Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
# Unicode Version ဖြင့် ဖတ်ပါ #
sex-addictionယောဂဟာ ကမ္ဘာနဲ့အဝှမ်း အလွန်ကျော်ကြားလာပါတယ်။ ဒါပေမဲ့ လူအများစုက ယောဂနဲ့ပတ်သက်ပြီး အထင်လွဲနေကြတုန်းပါပဲ။ ဒီလိုသံသယဝင်နေတာမျိုးဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူပေါင်းသန်းနဲ့ချီလက်ခံထားတဲ့ အနေအထားတစ်ခုကို ရောက်နိုင်မယ့် အနေအထားကနေ ကာကွယ်ထားပါတယ်။ သင်ဘယ်သူပဲဖြစ်နေပါစေ၊ ဒီလိုပါးစပ်ပြော၊ အရပ်ပြောတွေကို စိုးရိမ်စရာမလိုဘဲ ယောဂလေ့ကျင့်နိုင်ပါတယ်။
လက်ရှိမှာ အမျိုးသမီးအများစုဟာ ယောဂလေ့ကျင့်နေကြပါတယ်။ ဒါပေမဲ့ ဒီအားကစားနည်းကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက တီထွင်ခဲ့တာဟာ ယောက်ျားတွေပဲ ဆိုတာကိုလည်း မမေ့ပါပဲ။ လူအများစုကတော့ ဒီနူးညံ့နှေးကွေးတဲ့ ယောဂဟာ အမျိုးသားတွေအတွက် မသင့်တော်ဘူး ဒါမှမဟုတ် ယောဂလိုက်လုပ်ဖို့အတွက် အမျိုးသားတွေက မပျော့ပျောင်းနေဘူးလို့ ထင်နေကြပါတယ်။
ဒါပေမဲ့ ခုတော့ ကာယစွမ်းအားတွေ ကောင်းမွန်ဖို့၊ ကြွက်သားတွေ ပြန်လည်ကောင်းမွန်ဖို့၊ ဒဏ်ရာတွေ သက်သာစေဖို့ ယောဂလေ့ကျင့်နေကြတဲ့ တန်းဝင် အားကစားသမားတွေ အများကြီးဖြစ်နေပါပြီ။ ယောဂဟာ ခန္ဓာကိုယ်ထဲက ငြိမ်းချမ်းမှုကို ရှာဖွေလိုတဲ့လူတိုင်းအတွက်ပါ။
ကျန်းမာတဲ့ဘဝ၊ နေမကောင်းမဖြစ်တဲ့ဘဝကို လိုချင်တဲ့ ဆန္ဒရှိတယ်ဆို ယောဂကျင့်ပါ။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို တိုးတက်စေတဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။
ကြော်ငြာတွေမှာ ပါဝင်တဲ့ပုံတွေရဲ့ ဖန်တီးမှုကြောင့် လူတွေကလည်း ယောဂဟာ ခန္ဓာကိုယ်သေးသွယ်လှပတဲ့သူတွေအတွက်မှ အဆင်ပြေမယ်လို့ ယုံကြည်ကြပါတယ်။ ယောဂကို သင်ပေးနေတဲ့ နည်းပြက တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ သင်ပေးနေတဲ့ ဗီဒီယိုတွေလည်း ရှာရခက်တာကိုး။
ဒါပေမဲ့ ဒါဟာ ယောဂရဲ့ မျက်နှာအစစ်အမှန်တော့မဟုတ်ပါဘူး။ သင်က ပိန်သည်ဖြစ်စေ၊ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို လုပ်နိုင်ဖို့ အဝလွန်နေသည်ဖြစ်စေ ယောဂကို သင်ရွေးချယ်နိုင်ပါတယ်။
ယောဂဟာ သင့်အတွက်တော့ အလေးချိန်ကို ထိထိရောက်ရောက်လျှော့ချပေးနိုင်တဲ့ အားကစားတစ်မျိုးလည်းဖြစ်နေပါသေးတယ်။ မှန်ကန်တဲ့ နည်းလမ်း၊ လမ်းညွှန်မှုကို ရအောင်ယူပါ။ တစ်ဦးချင်းစီနဲ့ကိုက်ညီမယ့် လှုပ်ရှားမှုတွေလုပ်ပါ။ ယောဂဟာ သင့်ကိုထိခိုက်စေမှာမဟုတ်ဘဲ သင့်ကျန်းမာရေးကောင်းဖို့သာ ထိန်းညှိပေးမှာပါ။
အမြန်ကြီးတွေ၊ ပြင်းပြင်းထန်ထန်တွေ လှုပ်ရှားမှသာ ကိုယ်အလေးချိန်ကျမယ်လို့ ထင်နေပြီး ယောဂလိုသိမ်သိမ်မွေ့မွေ့လေး ကနေတာနဲ့တူတ့အရာတစ်ခုက ကယ်လိုရီတွေကို ဘယ်လိုထိထိရောက်ရောက်လောင်ကျွမ်းစေမှာလဲလို့ သင်ထင်နေနိုင်ပါတယ။်
တကယ်တမ်းမှာတော့ ယောဂရဲ့ အလေးချိန်ကျစေတဲ့ စွမ်းရည်ာ အလွန်ကို ကောင်းမွန်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းအသက်ရှူတာ၊ အင်အားတိုးစေတာ၊ ဖိအားတွေ လျော့စေတာနဲ့ ဇီဝဖြစ်စဉ်ကို ပိုပြီးထိထိရောက်ရောက်အလုပ်လုပ်စေတာမျိုးတွေကနေ အလေးချိန်ကျစေတာပါ။
ယောဂလေ့ကျင့်ဖို့ ပိုက်ဆံလိုပါတယ်။ ယောဂလေ့ကျင့်ဖို့ အရေးအကြီးဆုံးလိုအပ်တာက ယောဂဖျာပါ။ လျှောကျတာတွေ နဲ့ အတန်းထဲမှာ ကိုယ့်နေရာနဲ့ကိုယ် မှတ်သားဖို့ ဖျာက လိုကိုလိုပါတယ်။ ဒါပေမဲ့ ဒီအရာတွေက ယောဂကျင့်တဲ့ဆီမှာ သက်တောင့်သက်သာပဲဖြစ်စေတာပါ။
အစောပိုင်းမှာတော့ ယောဂဟာ တဘက်တွေပေါ်၊ ကော်ဇောတွေပေါ် ဒါမှမဟုတ် ဒီအတိုင်း ကြမ်းပေါ်မှာပဲ လုပ်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ ယောဂကျင့်တဲ့လူနည်းစုဟာ ရှေးရိုးရာ နည်းလမ်းတွေအတိုင်း ကော်ဇောသုံးဖို့ကို ငြင်ဆန်လာကြပါတယ်။
ယောဂကို နေရာတိုင်းမှာ ပြုလုပ်ကြပြီး ကျောင်းတွေမှာ ရှိတဲ့စာသင်ခန်းတွေ၊ ပိုက်ဆံမရှိတဲ့ အိမ်နီးချင်းတွေနဲ့ အိမ်ခြေရာမဲ့တွေ ခိုလှုံရာနေရာတွေမှာပါ ယောဂကို ပြုလုပ်လာကြပါပြီ။
ဒီနေ့ဒီအချိန်ရဲ့ ယောဂအကြောင်းစဉ်းစားကြမယ်ဆိုရင် ကျွန်တော်တို့ဟာ ကော်ဇောတွေပြည့်နေတဲ့ ခန်းမထဲက ကျစ်လျစ်နေတဲ့ ခန္ဓာကိုယ်တွေ၊ ချွေးထွက်နေတဲ့ ခန္ဓာကိုယ်တွေကို အရင်ဆုံးပြေးမြင်ကြမှာပါ။
အမေရိကန်မှာရှိတဲ့ ယောဂစိတ်ဝင်စားသူတွေရဲ့ တစ်ဝက်ကျော်ကတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ သူတို့အတွက် အဓိက အကြောင်းရင်းဖြစ်နေတယ်လို့ ယောဂဂျာနယ်ကဆိုပါတယ်။ ၇၈%ကတော့ သူတို့တွေဟာ ပျော့ပျောင်းမှုကို အဓိက လိုချင်လို့လို့ ဆိုပါတယ်။
အနောက်တိုင်းလူနေမှုရဲ့ မော်ဒန်ယောဂအစွန်းရောက်သူ (radicals) တွေရဲ့ အစောပိုင်းကာလမှာတော့ သူတို့တွေဟာ တရားထိုင်ခြင်းနဲ့ အတွေးအခေါ်ဆိုင်ရာ သံသယတွေကို လက်တွေ့ဘဝကို ယူဆောင်လေ့ကျင့်ပါတယ်။ သူတို့အများစုအတွက်တော့ ရုပ်ပိုင်းဆိုင်ရာ နဲ့ပတ်သက်တာတွေက အဓိက အရေးကြီးလှတယ် မဟတု်ပါဘူး။
ယောဂလေ့ကျင့်ခြင်းဟာ သမိုင်းအုတ်မြစ်ကြီးမားခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ရှာဖွေစရာတွေလည်း အများကြီးကျန်ရှိနေပါသေးတယ်။ တကယ်လို့များ အနာဂတ်အချိန်တစ်ခုမှာ သင်ပြောမယ့်အကြောင်းအရာက ယောဂဖြစ်နေမယ်ဆိုရင် ခုတင်ပြလိုက်တဲ့ ယောဂရဲ့ကောင်းကျိုးတွေဟာ အဲ့ဒီအချိန်မှာတော့ အနည်းအကျဉ်းလေးသာ ဖြစ်သွားမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top