ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အခုေခတ္မွာ လူသားေတြဟာ ခႏၶာကိုယ္လုပ္အားကို အသံုးျပဳရတဲ့ အလုပ္ေတြ ေပ်ာက္ဆံုးၿပီး ေခတ္ေပၚစက္ကိရိယာေတြက လူေတြအစား လုပ္ေပးတဲ့ ကမာၻႀကီးမွာ ေနေနၾကရပါတယ္။ အေမရိကန္ ၃၄ သန္းေက်ာ္ဟာ ရံုးခန္း (သို႔) အေရာင္းအလုပ္ေတြ လုပ္ေနရတာမို႔ သူတုိ႔ကို တစ္ေန႔ ရွစ္နာရီ (သို႔) ဒီ့ထက္ၾကာေအာင္ထိုင္ေနဖို႔ တြန္းအားေပးေနသလိုပါပဲ။

Annuals of Internal Medicine မွာ ပါတဲ့ အစီရင္ခံခ်က္ တစ္ခုအရ ပံုမွန္လူတစ္ေယာက္ဟာ သူ႔ရဲ႕ႏိုးေနတဲ့ အခ်ိန္ေတြရဲ႕ တစ္ဝက္ေက်ာ္ေက်ာ္ကို မလႈပ္ရွားတဲ့ ပံုစံ (ကြန္ပ်ဴတာ ေရွ႔မွာ ထိုင္တာ၊ တီဗြီ ၾကည့္တာ၊ အလုပ္ကေန သြား၊ ျပန္တာ) မ်ိဳးနဲ႔ ျဖတ္သန္းတတ္ၾကပါတယ္။

နည္းပညာက သိသာထင္ရွားတဲ့ အက်ိဳးေက်းဇူးေတြကို ယူေဆာင္လာေပးတဲ့အတြက္ အခ်ိန္အနည္းငယ္အတြင္းမွာ အလုပ္မ်ားမ်ားၿပီးတာမ်ိဳး၊ အားအင္ သက္သာတာမ်ိဳး၊ အျမန္ ေရာက္ရွိႏိုင္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါၿပီ။ ဒါေပမယ့္ သူ႔မွာလည္း ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိႏိုင္ပါေသးတယ္။

အခ်ိန္အၾကာႀကီး ထိုင္ေနျခင္းဟာ ခါးနာျခင္း၊ လူေနထိုင္ပံုမမွန္ျခင္းနဲ႔ အျခားေရာဂါေတြျဖစ္တဲ့ ဆီးခ်ိဳ၊ ႏွလံုးေရာဂါနဲ႔ အဝလြန္ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

သင့္အလုပ္မွာ အခ်ိန္အၾကာႀကီး ထိုင္ဖို႔လိုတယ္ဆိုရင္ ဒါဟာ သင့္က်န္းမာေရးကို ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္ဆိုတာ ေလ့လာၾကည့္လိုက္ပါလို႔ ကြ်မ္းက်င္သူ ေလးေယာက္က ေျပာပါတယ္။

ဦးေႏွာက္၊ လည္ပင္းနဲ႔ ပုခံုး ျပႆနာမ်ား

ကိုယ္ခႏၶာကုိ လႈပ္ရွားတယ္ဆိုတာ ေသြးနဲ႔ ေအာက္ဆီဂ်င္ေတြကို ဦးေႏွာက္ကို ပိုမို စီးဆင္းျခင္းၿပီး ဥာဏ္ေကာင္းေစကာ အရာရာကို ၾကည္လင္ျပတ္သားစြာ ျမင္ေစႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိန္အၾကာႀကီး ထိုင္ေနမယ္ဆိုရင္ ဦးေႏွာက္ကို ေသြးစီးဆင္းမႈ က်ဆင္းလာၿပီးေတာ့ ၾကည္လင္ျပတ္သားစြာ ေတြးေတာႏိုင္တဲ့ စြမ္းအားကို တားျမစ္ပါတယ္။

ကြန္ပ်ဴတာကို ၾကည့္ဖို႔ လူကေရွ့ကိုကိုင္းၿပီး အလုပ္လုပ္ျခင္းဟာ လည္ပင္း (အထူးသျဖင့္ လည္ပင္း ေက်ာရိုး) ေပၚကို ႀကီးမာတဲ့ ဖိအားသက္ေရာက္ေစပါတယ္။ ကိုယ္ေနဟန္ မမွန္ျခင္းဟာ သင့္ရဲ႕ ခါးနဲ႔ ပုခံုး ႂကြက္သားေတြကို ပ်က္စီးေစၿပီးေတာ့ ကီးဘုတ္ ေရွ႔ကို အခ်ိန္အၾကာႀကီး ကုန္းၾကည့္ေနတဲ့အတြက္ ႂကြက္သားေတြ လိုတာထက္ ပိုဆန္႔ျခင္းကို ျဖစ္ေပၚေစပါတယ္။

ခါးျပႆနာမ်ား

ကိုယ္ေနဟန္ မမွန္ျခင္းေၾကာင့္ ျဖစ္ပြားႏိုင္တဲ့ အဓိက ျပႆနာ တစ္ခုကေတာ့ ခါးနာျခင္းပဲျဖစ္ပါတယ္။ လႈပ္ရွားမႈဟာ ေက်ာရိုးမထဲက ေက်ာရိုးဆစ္ေတြၾကားက ေပ်ာ့ေျပာင္းတဲ့ အဆစ္ျပားေတြကို က်ံဳ႔ျခင္း ဆန္႔ျခင္းေတြ ျဖစ္ေပၚေစၿပီးေတာ့ ေသြးနဲ႔ အာဟာရေတြကို ျဖည့္တင္းေပးပါတယ္။ အၾကာႀကီး ထုိင္ေနမယ္ဆိုရင္ ဒီ အဆစ္ျပား ေတြဟာ မညီမွ်ပဲ သိပ္သည္းလာၿပီးေတာ့ ေကာ္လာဂ်င္ ေတြကို အရြတ္ေတြၾကားမွာ ျဖစ္လာေစပါတယ္။

ဒီလိုပဲ ခါးရိုးဆစ္ ေတြ ကြ်ံက်ျခင္းဟာ ကြန္ပ်ဴတာေရွ႔မွာ အခ်ိန္အၾကာႀကီးေနတတ္တဲ့ လူေတြမွာ အျဖစ္မ်ားပါတယ္။

ႂကြက္သား ယိုယြင္းလာျခင္း

ထိုင္ေနျခင္းဟာ သင့္ႂကြက္သားေတြ အသံုးျပဳဖုိ႔ မလိုအပ္တာေၾကာင့္ မသံုးပဲ အၾကာႀကီး ထားမယ္ဆိုရင္ ဒါဟာ သင့္ကို Swayback လုိ႔ေခၚတဲ့ ေၾကာရိုးမရဲ႕ သဘာဝအတိုင္း ကိုင္းညြတ္မႈကို လိုတာထက္ပိုၿပီး ဆန္႔ေစျခင္း ျဖစ္ေပၚေစပါတယ္။ ဒါ့ျပင္ အခ်ိန္အၾကာႀကီး ထိုင္ျခင္းဟာ အထူးသျဖင့္ တင္ပဆံုနဲ႔ ခါးတို႔ရဲ႕ ေယဘုယ် ေပ်ာ့ေျပာင္းမႈကို ေလ်ာ့က်ေစပါတယ္။ ေပ်ာ့ေျပာင္းတဲ့ တင္ပဆံုးနဲ႔ ခါးေတြဟာ ကိုယ္ခႏၶာ ညီမွ်မႈကို ထိန္းသိမ္းေပးၿပီး အခ်ိန္အၾကာႀကီး ထိုင္ျခင္းကေတာ့ တင္ပဆံု ေကြးတဲ့ ႂကြက္သားေတြကို တိုေစၿပီး ေတာင့္တင္းေစပါတယ္။

Glute muscles ေတြဟာ မသံုးတာၾကာရင္ ပိုၿပီးေတာ့ ေပ်ာ့လာႏိုင္ၿပီးေတာ့ ဒါဟာ သင့္ကို ေျခလွမ္းၾကဲၾကဲ ေလွ်ာက္ႏုိင္စြမ္းနဲ႔ ကိုယ္ခႏၶာကို တည္ၿငိမ္ေအာင္ ထိန္းထားႏိုင္စြမ္းေတြကို ေလ်ာ့က်ေစပါတယ္။

ကိုယ္ခႏၶာ အဂၤါမ်ား ပ်က္စီးျခင္း

အခ်ိန္အၾကာႀကီး ထိုင္ျခင္းဟာ ႏွလံုးေရာဂါ၊ ႏွလံုးေသြးေၾကာေရာဂါနဲ႔ အူမႀကီးကင္ဆာတို႔ကို ျဖစ္ပြားေစႏိုင္ပါတယ္။ ျခံဳေျပာရရင္ ဒီျပႆနာေတြဟာ ကိုယ္ခႏၶာမလႈပ္ရွားတာေၾကာင့္ ျဖစ္တဲ့ အင္ဆူလင္ ပိုထြက္ျခင္းနဲ႔ အဂၤါေတြကို ေသြးေရာက္ႏႈန္းေႏွးျခင္းေၾကာင့္ ျဖစ္ေပၚတာ ျဖစ္ပါတယ္။ ပံုမွန္ လႈပ္ရွားျခင္းဟာ ကင္ဆာဆဲလ္ေတြကို သတ္ေပးၿပီး ဓါတ္တိုးပစၥည္း ေတြကို သုတ္သင္ေပးတဲ့ ဓါတ္တိုးဆန္႔က်င္ ဂုဏ္သတၱိရွိတဲ့ ပစၥည္းေတြကို အားေပးပါတယ္။

အင္ဆူလင္ပိုထုတ္ျခင္းဟာ ကိုယ္အေလးခ်ိန္ကို တက္လာေစၿပီး ဆီးခ်ိဳနဲ႔ အဝလြန္ျခင္းေတြကို ျဖစ္ေစတတ္ပါတယ္။

ေျခေထာက္ ေရာဂါမ်ား

သိသာထင္ရွားစြာပဲ အခ်ိန္အၾကာႀကီး ထိုင္ျခင္းဟာ ေျခေထာက္ေတြထဲမွာ ေသြးလွည့္ပတ္မႈကို တားဆီးပါတယ္။ ဒါဟာ ေျခခ်င္းဝတ္ ေသြးစုျပံဳျခင္း ျဖစ္ေစၿပီးေတာ့ ေျခခ်င္းဝတ္ ေရာင္ျခင္း၊ ေသြးေၾကာထံုးျခင္းနဲ႔ အႏၲရာယ္ေပးႏိုင္တဲ့ ေသြးခဲျဖစ္ေပၚမႈေတြကိုပါ ျဖစ္လာႏုိင္ေစပါတယ္။ ေနာက္ျပႆနာတစ္ခုကေတာ့ အရိုး ေတြဟာ ပိုၿပီးေတာ့ အားနည္းလာၿပီး သိပ္သည္းမႈ နည္းပါးလာတာပါပဲ။ ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း အစရွိတဲ့ ပံုမွန္ လႈပ္ရွားမႈ ျပဳျခင္းဟာ အရုိးေတြကို သန္စြမ္းေစပါတယ္။ ဒါဟာ အသက္ႀကီးတဲ့သူေတြမွာ အထုိင္မ်ားတာေၾကာင့္ ဘာေၾကာင့္ အရိုးပြေရာဂါ ျဖစ္ေစလဲဆိုတဲ့ အခ်က္ကို ရွႈင္းျပႏိုင္ပါတယ္။

တီဗြီကို သက္တမ္းတစ္ေလွ်ာက္မွာ ၈ ႏွစ္ခြဲ ထက္ပိုၿပီး ၾကည့္တဲ့သူေတြဟာ တစ္ေန႔ကို တစ္နာရီေတာင္ မၾကည့္တဲ့ သူေတြနဲ႔ ယွဥ္ရင္ အရြယ္မတုိင္မီ ေသဆံုးမႈ ၆၁ ရာခိုင္ႏႈန္း ပိုမို မ်ားျပားတယ္လို႔ ေလ့လာမႈတစ္ခုက ေျပာပါတယ္။

ဒါဆိုရင္ ကိုယ္ခႏၶာ မလႈပ္ရွားမႈေတြ ပိုမိုမ်ားျပားလာတာကို ဘယ္လိုတိုက္ထုတ္ၾကမလဲ။

ပထမဆံုးအေနနဲ႔ အလုပ္အတြက္ျဖစ္ေစ၊ အျခားရည္ရြယ္ခ်က္နဲ႔ ျဖစ္ေစ အခ်ိန္အၾကာႀကီး ထိုင္စရာမလိုပါဘူး။ မတ္မတ္ထုိင္ပါ။ ကီးဘုတ္ေရွ႔ကို ကုန္းေနျခင္းကို ေရွာင္ပါ။ ေလ့က်င့္ခန္းလုပ္တဲ့ ေဘာလံုးကို ဝယ္မယ္ဆိုရင္ ဒါဟာ သင့္ႂကြက္သားေတြကို အလုပ္လုပ္ေစၿပီး သင့္ကိုယ္ခႏၶာကို သဘာဝအတိုင္း ေျဖာင့္မတ္စြာ ရွိေနေစပါတယ္။ ေနာက္ေက်ာမွီမပါတဲ့ ထိုင္ခံုကိုလဲ ေလ့က်င့္ခန္း ေဘာလံုးအစား အသံုးျပဳနိုင္ပါတယ္။

ဒုတိယ အခ်က္ကေတာ့ ကိုယ္ခႏၶာအေၾကာဆန္႔ဖို႔ ပံုမွန္ ထသင့္ပါတယ္။ ဒါကို ဘယ္ေလာက္တစ္ခါလုပ္ရမွာလဲ။ အနည္းဆုံုး မိနစ္သံုးဆယ္တစ္ခါလို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ ထၿပီးေတာ့ သင့္ရံုးမွာ မိနစ္အနည္းငယ္ေလာက္ လမ္းေလွ်ာက္ျခင္းဟာ ေသြးစီးဆင္းႏႈန္းကို ျမွင့္တင္ေပးၿပီး ဦးေနွာက္နဲ႔ ႂကြက္သားေတြကို အေကာင္းဆံုး လုပ္ေဆာင္ႏိုင္ေစပါတယ္။

တတိယအေနနဲ႔ ေယာဂျပဳလုပ္ျခင္းဟာ သင့္ႂကြက္သားေတြကို ေပ်ာ့ေျပာင္းေစၿပီး စိတ္ကို ေအးခ်မ္းေစကာ တစ္ေန႔တာ အလုပ္ေတြကေန ဖိအားေလ်ာ့ေစႏိုင္ပါတယ္။ မတ္တပ္အေနနဲ႔ အလုပ္လုပ္ဖို႔ တြန္းအားေပးမယ့္ မတ္တပ္ရပ္ အလုပ္လုပ္ရတဲ့ အလုပ္ခံုကိုလည္း ဝယ္ႏိုင္ပါတယ္။ ဒါဟာ ေသြးနဲ႔ ေအာက္ဆီဂ်င္ စီးဆင္းႏႈန္းကို ကူညီေပးၿပီး ေသြးခဲျဖစ္ေပၚႏႈန္းနဲ႔ အျခား မေကာင္းတဲ့ က်န္းမာေရး ျပႆနာေတြကို ေလ်ာ့က်ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အခုခေတ်မှာ လူသားတွေဟာ ခန္ဓာကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီ့ထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။

Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။

နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် ရောက်ရှိနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါပြီ။ ဒါပေမယ့် သူ့မှာလည်း ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်။

အချိန်အကြာကြီး ထိုင်နေခြင်းဟာ ခါးနာခြင်း၊ လူနေထိုင်ပုံမမှန်ခြင်းနဲ့ အခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

သင့်အလုပ်မှာ အချိန်အကြာကြီး ထိုင်ဖို့လိုတယ်ဆိုရင် ဒါဟာ သင့်ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ လေ့လာကြည့်လိုက်ပါလို့ ကျွမ်းကျင်သူ လေးယောက်က ပြောပါတယ်။

ဦးနှောက်၊ လည်ပင်းနဲ့ ပုခုံး ပြဿနာများ

ကိုယ်ခန္ဓာကို လှုပ်ရှားတယ်ဆိုတာ သွေးနဲ့ အောက်ဆီဂျင်တွေကို ဦးနှောက်ကို ပိုမို စီးဆင်းခြင်းပြီး ဉာဏ်ကောင်းစေကာ အရာရာကို ကြည်လင်ပြတ်သားစွာ မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် ဦးနှောက်ကို သွေးစီးဆင်းမှု ကျဆင်းလာပြီးတော့ ကြည်လင်ပြတ်သားစွာ တွေးတောနိုင်တဲ့ စွမ်းအားကို တားမြစ်ပါတယ်။

ကွန်ပျူတာကို ကြည့်ဖို့ လူကရှေ့ကိုကိုင်းပြီး အလုပ်လုပ်ခြင်းဟာ လည်ပင်း (အထူးသဖြင့် လည်ပင်း ကျောရိုး) ပေါ်ကို ကြီးမာတဲ့ ဖိအားသက်ရောက်စေပါတယ်။ ကိုယ်နေဟန် မမှန်ခြင်းဟာ သင့်ရဲ့ ခါးနဲ့ ပုခုံး ကြွက်သားတွေကို ပျက်စီးစေပြီးတော့ ကီးဘုတ် ရှေ့ကို အချိန်အကြာကြီး ကုန်းကြည့်နေတဲ့အတွက် ကြွက်သားတွေ လိုတာထက် ပိုဆန့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ခါးပြဿနာများ

ကိုယ်နေဟန် မမှန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ အဓိက ပြဿနာ တစ်ခုကတော့ ခါးနာခြင်းပဲဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ကျောရိုးမထဲက ကျောရိုးဆစ်တွေကြားက ပျော့ပြောင်းတဲ့ အဆစ်ပြားတွေကို ကျုံ့ခြင်း ဆန့်ခြင်းတွေ ဖြစ်ပေါ်စေပြီးတော့ သွေးနဲ့ အာဟာရတွေကို ဖြည့်တင်းပေးပါတယ်။ အကြာကြီး ထိုင်နေမယ်ဆိုရင် ဒီ အဆစ်ပြား တွေဟာ မညီမျှပဲ သိပ်သည်းလာပြီးတော့ ကော်လာဂျင် တွေကို အရွတ်တွေကြားမှာ ဖြစ်လာစေပါတယ်။

ဒီလိုပဲ ခါးရိုးဆစ် တွေ ကျွံကျခြင်းဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးနေတတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။

ကြွက်သား ယိုယွင်းလာခြင်း

ထိုင်နေခြင်းဟာ သင့်ကြွက်သားတွေ အသုံးပြုဖို့ မလိုအပ်တာကြောင့် မသုံးပဲ အကြာကြီး ထားမယ်ဆိုရင် ဒါဟာ သင့်ကို Swayback လို့ခေါ်တဲ့ ကြောရိုးမရဲ့ သဘာဝအတိုင်း ကိုင်းညွတ်မှုကို လိုတာထက်ပိုပြီး ဆန့်စေခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် အချိန်အကြာကြီး ထိုင်ခြင်းဟာ အထူးသဖြင့် တင်ပဆုံနဲ့ ခါးတို့ရဲ့ ယေဘုယျ ပျော့ပြောင်းမှုကို လျော့ကျစေပါတယ်။ ပျော့ပြောင်းတဲ့ တင်ပဆုံးနဲ့ ခါးတွေဟာ ကိုယ်ခန္ဓာ ညီမျှမှုကို ထိန်းသိမ်းပေးပြီး အချိန်အကြာကြီး ထိုင်ခြင်းကတော့ တင်ပဆုံ ကွေးတဲ့ ကြွက်သားတွေကို တိုစေပြီး တောင့်တင်းစေပါတယ်။

Glute muscles တွေဟာ မသုံးတာကြာရင် ပိုပြီးတော့ ပျော့လာနိုင်ပြီးတော့ ဒါဟာ သင့်ကို ခြေလှမ်းကြဲကြဲ လျှောက်နိုင်စွမ်းနဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းတွေကို လျော့ကျစေပါတယ်။

ကိုယ်ခန္ဓာ အင်္ဂါများ ပျက်စီးခြင်း

အချိန်အကြာကြီး ထိုင်ခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ အူမကြီးကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ခြုံပြောရရင် ဒီပြဿနာတွေဟာ ကိုယ်ခန္ဓာမလှုပ်ရှားတာကြောင့် ဖြစ်တဲ့ အင်ဆူလင် ပိုထွက်ခြင်းနဲ့ အင်္ဂါတွေကို သွေးရောက်နှုန်းနှေးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပုံမှန် လှုပ်ရှားခြင်းဟာ ကင်ဆာဆဲလ်တွေကို သတ်ပေးပြီး ဓါတ်တိုးပစ္စည်း တွေကို သုတ်သင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို အားပေးပါတယ်။

အင်ဆူလင်ပိုထုတ်ခြင်းဟာ ကိုယ်အလေးချိန်ကို တက်လာစေပြီး ဆီးချိုနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။

ခြေထောက် ရောဂါများ

သိသာထင်ရှားစွာပဲ အချိန်အကြာကြီး ထိုင်ခြင်းဟာ ခြေထောက်တွေထဲမှာ သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ ဒါဟာ ခြေချင်းဝတ် သွေးစုပြုံခြင်း ဖြစ်စေပြီးတော့ ခြေချင်းဝတ် ရောင်ခြင်း၊ သွေးကြောထုံးခြင်းနဲ့ အန္တရာယ်ပေးနိုင်တဲ့ သွေးခဲဖြစ်ပေါ်မှုတွေကိုပါ ဖြစ်လာနိုင်စေပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အရိုး တွေဟာ ပိုပြီးတော့ အားနည်းလာပြီး သိပ်သည်းမှု နည်းပါးလာတာပါပဲ။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း အစရှိတဲ့ ပုံမှန် လှုပ်ရှားမှု ပြုခြင်းဟာ အရိုးတွေကို သန်စွမ်းစေပါတယ်။ ဒါဟာ အသက်ကြီးတဲ့သူတွေမှာ အထိုင်များတာကြောင့် ဘာကြောင့် အရိုးပွရောဂါ ဖြစ်စေလဲဆိုတဲ့ အချက်ကို ရှှုင်းပြနိုင်ပါတယ်။

တီဗွီကို သက်တမ်းတစ်လျှောက်မှာ ၈ နှစ်ခွဲ ထက်ပိုပြီး ကြည့်တဲ့သူတွေဟာ တစ်နေ့ကို တစ်နာရီတောင် မကြည့်တဲ့ သူတွေနဲ့ ယှဉ်ရင် အရွယ်မတိုင်မီ သေဆုံးမှု ၆၁ ရာခိုင်နှုန်း ပိုမို များပြားတယ်လို့ လေ့လာမှုတစ်ခုက ပြောပါတယ်။

ဒါဆိုရင် ကိုယ်ခန္ဓာ မလှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကို ဘယ်လိုတိုက်ထုတ်ကြမလဲ။

ပထမဆုံးအနေနဲ့ အလုပ်အတွက်ဖြစ်စေ၊ အခြားရည်ရွယ်ချက်နဲ့ ဖြစ်စေ အချိန်အကြာကြီး ထိုင်စရာမလိုပါဘူး။ မတ်မတ်ထိုင်ပါ။ ကီးဘုတ်ရှေ့ကို ကုန်းနေခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကို ဝယ်မယ်ဆိုရင် ဒါဟာ သင့်ကြွက်သားတွေကို အလုပ်လုပ်စေပြီး သင့်ကိုယ်ခန္ဓာကို သဘာဝအတိုင်း ဖြောင့်မတ်စွာ ရှိနေစေပါတယ်။ နောက်ကျောမှီမပါတဲ့ ထိုင်ခုံကိုလဲ လေ့ကျင့်ခန်း ဘောလုံးအစား အသုံးပြုနိုင်ပါတယ်။

ဒုတိယ အချက်ကတော့ ကိုယ်ခန္ဓာအကြောဆန့်ဖို့ ပုံမှန် ထသင့်ပါတယ်။ ဒါကို ဘယ်လောက်တစ်ခါလုပ်ရမှာလဲ။ အနည်းဆုံး မိနစ်သုံးဆယ်တစ်ခါလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ထပြီးတော့ သင့်ရုံးမှာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ခြင်းဟာ သွေးစီးဆင်းနှုန်းကို မြှင့်တင်ပေးပြီး ဦးနှောက်နဲ့ ကြွက်သားတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပါတယ်။

တတိယအနေနဲ့ ယောဂပြုလုပ်ခြင်းဟာ သင့်ကြွက်သားတွေကို ပျော့ပြောင်းစေပြီး စိတ်ကို အေးချမ်းစေကာ တစ်နေ့တာ အလုပ်တွေကနေ ဖိအားလျော့စေနိုင်ပါတယ်။ မတ်တပ်အနေနဲ့ အလုပ်လုပ်ဖို့ တွန်းအားပေးမယ့် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ အလုပ်ခုံကိုလည်း ဝယ်နိုင်ပါတယ်။ ဒါဟာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းနှုန်းကို ကူညီပေးပြီး သွေးခဲဖြစ်ပေါ်နှုန်းနဲ့ အခြား မကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို လျော့ကျစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top