မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×





Credit: Thithoolwin
#Unicode Version#
ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းအပိုင်း၌ နိုဝင်ဘာလ ၄ ရက်နေ့ယနေ့နံနက် ၄ နာရီက လမ်း ဖြတ်ကူးသူ ဦးဝင်းသောင်းမှာ ကားတိုက်ခံရ၍ ဦးခေါင်းနှင့်ခန္ဓာကိုယ် ကြေမွ ကာအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမြန်လမမစမကြီး၏ မိုင်တိုင်အမှတ် ၂၅၁/၁ နှင့် ၂၅၁/၂အကြားနေပြည်တော်ဘက်မှမန္တလေးဘက် သို့ယာဉ်မောင်းစီစစ်ဆဲ မောင်းနှင်လာသော မော်တော်ယာဉ်မှာ ယနေ့နံနက် ၄နာရီခန့်က ရမည်းသင်းမြို့ ညောင်ပင်သာကျေးရွာနေ ဦးဝင်းသောင်းမှာ အမြန်လမ်းမကြီးတစ်ဖက်သို့လမ်းဖြတ်ကူးစဉ်ယာဉ်တိုက်ခံရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာသို့အမြန်လမ်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများကသွားရောက်စစ်ဆေးရာယာဉ် မောင်းမှာ မော်တော်ယာဉ်အားမောင်းနှင်ထွက်ပြေး သွားကြောင်းသိရသည်။

ထို့အတူ ယမန်နေ့ည ၈ နာရီခွဲက အဆိုပါလမးပိုင်း မိုင်တိုင် ၂၄၂/၂နှင့်၂၄၂/၃အကြားတွင်ယာဉ် မောင်း ကျော်မင်းစိုးမောင်နှင်လာသော လိုက်ထရပ် မော်တော်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပန်းတင်ခုံအားဝင်တိုက်မိသည်။ဖြစ်စဉ်ကြောင်းယာဉ်ပေါ်ပါရှိသူ ၁၅ ဦးမှာထိခိုက်မှုမရှိသော်လည်းယာဉ်များ အနည်းငယ်ပျက်စီးသွားကြောင်းသိရသည်။

သို့ပါ၍ဖြစ်စဉ်များအား ပေပင်လေးအမြန်လမ်းရဲတပ်ဖွဲ့ကအမှု ဖွင့်အရေးယူထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top