Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္တိုင္း ၁၁ ၿမိဳ႕ နယ္အတြင္း ၿငိမ္းခ်မ္းစြာစုေဝး ျခင္းႏွင့္ ၿငိမ္းခ်မ္းစြာစီတန္းလွည့္ လည္(ဆႏၵျပ)ျခင္းမ်ားခြင့္မျပဳရန္ ကန႔္သတ္သည့္အေပၚ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားက ေဝဖန္ကန႔္ကြက္သည္။
ဆႏၵျပသည့္ေနရာမ်ားကန႔္ သတ္ျခင္းသည္ ထုတ္ျပန္ထားရွိ ေသာဥပေဒအရ ႏိုင္ငံသားမ်ား၏ အခြင့္အေရးကို တားဆီးျခင္းျဖစ္ ေၾကာင္း အထက္ပါပုဂၢိဳလ္မ်ားက ေျပာသည္။

‘‘သူ႔ဥပေဒရွိၿပီးသားပဲေလ။ အေၾကာင္းအရာအရပဲ ကန႔္သတ္ တာမ်ိဳးရွိသင့္တယ္။ ေနရာေတြ ကန႔္သတ္တာက မေကာင္းဘူး။ ေနရာေတြကလည္း အမ်ားႀကီး။ အဓိကၿမိဳ႕နယ္ေတြမွာ မျပနဲ႔၊ ဟို ေခ်ာင္ႀကိဳေခ်ာင္ၾကားေနရာမွာ ျပဆိုတာကေတာ့ အဆင္မေျပ ဘူး။ ဥပေဒရွိၿပီးသား ဥပေဒအ တိုင္းပဲ လုပ္သင့္တယ္’’ ဟု ဒီခ်ဳပ္ ပါတီမွ သဃၤန္းကြၽန္းၿမိဳ႕နယ္တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ဦးေနဘုန္းလတ္က ေျပာၾကားသည္။

ဒီခ်ဳပ္မွ ေက်ာက္တံတားၿမိဳ႕ နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚၾကည္ျပာက ‘‘အေျခခံဥပေဒမွာလည္း ျပ႒ာန္း ထားတာက ႏိုင္ငံသားေတြရပိုင္ ခြင့္မွာ ဆႏၵျပခြင့္တို႔၊ စုေဝးခြင့္တို႔ ပါ ထားၿပီးသားပဲေလ။ အခုေတာ့ ဒီလိုမ်ိဳးၿမိဳ႕နယ္ေတြကို ကန႔္သတ္ လိုက္တဲ့အခါက်ေတာ့ သေဘာ မက်ဘူး။ အစ္မတို႔ေက်ာက္တံ တားဆိုရင္ ဆႏၵျပတဲ့သူေတြ အ မ်ားဆုံးလာတာပဲေလ။ အဲဒီေတာ့ စိတ္ပူရတာေတာ့ ရွိတာေပါ့။ ဒါ ေပမဲ့ လမ္းေတြပိတ္ဆို႔တယ္ဆို ေပမယ့္လည္း အနည္းဆုံးေတာ့ စုေဝးခြင့္ေတာ့ရွိသင့္တယ္’’ ဟု ေျပာသည္။

ေက်ာက္တံတားၿမိဳ႕နယ္ တြင္ မဟာဗႏၶဳလပန္းၿခံ၊ ဆူးေလ ဘုရားႏွင့္ ၿမိဳ႕ေတာ္ခန္းမေရွ႕တို႔ ၌ မၾကာခဏလာေရာက္၍ဆႏၵျပစုေဝးေလ့ရွိသည္။

‘‘ၿမိဳ႕တြင္းမွာ မေပးလည္း တျခားတစ္ေနရာမွာ ေပးရမယ္။ ဒါက ၂၀၀၈ ဖြဲ႕စည္းပုံမွာ ႏိုင္ငံ သားေတြကို ေပးထားတဲ့အခြင့္အ ေရးေလ။ ဟစ္တိုင္ကြင္းဆိုတာ အရင္အစိုးရလက္ထက္မွာက တည္းကိုက ဘယ္သူကမွ လက္ မခံခဲ့တဲ့ ကြင္းအေနအထားေပါ့။ ဟစ္တိုင္ကြင္းအစား ဆႏၵေဖာ္ ထုတ္မယ့္သူေတြ အဆင္ေျပမယ့္၊ အမ်ားျပည္သူလည္း ျမင္ႏိုင္၊ ၾကားႏိုင္မယ့္ေနရာေလ။ေပးထား ရတယ္။ အခုအေနအထားက ေတာ့ ဆႏၵေဖာ္ထုတ္ခ်င္တဲ့သူ ေတာ္ေတာ္ကို အခက္အခဲျဖစ္ မယ့္အေနအထားပဲ’’ ဟု ဒီခ်ဳပ္ ပါတီမွ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္ဦးလွေဌးက ေျပာသည္။

ရန္ကုန္တိုင္းရွိ ၁၁ ၿမိဳ႕နယ္ အတြင္း ၿငိမ္းခ်မ္းစြာစုေဝး ျခင္းႏွင့္ ၿငိမ္းခ်မ္းစြာစီတန္းလွည့္ လည္(ဆႏၵျပ)ျခင္းမ်ား ကန႔္သတ္ ပါက ဆန႔္က်င္ကန႔္ကြက္မည္ျဖစ္ ေၾကာင္း ရန္ကုန္ၿမိဳ႕တြင္ကုန္ေဈး ႏႈန္းက်ဆင္းေရးႏွင့္ တရားဥပေဒ စိုးမိုးေရး အႀကိမ္ႀကိမ္ဆႏၵျပ ေတာင္းဆိုခဲ့သူ ဒီမိုကေရစီစဥ္ ဆက္မျပတ္လႈပ္ရွားမႈ အင္အားစု (MDCF)အဖြဲ႕ေခါင္းေဆာင္ ကို ထင္ေက်ာ္က ေျပာသည္။

လယ္သမားအေရး၊ အလုပ္ သမားအေရးႏွင့္ပတ္သက္ၿပီး ရန္ ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ အႀကိမ္ႀကိမ္ဆႏၵျပေတာင္းဆိုခဲ့ သူ ဦးဝင္းခ်ိဳက ‘‘ကြၽန္ေတာ္တို႔ ႏိုင္ငံသားအခြင့္အေရးကို စည္း ကမ္းဥပေဒေတြနဲ႔ ကန႔္သတ္တာ ကို လက္ခံတယ္။ ၂၀၀၈ ဖြဲ႕စည္း ပုံအေျခခံမွာ ခြင့္ျပဳထားပါလ်က္နဲ႔ တစ္စုံတစ္ေယာက္ (သို႔မဟုတ္) တစ္စုတစ္ဖြဲ႕က လုပ္ခြင့္မရွိဘူး ဆိုတာေတာ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ဂ႐ုမစိုက္ဘူးလို႔ ေျပာ တာသာျဖစ္တယ္။ ဒီၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွာ ဆႏၵမျပနဲ႔ဆိုတာက ေတာ့ အာဏာကိုအသုံးခ်တာ သာျဖစ္တယ္’’ ဟု ၎က ေျပာ သည္။

ေက်ာက္တံတား၊ ပန္းဘဲ တန္း၊ လသာအပါအဝင္ ရန္ကုန္ တိုင္း ၁၁ ၿမိဳ႕နယ္အတြင္း ၿငိမ္း ခ်မ္းစြာစုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္း စြာစီတန္းလွည့္လည္ (ဆႏၵျပ) ျခင္းမ်ား ျပဳလုပ္ရန္အသိေပး တင္ျပလာပါက ခြင့္မျပဳရန္ႏွင့္ အဆိုပါ ၁၁ ၿမိဳ႕နယ္သည္ ရန္ ကုန္ၿမိဳ႕၏အဓိကအေရးပါေသာ ေနရာမ်ားႏွင့္ အမ်ားျပည္သူအ သုံးျပဳေနသည့္ လမ္းမႀကီးမ်ားရွိ သည့္အျပင္ အေရးႀကီးပုဂၢိဳလ္ခရီး စဥ္လမ္းေၾကာင္းမ်ားလည္း ပါဝင္ ေနေသာေၾကာင့္ တားျမစ္ရျခင္း ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကိုယ္စား

ရန္ကုန္တိုင္းလုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုးက လက္မွတ္ထိုး၍သက္ဆိုင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မ်ားထံသို႔ႏိုဝင္ ဘာ ၇ ရက္စြဲျဖင့္ အေၾကာင္းၾကား စာေပးပို႔ထားသည္။

ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ ပုဒ္မ ၁၉ အရစီတန္းလွည့္လည္ ျခင္းမျပဳလုပ္မီ ၄၈ နာရီႀကိဳတင္ ၍ သက္ဆိုင္ရာရဲတပ္ဖြဲ႕သို႔ အ ေၾကာင္းၾကားရမည္ျဖစ္သည္။

အဆိုပါ ၁၁ ၿမိဳ႕နယ္အတြင္း ဆႏၵျပစုေဝးမႈကန႔္သတ္ျခင္းႏွင့္ ပတ္သက္ၿပီး လက္ရွိအစိုးရအ ေပၚ သက္ေရာက္မႈရွိႏိုင္ပါသလား ဟု ဒီခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီအတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဝင္းထိန္ႏွင့္ ဦးဉာဏ္ဝင္းထံ သေဘာထားေတာင္းခံရာ ႏွစ္ဦးစလုံးက မွတ္ခ်က္ေပးရန္ ျငင္းဆန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရန်ကုန်တိုင်း ၁၁ မြို့ နယ်အတွင်း ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်(ဆန္ဒပြ)ခြင်းများခွင့်မပြုရန် ကန့်သတ်သည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တိုင်း လွှတ်တော်ကိုယ်စားလှယ်များ နှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ကန့်ကွက်သည်။
ဆန္ဒပြသည့်နေရာများကန့် သတ်ခြင်းသည် ထုတ်ပြန်ထားရှိ သောဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို တားဆီးခြင်းဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။

‘‘သူ့ဥပဒေရှိပြီးသားပဲလေ။ အကြောင်းအရာအရပဲ ကန့်သတ် တာမျိုးရှိသင့်တယ်။ နေရာတွေ ကန့်သတ်တာက မကောင်းဘူး။ နေရာတွေကလည်း အများကြီး။ အဓိကမြို့နယ်တွေမှာ မပြနဲ့၊ ဟို ချောင်ကြိုချောင်ကြားနေရာမှာ ပြဆိုတာကတော့ အဆင်မပြေ ဘူး။ ဥပဒေရှိပြီးသား ဥပဒေအ တိုင်းပဲ လုပ်သင့်တယ်’’ ဟု ဒီချုပ် ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးနေဘုန်းလတ်က ပြောကြားသည်။

ဒီချုပ်မှ ကျောက်တံတားမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ‘‘အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်း ထားတာက နိုင်ငံသားတွေရပိုင် ခွင့်မှာ ဆန္ဒပြခွင့်တို့၊ စုဝေးခွင့်တို့ ပါ ထားပြီးသားပဲလေ။ အခုတော့ ဒီလိုမျိုးမြို့နယ်တွေကို ကန့်သတ် လိုက်တဲ့အခါကျတော့ သဘော မကျဘူး။ အစ်မတို့ကျောက်တံ တားဆိုရင် ဆန္ဒပြတဲ့သူတွေ အ များဆုံးလာတာပဲလေ။ အဲဒီတော့ စိတ်ပူရတာတော့ ရှိတာပေါ့။ ဒါ ပေမဲ့ လမ်းတွေပိတ်ဆို့တယ်ဆို ပေမယ့်လည်း အနည်းဆုံးတော့ စုဝေးခွင့်တော့ရှိသင့်တယ်’’ ဟု ပြောသည်။

ကျောက်တံတားမြို့နယ် တွင် မဟာဗန္ဓုလပန်းခြံ၊ ဆူးလေ ဘုရားနှင့် မြို့တော်ခန်းမရှေ့တို့ ၌ မကြာခဏလာရောက်၍ဆန္ဒပြစုဝေးလေ့ရှိသည်။

‘‘မြို့တွင်းမှာ မပေးလည်း တခြားတစ်နေရာမှာ ပေးရမယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံ သားတွေကို ပေးထားတဲ့အခွင့်အ ရေးလေ။ ဟစ်တိုင်ကွင်းဆိုတာ အရင်အစိုးရလက်ထက်မှာက တည်းကိုက ဘယ်သူကမှ လက် မခံခဲ့တဲ့ ကွင်းအနေအထားပေါ့။ ဟစ်တိုင်ကွင်းအစား ဆန္ဒဖော် ထုတ်မယ့်သူတွေ အဆင်ပြေမယ့်၊ အများပြည်သူလည်း မြင်နိုင်၊ ကြားနိုင်မယ့်နေရာလေ။ပေးထား ရတယ်။ အခုအနေအထားက တော့ ဆန္ဒဖော်ထုတ်ချင်တဲ့သူ တော်တော်ကို အခက်အခဲဖြစ် မယ့်အနေအထားပဲ’’ ဟု ဒီချုပ် ပါတီမှ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးလှဌေးက ပြောသည်။

ရန်ကုန်တိုင်းရှိ ၁၁ မြို့နယ် အတွင်း ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်(ဆန္ဒပြ)ခြင်းများ ကန့်သတ် ပါက ဆန့်ကျင်ကန့်ကွက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တွင်ကုန်ဈေး နှုန်းကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အကြိမ်ကြိမ်ဆန္ဒပြ တောင်းဆိုခဲ့သူ ဒီမိုကရေစီစဉ် ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့ခေါင်းဆောင် ကို ထင်ကျော်က ပြောသည်။

လယ်သမားအရေး၊ အလုပ် သမားအရေးနှင့်ပတ်သက်ပြီး ရန် ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုခဲ့ သူ ဦးဝင်းချိုက ‘‘ကျွန်တော်တို့ နိုင်ငံသားအခွင့်အရေးကို စည်း ကမ်းဥပဒေတွေနဲ့ ကန့်သတ်တာ ကို လက်ခံတယ်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံမှာ ခွင့်ပြုထားပါလျက်နဲ့ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့က လုပ်ခွင့်မရှိဘူး ဆိုတာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဂရုမစိုက်ဘူးလို့ ပြော တာသာဖြစ်တယ်။ ဒီမြို့နယ် ၁၁ မြို့နယ်မှာ ဆန္ဒမပြနဲ့ဆိုတာက တော့ အာဏာကိုအသုံးချတာ သာဖြစ်တယ်’’ ဟု ၎င်းက ပြော သည်။

ကျောက်တံတား၊ ပန်းဘဲ တန်း၊ လသာအပါအဝင် ရန်ကုန် တိုင်း ၁၁ မြို့နယ်အတွင်း ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်း စွာစီတန်းလှည့်လည် (ဆန္ဒပြ) ခြင်းများ ပြုလုပ်ရန်အသိပေး တင်ပြလာပါက ခွင့်မပြုရန်နှင့် အဆိုပါ ၁၁ မြို့နယ်သည် ရန် ကုန်မြို့၏အဓိကအရေးပါသော နေရာများနှင့် အများပြည်သူအ သုံးပြုနေသည့် လမ်းမကြီးများရှိ သည့်အပြင် အရေးကြီးပုဂ္ဂိုလ်ခရီး စဉ်လမ်းကြောင်းများလည်း ပါဝင် နေသောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား

ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက လက်မှတ်ထိုး၍သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များထံသို့နိုဝင် ဘာ ၇ ရက်စွဲဖြင့် အကြောင်းကြား စာပေးပို့ထားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ အရစီတန်းလှည့်လည် ခြင်းမပြုလုပ်မီ ၄၈ နာရီကြိုတင် ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အ ကြောင်းကြားရမည်ဖြစ်သည်။

အဆိုပါ ၁၁ မြို့နယ်အတွင်း ဆန္ဒပြစုဝေးမှုကန့်သတ်ခြင်းနှင့် ပတ်သက်ပြီး လက်ရှိအစိုးရအ ပေါ် သက်ရောက်မှုရှိနိုင်ပါသလား ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဦးဉာဏ်ဝင်းထံ သဘောထားတောင်းခံရာ နှစ်ဦးစလုံးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top