ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕ ေအာင္ေျမ သာစံၿမိဳ႕နယ္ သီရိမႏၲလာယာဥ္ ရပ္နားစခန္းတြင္ ခရီးသည္မ်ား ကုိ ဓားေျမႇာင္ကုိင္၍ ႀကိမ္းေမာင္း ေနသူကုိ ဖမ္းဆီးအေရးယူခဲ့ ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီက သတင္း ထုတ္ျပန္သည္။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တံ ခြန္တိုင္ရပ္ကြက္တြင္ ေနထုိင္ သည့္ (၂၈)ႏွစ္အရြယ္အမ်ိဳးသား တစ္ဦးသည္ ကား၀င္းအတြင္း ခရီးသည္မ်ားကုိ ဓားေျမႇာင္ကုိင္ ၍ ႀကိမ္းေမာင္းေျပာဆုိေနသျဖင့္ ႏုိ၀င္ဘာ ၁၄ ရက္နံနက္ ၄ နာရီ တြင္ စည္ပင္ရဲတပ္ဖြဲ႕က ဖမ္းဆီး ၿပီး မႏၲေလးအမွတ္(၅)ရဲစခန္း တြင္ လက္နက္ပုဒ္မ ၁၉(င)ျဖင့္ အမႈဖြင့္ထားသည္။

‘‘သူက ဆုိင္ကယ္ကယ္ရီ သမားမဟုတ္ဘူး။ ဧည့္ႀကိဳ၊ အ ရက္မူးၿပီး ခရီးသည္ေတြကုိလုိက္ ဆြဲၿပီး ဓားကိုင္ၿခိမ္းေျခာက္လုိ႔ ဖမ္းလုိက္တယ္’’ ဟု စည္ပင္သာ ယာရဲတပ္ဖြဲ႕မွဴး(မႏၲေလး)  ရဲမွဴး ၿငိမ္းခ်မ္းေအာင္က ေျပာသည္။

မႏၲေလးၿမိဳ႕ရွိ သီရိမႏၲလာ ကား၀င္းႏွင့္ ခ်မ္းျမေရႊျပည္(ကြၽဲ ဆည္ကန္)ကား၀င္းတို႔တြင္ ခရီး သည္မ်ားကုိ စိတ္အေႏွာင့္အ ယွက္ျဖစ္ေစရန္ အိတ္မ်ားဆြဲယူ ျခင္း၊ ကားခပုိမုိေတာင္းခံျခင္းတို႔ ကုိ တကၠစီသမားအခ်ိဳ႕က ျပဳလုပ္ေနၿပီး ေစာင့္ၾကည့္အေရးယူႏုိင္ရန္ စည္ပင္သာယာေရး ရဲတပ္ဖြဲ႕ အေနျဖင့္ အင္အားတုိးျမႇင့္ထား ေၾကာင္း ရဲမွဴးၿငိမ္းခ်မ္းေအာင္က ေျပာသည္။

‘‘ခရီးသြားျပည္သူေတြ စိတ္ ခ်မ္းသာစြာသြားလာႏုိင္ဖုိ႔ ေန႔ည ပူးေပါင္းအဖြဲ႕ေတြနဲ႔ လုံၿခံဳေရး လုပ္ေနပါတယ္။ ၿခိမ္းေျခာက္ေငြ ေတာင္းတဲ့ ျဖစ္စဥ္ေတြကုိလည္း ဥပေဒအရ အေရးယူထားတယ္’’ ဟု သီရိမႏၲလာယာဥ္ရပ္နားစခန္း စည္းကမ္းထိန္းသိမ္းေရးမွဴး ဦး တင္စုိးက ေျပာသည္။

လက္ရွိတြင္ မႏၲေလး၌ တကၠစီသမားအခ်ိဳ႕က ခရီးသည္ ထံမွ ၿခိမ္းေျခာက္ေငြေတာင္းမႈ မ်ား မၾကာခဏျဖစ္ပြားေနၿပီး စည္ပင္သာယာမွလည္း ကား လုိင္းမ်ားကုိ သတ္မွတ္ထားသည့္ ယာဥ္ရပ္နားစခန္းျပင္ပတြင္ ခရီး သည္ခ်ထားျခင္းႏွင့္ ကုန္ပစၥည္း တင္ခ်ျခင္းမ်ား မျပဳလုပ္ရန္ သတိ ေပးတားျမစ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် သီရိမန္တလာယာဉ် ရပ်နားစခန်းတွင် ခရီးသည်များ ကို ဓားမြှောင်ကိုင်၍ ကြိမ်းမောင်း နေသူကို ဖမ်းဆီးအရေးယူခဲ့ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သတင်း ထုတ်ပြန်သည်။

ပြည်ကြီးတံခွန်မြို့နယ် တံ ခွန်တိုင်ရပ်ကွက်တွင် နေထိုင် သည့် (၂၈)နှစ်အရွယ်အမျိုးသား တစ်ဦးသည် ကားဝင်းအတွင်း ခရီးသည်များကို ဓားမြှောင်ကိုင် ၍ ကြိမ်းမောင်းပြောဆိုနေသဖြင့် နိုဝင်ဘာ ၁၄ ရက်နံနက် ၄ နာရီ တွင် စည်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး မန္တလေးအမှတ်(၅)ရဲစခန်း တွင် လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်ထားသည်။

‘‘သူက ဆိုင်ကယ်ကယ်ရီ သမားမဟုတ်ဘူး။ ဧည့်ကြို၊ အ ရက်မူးပြီး ခရီးသည်တွေကိုလိုက် ဆွဲပြီး ဓားကိုင်ခြိမ်းခြောက်လို့ ဖမ်းလိုက်တယ်’’ ဟု စည်ပင်သာ ယာရဲတပ်ဖွဲ့မှူး(မန္တလေး)  ရဲမှူး ငြိမ်းချမ်းအောင်က ပြောသည်။

မန္တလေးမြို့ရှိ သီရိမန္တလာ ကားဝင်းနှင့် ချမ်းမြရွှေပြည်(ကျွဲ ဆည်ကန်)ကားဝင်းတို့တွင် ခရီး သည်များကို စိတ်အနှောင့်အ ယှက်ဖြစ်စေရန် အိတ်များဆွဲယူ ခြင်း၊ ကားခပိုမိုတောင်းခံခြင်းတို့ ကို တက္ကစီသမားအချို့က ပြုလုပ်နေပြီး စောင့်ကြည့်အရေးယူနိုင်ရန် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ အနေဖြင့် အင်အားတိုးမြှင့်ထား ကြောင်း ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

‘‘ခရီးသွားပြည်သူတွေ စိတ် ချမ်းသာစွာသွားလာနိုင်ဖို့ နေ့ည ပူးပေါင်းအဖွဲ့တွေနဲ့ လုံခြုံရေး လုပ်နေပါတယ်။ ခြိမ်းခြောက်ငွေ တောင်းတဲ့ ဖြစ်စဉ်တွေကိုလည်း ဥပဒေအရ အရေးယူထားတယ်’’ ဟု သီရိမန္တလာယာဉ်ရပ်နားစခန်း စည်းကမ်းထိန်းသိမ်းရေးမှူး ဦး တင်စိုးက ပြောသည်။

လက်ရှိတွင် မန္တလေး၌ တက္ကစီသမားအချို့က ခရီးသည် ထံမှ ခြိမ်းခြောက်ငွေတောင်းမှု များ မကြာခဏဖြစ်ပွားနေပြီး စည်ပင်သာယာမှလည်း ကား လိုင်းများကို သတ်မှတ်ထားသည့် ယာဉ်ရပ်နားစခန်းပြင်ပတွင် ခရီး သည်ချထားခြင်းနှင့် ကုန်ပစ္စည်း တင်ချခြင်းများ မပြုလုပ်ရန် သတိ ပေးတားမြစ်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top