Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယေန႔ေခတ္မိန္းကေလးအမ်ားစုရဲ႕ မ်က္ႏွာေပၚမွာ ရိုးရာဓေလ့အတိုင္း လိမ္းလာခဲ့တဲ့ သနပ္ခါးအစား မိတ္ကပ္ေတြေျပာင္းလဲေနရာယူလာေနၾကပါတယ္။ အလွကုန္ေတြက အရည္အေသြးအမ်ိဳးမ်ိဳး၊ အေရာင္အေသြးစံုစံုလင္လင္၊ ရနံ႔အမ်ိဳးမ်ိဳးနဲ႔ ေဈးကြက္ထဲမွာျပန္႔ႏွံ႔ေနၾကပါတယ္။ မိတ္ကပ္လိမ္းတဲ့အခါမွာလည္း အရည္အေသြးေကာင္းမြန္မွသာ အသားအေရကိုထိခိုက္မႈနည္းေစမွာျဖစ္သလို တာရွည္ခံတဲ့ လွပမႈကိုပိုင္ဆိုင္ႏိုင္ေစမွာျဖစ္ပါတယ္။ မိတ္ကပ္ေရြးခ်ယ္တဲ့အခါ ပထမဦးဆံုးသတိထားရမယ့္ အခ်က္က ကိုယ့္မ်က္ႏွာအသားအေရနဲ႔လိုက္ဖက္မယ့္ မိတ္ကပ္မ်ိဳးေရြးခ်ယ္ဖို႔ပါ။ မိတ္ကပ္ခ်ည္းပဲ သီးသန္႔ျဖစ္ေနတာမ်ိဳးထက္ အသားအေရကိုပါထိန္းသိမ္းေပးႏိုင္တဲ့ အလွကုန္ပစၥည္းမ်ိဳးကိုလည္းေရြးခ်ယ္ေပးမွ ေဘးကင္းတဲ့အလွကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ မိတ္ကပ္မေရြးခင္ အရင္ဆံုးသိသင့္တာက ကိုယ္အသားအေရက ဘယ္လိုအသားအေရအမ်ိဳးအစားလဲဆိုတာကိုသိဖို႔ပါ။

အသားအေရအမ်ိဳးအစားကို အၾကမ္းဖ်င္းအေနနဲ႔

        ေျခာက္ေသြ႕တဲ့အသားအေရ
        အဆီျပန္တဲ့ အသားအေရ
        ပံုမွန္အသားအေရ
        တံု႔ျပန္လြယ္တဲ့အသားအေရ (sensitive skin) နဲ႔

    ေပါင္းစပ္အသားအေရဆိုျပီး ခဲြျခားသတ္မွတ္ထားပါတယ္။ အသားအေရအမ်ိဳးအစားကို ေသေသခ်ာခ်ာသိထားတာက အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြဝယ္ယူတဲ့ေနရာမွာ အေထာက္အကူျဖစ္တဲ့အျပင္ ဝက္ျခံေတြကို သက္သာေအာင္လည္းအေထာက္အပံ့ရေစမွာပါ။

မိတ္ကပ္ခပ္ထူထူလူးတာက မ်က္ႏွာသြင္ျပင္ကို ငယ္ရြယ္တယ္လို႔မထင္ရေစႏိုင္ပါဘူး။ အဆီပါတဲ့ ေအာက္ခံ foundation ေတြနဲ႔ အသားျဖဴတယ္လို႔ထင္ရေစတဲ့ ေပါင္ဒါေတြကမ််က္ႏွာကို လွပသြားတယ္လို႔ထင္ရေစေပမယ့္ အဆီပါတဲ့ မိတ္ကပ္ေတြက eyeliner ေတြကို အေရာင္ျပန္႔ေစသလို eye shadow ေတြကိုလည္း မ်က္ခြံေပၚမွာ စုပံုတာမ်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။ ေခ်ာေမြ႔ျပီး ငယ္ရြယ္ႏုပ်ိဳတယ္လို႔ထင္ရေစတဲ့ လွပမႈကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အဆီမ်ားတဲ့ မိတ္ကပ္မ်ိုးကိုမေရြးခ်ယ္မိဖို႔လိုပါတယ္။ ေျခာက္ေသြ႔တဲ့ အသားအေရအတြက္  အဆီပါတဲ့မိတ္ကပ္က အေျဖတစ္ခုမဟုတ္ပါဘူး။ အသားအေရေျခာက္ေသြ႔တာကို သက္သာေစနိုင္မယ့္နည္းလမ္းေကာင္းက အေရျပားကိုမွန္ကန္ေအာင္သန္႔စင္ေပးဖို႔နဲ႔ အစိုဓာတ္ထိန္းခရင္မ္လူးေပးဖို႔ပဲျဖစ္ပါတယ္။

တစ္ခါတေလမွာေအာက္ခံမိတ္ကပ္ကအသားအေရေျခာက္ေသြ႔တာမ်ိဳးနဲ႔ အေရျပားကိုညိဳမဲေျခာက္ေသြ႔တာမ်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။ အေရျပားေျခာက္ေသြ႔ကြဲအက္တာ ကူးစက္ေရာဂါေတြကို အလြယ္တကူဝင္ေရာက္ေစႏိုင္ပါတယ္။ ေျခာက္ေသြ႔မႈက အေရျပားကိုယားယံတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ အေရျပားေျခာက္ေသြ႔ယားယံမႈကင္းခ်င္ရင္ေတာ့ အစိုဓာတ္ထိန္းေပးတဲ့ခရင္မ္တစ္မ်ိဳးမ်ိုးကို ေအာက္ခံမိတ္ကပ္မလူးခင္ ၅ မိနစ္ေလာက္ၾကိဳလူးေပးရမွာျဖစ္ပါတယ္။ ဒါမွမဟုတ္လည္း အစိုဓာတ္ထိန္းေပးတဲ့ ေအာက္ခံမိတ္ကပ္နဲ႔ powder cake ေတြလူးေပးလို႔လည္းရပါတယ္။

မိတ္ကပ္လူးရင္ေခၽြးေပါက္ေတြပိတ္ျပီး အေရျပားမွာဝက္ျခံျဖစ္ေစႏိုင္တယ္လို႔ လူအမ်ားထင္ေနၾကပါတယ္။ အမွန္ကေတာ့ မိတ္ကပ္ကို မွန္ကန္ေအာင္မလူးလို႔ျဖစ္ရတာပါ။ မ်က္ႏွာေပၚက ေခၽြးေပါက္ေလးေတြထဲမွာ အဆီေတြနဲ႔ ဆဲလ္အေသေတြပိတ္ဆို႔ရာကေန ဝက္ျခံေတြျဖစ္လာရတာျဖစ္ပါတယ္။ အဆီမ်ားတဲ့ ေအာက္ခံမိတ္ကပ္ေတြနဲ႔ အခ်ိဳ႕ေသာေပါင္ဒါမႈန္႔ေတြက မ်က္ႏွာေပၚကေခၽြးေပါက္ေတြမွာ ပိတ္ဆို႔ရာကေနလည္း ဝက္ျခံေတြျဖစ္တတ္ပါတယ္။ အဆီပါဝင္တဲ့မိတ္ကပ္ေတြပိုေရွာင္ရွားမယ္ဆိုရင္ေတာ့ မိတ္ကပ္ေၾကာင့္ဝက္ျခံထြက္ရတာကို သက္သာေစမွာျဖစ္ပါတယ္။ ရနံ႔စူးရွတဲ့ မိတ္ကပ္ေတြနဲ႔ တာရွည္ခံပစၥည္းေတြပါတဲ့မိတ္ကပ္ေတြက အေရျပားဓာတ္မတည့္မႈေတြကိုျဖစ္ေစႏိုင္ပါတယ္။ formaldehyde ပါဝင္တဲ့မိတ္ကပ္ေတြက မ်က္လံုးနဲ႕ အေရျပားေတြကို က်ိန္းစပ္ေစနိုင္ပါတယ္။ အလွကုန္ေတြထဲမွာပါတဲ့ ပစၥည္းအခ်ိဳ႕က သားအေရအတြက္ေကာင္းက်ိဳးျပဳတယ္ဆိုေပမယ့္ အခ်ိဳ႕ကေတာာ့ အသားအေရကိုေကာင္းက်ိဳးမျပဳႏိုင္သလို အႏၱရာယ္ျဖစ္တာမ်ိဳးေတြအထိေတာင္ျဖစ္ေစႏိုင္ပါတယ္။ မိတ္ကပ္ကိုခဏခဏလူးရတာကလည္း အသားအေရကို ပင္ပန္းႏြမ္းနယ္ေစပါတယ္။

မိတ္ကပ္လူးတဲ့ပ်ိဳေမေတြ အမ်ားဆံုးေတြ႔ၾကံဳရတဲ့ ျပႆနာတစ္ခုက မိတ္ကပ္ဓာတ္မတည့္တာေၾကာင့္ မ်က္ႏွာအေရျပားမွာ အနီကြက္ေတြျဖစ္တာ၊ဝက္ျခံေတြျဖစ္တာနဲ႔ အေရျပားေျခာက္ေသြ႔တာမ်ိဳးေတြ ခံစားရတာျဖစ္ပါတယ္။ မိတ္ကပ္ေၾကာင့္အေရျပားဓာတ္မတည့္မႈျဖစ္တာက ေတာ္ေတာ္ေလးမျပင္းထန္မခ်င္း သိပ္ျပီးမသိရႏိုင္ပါဘူး။ မိတ္ကပ္လူးတဲ့အခါမွာလည္း မိတ္ကပ္အခ်ိဳ႕က မ်က္ႏွာေပၚကေခၽြးေပါက္ေတြကို ပိတ္ေစျပီး ဝက္ျခံေတြျဖစ္ေစႏိုင္ပါတယ္။ မိတ္ကပ္အရည္က ေခၽြးေပါက္ပိတ္ျပီးဝက္ျခံျဖစ္မႈကိုပိုျဖစ္ေစႏိုင္ပါတယ္။ မိတ္ကပ္ကို အၾကိမ္ၾကိမ္အထပ္ထပ္လူးတာမ်ိဳးနဲ႔ မိတ္ကပ္အထူၾကီးလူးတာမ်ိဳးက ေခၽြးေပါက္ထဲမွာမိတ္ကပ္ေတြပိတ္ဆို႔ျပီး ဝက္ျခံေတြျဖစ္ေစႏိုင္ပါတယ္။ မိတ္ကပ္အထူၾကီးလူးတာက မ်က္ႏွာသစ္တဲ့အခါ ေခၽြးေပါက္ေတြထဲက မိတ္ကပ္ေတြကို မစင္တာမ်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။ ေခၽြးေပါက္ေတြထဲမွာ မိတ္ကပ္အၾကြင္းအက်န္ေတြက်န္ရစ္တာက အခ်ိန္ၾကာလာတာနဲ႔အမွ် ဆားဝက္ျခံေတြကိုျဖစ္ေစနိုင္ပါတယ္။ ဒီလိုမ်ိဳးအေရျပားျပႆနာေတြကို ကာကြယ္ဖို႔အေကာင္းဆံုးနည္းလမ္းကေတာ့ ဖ်က္ရလြယ္တဲ့ မိတ္ကပ္အမ်ိဳးအစားေတြကို ေရြးခ်ယ္ အသံုးျပဳဖို႔ပဲျဖစ္ပါတယ္။ ျဖစ္နိုင္မယ္ဆိုရင္ ဘက္တီးရီးယားေတြကိုေသေစႏိုင္တဲ့ အာနိသင္ပါဝင္ေနတဲ့ မိတ္ကပ္မ်ိဳးကိုေရြးခ်ယ္ေပးပါ။

အခုေနာက္ပိုင္း အလွကုန္ေဈးကြက္ထဲမွာ သဘာဝပစၥည္းေတြကို အေျခခံျပီးထုတ္ထားတဲ့ “ natural’ (သို႔မဟုတ္)  “ organic” မိတ္ကပ္ေတြ ေတာ္ေတ္ာေလးမ်ားလာေပမယ့္ မိတ္ကပ္အခ်ိဳ႕ကေတာ့ အႏၱရာယ္ရွိတဲ့ ပစၥည္းေတြကိုအသံုးျပဳျပီးထုတ္လုပ္ေနၾကဆဲပါ။ မိတ္ကပ္အခ်ိဳ႕မွာပါတဲ့ ဓာတုပစၥည္းေတြက ကင္ဆာေရာဂါျဖစ္ေစႏိုင္တဲ့အထိျပင္းထန္တာမ်ိဳးေတြေတာင္ရွိေနပါတယ္။ မိတ္ကပ္ထုတ္လုပ္ရမွာ အသံုးျပဳေလ့ရွိၾကတဲ့ amorphous hydrated silica လိုမ်ိဳး ဓာတုပစၥည္းေတြထဲမွာ crystalline quartz လိုမ်ိဳး ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြအမ်ားအျပားပါဝင္ေနတတ္ပါတယ္။ အဆိုပါဓာတု ပစၥည္းေတြကအေရျပားအတြင္းပိုင္းအထိစိမ့္ဝင္သြားတာ၊ ရႈရိႈက္မိတာေတြကေနတဆင့္ အဆုတ္အတြင္းကို အဆိပ္ျဖစ္ေစတဲ့အရာေတြေရာက္ရွိသြားႏိုင္ပါတယ္။

က်န္းမာတဲ့အသားအေရကိုပိုင္ဆိုင္နိင္ေစဖို႔အတြက္ အသားအေရေရာင္ရမ္းမႈကိုသက္သာေစျပီး ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုုင္တဲ့ မိတ္ကပ္မ်ိဳးကိုေရြးခ်ယ္အသံုးျပဳေပးသင့္ပါတယ္။ အခုေနာက္ပိုင္းထြက္ရွိလာတဲ့ အရည္အေသြးျမင့္မိတ္ကပ္ေတာ္ေတာ္မ်ားမ်ားမွာ အသားအေရကိုထိန္းသိမ္းေပးတဲ့ပစၥည္းေတြကိုပါထည့္သြင္းထုတ္လုပ္လာၾကပါတယ္။ ဘက္တီးရီးယားေတြကိုေသေစႏိုင္တဲ့အာနိသင္ပါတဲ့ မိတ္ကပ္ေတြက မ်က္ႏွာမွာဝက္ျခံေတြမျဖစ္ေအာင္ကာကြယ္ေပးျပီး အေရျပားနီျမန္းေရာင္ရမ္းတာကိုလည္းေလ်ာ့ပါးသက္သာေစပါတယ္။ ဗီတာမင္ေတြနဲ႔ အစိုဓာတ္ပါတဲ့ မိတ္ကပ္ေတြက မ်က္ႏွာေပၚကမိတ္ကပ္ေတြပ်က္သြားတဲ့အခ်ိန္မ်ိဳးမွာေတာင္ မ်က္ႏွာကိုၾကည့္ေကာင္းေနေစမွာျဖစ္တယ္လို႔ဆိုပါတယ္။ SPF ပါတဲ့ ေအာက္ခံမိတ္ကပ္ေတြနဲ႔ moisturizers ေတြကလည္း ေနေရာင္ထိေတြ႔မႈေၾကာင့္ အေရျပားထိခိုက္ပ်က္စီးတာေတြကို ေလ်ာ့က်ေစႏိုင္သလို မွဲ႔ကင္ဆာ Melanoma ျဖစ္ႏိုင္ေျခကိုေလ်ာ့က်ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ေနေရာင္ေၾကာင့္အေရျပားပ်က္စီးမႈနည္းေလေလ အသားအေရကပိုျပီးႏုပ်ိဳေလေလပါပဲ။ ေနေရာင္နဲ႔ထိေတြ႔မႈေၾကာင့္ အေရျပားေပၚမွာ အရြယ္မတိုင္ခင္ အေရးအေၾကာင္းေတြျဖစ္ေပၚတာမ်ိဳးကို ခံစားရႏိုင္ပါတယ္။ မိတ္ကပ္အရည္လူးတာေၾကာင့္ဝက္ျခံထြက္တာမ်ိဳးကိုမႏွစ္သက္တဲ့ ေလဒီေတြအေနနဲ႔ အဆီမျပန္ဘဲတစ္ေနကုန္လွပေနေစမယ့္ အလွကုန္မ်ိဳးကို ရွာေနတယ္ဆိုရင္ေတာ့ Maybelline New York ရဲ႕ Clear Smooth All in One Two Way ေလးကို ညႊန္းေပးခ်င္ပါတယ္။ ဒီ Two Way ေလးက မ်က္ႏွာကို ပံုမွန္ထက္ ၅ ဆ ပိုအဆီမျပန္ေအာင္ထိန္းသိမ္းေပးျပီး အသားအေရကိုျဖဴဝင္းေစနိုင္သလို မ်က္ႏွာေပၚက ဝက္ျခံေတြနဲ႔ ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမဲကြက္ေတြကိုလည္း ဖံုးအုပ္ေပးႏိုင္ပါတယ္။ တစ္မ်ိုးတည္းသံုးရံုနဲ႔ ျပီးျပည့္စံုတဲ့အလွကိုရရွိႏိုင္ေစမွာျဖစ္တ့ဲအျပင္ လိမ္းရတာ ေပါ့ပါးမႈရွိၿပီး မိတ္ကပ္ပ်က္တာ၊ကြက္တာမ်ိဳးလည္း မျဖစ္ပါဘူး။ တစ္ေနကုန္ခံတဲ့အျပင္ ေခၽြးစိုခံတာေၾကာင့္ မိတ္ကပ္ခဏခဏထပ္လူးေနစရာမလိုတဲ့အတြက္ အသားအေရထိခိုက္မႈ မရွိေအာင္လည္းလုပ္ေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။ SPF 32 PA+++ ပါဝင္ထုတ္လုပ္ထားတာေၾကာင့္ အေရျပားကိုေနေလာင္ျခင္း ကေနလည္းကာကြယ္ေပးႏိုင္ပါေသးတယ္။ ေနေရာင္နဲ႔ အလြန္အမင္းထိေတြ႔တာကလည္း အေရျပားေပၚမွာ အေရးအေၾကာင္းေတြနဲ႔ အစက္အေျပာက္ေတြကိုျဖစ္ေစႏိုင္သလို အရြယ္မတိုင္ခင္အိုးမင္းရင့္ေရာ္တာနဲ႔ အသားအေရပ်က္စီးတာေတြကိုျဖစ္ေစႏိုင္ပါတယ္။

မိန္းကေလးတိုင္းမွာ မွန္ကန္ေကာင္းမြန္တဲ့အလွကုန္ပစၥည္းေတြကိုေရြးခ်ယ္သံုးစြျဲပီး  အႏၱရာယ္ကင္းကင္းနဲ႔ျပီးျပည့္စံုတဲ့အလွအပတရားကို ပိုင္ဆိုင္ႏိုင္တဲ့အခြင့္အေရးရွိပါတယ္။ အလွအပတရားက မိမိရဲ႕ေရြးခ်ယ္မႈအေပၚမွာသာမူတည္ေနတာေၾကာင့္ ေဈးကြက္ထဲမွာ ေရပန္းစားေနတဲ့အလွကုန္ေတြထဲမွာမွ ကိုယ့္အသားအေရအမ်ိုးအစားနဲ႔လိုက္ဖက္ျပီး က်န္းမာေရးနဲ႔ညီညြတ္ေအာင္ထုတ္လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြကိုေရြးခ်ယ္ဖို႔လိုအပ္တယ္ဆိုတာကို ဒီေဆာင္းပါးေလးကေနတဆင့္ သတင္းေကာင္းပါးလိုက္ပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ယနေ့ခေတ်မိန်းကလေးအများစုရဲ့ မျက်နှာပေါ်မှာ ရိုးရာဓလေ့အတိုင်း လိမ်းလာခဲ့တဲ့ သနပ်ခါးအစား မိတ်ကပ်တွေပြောင်းလဲနေရာယူလာနေကြပါတယ်။ အလှကုန်တွေက အရည်အသွေးအမျိုးမျိုး၊ အရောင်အသွေးစုံစုံလင်လင်၊ ရနံ့အမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာပြန့်နှံ့နေကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်မှသာ အသားအရေကိုထိခိုက်မှုနည်းစေမှာဖြစ်သလို တာရှည်ခံတဲ့ လှပမှုကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ မိတ်ကပ်ရွေးချယ်တဲ့အခါ ပထမဦးဆုံးသတိထားရမယ့် အချက်က ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်မယ့် မိတ်ကပ်မျိုးရွေးချယ်ဖို့ပါ။ မိတ်ကပ်ချည်းပဲ သီးသန့်ဖြစ်နေတာမျိုးထက် အသားအရေကိုပါထိန်းသိမ်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးကိုလည်းရွေးချယ်ပေးမှ ဘေးကင်းတဲ့အလှကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မိတ်ကပ်မရွေးခင် အရင်ဆုံးသိသင့်တာက ကိုယ်အသားအရေက ဘယ်လိုအသားအရေအမျိုးအစားလဲဆိုတာကိုသိဖို့ပါ။

အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့

        ခြောက်သွေ့တဲ့အသားအရေ
        အဆီပြန်တဲ့ အသားအရေ
        ပုံမှန်အသားအရေ
        တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့

    ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကို သေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။

မိတ်ကပ်ခပ်ထူထူလူးတာက မျက်နှာသွင်ပြင်ကို ငယ်ရွယ်တယ်လို့မထင်ရစေနိုင်ပါဘူး။ အဆီပါတဲ့ အောက်ခံ foundation တွေနဲ့ အသားဖြူတယ်လို့ထင်ရစေတဲ့ ပေါင်ဒါတွေကမျျက်နှာကို လှပသွားတယ်လို့ထင်ရစေပေမယ့် အဆီပါတဲ့ မိတ်ကပ်တွေက eyeliner တွေကို အရောင်ပြန့်စေသလို eye shadow တွေကိုလည်း မျက်ခွံပေါ်မှာ စုပုံတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ချောမွေ့ပြီး ငယ်ရွယ်နုပျိုတယ်လို့ထင်ရစေတဲ့ လှပမှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီများတဲ့ မိတ်ကပ်မျိုးကိုမရွေးချယ်မိဖို့လိုပါတယ်။ ခြောက်သွေ့တဲ့ အသားအရေအတွက်  အဆီပါတဲ့မိတ်ကပ်က အဖြေတစ်ခုမဟုတ်ပါဘူး။ အသားအရေခြောက်သွေ့တာကို သက်သာစေနိုင်မယ့်နည်းလမ်းကောင်းက အရေပြားကိုမှန်ကန်အောင်သန့်စင်ပေးဖို့နဲ့ အစိုဓာတ်ထိန်းခရင်မ်လူးပေးဖို့ပဲဖြစ်ပါတယ်။

တစ်ခါတလေမှာအောက်ခံမိတ်ကပ်ကအသားအရေခြောက်သွေ့တာမျိုးနဲ့ အရေပြားကိုညိုမဲခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်တာ ကူးစက်ရောဂါတွေကို အလွယ်တကူဝင်ရောက်စေနိုင်ပါတယ်။ ခြောက်သွေ့မှုက အရေပြားကိုယားယံတာမျိုးဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ယားယံမှုကင်းချင်ရင်တော့ အစိုဓာတ်ထိန်းပေးတဲ့ခရင်မ်တစ်မျိုးမျိုးကို အောက်ခံမိတ်ကပ်မလူးခင် ၅ မိနစ်လောက်ကြိုလူးပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အစိုဓာတ်ထိန်းပေးတဲ့ အောက်ခံမိတ်ကပ်နဲ့ powder cake တွေလူးပေးလို့လည်းရပါတယ်။

မိတ်ကပ်လူးရင်ချွေးပေါက်တွေပိတ်ပြီး အရေပြားမှာဝက်ခြံဖြစ်စေနိုင်တယ်လို့ လူအများထင်နေကြပါတယ်။ အမှန်ကတော့ မိတ်ကပ်ကို မှန်ကန်အောင်မလူးလို့ဖြစ်ရတာပါ။ မျက်နှာပေါ်က ချွေးပေါက်လေးတွေထဲမှာ အဆီတွေနဲ့ ဆဲလ်အသေတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေဖြစ်လာရတာဖြစ်ပါတယ်။ အဆီများတဲ့ အောက်ခံမိတ်ကပ်တွေနဲ့ အချို့သောပေါင်ဒါမှုန့်တွေက မျက်နှာပေါ်ကချွေးပေါက်တွေမှာ ပိတ်ဆို့ရာကနေလည်း ဝက်ခြံတွေဖြစ်တတ်ပါတယ်။ အဆီပါဝင်တဲ့မိတ်ကပ်တွေပိုရှောင်ရှားမယ်ဆိုရင်တော့ မိတ်ကပ်ကြောင့်ဝက်ခြံထွက်ရတာကို သက်သာစေမှာဖြစ်ပါတယ်။ ရနံ့စူးရှတဲ့ မိတ်ကပ်တွေနဲ့ တာရှည်ခံပစ္စည်းတွေပါတဲ့မိတ်ကပ်တွေက အရေပြားဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ formaldehyde ပါဝင်တဲ့မိတ်ကပ်တွေက မျက်လုံးနဲ့ အရေပြားတွေကို ကျိန်းစပ်စေနိုင်ပါတယ်။ အလှကုန်တွေထဲမှာပါတဲ့ ပစ္စည်းအချို့က သားအရေအတွက်ကောင်းကျိုးပြုတယ်ဆိုပေမယ့် အချို့ကတောာ့ အသားအရေကိုကောင်းကျိုးမပြုနိုင်သလို အန္တရာယ်ဖြစ်တာမျိုးတွေအထိတောင်ဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကိုခဏခဏလူးရတာကလည်း အသားအရေကို ပင်ပန်းနွမ်းနယ်စေပါတယ်။

မိတ်ကပ်လူးတဲ့ပျိုမေတွေ အများဆုံးတွေ့ကြုံရတဲ့ ပြဿနာတစ်ခုက မိတ်ကပ်ဓာတ်မတည့်တာကြောင့် မျက်နှာအရေပြားမှာ အနီကွက်တွေဖြစ်တာ၊ဝက်ခြံတွေဖြစ်တာနဲ့ အရေပြားခြောက်သွေ့တာမျိုးတွေ ခံစားရတာဖြစ်ပါတယ်။ မိတ်ကပ်ကြောင့်အရေပြားဓာတ်မတည့်မှုဖြစ်တာက တော်တော်လေးမပြင်းထန်မချင်း သိပ်ပြီးမသိရနိုင်ပါဘူး။ မိတ်ကပ်လူးတဲ့အခါမှာလည်း မိတ်ကပ်အချို့က မျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အရည်က ချွေးပေါက်ပိတ်ပြီးဝက်ခြံဖြစ်မှုကိုပိုဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကို အကြိမ်ကြိမ်အထပ်ထပ်လူးတာမျိုးနဲ့ မိတ်ကပ်အထူကြီးလူးတာမျိုးက ချွေးပေါက်ထဲမှာမိတ်ကပ်တွေပိတ်ဆို့ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အထူကြီးလူးတာက မျက်နှာသစ်တဲ့အခါ ချွေးပေါက်တွေထဲက မိတ်ကပ်တွေကို မစင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေကျန်ရစ်တာက အချိန်ကြာလာတာနဲ့အမျှ ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာတွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဖျက်ရလွယ်တဲ့ မိတ်ကပ်အမျိုးအစားတွေကို ရွေးချယ် အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ပါဝင်နေတဲ့ မိတ်ကပ်မျိုးကိုရွေးချယ်ပေးပါ။

အခုနောက်ပိုင်း အလှကုန်ဈေးကွက်ထဲမှာ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ “ natural’ (သို့မဟုတ်)  “ organic” မိတ်ကပ်တွေ တော်တေ်ာလေးများလာပေမယ့် မိတ်ကပ်အချို့ကတော့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုအသုံးပြုပြီးထုတ်လုပ်နေကြဆဲပါ။ မိတ်ကပ်အချို့မှာပါတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အထိပြင်းထန်တာမျိုးတွေတောင်ရှိနေပါတယ်။ မိတ်ကပ်ထုတ်လုပ်ရမှာ အသုံးပြုလေ့ရှိကြတဲ့ amorphous hydrated silica လိုမျိုး ဓာတုပစ္စည်းတွေထဲမှာ crystalline quartz လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ အဆိုပါဓာတု ပစ္စည်းတွေကအရေပြားအတွင်းပိုင်းအထိစိမ့်ဝင်သွားတာ၊ ရှုရှိုက်မိတာတွေကနေတဆင့် အဆုတ်အတွင်းကို အဆိပ်ဖြစ်စေတဲ့အရာတွေရောက်ရှိသွားနိုင်ပါတယ်။

ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိင်စေဖို့အတွက် အသားအရေရောင်ရမ်းမှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုုင်တဲ့ မိတ်ကပ်မျိုးကိုရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ အရည်အသွေးမြင့်မိတ်ကပ်တော်တော်များများမှာ အသားအရေကိုထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကိုပါထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ပါတဲ့ မိတ်ကပ်တွေက မျက်နှာမှာဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပေးပြီး အရေပြားနီမြန်းရောင်ရမ်းတာကိုလည်းလျော့ပါးသက်သာစေပါတယ်။ ဗီတာမင်တွေနဲ့ အစိုဓာတ်ပါတဲ့ မိတ်ကပ်တွေက မျက်နှာပေါ်ကမိတ်ကပ်တွေပျက်သွားတဲ့အချိန်မျိုးမှာတောင် မျက်နှာကိုကြည့်ကောင်းနေစေမှာဖြစ်တယ်လို့ဆိုပါတယ်။ SPF ပါတဲ့ အောက်ခံမိတ်ကပ်တွေနဲ့ moisturizers တွေကလည်း နေရောင်ထိတွေ့မှုကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကို လျော့ကျစေနိုင်သလို မှဲ့ကင်ဆာ Melanoma ဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ နေရောင်ကြောင့်အရေပြားပျက်စီးမှုနည်းလေလေ အသားအရေကပိုပြီးနုပျိုလေလေပါပဲ။ နေရောင်နဲ့ထိတွေ့မှုကြောင့် အရေပြားပေါ်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေဖြစ်ပေါ်တာမျိုးကို ခံစားရနိုင်ပါတယ်။ မိတ်ကပ်အရည်လူးတာကြောင့်ဝက်ခြံထွက်တာမျိုးကိုမနှစ်သက်တဲ့ လေဒီတွေအနေနဲ့ အဆီမပြန်ဘဲတစ်နေကုန်လှပနေစေမယ့် အလှကုန်မျိုးကို ရှာနေတယ်ဆိုရင်တော့ Maybelline New York ရဲ့ Clear Smooth All in One Two Way လေးကို ညွှန်းပေးချင်ပါတယ်။ ဒီ Two Way လေးက မျက်နှာကို ပုံမှန်ထက် ၅ ဆ ပိုအဆီမပြန်အောင်ထိန်းသိမ်းပေးပြီး အသားအရေကိုဖြူဝင်းစေနိုင်သလို မျက်နှာပေါ်က ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲကွက်တွေကိုလည်း ဖုံးအုပ်ပေးနိုင်ပါတယ်။ တစ်မျိုးတည်းသုံးရုံနဲ့ ပြီးပြည့်စုံတဲ့အလှကိုရရှိနိုင်စေမှာဖြစ်တဲ့အပြင် လိမ်းရတာ ပေါ့ပါးမှုရှိပြီး မိတ်ကပ်ပျက်တာ၊ကွက်တာမျိုးလည်း မဖြစ်ပါဘူး။ တစ်နေကုန်ခံတဲ့အပြင် ချွေးစိုခံတာကြောင့် မိတ်ကပ်ခဏခဏထပ်လူးနေစရာမလိုတဲ့အတွက် အသားအရေထိခိုက်မှု မရှိအောင်လည်းလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ SPF 32 PA+++ ပါဝင်ထုတ်လုပ်ထားတာကြောင့် အရေပြားကိုနေလောင်ခြင်း ကနေလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ နေရောင်နဲ့ အလွန်အမင်းထိတွေ့တာကလည်း အရေပြားပေါ်မှာ အရေးအကြောင်းတွေနဲ့ အစက်အပြောက်တွေကိုဖြစ်စေနိုင်သလို အရွယ်မတိုင်ခင်အိုးမင်းရင့်ရော်တာနဲ့ အသားအရေပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။

မိန်းကလေးတိုင်းမှာ မှန်ကန်ကောင်းမွန်တဲ့အလှကုန်ပစ္စည်းတွေကိုရွေးချယ်သုံးစွြဲပီး  အန္တရာယ်ကင်းကင်းနဲ့ပြီးပြည့်စုံတဲ့အလှအပတရားကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ အလှအပတရားက မိမိရဲ့ရွေးချယ်မှုအပေါ်မှာသာမူတည်နေတာကြောင့် ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့အလှကုန်တွေထဲမှာမှ ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကိုရွေးချယ်ဖို့လိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးလိုက်ပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top