ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×


 
မႏၲ​ေလးတိုင္​း​ေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕ ဘူတာရပ္ကြက္ႀကီးရွိ ျမတ္​​ေ႐ႊဂူ​ေစတီ၏ အေနာက္ဘက္ရင္ျပင္ေအာက္ေျခအား ႏိုဝင္​ဘာ ၁၈ ရက္​ကစတင္​၍ ခ်ံဳႏြယ္​ပိတ္ေပါင္းမ်ား ရွင္းလင္းရာ ေရွးေဟာင္းေစတီပ်က္ႀကီး ​ေတြ႕ရၿပီး ဆက္​လက္​တူး​ေဖာ္​ရွင္​းလင္​းရာမွ ႏိုဝင္​ဘာ ၁၉ ရက္​ ညေနပိုင္​းတြင္ ဘုရားေျခေတာ္ရာအႀကီးႏွင္​့ ဘုရားဆင္းတု​ေတာ္​ အေသးႏွစ္ဆူ၊ ေရွးေခတ္လူမ်ား အသုံးျပဳခဲ့သည့္ သံေခ်ာင္းမ်ား ​ေတြ႕ရွိရ​ေၾကာင္​း ​ေဂါပကအဖြဲ႕ထံက သိရသည္​။

"ဘုရားေဝယ်ဝစၥလုပ္တဲ ့လူငယ္ေတြ မေန႔က ဒီေနရာမွာ ေႁမြႏွစ္ေကာင္ မိတ္လိုက္ေနတာ ျမင္လို ့ ဘုရားဖူးလာသူေတြ အႏၲရာယ္ေပးမွာစိုးလို ေႁမြလိုက္ဖမ္းတာ ခ်ံဴေတြ အေပၚမွာ ေပါက္ေနတဲ့ သစ္ပင္ေအာက္ ဝင္သြားလို ့ ခ်ံဳရွင္းရာမွ ေရွးေဟာင္းေစတီပ်က္ႀကီး ျဖစ္ေနတာ ေတြ႕ရတယ္။ ဒီ​ေန႔ ဆက္​လက္​ရွင္​းလင္​းတူး​ေဖာ္​​ေတာ့ ဘုရားေျခေတာ္ရာအႀကီးနဲ႔ ဘုရားဆင္းတု အေသးႏွစ္ဆူ၊ ေရွးေခတ္လူမ်ား အသုံးျပဳခဲ့တဲ့ သံေခ်ာင္း​ေတြ ထပ္​မံ​ေတြ႕ခဲ့တာပါ" ဟု ​ေဂါပကအဖြဲ႕က ​ေျပာၾကားသည္​။

အဆိုပါ​ေတြ႕ရွိမႈမ်ားအား ေရွးေဟာင္းသု​ေတသနသို ့အေၾကာင္းၾကားထားျပီး အနည္းဆုံး ႏွစ္ရာဂဏန္း အထက္ျဖစ္ႏိုင္ေျခရွိေၾကာင္း ေဒသခံမ်ားက သံုးသပ္​ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ကြီးရှိ မြတ်ရွှေဂူစေတီ၏ အနောက်ဘက်ရင်ပြင်အောက်ခြေအား နိုဝင်ဘာ ၁၈ ရက်ကစတင်၍ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရာ ရှေးဟောင်းစေတီပျက်ကြီး တွေ့ရပြီး ဆက်လက်တူးဖော်ရှင်းလင်းရာမှ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဘုရားခြေတော်ရာအကြီးနှင့် ဘုရားဆင်းတုတော် အသေးနှစ်ဆူ၊ ရှေးခေတ်လူများ အသုံးပြုခဲ့သည့် သံချောင်းများ တွေ့ရှိရကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

"ဘုရားဝေယျဝစ္စလုပ်တဲ့လူငယ်တွေ မနေ့က ဒီနေရာမှာ မြွေနှစ်ကောင် မိတ်လိုက်နေတာ မြင်လို့ ဘုရားဖူးလာသူတွေ အန္တရာယ်ပေးမှာစိုးလို မြွေလိုက်ဖမ်းတာ ချူံတွေ အပေါ်မှာ ပေါက်နေတဲ့ သစ်ပင်အောက် ဝင်သွားလို့ ချုံရှင်းရာမှ ရှေးဟောင်းစေတီပျက်ကြီး ဖြစ်နေတာ တွေ့ရတယ်။ ဒီနေ့ ဆက်လက်ရှင်းလင်းတူးဖော်တော့ ဘုရားခြေတော်ရာအကြီးနဲ့ ဘုရားဆင်းတု အသေးနှစ်ဆူ၊ ရှေးခေတ်လူများ အသုံးပြုခဲ့တဲ့ သံချောင်းတွေ ထပ်မံတွေ့ခဲ့တာပါ" ဟု ဂေါပကအဖွဲ့က ပြောကြားသည်။

အဆိုပါတွေ့ရှိမှုများအား ရှေးဟောင်းသုတေသနသို့အကြောင်းကြားထားပြီး အနည်းဆုံး နှစ်ရာဂဏန်း အထက်ဖြစ်နိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top