Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

‘မုန္းစြဲ’ ဇာတ္ကားတြင္ ဇာတ္ေကာင္စ႐ိုက္  ႏွစ္မ်ိဳးျဖင့္ ပါဝင္သ႐ုပ္ေဆာင္ရမည္ျဖစ္ရာ တစ္မ်ိဳးသည္     သာသနာကို ႐ိုေသၿပီး ဘာသာတရားကိုင္း႐ိႈင္း ေသာ္လည္း ဘုန္းႀကီးကို တစ္ဖက္သတ္္ႀကိဳက္ေနသည့္ အမ်ိဳးသမီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရမည္  ျဖစ္၍ ခက္ခဲေၾကာင္း သ႐ုပ္ေဆာင္ေအးဝတ္ရည္ေသာင္းက ေျပာ ၾကားသည္။

‘‘မုန္းစြဲဇာတ္ကားက ေပါက္ စီက ကာ႐ိုက္တာႏွစ္ခု၊ ဘဝႏွစ္ခုေပါ့။ ပထမကာ႐ိုက္တာက ပထမဘဝက ကိုေနတိုးရဲ႕ မိန္းမ၊ လူဆိုး ရဲ႕ မိန္းမဆုိေတာ့ ေယာက်္ားကို လည္း အရမ္းခ်စ္တယ္။ သူဘာ လုပ္လုပ္ လိုက္ေလ်ာေနတဲ့ ကာ ႐ိုက္တာေပါ့။ ဒုတိယကာ႐ိုက္ တာကေတာ့ ၿပီးခဲ့တဲ့ ဘဝက စြဲ လမ္းလာတဲ့ အစြဲအလမ္းေၾကာင့္ မို႔လို႔ ကိုေနတိုးက ေနာင္ဘဝမွာ ဘုန္းႀကီးျဖစ္သြားေတာ့ ဘုန္းႀကီး ကို သေဘာက်တဲ့ ဒကာမေနရာ ကေပါ့’’ဟု ၎ သ႐ုပ္ေဆာင္ရ မည့္ ဇာတ္႐ုပ္ကို ရွင္းျပသည္။

ဆက္လက္၍ ‘‘ေပါက္စီရဲ႕ ဒုတိယဘဝကေတာ့ ၾကည့္ရတဲ့ ပရိသတ္ကို တစ္မ်ိဳးျဖစ္ေစမယ္။ ဘုန္းႀကီးကို သေဘာက်ရတဲ့သူဆုိ ေတာ့ လူေတြရဲ႕ စိတ္ထဲမွာေတာ့ တစ္မ်ိဳးျဖစ္ႏုိင္တယ္။ ဒါေပမဲ့ လည္း လူ႔စိတ္ရဲ႕ အစြဲေၾကာင့္ေပါ့။ အရင္ဘဝမွာ အရမ္းကို ခ်စ္ၿပီး စြဲလမ္းခဲ့တယ္။ ကိုယ္ဝန္ႀကီးနဲ႔ ေသသြားခဲ့တယ္။ ဆုိေတာ့ ဒီဘဝမွာ စြဲလမ္းၿပီး ဒီေယာက်္ားကို လာႀကိဳက္တယ္။ ျဖစ္ခ်င္ေတာ့ အဲဒီေယာက်္ားက ဘုန္းႀကီးျဖစ္ေန တယ္’’ ဟု ေျပာသည္။

၎သ႐ုပ္ေဆာင္ရမည့္ ဇာတ္႐ုပ္သည္ ခက္ခဲေသာ္လည္း သဘာဝက်သလို တကယ္ျဖစ္ခဲ့ သည့္ ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္ ေသာေၾကာင့္ ကိုယ္တုိင္သေဘာ က်၍ လက္ခံ႐ိုက္ကူးခဲ့ေၾကာင္း ဆုိသည္။

အဆုိပါ ဇာတ္ကား၏ ဇာတ္ ေကာင္စ႐ိုက္အတြက္ အဝတ္အ စား၊ မိတ္ကပ္၊ ဆံပင္ႏွင့္ စီလီ ကြန္ဗိုက္ႏွစ္ဗိုက္    ျပင္ဆင္ထား ကာ ဇာတ္႐ုပ္၏ စိတ္အေနအထားကို ႀကိဳတင္ျပင္ဆင္ထားၿပီး ယင္းဇာတ္ကားတြင္ ေနတိုး၊ မင္း ေသြး၊ ေဖြးေဖြးတို႔ႏွင့္အတူ ပါဝင္ ရမည္ျဖစ္သည္။

‘‘၁၉၆၀ ပတ္ဝန္းက်င္က ဗိုက္ႀကီးသည္ဆုိေတာ့ အဲဒီေခတ္ က ရင္ဖံုးဒီဇိုင္းေလးေတြ စီစဥ္ ထားတယ္။ ေနာက္ ၁၉၉၁ က အေနအထားကေတာ့ ထဘီတိုတို နဲ႔ နယ္ၿမိဳ႕ဆုိေတာ့ အရမ္းႀကီး ေခတ္ဆန္ေနမွာေတာ့ မဟုတ္ပါ ဘူး’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
‘မုန်းစွဲ’ ဇာတ်ကားတွင် ဇာတ်ကောင်စရိုက်  နှစ်မျိုးဖြင့် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ရာ တစ်မျိုးသည်     သာသနာကို ရိုသေပြီး ဘာသာတရားကိုင်းရှိုင်း သော်လည်း ဘုန်းကြီးကို တစ်ဖက်သတ်ကြိုက်နေသည့် အမျိုးသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရမည်  ဖြစ်၍ ခက်ခဲကြောင်း သရုပ်ဆောင်အေးဝတ်ရည်သောင်းက ပြော ကြားသည်။

‘‘မုန်းစွဲဇာတ်ကားက ပေါက် စီက ကာရိုက်တာနှစ်ခု၊ ဘဝနှစ်ခုပေါ့။ ပထမကာရိုက်တာက ပထမဘဝက ကိုနေတိုးရဲ့ မိန်းမ၊ လူဆိုး ရဲ့ မိန်းမဆိုတော့ ယောကျ်ားကို လည်း အရမ်းချစ်တယ်။ သူဘာ လုပ်လုပ် လိုက်လျောနေတဲ့ ကာ ရိုက်တာပေါ့။ ဒုတိယကာရိုက် တာကတော့ ပြီးခဲ့တဲ့ ဘဝက စွဲ လမ်းလာတဲ့ အစွဲအလမ်းကြောင့် မို့လို့ ကိုနေတိုးက နောင်ဘဝမှာ ဘုန်းကြီးဖြစ်သွားတော့ ဘုန်းကြီး ကို သဘောကျတဲ့ ဒကာမနေရာ ကပေါ့’’ဟု ၎င်း သရုပ်ဆောင်ရ မည့် ဇာတ်ရုပ်ကို ရှင်းပြသည်။

ဆက်လက်၍ ‘‘ပေါက်စီရဲ့ ဒုတိယဘဝကတော့ ကြည့်ရတဲ့ ပရိသတ်ကို တစ်မျိုးဖြစ်စေမယ်။ ဘုန်းကြီးကို သဘောကျရတဲ့သူဆို တော့ လူတွေရဲ့ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ လည်း လူ့စိတ်ရဲ့ အစွဲကြောင့်ပေါ့။ အရင်ဘဝမှာ အရမ်းကို ချစ်ပြီး စွဲလမ်းခဲ့တယ်။ ကိုယ်ဝန်ကြီးနဲ့ သေသွားခဲ့တယ်။ ဆိုတော့ ဒီဘဝမှာ စွဲလမ်းပြီး ဒီယောကျ်ားကို လာကြိုက်တယ်။ ဖြစ်ချင်တော့ အဲဒီယောကျ်ားက ဘုန်းကြီးဖြစ်နေ တယ်’’ ဟု ပြောသည်။

၎င်းသရုပ်ဆောင်ရမည့် ဇာတ်ရုပ်သည် ခက်ခဲသော်လည်း သဘာဝကျသလို တကယ်ဖြစ်ခဲ့ သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ် သောကြောင့် ကိုယ်တိုင်သဘော ကျ၍ လက်ခံရိုက်ကူးခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဇာတ်ကား၏ ဇာတ် ကောင်စရိုက်အတွက် အဝတ်အ စား၊ မိတ်ကပ်၊ ဆံပင်နှင့် စီလီ ကွန်ဗိုက်နှစ်ဗိုက်    ပြင်ဆင်ထား ကာ ဇာတ်ရုပ်၏ စိတ်အနေအထားကို ကြိုတင်ပြင်ဆင်ထားပြီး ယင်းဇာတ်ကားတွင် နေတိုး၊ မင်း သွေး၊ ဖွေးဖွေးတို့နှင့်အတူ ပါဝင် ရမည်ဖြစ်သည်။

‘‘၁၉၆၀ ပတ်ဝန်းကျင်က ဗိုက်ကြီးသည်ဆိုတော့ အဲဒီခေတ် က ရင်ဖုံးဒီဇိုင်းလေးတွေ စီစဉ် ထားတယ်။ နောက် ၁၉၉၁ က အနေအထားကတော့ ထဘီတိုတို နဲ့ နယ်မြို့ဆိုတော့ အရမ်းကြီး ခေတ်ဆန်နေမှာတော့ မဟုတ်ပါ ဘူး’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top