Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အတင္းေျပာတာလည္း စြဲတတ္ပါတယ္။ စြဲသြားရင္ ျဖတ္ရခက္ပါတယ္။
တစ္စံုတစ္ေယာက္နဲ ့မေတြ႕လိုက္နဲ ့ ၊အတင္းေျပာဖုိ႔ကိုပဲ စိတ္က ညြတ္ေနေတာ့တာပါ။
ေတာ္ေတာ္မ်ားမ်ားက “အတင္းေျပာတာကို အကုသုိလ္”လုိ႔မထင္ပါဘူး။ ေျပာရိုးေျပာစဥ္ အလုပ္တစ္ခုလို ့ပဲ ထင္ထားတာပါ။ အတင္းေျပာတာဟာ ေပါ့ေသးေသး မဟုတ္ပါဘူး။

ျမတ္စြာဘုရားက -
“ပရ၀ဇၨာႏုပႆိႆ၊
နိစၥံ ဥဇၥ်ာန သညိေနာ။
အာသ၀ါ တႆ ၀ဎုႏၱိ၊
အာရာ ေသာ အာသ၀ကၡယာ။”လို ့ ေဟာျပေပးထားပါတယ္။အဓိပၸါယ္ကေတာ့ သူတစ္ပါးအတင္းေျပာေနတဲ့သူမွာ အာသေ၀ါတရားေတြ တိုးပြားျပီး ၊ နိဗၺာန္နဲ ့ေ၀းေနတတ္ပါတယ္တဲ့။

ဒါကိုေထာက္ျပီး နိဗၺာန္လိုခ်င္တဲ့သူဟာ သူတစ္ပါးအတင္းကို မေျပာရပါဘူး။
အတင္းေျပာရင္ နိဗၺာန္နဲ ့ ေ၀းေ၀းေနပါလိမ့္မယ္။

တရားသေဘာမသိခင္က ေျပာခဲ့တာေတြကေတာ့
ထားလိုက္ပါေတာ့။ သိျပီးေနာက္ပိုင္း မေျပာမိေအာင္ အထူးေစာင့္ထိန္းရပါမယ္။

တခ်ဳိ႕ဆုိ အတင္းေျပာရတာကို အရသာတစ္ခုလိုကို သေဘာထားျပီး ေျပာေနၾကတာပါ။
၀ါသနာတူခ်င္း ေတြ႕လိုက္လို ့ကေတာ့ ေျပာလို ့မဆံုးေတာ့ပါဘူး။

ဒါဟာ အရက္သမားေတြ “အရက္စြဲ”သလို ၊“အတင္းစြဲ”သြားေတာ့တာပါ။
အတင္းေျပာတဲ့ေရာဂါစြဲသြားရင္ ကုရခက္ပါတယ္။ ျမတ္စြာဘုရားအဆံုးအမေတြနဲ ့ ေသခ်ာျပန္ကုယူရပါတယ္။
မကုဘဲပစ္ထားရင္ ေရာဂါသည္းျပီး ဆိုးက်ိဳးေတြ ျဖစ္လာတတ္ပါတယ္။
လိုရင္းကေတာ့ အတင္းေျပာတာ “အကုသိုလ္”ဆိုတာကို ေသခ်ာႏွလံုးသြင္းထားလိုက္ဖုိ႔ပါ။

-【ဆရာေတာ္ အရွင္ရာဇိႏၵ (ရေဝႏြယ္-အင္းမ)】

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူၾကိဳဆရာ

# Unicode Version ျဖင့္ ဖတ္ပါ #

အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။
တစ်စုံတစ်ယောက်နဲ့မတွေ့လိုက်နဲ့ ၊အတင်းပြောဖို့ကိုပဲ စိတ်က ညွတ်နေတော့တာပါ။
တော်တော်များများက “အတင်းပြောတာကို အကုသိုလ်”လို့မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။

မြတ်စွာဘုရားက -
“ပရဝဇ္ဇာနုပဿိဿ၊
နိစ္စံ ဥဇ္ဈာန သညိနော။
အာသဝါ တဿ ဝဎုန္တိ၊
အာရာ သော အာသဝက္ခယာ။”လို့ ဟောပြပေးထားပါတယ်။အဓိပ္ပါယ်ကတော့ သူတစ်ပါးအတင်းပြောနေတဲ့သူမှာ အာသဝေါတရားတွေ တိုးပွားပြီး ၊ နိဗ္ဗာန်နဲ့ဝေးနေတတ်ပါတယ်တဲ့။

ဒါကိုထောက်ပြီး နိဗ္ဗာန်လိုချင်တဲ့သူဟာ သူတစ်ပါးအတင်းကို မပြောရပါဘူး။
အတင်းပြောရင် နိဗ္ဗာန်နဲ့ ဝေးဝေးနေပါလိမ့်မယ်။

တရားသဘောမသိခင်က ပြောခဲ့တာတွေကတော့
ထားလိုက်ပါတော့။ သိပြီးနောက်ပိုင်း မပြောမိအောင် အထူးစောင့်ထိန်းရပါမယ်။

တချို့ဆို အတင်းပြောရတာကို အရသာတစ်ခုလိုကို သဘောထားပြီး ပြောနေကြတာပါ။
ဝါသနာတူချင်း တွေ့လိုက်လို့ကတော့ ပြောလို့မဆုံးတော့ပါဘူး။

ဒါဟာ အရက်သမားတွေ “အရက်စွဲ”သလို ၊“အတင်းစွဲ”သွားတော့တာပါ။
အတင်းပြောတဲ့ရောဂါစွဲသွားရင် ကုရခက်ပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေနဲ့ သေချာပြန်ကုယူရပါတယ်။
မကုဘဲပစ်ထားရင် ရောဂါသည်းပြီး ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။
လိုရင်းကတော့ အတင်းပြောတာ “အကုသိုလ်”ဆိုတာကို သေချာနှလုံးသွင်းထားလိုက်ဖို့ပါ။

-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】

ဖိုးသူတော် (www.phothutaw.com)
Credit: မူကြိုဆရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top