Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံတြင္ တစ္ လလွ်င္ ပ်မ္းမွ်လူ ၂၉ ဦးႏႈန္းလူ ကုန္ကူးခံေနရေၾကာင္း လူကုန္ကူး မႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။၂၀၀၆ မွ ၂၀၁၆ အထိ ၁၀ ႏွစ္တာအတြင္း လူကုန္ကူးမႈျဖစ္စဥ္ ၁,၃၈၀ မႈ အ နက္ လူကုန္ကူးမႈက်ဴးလြန္သူ ၃,၇၁၃ ဦးကို အေရးယူႏိုင္ခဲ့ၿပီး လူကုန္ကူူးခံရသူ ၃,၄၈၀ ဦးကို ကယ္တင္ႏုိင္ခဲ့သည္ဟု အဆိုပါစာရင္းတြင္ ေဖာ္ျပသည္။ ယင္းကိန္းဂဏန္းမ်ားအရ ဆိုပါက တစ္လလွ်င္ ပ်မ္းမွ်လူ ၂၉ ဦးႏႈန္း လူ ကုန္ကူးခံေနရျခင္း ျဖစ္သည္။

ျဖစ္စဥ္မ်ားအရ တ႐ုတ္ႏုိင္ငံသို႔ ဦးတည္၍ ထိမ္းျမားလက္ထပ္ မႈအတြက္ လူကုန္ကူးခံရမႈအမ်ား ဆံုးျဖစ္ပြားေနၿပီး ကာယကံရွင္ကိုယ္တိုင္ သေဘာတူကာလိုက္ပါမႈမ်ားလည္း ရွိေနေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဒုတိယရဲမွဴးႀကီး သက္ေနာင္က 7Day Daily သတင္းစာအား ေျပာသည္။

လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕၏ ႏို၀င္ဘာ ၁ ရက္ ထုတ္ျပန္ခ်က္တြင္ ခုႏွစ္မ်ားအ လိုက္ ျဖစ္ပြားမႈ၊ ျပစ္မႈက်ဴးလြန္သူ ႏွင့္ လူကုန္ကူးခံရသူမ်ား၏ စာ ရင္းမ်ားသာေဖာ္ျပၿပီး အမႈျဖစ္ပြားပံုအပါအ၀င္ အျခားအေသးစိတ္အခ်က္အလက္မ်ား ေဖာ္ျပထားျခင္း မရွိေပ။

ျပည္တြင္းလူကုန္ကူးမႈမ်ား တြင္ ယခင္က ျဖစ္ပြားမႈမရွိခဲ့ေသာ ျပည္တြင္းငါးဖမ္းေလွမ်ားေပၚ တြင္ လုပ္အားေခါင္းပံုျဖတ္မႈမ်ား ကို ယခုေနာက္ပိုင္းေတြ႕လာရ ေၾကာင္း ယခင္အစိုးရလက္ထက္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ့သည့္ ဒုတိယရဲမွဴးႀကီး ၫြန္႔လိႈင္ (ၿငိမ္း)က ေျပာသည္။

‘‘အခု ထူးျခားတာကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ပိုင္း၊ လပိုင္းေတြမွာ တ႐ုတ္ျပည္က ျပန္ကယ္တဲ့အထဲ မွာ ဘယ္သူေတြပါလာလဲဆိုေတာ့ ကိုယ္တိုင္သေဘာတူ႐ုံတင္မက ဘူး။ ဒီဟာကို စီးပြားေရးလုပ္ငန္း တစ္ခုလို အလုပ္တစ္ခုသဖြယ္ လုပ္တဲ့ပံုစံမ်ဳိးေတြပါလာတာ ေတြ႕ရတယ္’’ဟု ၎က ေျပာသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံနယ္ စပ္ေဒသမ်ားရွိ စိုက္ပ်ဳိးေရးလုပ္ ငန္းမ်ားတြင္ သြားေရာက္အလုပ္ လုပ္ကိုင္သူမ်ားရွိေနရာ ယင္းလုပ္ငန္းခြင္မ်ားတြင္ တရား၀င္အလုပ္သမားအျဖစ္ သြားေရာက္လုပ္ကိုင္ခြင့္ရရွိေရး ႏွစ္ႏုိင္ငံအစိုးရခ်င္းညႇိႏိႈင္းရန္ လိုအပ္မည္ဟု ၎က ဆိုသည္။

‘‘ခက္တာက တ႐ုတ္ျပည္က ျပည္ပအလုပ္သမားကို မလိုခ်င္ ဘူး။ ဘာလို႔လဲဆိုရင္ သူ႕ဆီမွာ လည္း လုပ္အားအျပည့္  ရွိေန တယ္။ တစ္ခုပဲရွိတယ္။ သူတို႔ဆီ မွာလည္း ေက်းလက္ကလူေတြ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈကို အေၾကာင္းျပၿပီး ေရႊ႕သြားေတာ့ ေက်းလက္က စိုက္ပ်ဳိးေရး  လုပ္ငန္းေတြမွာ လူလို တယ္။ အဲဒါေတြအတြက္ ျမန္မာ ျပည္က လူေတြကို ငွားတယ္။ ဒါ ဆိုရင္လည္း နယ္စပ္ေဒသေတြမွာဒီလူေတြတရား၀င္အလုပ္သမား ေတြအျဖစ္ လုပ္ခြင့္ရေအာင္ ေျပာ ရေတာ့မယ္။ တရား၀င္ျဖစ္မွ တရား၀င္  အခြင့္အေရးေတြ ရ မယ္။ အလုပ္သမားအခြင့္အေရး ေတြရမယ္’’ဟု ဒုတိယရဲမွဴးႀကီး ၫြန္႔လိႈင္ (ၿငိမ္း)က ေျပာသည္။

လူကုန္ကူးခံရသူမ်ားသည္ အဓမၼထိမ္းျမားလက္ထပ္ျခင္း၊ ျပည့္တန္ဆာအျဖစ္ ခိုင္းေစျခင္း၊ လုပ္အားေခါင္းပံုျဖတ္ျခင္း၊ အဓမၼေစခိုင္းျခင္း၊ ကေလးသူငယ္လူ ကုန္ကူးျခင္း၊ အဓမၼေတာင္းရမ္း ေစခိုင္းျခင္း၊ အဓမၼေမြးစားျခင္းႏွင့္ လိင္မႈဆိုင္ရာ  ေခါင္းပံုျဖတ္ျခင္းဆိုသည့္ ပံုစံ ခုနစ္မ်ဳိးျဖင့္ ျဖစ္ပြား ေနေၾကာင္း လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ ထားသည္။

ထို႔အျပင္ လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရး  ရဲတပ္ဖြဲ႕သည္ အဓိကအားျဖင့္ လူေမွာင္ခိုအမႈ ႏွင့္ ကေလးသူငယ္မ်ားအား မ ေတာ္မတရား ျပဳလုပ္မႈမ်ားကို လည္း စံုစမ္းေဖာ္ထုတ္အေရးယူ ေဆာင္ရြက္ေနၿပီး ျပည္သူမ်ားကလည္း ပူးေပါင္းပါ၀င္ေပးရန္ေမတၱာရပ္ခံအပ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မြန်မာနိုင်ငံတွင် တစ် လလျှင် ပျမ်းမျှလူ ၂၉ ဦးနှုန်းလူ ကုန်ကူးခံနေရကြောင်း လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။၂၀၀၆ မှ ၂၀၁၆ အထိ ၁၀ နှစ်တာအတွင်း လူကုန်ကူးမှုဖြစ်စဉ် ၁,၃၈၀ မှု အ နက် လူကုန်ကူးမှုကျူးလွန်သူ ၃,၇၁၃ ဦးကို အရေးယူနိုင်ခဲ့ပြီး လူကုန်ကူူးခံရသူ ၃,၄၈၀ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အဆိုပါစာရင်းတွင် ဖော်ပြသည်။ ယင်းကိန်းဂဏန်းများအရ ဆိုပါက တစ်လလျှင် ပျမ်းမျှလူ ၂၉ ဦးနှုန်း လူ ကုန်ကူးခံနေရခြင်း ဖြစ်သည်။

ဖြစ်စဉ်များအရ တရုတ်နိုင်ငံသို့ ဦးတည်၍ ထိမ်းမြားလက်ထပ် မှုအတွက် လူကုန်ကူးခံရမှုအများ ဆုံးဖြစ်ပွားနေပြီး ကာယကံရှင်ကိုယ်တိုင် သဘောတူကာလိုက်ပါမှုများလည်း ရှိနေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သက်နောင်က 7Day Daily သတင်းစာအား ပြောသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၏ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ခုနှစ်များအ လိုက် ဖြစ်ပွားမှု၊ ပြစ်မှုကျူးလွန်သူ နှင့် လူကုန်ကူးခံရသူများ၏ စာ ရင်းများသာဖော်ပြပြီး အမှုဖြစ်ပွားပုံအပါအဝင် အခြားအသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။

ပြည်တွင်းလူကုန်ကူးမှုများ တွင် ယခင်က ဖြစ်ပွားမှုမရှိခဲ့သော ပြည်တွင်းငါးဖမ်းလှေများပေါ် တွင် လုပ်အားခေါင်းပုံဖြတ်မှုများ ကို ယခုနောက်ပိုင်းတွေ့လာရ ကြောင်း ယခင်အစိုးရလက်ထက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ဒုတိယရဲမှူးကြီး ညွန့်လှိုင် (ငြိမ်း)က ပြောသည်။

‘‘အခု ထူးခြားတာကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်း၊ လပိုင်းတွေမှာ တရုတ်ပြည်က ပြန်ကယ်တဲ့အထဲ မှာ ဘယ်သူတွေပါလာလဲဆိုတော့ ကိုယ်တိုင်သဘောတူရုံတင်မက ဘူး။ ဒီဟာကို စီးပွားရေးလုပ်ငန်း တစ်ခုလို အလုပ်တစ်ခုသဖွယ် လုပ်တဲ့ပုံစံမျိုးတွေပါလာတာ တွေ့ရတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံနယ် စပ်ဒေသများရှိ စိုက်ပျိုးရေးလုပ် ငန်းများတွင် သွားရောက်အလုပ် လုပ်ကိုင်သူများရှိနေရာ ယင်းလုပ်ငန်းခွင်များတွင် တရားဝင်အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရရှိရေး နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းရန် လိုအပ်မည်ဟု ၎င်းက ဆိုသည်။

‘‘ခက်တာက တရုတ်ပြည်က ပြည်ပအလုပ်သမားကို မလိုချင် ဘူး။ ဘာလို့လဲဆိုရင် သူ့ဆီမှာ လည်း လုပ်အားအပြည့်  ရှိနေ တယ်။ တစ်ခုပဲရှိတယ်။ သူတို့ဆီ မှာလည်း ကျေးလက်ကလူတွေ မြို့ပြဖွံ့ဖြိုးမှုကို အကြောင်းပြပြီး ရွှေ့သွားတော့ ကျေးလက်က စိုက်ပျိုးရေး  လုပ်ငန်းတွေမှာ လူလို တယ်။ အဲဒါတွေအတွက် မြန်မာ ပြည်က လူတွေကို ငှားတယ်။ ဒါ ဆိုရင်လည်း နယ်စပ်ဒေသတွေမှာဒီလူတွေတရားဝင်အလုပ်သမား တွေအဖြစ် လုပ်ခွင့်ရအောင် ပြော ရတော့မယ်။ တရားဝင်ဖြစ်မှ တရားဝင်  အခွင့်အရေးတွေ ရ မယ်။ အလုပ်သမားအခွင့်အရေး တွေရမယ်’’ဟု ဒုတိယရဲမှူးကြီး ညွန့်လှိုင် (ငြိမ်း)က ပြောသည်။

လူကုန်ကူးခံရသူများသည် အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်လူ ကုန်ကူးခြင်း၊ အဓမ္မတောင်းရမ်း စေခိုင်းခြင်း၊ အဓမ္မမွေးစားခြင်းနှင့် လိင်မှုဆိုင်ရာ  ခေါင်းပုံဖြတ်ခြင်းဆိုသည့် ပုံစံ ခုနစ်မျိုးဖြင့် ဖြစ်ပွား နေကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ထို့အပြင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့သည် အဓိကအားဖြင့် လူမှောင်ခိုအမှု နှင့် ကလေးသူငယ်များအား မ တော်မတရား ပြုလုပ်မှုများကို လည်း စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်နေပြီး ပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးရန်မေတ္တာရပ်ခံအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top