လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

 မံုရြာခ႐ိုင္ ဘုတလင္ၿမိဳ႕ရွိ မီးသၿဂႋဳဟ္စက္ကို သဘာ၀ပတ္ ၀န္းက်င္ထိန္းသိမ္းေရးအတြက္ ေလထုအတြင္း အနံ႔ဆိုးထုတ္ လႊတ္မႈမရွိသည့္ နည္းပညာအသံုး ျပဳထားေၾကာင္း ဘုတလင္ၿမိဳ႕ ခ်င္းတြင္းဓာတုအင္ဂ်င္နီယာလုပ္ငန္း မွ ဦးသန္႔စင္ထြန္းက ေျပာသည္။

ဘုတလင္ၿမိဳ႕ သုသာန္ရွိ မီးသၿဂႋဳဟ္စက္ကို ယခုႏွစ္ ဧၿပီ အတြင္း စတင္တည္ေဆာက္ခဲ့ ၿပီး စက္တင္ဘာလမွစတင္၍ အသံုးျပဳေနေၾကာင္း ဦးသန္႔စင္ထြန္းက ဆိုသည္။

‘‘ဘုတလင္မွာ မီးသၿဂႋဳဟ္ စက္လုပ္မယ္ဆိုေတာ့ နည္းပညာ ပိုင္းကူညီေပးခဲ့တာပါ။ ဓာတု နည္းပညာနဲ႔ ေလထုထဲမွာ အနံ႔ဆိုးေတြမပါတဲ့ မီးခိုးေငြ႕ေတြ ထုတ္ လႊတ္တာပါ’’ဟု ၎ကေျပာၾကား သည္။

အဆိုပါမီးသၿဂႋဳဟ္စက္တြင္ ေသဆံုးသူတစ္ဦးကို မီးသၿဂႋဳဟ္ ပါက ဒီဇယ္ဆီ ငါးဂါလန္ခန္႔ကုန္ က်ၿပီး အနည္းဆံုး မိနစ္ ၃၀ မွ တစ္နာရီခန္႔ထိ ၾကာျမင့္ေၾကာင္း ၎က ေျပာသည္။

ဘုတလင္ၿမိဳ႕ေဒသခံ တစ္ဦး က ‘‘မီးသၿဂႋဳဟ္္စက္ကထြက္တဲ့ မီး ခိုးေတြကို ေပါင္းခံအိုးထဲမွာ ျဖတ္ သန္းၿပီးမွ ေခါင္းတုိင္ကေန မီးခိုး ထြက္တာ။ သၿဂႋဳဟ္စက္ကလည္း မီးခိုးေငြ႕မထြက္ဘူးဆိုေတာ့ အနံ႔ လံုတယ္။ မီးခိုးေခါင္းတိုင္က ထြက္တဲ့ မီးခိုးကလည္း အနံ႔အသက္ ဘာမွမရွိေတာ့ ပတ္၀န္းက်င္မွာ ေနတဲ့သူေတြ အနံ႔ဆိုးမရွိေတာ့ ဘူး’’ဟု ေျပာသည္။

အဆိုပါ မီးသၿဂႋဳဟ္စက္ကို ဘုတလင္ၿမိဳ႕ ခ်င္းတြင္းဓာတု အင္ဂ်င္နီယာလုပ္ငန္းက ယခုႏွစ္အတြင္း တည္ေဆာက္ၿပီး သက္ ဆိုင္ရာၿမိဳ႕နယ္စည္ပင္သာယာ ေရးေကာ္မတီသို႔ စက္တင္ဘာ အတြင္းလႊဲေျပာင္းေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မုံရွာခရိုင် ဘုတလင်မြို့ရှိ မီးသင်္ဂြိုဟ်စက်ကို သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုအတွင်း အနံ့ဆိုးထုတ် လွှတ်မှုမရှိသည့် နည်းပညာအသုံး ပြုထားကြောင်း ဘုတလင်မြို့ ချင်းတွင်းဓာတုအင်ဂျင်နီယာလုပ်ငန်း မှ ဦးသန့်စင်ထွန်းက ပြောသည်။

ဘုတလင်မြို့ သုသာန်ရှိ မီးသင်္ဂြိုဟ်စက်ကို ယခုနှစ် ဧပြီ အတွင်း စတင်တည်ဆောက်ခဲ့ ပြီး စက်တင်ဘာလမှစတင်၍ အသုံးပြုနေကြောင်း ဦးသန့်စင်ထွန်းက ဆိုသည်။

‘‘ဘုတလင်မှာ မီးသင်္ဂြိုဟ် စက်လုပ်မယ်ဆိုတော့ နည်းပညာ ပိုင်းကူညီပေးခဲ့တာပါ။ ဓာတု နည်းပညာနဲ့ လေထုထဲမှာ အနံ့ဆိုးတွေမပါတဲ့ မီးခိုးငွေ့တွေ ထုတ် လွှတ်တာပါ’’ဟု ၎င်းကပြောကြား သည်။

အဆိုပါမီးသင်္ဂြိုဟ်စက်တွင် သေဆုံးသူတစ်ဦးကို မီးသင်္ဂြိုဟ် ပါက ဒီဇယ်ဆီ ငါးဂါလန်ခန့်ကုန် ကျပြီး အနည်းဆုံး မိနစ် ၃၀ မှ တစ်နာရီခန့်ထိ ကြာမြင့်ကြောင်း ၎င်းက ပြောသည်။

ဘုတလင်မြို့ဒေသခံ တစ်ဦး က ‘‘မီးသင်္ဂြိုဟ်စက်ကထွက်တဲ့ မီး ခိုးတွေကို ပေါင်းခံအိုးထဲမှာ ဖြတ် သန်းပြီးမှ ခေါင်းတိုင်ကနေ မီးခိုး ထွက်တာ။ သင်္ဂြိုဟ်စက်ကလည်း မီးခိုးငွေ့မထွက်ဘူးဆိုတော့ အနံ့ လုံတယ်။ မီးခိုးခေါင်းတိုင်က ထွက်တဲ့ မီးခိုးကလည်း အနံ့အသက် ဘာမှမရှိတော့ ပတ်ဝန်းကျင်မှာ နေတဲ့သူတွေ အနံ့ဆိုးမရှိတော့ ဘူး’’ဟု ပြောသည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်ကို ဘုတလင်မြို့ ချင်းတွင်းဓာတု အင်ဂျင်နီယာလုပ်ငန်းက ယခုနှစ်အတွင်း တည်ဆောက်ပြီး သက် ဆိုင်ရာမြို့နယ်စည်ပင်သာယာ ရေးကော်မတီသို့ စက်တင်ဘာ အတွင်းလွှဲပြောင်းပေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top