Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သို့ မက်ဆေ့ခ်ျပေးပို့လှူဒါန်းငွေသည် အောက်တိုဘာလ ၃ ရက်မှ ၃၁ ရက်အထိ ကျပ်သိန်း ၅၀၀ ကျော်ရရှိထားကြောင်း MPT က ထုတ်ပြန်ကြေညာသည်။
မူလက အောက်တိုဘာအ တွင်း မက်ဆေ့ခ်ျပေးပို့လှူဒါန်း နိုင်သည်ဟု ကြေညာထားသော် လည်း ယခုအခါ လှူဒါန်းနိုင်သည့် ရက်ကို ထပ်တိုးထားကြောင်း MPT ၏ အကျိုးတူပူးပေါင်း ဆောင်ရွက်မှု မန်နေဂျာ ကိုအောင်ဇော်သက်က ပြောသည်။
မက်ဆေ့ခ်ျပေးပို့လှူဒါန်းရာ တွင် MPT ဖုန်းကတ်အသုံးပြုသူ များအနေဖြင့် နံပါတ် 3001 သို့ ‘500’ ဟု ရိုက်နှိပ်၍ မက်ဆေ့ခ်ျ ပေးပို့လှူဒါန်းနိုင်ပြီး MPT အနေဖြင့် ငွေ ၅၀၀ ကျပ်ကို ဖုန်းဘီလ်ထဲမှ ဖြတ်တောက်ကာ အလှူငွေ ကောက်ယူမည် ဖြစ်သည်။
Credit: 7DayDaily
#Unicode Version#
 ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သို့ မက်ဆေ့ချ်ပေးပို့လှူဒါန်းငွေသည် အောက်တိုဘာလ ၃ ရက်မှ ၃၁ ရက်အထိ ကျပ်သိန်း ၅၀၀ ကျော်ရရှိထားကြောင်း MPT က ထုတ်ပြန်ကြေညာသည်။
မူလက အောက်တိုဘာအ တွင်း မက်ဆေ့ချ်ပေးပို့လှူဒါန်း နိုင်သည်ဟု ကြေညာထားသော် လည်း ယခုအခါ လှူဒါန်းနိုင်သည့် ရက်ကို ထပ်တိုးထားကြောင်း MPT ၏ အကျိုးတူပူးပေါင်း ဆောင်ရွက်မှု မန်နေဂျာ ကိုအောင်ဇော်သက်က ပြောသည်။
‘‘အလှူငွေပေးပို့နိုင်တဲ့ ရက် ကို နောက်ကိုထပ်တိုးထားပေမယ့် ဘယ်ရက်ကို နောက်ဆုံးထားပြီး ကောက်ခံသွားမလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ ရရှိထား တဲ့ အလှူငွေအပေါ် မူတည်ပါ တယ်’’ဟု ၎င်းက ဆိုသည်။
ရရှိထားသည့် အလှူငွေများ ကို လူသားချင်းစာနာမှု အကူအ ညီအထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) သို့ လှူဒါန်း မည် ဖြစ်ကြောင်း MPT က ကြေညာသည်။
‘‘သတိရရင် ရသလိုတော့ မက်ဆေ့ချ်ပို့လှူဖြစ်တယ်။ တကူး တကသွားမလှူနိုင်ပေမယ့် ဒီလို လေးလှူခွင့်ရတာလည်း တစ်တပ် တစ်အားဖြစ်တယ်ဆိုပြီး ပီတီဖြစ် ရပါတယ်’’ဟု MPT ဖုန်းကတ်အ သုံးပြုသူ မဝတ်ရည်ကပြောကြား သည်။
မက်ဆေ့ချ်ပေးပို့လှူဒါန်းရာ တွင် MPT ဖုန်းကတ်အသုံးပြုသူ များအနေဖြင့် နံပါတ် 3001 သို့ ‘500’ ဟု ရိုက်နှိပ်၍ မက်ဆေ့ချ် ပေးပို့လှူဒါန်းနိုင်ပြီး MPT အနေဖြင့် ငွေ ၅၀၀ ကျပ်ကို ဖုန်းဘီလ်ထဲမှ ဖြတ်တောက်ကာ အလှူငွေ ကောက်ယူမည် ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top