Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ပညာရွင္ေတြကတာ့ အိပ္ရာဝင္ဖို႔ အတူတကြ ျပင္ဆင္ၾကၿပီး တူတူ အိပ္ရာဝင္ၾကတာက ဇနီးေမာင္ႏွံ ႏွစ္ဦးၾကားထဲ ရင္းႏွီးခ်င္ခင္မႈေတြ ပိုတိုးေစပါတယ္လို႔ ဆိုပါတယ္

ဒီအခ်က္ေတြလည္း ထပ္သိထားဖို႔ လိုပါတယ္
အိပ္ယာဝင္ဖို႔ အတူတူ ျပင္ဆင္ပါ

အတူတူသြားတိုက္မယ္
အိပ္ယာမဝင္ခင္ ေျခလက္ေဆးတာ၊ မ်က္ႏွာသစ္တာ၊ သြားတိုက္တာေတြကို အတူတူ လုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ အိပ္ယာခင္းတာ၊ ျခင္ေထာင္ေထာင္တာ ေတြကိုလည္း အတူတူ လုပ္သင့္ပါတယ္။ အိပ္ယာမဝင္ခင္ ျပဳလုပ္တဲ့ အဲ့လို ပုံမွန္ လုပ္ငန္းစဥ္ေတြက ပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ ကူညီေပးပါတယ္။ အဲ့လို အျပဳအမူေလးေတြကို အတူတကြ လုပ္ေဆာင္ျခင္းကလည္း ဇနီးေမာင္ႏွံေတြ ၾကားထဲ ရင္းႏွီးခ်စ္ခင္မႈကို ပိုေစပါတယ္။

ႏွစ္ကိုယ္ၾကား စကားေလးေတြ ေျပာေပးပါ

ဘယ္ေလာက္ခ်စ္ပါတယ္ ဆိုတဲ့ အေၾကာင္းလည္း ပါပါတယ္
ညအိပ္ယာ မဝင္ခင္ လင္မယားႏွစ္ေယာက္က ႏွစ္ကိုယ္ၾကား စကားေလးေတြ ေျပာေပးဖို႔ လိုပါတယ္တဲ့။ ဘယ္လို ႏွစ္ကိုယ္ၾကား စကားေလးေတြလည္း ဆိုေတာ့ စိတ္ခံစားခ်က္ေလးေတြ အေၾကာင္းပါ။ ကိုယ္ကိုယ္တိုင္က ေျပာဖို႔လိုသလို သူေျပာသမွ်လည္း နားေထာင္ေပးဖို႔ လိုပါတယ္။ ဒါေပမယ့္ အႀကံဉာဏ္ေတြ၊ ေဝဖန္မႈေတြေတာ့ ေပးဖို႔ မလိုပါဘူး။ နားေထာင္ေပး႐ုံ နားေထာင္ေပးရင္ ရပါၿပီ။ အိပ္ယာ မဝင္ခင္ ႏွစ္ကိုယ္ၾကား ေျပာရမယ့္ စကားေတြမွာ ဘယ္ေလာက္ခ်စ္ပါတယ္ ဆိုတဲ့ အေၾကာင္းလည္း ပါပါတယ္ စုံတြဲေလးတို႔ေရ။

ျပႆနာေတြကို အိပ္ယာထဲထိ မသယ္သြားပါနဲ႔

ျပႆနာေတြ အကုန္လုံးကို အိပ္ယာ မဝင္ခင္ အၿပီး ေျဖရွင္းပါေနာ္။
လင္နဲ႔မယား လွ်ာနဲ႔ သြားဆိုတဲ့ စကားလည္း ရွိတဲ့အတြက္ လင္မယားႏွစ္ေယာက္ၾကားမွာ ကေတာက္ကဆ ျဖစ္တာေလးေတြ ျပႆနာ တက္တာေလးေတြ ရွိႏိုင္ပါတယ္။ အဲ့လို အခါမ်ိဳး ဆိုရင္ေတာ့ အိပ္ယာမဝင္ခင္ အဲ့ျပႆနာကို ေက်လည္ေအာင္ ေျဖရွင္းဖို႔ လိုပါတယ္။ စိတ္တိုင္းမက်တဲ့ ခံစားခ်က္ေတြ၊ ေဒါသေတြ၊ ဝမ္းနည္းမႈေတြနဲ႔ အိပ္ယာဝင္လိုက္ရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏိုင္ဖို႔ ခဲယဥ္းသလို ေနာက္တစ္ေန႔မွာလည္း စိတ္မ႐ႊင္လန္းဘဲ စိတ္ဓာတ္က်ေနတတ္ပါတယ္။ ဒါေၾကာင့္ လင္မယားေတြ ၾကားထဲက ျဖစ္သမွ် ျပႆနာေတြ အကုန္လုံးကို အိပ္ယာ မဝင္ခင္ အၿပီး ေျဖရွင္းပါေနာ္။

ဖက္ဖို႔နဲ႔ နမ္းဖို႔ မေမ့ပါနဲ႔

လူကို အေကာင္းျမင္စိတ္ေတြ ပိုမ်ားလာေစပါတယ္
အိပ္ယာဝင္တဲ့အခါ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ဖို႔နဲ႔ အခ်ိန္ၾကာၾကာေလး နမ္းေပးဖို႔ မေမ့ပါနဲ႔ေနာ္။ ေပြ႕ဖက္တာနဲ႔ နမ္းတာေတြက ခ်စ္သူေတြနဲ႔ ဇနီးမယားေတြ ၾကားထဲမွာ အခ်စ္ကို ေဖာ္ျပႏိုင္တဲ့ အေရးအႀကီးဆုံး အျပဳအမူေလးေတြပါ။ စိတ္ပညာရွင္ေတြကေတာ့ အဲ့ဒိ အျပဳအမူေလးေတြက လူကို အေကာင္းျမင္စိတ္ေတြ ပိုမ်ားလာေစတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry with
#Unicode Version#
စိတ်ပညာရှင်တွေကတာ့ အိပ်ရာဝင်ဖို့ အတူတကွ ပြင်ဆင်ကြပြီး တူတူ အိပ်ရာဝင်ကြတာက ဇနီးမောင်နှံ နှစ်ဦးကြားထဲ ရင်းနှီးချင်ခင်မှုတွေ ပိုတိုးစေပါတယ်လို့ ဆိုပါတယ်

ဒီအချက်တွေလည်း ထပ်သိထားဖို့ လိုပါတယ်
အိပ်ယာဝင်ဖို့ အတူတူ ပြင်ဆင်ပါ

အတူတူသွားတိုက်မယ်
အိပ်ယာမဝင်ခင် ခြေလက်ဆေးတာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာတွေကို အတူတူ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အိပ်ယာခင်းတာ၊ ခြင်ထောင်ထောင်တာ တွေကိုလည်း အတူတူ လုပ်သင့်ပါတယ်။ အိပ်ယာမဝင်ခင် ပြုလုပ်တဲ့ အဲ့လို ပုံမှန် လုပ်ငန်းစဉ်တွေက ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ အဲ့လို အပြုအမူလေးတွေကို အတူတကွ လုပ်ဆောင်ခြင်းကလည်း ဇနီးမောင်နှံတွေ ကြားထဲ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။

နှစ်ကိုယ်ကြား စကားလေးတွေ ပြောပေးပါ

ဘယ်လောက်ချစ်ပါတယ် ဆိုတဲ့ အကြောင်းလည်း ပါပါတယ်
ညအိပ်ယာ မဝင်ခင် လင်မယားနှစ်ယောက်က နှစ်ကိုယ်ကြား စကားလေးတွေ ပြောပေးဖို့ လိုပါတယ်တဲ့။ ဘယ်လို နှစ်ကိုယ်ကြား စကားလေးတွေလည်း ဆိုတော့ စိတ်ခံစားချက်လေးတွေ အကြောင်းပါ။ ကိုယ်ကိုယ်တိုင်က ပြောဖို့လိုသလို သူပြောသမျှလည်း နားထောင်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် အကြံဉာဏ်တွေ၊ ဝေဖန်မှုတွေတော့ ပေးဖို့ မလိုပါဘူး။ နားထောင်ပေးရုံ နားထောင်ပေးရင် ရပါပြီ။ အိပ်ယာ မဝင်ခင် နှစ်ကိုယ်ကြား ပြောရမယ့် စကားတွေမှာ ဘယ်လောက်ချစ်ပါတယ် ဆိုတဲ့ အကြောင်းလည်း ပါပါတယ် စုံတွဲလေးတို့ရေ။

ပြဿနာတွေကို အိပ်ယာထဲထိ မသယ်သွားပါနဲ့

ပြဿနာတွေ အကုန်လုံးကို အိပ်ယာ မဝင်ခင် အပြီး ဖြေရှင်းပါနော်။
လင်နဲ့မယား လျှာနဲ့ သွားဆိုတဲ့ စကားလည်း ရှိတဲ့အတွက် လင်မယားနှစ်ယောက်ကြားမှာ ကတောက်ကဆ ဖြစ်တာလေးတွေ ပြဿနာ တက်တာလေးတွေ ရှိနိုင်ပါတယ်။ အဲ့လို အခါမျိုး ဆိုရင်တော့ အိပ်ယာမဝင်ခင် အဲ့ပြဿနာကို ကျေလည်အောင် ဖြေရှင်းဖို့ လိုပါတယ်။ စိတ်တိုင်းမကျတဲ့ ခံစားချက်တွေ၊ ဒေါသတွေ၊ ဝမ်းနည်းမှုတွေနဲ့ အိပ်ယာဝင်လိုက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ခဲယဉ်းသလို နောက်တစ်နေ့မှာလည်း စိတ်မရွှင်လန်းဘဲ စိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒါကြောင့် လင်မယားတွေ ကြားထဲက ဖြစ်သမျှ ပြဿနာတွေ အကုန်လုံးကို အိပ်ယာ မဝင်ခင် အပြီး ဖြေရှင်းပါနော်။

ဖက်ဖို့နဲ့ နမ်းဖို့ မမေ့ပါနဲ့

လူကို အကောင်းမြင်စိတ်တွေ ပိုများလာစေပါတယ်
အိပ်ယာဝင်တဲ့အခါ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ဖို့နဲ့ အချိန်ကြာကြာလေး နမ်းပေးဖို့ မမေ့ပါနဲ့နော်။ ပွေ့ဖက်တာနဲ့ နမ်းတာတွေက ချစ်သူတွေနဲ့ ဇနီးမယားတွေ ကြားထဲမှာ အချစ်ကို ဖော်ပြနိုင်တဲ့ အရေးအကြီးဆုံး အပြုအမူလေးတွေပါ။ စိတ်ပညာရှင်တွေကတော့ အဲ့ဒိ အပြုအမူလေးတွေက လူကို အကောင်းမြင်စိတ်တွေ ပိုများလာစေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry with
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top