Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာႏုိင္ငံဟာ က႑တိုင္းမွာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနတာေၾကာင့္ ႏိုင္ငံရဲ႕ စီးပြားေရး အလ်င္အျမန္ တိုးတက္ေနတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္မွာ မေန႔က က်င္းပတဲ့ အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝး (ABIS) မွာ တက္ေရာက္ မိန္႔ခြန္းေျပာၾကားရာမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈက႑မွာ ယွဥ္ၿပိဳင္မႈကို အားေပးၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ ပတ္ဝန္းက်င္ေကာင္း ဖန္တီးေပးေနတယ္၊ ကုန္သြယ္မႈျပဳလုပ္ရာမွာ အဆင္ေျပေခ်ာေမြ႔ေအာင္ လုပ္ေဆာင္တဲ့စနစ္ ခ်မွတ္တာ၊ အြန္လိုင္းကေန ေလၽွာက္ထားတဲ့စနစ္ အစရွိတဲ့ လုပ္ေဆာင္ခ်က္ေတြကို ဗ်ဴ႐ိုကရက္ ႀကိဳးနီစနစ္ ေလၽွာ႔ခ်ဖို႔နဲ႔ ပုဂၢလိကလုပ္ငန္းေတြ ႀကီးပြားတိုးတက္လာႏိုင္မယ့္ စီးပြားေရး ပတ္ဝန္းက်င္တရပ္ ဖန္တီးေပးဖို႔ ေဆာင္ရြက္ေနတယ္၊ စီးပြားေရးနဲ႔ ႏိုင္ငံေရးအရ ဆယ္စုႏွစ္ခ်ီ ထီးတည္းေနခဲ့ရတဲ့ ျမန္မာႏိုင္ငံအတြက္ မၾကာေသးမီအခ်ိန္အတြင္း ကမာၻ႔စီးပြားေရး ေႏွးေကြးလာခ်ိန္မွာ စိန္ေခၚမႈမ်ားစြာ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္မၾကာေသးမီကာလအတြင္း လူမႈေရး၊ ႏိုင္ငံေရးနဲ႔ စီးပြားေရး အေျပာင္းအလဲေတြမွာ အမ်ဳိးသမီးေတြရဲ႕ ပါဝင္မႈ ႏိုင္ငံအမ်ားအျပားမွာ အံ့အားသင့္ဖြယ္ ျဖစ္ေပမယ့္ အမ်ဳိးသမီးေတြဟာ နယ္ပယ္မ်ားစြာမွာ အခြင့္အလမ္းမ်ား ဆုံး႐ႈံးေနရဆဲ ျဖစ္တယ္၊ စီးပြားေရးနဲ႔ လူမႈေရး ဖြံ႔ၿဖိဳးတိုးတက္မႈမွာ အမ်ဳိးသမီးေတြရဲ႕ ပါဝင္ေဆာင္ရြက္မႈက ျမန္မာႏိုင္ငံမွာသာမက ေဒသတြင္းမွာပါ ထင္ထင္ရွားရွား ေတြ႔ျမင္ႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဟာ မနီလာၿမိဳ႕ SMX Convention Center မွာ က်င္းပတဲ့ ႏွစ္ ၅ဝ ျပည့္ အာဆီယံဂုဏ္ျပဳညစာ စားပြဲကိုလည္း တျခားႏိုင္ငံ့အႀကီးအကဲေတြ၊ အစိုးရအဖြဲ႔ အႀကီးအကဲေတြနဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။

ဒါ့အျပင္ မနီလာၿမိဳ႕ရွိ ျမန္မာသံအမတ္ႀကီး ေနအိမ္ကို သြားေရာက္ၿပီးလည္း သံအမတ္ႀကီး ဦးဝင္းႏိုင္နဲ႔ သံ႐ုံးဝန္ထမ္းေတြ၊ မိသားစုေတြကို ေတြ႔ဆံုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB TV News
#Unicode Version#


မြန်မာနိုင်ငံဟာ ကဏ္ဍတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကြောင့် နိုင်ငံရဲ့ စီးပွားရေး အလျင်အမြန် တိုးတက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ မနေ့က ကျင်းပတဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ABIS) မှာ တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ပြောသွားတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနေတယ်၊ ကုန်သွယ်မှုပြုလုပ်ရာမှာ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်တဲ့စနစ် ချမှတ်တာ၊ အွန်လိုင်းကနေ လျှောက်ထားတဲ့စနစ် အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ဗျူရိုကရက် ကြိုးနီစနစ် လျှော့ချဖို့နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ကြီးပွားတိုးတက်လာနိုင်မယ့် စီးပွားရေး ပတ်ဝန်းကျင်တရပ် ဖန်တီးပေးဖို့ ဆောင်ရွက်နေတယ်၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မကြာသေးမီအချိန်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှာ စိန်ခေါ်မှုများစွာ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင်မကြာသေးမီကာလအတွင်း လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု နိုင်ငံအများအပြားမှာ အံ့အားသင့်ဖွယ် ဖြစ်ပေမယ့် အမျိုးသမီးတွေဟာ နယ်ပယ်များစွာမှာ အခွင့်အလမ်းများ ဆုံးရှုံးနေရဆဲ ဖြစ်တယ်၊ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှုက မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနီလာမြို့ SMX Convention Center မှာ ကျင်းပတဲ့ နှစ် ၅ဝ ပြည့် အာဆီယံဂုဏ်ပြုညစာ စားပွဲကိုလည်း တခြားနိုင်ငံ့အကြီးအကဲတွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မနီလာမြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်ကို သွားရောက်ပြီးလည်း သံအမတ်ကြီး ဦးဝင်းနိုင်နဲ့ သံရုံးဝန်ထမ်းတွေ၊ မိသားစုတွေကို တွေ့ဆုံခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top