး အိပ်ပါ။ ဘေးတစောင်း ခွေခေါက် မအိပ်သင့်ပါ။ ပက်လက် အနေအထား ဖြင့်အိပ်လျှင် အစာအိမ်မှ အစာခြေရည် နှင့်ခြေပြီး အစာများ အောက်ဘက် အူသိမ်အူမ များသို့ စီးဆင်းရန် လွယ်ကူသည်။ တစ်ဖက်သို့ စောင်းအိပ်လျှင် အူသိမ် ဦးပိုင်းတွင် အစာလမ်းကြောင်း ပိတ်ဆို့ပြီး လေနာ ဖြစ်တတ်သည်။

အစာအိမ်၏ အထွက်တွင် အူသိမ်ဦးပိုင်းဟု ခေါ်သော အကောက်ကလေး ရှိသည်။ ခန္ဓာဗေဒ ဘာသာတွင် Duodenum ဟု ခေါ်သည်။ အစာအိမ်ကြီးနှင့် အာဟာရကို စုပ်ယူမည့် အူသေးများ (Small Intestine) ကို ဆက်သွယ်ပေးသော နေရာဖြစ်သည်။ ထိုနေရာတွင်ပင် သည်းခြေအိတ်မှ ထွက်သော အစာခြေရည် နှင့် ပန်ကရိယ Pancreas မှထွက်သော အစာခြေရည်ကို နှစ်မျိုး ပေါင်းစပ်ပြီး အဆီခဲပါသော အစာနှင့် အချိုဓာတ် တို့ကို အစာခြေပေးသည်။ ထိုအကောက် ကလေးသည် အစာခြေမှုတွင် အရေးကြီးသော အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။

ထမင်းစားပြီး ခွေခေါက်အိပ်လေ့ ရှိသူများ၊ အဆီဖတ်၊ အဆီခဲများ လွန်ကဲစွာ စားသုံးသူများနှင့် အပူအစပ်၊ အရက်သေစာ သောက်စားမှု လွန်ကဲသူများတွင် အစာအိမ် သာမက အူသိမ်ဦးပိုင်း Duodenum တွင်ပါ အနာ ဖြစ်နိုင်သည်။ အနာဖြစ်လိုက် ဆေးကုလိုက်နှင့် ကြာလျှင် အနာဖေး တက်ပြီး အနာရွတ်များ ကြောင့် အူသိမ်ဦးပိုင်း ထွက်လမ်း ကျဉ်းမြောင်းပြီး ပိတ်ဆို့သွားသော အခါ ခွဲစိတ်ကုသရ သည်အထိ ဖြစ်နိုင်သည်။

အစာအိမ်နာ၊ အူသိမ်နာ ဖြစ်ဖူးသူများသည် အစာစားလျှင်လည်း ဗိုက်နာ၊ အစာစားချိန် မစားရလျှင်လည်း ဗိုက်နာလေ့ရှိသည်။ အစာကို တဝမစားဘဲ လျှော့စားသင့်သည်။ နည်းနည်းချင်းနှင့် အကြိမ်များများ စားပေးလျှင် အစာခြေနိုင်သည်။ တစ်နေ့ ထမင်းနှစ်နပ် စားမည့်အစား သုံးကြိမ်၊ လေးကြိမ် နည်းနည်းချင်း စားလျှင် ပိုကောင်းသည်။ အစာအိမ်ရောဂါကို အစာစား နည်းစနစ် ပြောင်းပြီး ကုသနိုင်သည်။ ဆေးမလိုပါ။ အပူအစပ်နှင့် အကြော်အလှော်၊ အကင်များသည် အစာအိမ်နာ ရှိသူနှင့် လုံးဝမသင့်ပါ။ အရက်နှင့် ဆိုဒါ အပြင် ဂက်စ်ဖြင့် ဖိထားသော ဖောက်လိုက်လျှင် အမြှုပ်ထွက်သည့် အချိုရည်၊ သံဘူးများကိုပါ ရှောင်သင့်သည်။ ၎င်းတို့သည် အစာအိမ်နာကို ခေတ္တမျှ သက်သာစေ သော်လည်း အစာအိမ်ကို ရောင်စေပြီး အစာခြေရည်ကို ဓာတ်ပျက်စေနိုင်သောကြောင့်ဖြစ်သည်။ အစာစားပြီး လျှင် ငြိမ်ငြိမ် ထိုင်နေခြင်းနှင့် လှုပ်ရှားနေခြင်း တို့တွင် လှုပ်ရှား နေခြင်းက ပို၍ အစာကြေ စေနိုင်သည်။

ကြေသောအစာကို အူသိမ်ဦးပိုင်းမှ အောက်ပိုင်းသို့ လျင်မြန်စွာ သက်ဆင်း စေနိုင်သည်။ လူငယ် လူလတ်ပိုင်း များတွင် အစာစားပြီးလျှင် ထိုင်မနေဘဲ လှုပ်ရှား သွားလာမှု ပြုလုပ်ခြင်း သည်သာ အကောင်းဆုံံး ဖြစ်သည်။ သွေးလှည့်ပတ်မှု အားကောင်း၊ အစာခြေ အားကောင်းသည့် အရွယ်တွင် နေ့လယ် အိပ်စက်ခြင်းသည် အကျိုးမရှိပါ။

လူငယ်၊ လူလတ်များနှင့် အသက် ၅၅ နှစ် ကျော်လာသော လူကြီးပိုင်းများ အစာခြေရည် ထုတ်နိုင်အား မတူပါ။ အာယုဗ္ဗေဒ ဆေးပညာ အလိုအရလည်း ''ဝမ်းမီး'' အားမတူကြ တော့ပါ။ လူငယ်များတွင် ဝမ်းမီးအား ကောင်းနေသဖြင့် စားသမျှ ကြေနိုင်သည်။ လူကြီးများတွင် ဝမ်းမီးအား နည်းလာပြီး အစာမကြေနိုင် သဖြင့် နေ့လယ် ထမင်းစားပြီးလျှင် အိပ်ငိုက်ခြင်း ဖြစ်သည်။

တက်စာများ ဖြစ်သော ဆူးပုပ်ကြီး၊ ပဲကြီး၊ တညင်းသီး၊ ငါးသလောက်၊ မျှစ်ချဉ်၊ ငါးဥများ၊ ငါးချဉ်၊ ပုစွန်ချဉ်၊ တမာချဉ်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ခွေးတောက်ရွက်၊ ငါးပိကောင်၊ ငံပြာရည်ချက် စသည် များ စားပြီးသော အခါတွင်လည်း အိပ်ချင် ငိုက်မျဉ်းချင် ခြင်းဖြစ်သည်။ ထိုကဲ့သို့ တက်စာနှင့် နေ့လယ်စာစား ပြီးလျှင် ခေတ္တ အိပ်စက်ခြင်းဖြင့် အတက် သက်သာပြီး လူလည်းလန်းဆန်း သွားစေနိုင်သည်။ သွေးတိုးရောဂါ ရှိသူ များလည်း နေ့လယ်တွင် အနားယူ အိပ်စက်ခြင်းဖြင့် သွေးပေါင် Blood Pressure တက်ခြင်းကို သက်သာ စေနိုင်ကြောင်း တွေ့ရှိရသည်။

ငယ်စဉ်က ဘုန်းတော်ကြီး ကျောင်းတွင် နေခဲ့ဖူး ပါသည်။ ကျောင်း ဆရာတော်ကြီး သည် နေ့လယ်ဆွမ်း စားပြီးနောက် တစ်ရေးအိပ် ကျိန်းစက်လေ့ ရှိသည်ကို အမှတ်ရမိ ပါသည်။ ဘုန်းကြီးများ သည် လူများကဲ့သို့ ညနေစာ စားလေ့ မရှိသဖြင့် နေ့ဆွမ်းကို အဝစား (ဘုန်းပေး) လေ့ ရှိကြသဖြင့် အစာကြေခဲခြင်း ဖြစ်သည်။ ဆွမ်းစားပြီး အချိုပွဲများ ကပ်လေ့ရှိကြရာ ပို၍ အစာကြေ ခဲသည်။ အစာမကြေလျှင် လေဖြတ် နိုင်သဖြင့် ညနေချိန်တွင် ထန်းလျက်နှင့် ဖျော်သော မန်ကျည်း ဖျော်ရည်၊ ဥသျှစ်သီး ဖျော်ရည်၊ သစ်သီးဖျော်ရည် များ ကပ်ပေးခြင်းဖြင့် ဆရာတော်ကြီး များကို လေရောဂါမှ ကင်းဝေး စေနိုင်မည် ဖြစ်သည်။

ဝမ်းသက်လွယ်သူ များသည် နေ့လယ်စာ စားပြီးလျှင် ရေနွေးကြမ်း သောက်ပေးလျှင် အစာကြေပြီး ဝမ်းမှန်စေသည်။ ဝမ်းချုပ်တတ်သူ များမှာ နေ့လယ်စာစား ပြီးလျှင် သစ်သီးဖျော်ရည် တစ်ခုခု သောက်ပေးလျှင် ဝမ်းမှန် စေနိုင်သည်။ ငှက်ပျောသီး ဖီးကြမ်း၊ ရှောက်သီးဖျော်ရည် သောက်ပေးလျှင်လည်း ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း ဘေးမှ ကင်းဝေးနိုင်ပါသည်။ နေ့လယ်စာနှင့် ညနေစာများ စားလျှင် မိမိစားသော အစာတွင် ပါဝင်သည့်အရာကို လိုက်၍ ဆင်ခြင်သင့် သည်မှာ ဥပမာ-ချဉ်ပေါင်ဟင်း၊ ပဲဟင်းစသော ဝမ်းသက်စေသော အစာများပါလျှင် ထမင်းစားပြီး သောအခါ ရေနွေးကြမ်း အဖန်ရည် သောက်သင့်သည်။ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ကောက်ညှင်း၊ တညင်းသီး၊ ဒံပေါက်၊ အုန်းထမင်း စသည်များ စားပြီးလျှင် အစာကြေစေရန် ရှောက်သီးဖျော်ရည်၊ သံပရာဖျော်ရည်၊ လိမ္မော်၊ ကမ္ဗလာသီး ဖျော်ရည်များ သောက်သုံးသင့် ပါသည်။ အစာပိတ် သောက်မည့် အရည်ကို အပူအအေး သင့်ရာ ရွေးချယ်နိုင်လျှင် အစာအိမ်ကို မထိခိုက်ဘဲ အစာကြေစေပြီး ဝမ်းမှန်စေနိုင်မည် ဖြစ်သည်။

နေ့လယ်စာစားပြီး တစ်ရေး အိပ်ခြင်းသည် လူငယ်များအတွက် မသင့်လျော် သော်လည်း သက်ကြီးဝါကြီး၊ ဘုန်းကြီးရဟန်းများ၊ လူအိုများ သာမက ကျန်းမာရေး ချို့တဲ့ နေမကောင်းသူ၊ သွားလာလှုပ်ရှားမှု မပြုနိုင်သူများတွင် ကောင်းသော အပြုအမူ ဖြစ်ပါသည်။ တစ်မှေး၊ တစ်ရေး အိပ်စက်ခြင်းသည် တခြား အာရုံထွေပြားမှု မရှိတော့သဖြင့် ခန္ဓာကိုယ်၏ အပူဓာတ် မှန်သမျှသည် ဝမ်းမီးသို့ အားဖြည့်ပေးကာ အစာခြေအား ကောင်းစေနိုင်သည်။

ဝမ်းမီး ကောင်းသဖြင့် ခြေသော အစာသည် ဝမ်းမချုပ်၊ စမြင်းမဖြစ်စေဘဲ နောက်တစ်ကြိမ် ဆာလောင်ခြင်းကို အားပေးသဖြင့် နောက်တစ်နေ့ တွင်လည်း စားကောင်းလာမည် ဖြစ်ပါကြောင်း ရိုးရာ ဆေးပညာ အမြင်ရှုထောင့်မှ လေ့လာမိသမျှ တင်ပြ လိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီနေ့စဉ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top