Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလး-မူဆယ္ ျပည္ ေထာင္စုလမ္းမႀကီး၏ ကြတ္ခိုင္ ၿမိဳ႕လမ္းပုိင္းတြင္ ယမန္ေန႔နံနက္ က ကုန္တင္ကားတစ္စီးႏွင့္ အိမ္စီးကားတစ္စီးတိုက္မိၿပီး အိမ္စီး ကားေပၚလုိက္ပါသူ လူငါးဦးစလံုး ေသဆံုးခဲ့သည္။

ျပည္ေထာင္စုလမ္းမႀကီး မုိင္တုိင္ (၂၃၈)အနီးတြင္ ႏိုဝင္ဘာ ၆ ရက္ နံနက္ ၆ နာရီခန္႔က အ ထက္ပါယာဥ္မေတာ္တဆမႈျဖစ္ ပြားခဲ့ေၾကာင္း ကြတ္ခုိင္ၿမိဳ႕မရဲ စခန္းမွဴး ဒုတိယရဲမွဴး ထြန္းထြန္း ဦးက ေျပာသည္။

‘‘ကုန္တင္ယာဥ္ေမာင္းကုိ ဖမ္းဆီးထားၿပီး အမႈဖြင့္စစ္ေဆး ေနပါတယ္။ အမ်ိဳးသားသံုးဦးနဲ႔ အမ်ိဳးသမီးႏွစ္ဦးေသဆံုးသြားပါ တယ္’’ဟု ၎ကေျပာသည္။

ေသဆံုးသူ ငါးဦးအနက္ ေလးဦးသည္ လား႐ိႈ႕ၿမိဳ႕ခံမ်ားျဖစ္ ၿပီး တစ္ဦးသည္ စစ္ကုိင္းတုိင္းေဒသႀကီး ျမင္းမူၿမိဳ႕မွျဖစ္သည္။ လား႐ိႈးမွ မူဆယ္သုိ႔ ဆုိင္ကယ္ဝယ္ရန္ ကားျဖင့္ သြားေရာက္စဥ္ ယခုကဲ့သုိ႔ ယာဥ္မေတာ္တဆမႈႀကံဳေတြ႕ျခင္းျဖစ္သည္။

ယာဥ္တုိက္မႈျဖစ္ပြားေသာ ေနရာသည္ လမ္းျပင္ေနသည့္ ေနရာျဖစ္ၿပီး လမ္းေဘးတြင္ ရပ္ ထားသည့္ လမ္းႀကိတ္စက္တစ္ စီးႏွင့္ ေမာင္းေနေသာ ကုန္တင္ ကားတစ္စီး၏ ၾကားသို႔ အိမ္စီးကားက အရိွန္လြန္၍ ေရာက္ရိွ သြားသျဖင့္ ညပ္သြားျခင္းျဖစ္ ေၾကာင္း မ်က္ျမင္ေတြ႕ရေသာ ေဒသခံမ်ားက ေျပာသည္။

ကြတ္ခုိင္ၿမိဳ႕ ျဗဟၼစုိရ္ႏွလံုး သားလူမႈကူညီေရးအသင္းမွ အ သင္းဝင္တစ္ဦးက ‘‘ကားေလးက စကၠဴကုိလံုးေျခလုိက္သလုိ အေျခ အေနဆိုးသြားတာ’’ဟု ေျပာ သည္။

၁၂ ဘီးကုန္တင္ယာဥ္ေမာင္းကို ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ လူေသေစမႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉၊ ၃၀၄ (က)တုိ႔ျဖင့္  အမႈဖြင့္အေရးယူထားေၾကာင္း ဒုတိယရဲမွဴးထြန္းထြန္းဦးက ေျပာသည္။

ႏုိဝင္ဘာ ၆ ရက္တြင္ပင္ မူ ဆယ္ၿမိဳ႕ က်င္စန္းေက်ာ့လမ္းခြဲ၌ ကုန္ကားတစ္စီးႏွင့္ ဆုိင္ကယ္တုိ႔ တုိက္မိၿပီး လူႏွစ္ဦးေသဆံုးမႈျဖစ္ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းမကြီး၏ ကွတ်ခိုင် မြို့လမ်းပိုင်းတွင် ယမန်နေ့နံနက် က ကုန်တင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီးတိုက်မိပြီး အိမ်စီး ကားပေါ်လိုက်ပါသူ လူငါးဦးစလုံး သေဆုံးခဲ့သည်။

ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၂၃၈)အနီးတွင် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခန့်က အ ထက်ပါယာဉ်မတော်တဆမှုဖြစ် ပွားခဲ့ကြောင်း ကွတ်ခိုင်မြို့မရဲ စခန်းမှူး ဒုတိယရဲမှူး ထွန်းထွန်း ဦးက ပြောသည်။

‘‘ကုန်တင်ယာဉ်မောင်းကို ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေး နေပါတယ်။ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးသေဆုံးသွားပါ တယ်’’ဟု ၎င်းကပြောသည်။

သေဆုံးသူ ငါးဦးအနက် လေးဦးသည် လားရှို့မြို့ခံများဖြစ် ပြီး တစ်ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှဖြစ်သည်။ လားရှိုးမှ မူဆယ်သို့ ဆိုင်ကယ်ဝယ်ရန် ကားဖြင့် သွားရောက်စဉ် ယခုကဲ့သို့ ယာဉ်မတော်တဆမှုကြုံတွေ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားသော နေရာသည် လမ်းပြင်နေသည့် နေရာဖြစ်ပြီး လမ်းဘေးတွင် ရပ် ထားသည့် လမ်းကြိတ်စက်တစ် စီးနှင့် မောင်းနေသော ကုန်တင် ကားတစ်စီး၏ ကြားသို့ အိမ်စီးကားက အရှိန်လွန်၍ ရောက်ရှိ သွားသဖြင့် ညပ်သွားခြင်းဖြစ် ကြောင်း မျက်မြင်တွေ့ရသော ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့ ဗြဟ္မစိုရ်နှလုံး သားလူမှုကူညီရေးအသင်းမှ အ သင်းဝင်တစ်ဦးက ‘‘ကားလေးက စက္ကူကိုလုံးခြေလိုက်သလို အခြေ အနေဆိုးသွားတာ’’ဟု ပြော သည်။

၁၂ ဘီးကုန်တင်ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် လူသေစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉၊ ၃၀၄ (က)တို့ဖြင့်  အမှုဖွင့်အရေးယူထားကြောင်း ဒုတိယရဲမှူးထွန်းထွန်းဦးက ပြောသည်။

နိုဝင်ဘာ ၆ ရက်တွင်ပင် မူ ဆယ်မြို့ ကျင်စန်းကျော့လမ်းခွဲ၌ ကုန်ကားတစ်စီးနှင့် ဆိုင်ကယ်တို့ တိုက်မိပြီး လူနှစ်ဦးသေဆုံးမှုဖြစ် ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top