ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတုိင္းေဒသႀကီး ကေလးဝၿမိဳ႕ရွိ ထူးဟန္သစ္ ေက်ာက္မီးေသြးလုပ္ကြက္၌ ေက်ာက္မီးေသြးလိႈဏ္ေခါင္း အမိုးၿပိဳက်မႈေၾကာင့္ အလုပ္သမား ၁ ဦးေသဆံုးကာ ၁ ဦးဒဏ္ရာရရွိခ့ဲေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၁၈ ရက္ မနက္ ၁၀ နာရီ ၃၀ မိနစ္ အခ်ိန္တြင္ ကေလးၿမိဳ႕နယ္ သစ္ေခ်ာက္ေက်းရြာ ေတာင္ဘက္(၂)မိုင္ခန္႔အကြာ ေက်ာက္အုံေက်းရြာ အနီးရွိ "ထူးဟန္သစ္" ေက်ာက္မီးေသြးလုပ္ကြက္၌ ေအာင္ခိုင္ဝင္းႏွင့္ ကံႀကီးေအာင္ တို႔သည္ လွိုင္ေခါင္းအမွတ္(၁) အဝအက်ယ္(၉)ေပ၊ အရွည္(၁၂၀၀)ရွိ လွိုင္ေခါင္းအတြင္း ေက်ာက္မီးေသြးတူးေနစဥ္ အေပၚအမိုးၿပိဳက်ကာ ဒဏ္ရာရရွိ၍ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေအာင္ခိုင္ဝင္းမွာ လမ္းခရီး၌ ေသဆုံးသြားခ့ဲျခင္းျဖစ္ေၾကာင္း ကေလးဝၿမိဳ႕မ ရဲစခန္းထံမွ သိရသည္။

ကေလးဝၿမိဳ႕မရဲစခန္းမွူး ဒုတိယရဲမွူး ေဌးဝင္း ဦးစီး အဖြဲ႕၏ စစ္ေဆးခ်က္အရ ေအာင္ခိုင္ဝင္း(၂၁)ႏွစ္ ေက်ာက္မီးေသြးတြင္း လုပ္သား (ဘ)ဦးဖိုးသီး ရွားေတာေပါက္အိုင္ေက်းရြာ မင္းကင္းၿမိဳ႕နယ္ေနသူမွာ နဖူးကြဲ၊ နံရိုးက်ိဳးဒဏ္ရာမ်ားျဖင့္ ေသဆုံးခ့ဲျခင္းျဖစ္ၿပီး ကံႀကီးေအာင္(၂၉)ႏွစ္ ေက်ာက္မီးေသြးတြင္းလုပ္သား (ဘ)ဦးထြန္းခင္ (လိပ္စာတူ)တြင္ ယာလက္ဖ်ံ၊ ဦးေခါင္းဖူးေရာင္ ဒဏ္ရာ ရရွိထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေက်ာက္မီးေသြးတြင္းလုပ္သား ေအာင္ခိုင္ဝင္း ေသဆုံးမွုအား ကေလးဝၿမိဳ႕မရဲစခန္းမွ ေသမွုေသခင္းအမွတ္စဥ္ ၆/၂၀၁၇ ေရးဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ရှိ ထူးဟန်သစ် ကျောက်မီးသွေးလုပ်ကွက်၌ ကျောက်မီးသွေးလှိုဏ်ခေါင်း အမိုးပြိုကျမှုကြောင့် အလုပ်သမား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် ကလေးမြို့နယ် သစ်ချောက်ကျေးရွာ တောင်ဘက်(၂)မိုင်ခန့်အကွာ ကျောက်အုံကျေးရွာ အနီးရှိ "ထူးဟန်သစ်" ကျောက်မီးသွေးလုပ်ကွက်၌ အောင်ခိုင်ဝင်းနှင့် ကံကြီးအောင် တို့သည် လှိုင်ခေါင်းအမှတ်(၁) အဝအကျယ်(၉)ပေ၊ အရှည်(၁၂၀၀)ရှိ လှိုင်ခေါင်းအတွင်း ကျောက်မီးသွေးတူးနေစဉ် အပေါ်အမိုးပြိုကျကာ ဒဏ်ရာရရှိ၍ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် အောင်ခိုင်ဝင်းမှာ လမ်းခရီး၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေးဝမြို့မ ရဲစခန်းထံမှ သိရသည်။

ကလေးဝမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဌေးဝင်း ဦးစီး အဖွဲ့၏ စစ်ဆေးချက်အရ အောင်ခိုင်ဝင်း(၂၁)နှစ် ကျောက်မီးသွေးတွင်း လုပ်သား (ဘ)ဦးဖိုးသီး ရှားတောပေါက်အိုင်ကျေးရွာ မင်းကင်းမြို့နယ်နေသူမှာ နဖူးကွဲ၊ နံရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကံကြီးအောင်(၂၉)နှစ် ကျောက်မီးသွေးတွင်းလုပ်သား (ဘ)ဦးထွန်းခင် (လိပ်စာတူ)တွင် ယာလက်ဖျံ၊ ဦးခေါင်းဖူးရောင် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ထို့ကြောင့် ကျောက်မီးသွေးတွင်းလုပ်သား အောင်ခိုင်ဝင်း သေဆုံးမှုအား ကလေးဝမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၇ ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top