Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံမွာ အသက္ ၇၁ ႏွစ္အ႐ြယ္ သီလရွင္ ကို အဓမၼျပဳက်င့္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္အမ်ိဳးသားကို အိႏၵိယ အေရွ႕ပိုင္းတရား႐ုံးက ေထာင္ဒဏ္တသက္တကြၽန္း ျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို႔ ဘီဘီစီသတင္းမွာ ႏိုဝင္ဘာ ၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။

၂၀၁၅ ခုႏွစ္ မတ္လတုန္းက အေနာက္ဘန္ေဂါလ္ျပည္နယ္ ရာနာဂတ္ၿမိဳ႕မွာ ဓားျပတိုက္ၿပီး သီလရွင္ႀကီးအား အဓမၼျပဳက်င့္ခဲ့တဲ့ နာဇ႐ူအစၥလမ္ကို လူသတ္ရန္ႀကိဳးစားမႈ၊ အဓမၼျပဳက်င့္မႈတို႔အတြက္ အျပစ္ရွိတယ္လို႔ ကာလ္ကတၱားၿမိဳ႕ တရား႐ုံးက ႏိုဝင္ဘာ ၈ ရက္ေန႔မွာ ဆုံးျဖတ္ခဲ့တာပါ။

နာဇ႐ူအစၥလမ္နဲ႔အတူ တျခားအေပါင္းအပါ အမ်ိဳးသား ၅ ဦးကိုလည္း ေထာင္ဒဏ္ ၁၀ ႏွစ္စီ ခ်မွတ္ခဲ့ၿပီးေနာက္ က်န္အမ်ိဳးသားတဦးကိုေတာ့ ဓားျပတိုက္ အဓမၼျပဳက်င့္သူေတြကို လက္သင့္ခံ ပုန္းေအာင္းခြင့္ေပးခဲ့လို႔ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ ဆိုပါတယ္။

သီလရွင္ေက်ာင္းကို ဓားျပတိုက္အၿပီး သီလရွင္ႀကီးကို အဓမၼျပဳက်င့္ခဲ့သလို ဓားျပေတြဟာ ေက်ာင္းထဲက တျခားပစၥည္းေတြနဲ႔ ေငြသားေတြကို ခိုးယူသြားခဲ့ၾကတာပါ။ ဒီအျဖစ္ေၾကာင့္ အိႏၵိယႏိုင္ငံတဝွမ္း အထိတ္တလန႔္ျဖစ္ခဲ့ၿပီး လူထုအုံႂကြဆႏၵျပမႈေတြ ျဖစ္ခဲ့ပါတယ္။

တရားသူႀကီး ကမ္ကမ္ဆင္ဟာက “ဆင္းရဲသားေတြအတြက္ မာသာထရီဇာလို အလုပ္လုပ္ခဲ့တဲ့ အေနာက္ဘန္ေဂါလ္ရဲ႕ အေမြအႏွစ္ေနရာက သီလရွင္ႀကီးကို အျပစ္အနာအဆာ အစြန္းအထင္းတခုျဖစ္ေအာင္ လုပ္ခဲ့တယ္” လို႔ ႏိုဝင္ဘာ ၈ ရက္ေန႔က တရား႐ုံးမွာ ေျပာလိုက္ပါတယ္။

အဓမၼျပဳက်င့္ခံခဲ့ရတဲ့ သီလရွင္ႀကီးကို ခြဲစိတ္ကုသမႈေတြ လုပ္ခဲ့ရၿပီး ေနာက္ပိုင္းမွာ သီလရွင္ႀကီးဟာ အေနာက္ဘန္ေဂါလ္ကို ေျပာင္းသြားတယ္လို႔ ဆိုပါတယ္။ ဥပေဒေၾကာင္းအရ သီလရွင္ႀကီးရဲ႕ အမည္ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အိႏၵိယႏိုင္ငံ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္ ေဒလီၿမိဳ႕မွာျဖစ္ခဲ့တဲ့ ေက်ာင္းသူတဦးကို ေသနတ္ျပ အဓမၼျပဳက်င့္ သတ္ျဖတ္မႈ အၿပီးမွာေတာ့ အာဏာပိုင္ေတြက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ဥပေဒေတြကို ပိုမိုအားေကာင္းေအာင္ လုပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီလို လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္မႈေတြက က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ေနတုန္းပဲလို႔ စည္း႐ုံးလႈံ႕ေဆာ္သူေတြက ေျပာၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အိန္ဒိယနိုင်ငံမှာ အသက် ၇၁ နှစ်အရွယ် သီလရှင် ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားကို အိန္ဒိယ အရှေ့ပိုင်းတရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ် မတ်လတုန်းက အနောက်ဘန်ဂေါလ်ပြည်နယ် ရာနာဂတ်မြို့မှာ ဓားပြတိုက်ပြီး သီလရှင်ကြီးအား အဓမ္မပြုကျင့်ခဲ့တဲ့ နာဇရူအစ္စလမ်ကို လူသတ်ရန်ကြိုးစားမှု၊ အဓမ္မပြုကျင့်မှုတို့အတွက် အပြစ်ရှိတယ်လို့ ကာလ်ကတ္တားမြို့ တရားရုံးက နိုဝင်ဘာ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

နာဇရူအစ္စလမ်နဲ့အတူ တခြားအပေါင်းအပါ အမျိုးသား ၅ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးနောက် ကျန်အမျိုးသားတဦးကိုတော့ ဓားပြတိုက် အဓမ္မပြုကျင့်သူတွေကို လက်သင့်ခံ ပုန်းအောင်းခွင့်ပေးခဲ့လို့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

သီလရှင်ကျောင်းကို ဓားပြတိုက်အပြီး သီလရှင်ကြီးကို အဓမ္မပြုကျင့်ခဲ့သလို ဓားပြတွေဟာ ကျောင်းထဲက တခြားပစ္စည်းတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့ကြတာပါ။ ဒီအဖြစ်ကြောင့် အိန္ဒိယနိုင်ငံတဝှမ်း အထိတ်တလန့်ဖြစ်ခဲ့ပြီး လူထုအုံကြွဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

တရားသူကြီး ကမ်ကမ်ဆင်ဟာက “ဆင်းရဲသားတွေအတွက် မာသာထရီဇာလို အလုပ်လုပ်ခဲ့တဲ့ အနောက်ဘန်ဂေါလ်ရဲ့ အမွေအနှစ်နေရာက သီလရှင်ကြီးကို အပြစ်အနာအဆာ အစွန်းအထင်းတခုဖြစ်အောင် လုပ်ခဲ့တယ်” လို့ နိုဝင်ဘာ ၈ ရက်နေ့က တရားရုံးမှာ ပြောလိုက်ပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ သီလရှင်ကြီးကို ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရပြီး နောက်ပိုင်းမှာ သီလရှင်ကြီးဟာ အနောက်ဘန်ဂေါလ်ကို ပြောင်းသွားတယ်လို့ ဆိုပါတယ်။ ဥပဒေကြောင်းအရ သီလရှင်ကြီးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယနိုင်ငံ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ကျောင်းသူတဦးကို သေနတ်ပြ အဓမ္မပြုကျင့် သတ်ဖြတ်မှု အပြီးမှာတော့ အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဥပဒေတွေကို ပိုမိုအားကောင်းအောင် လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီလို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတုန်းပဲလို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top