Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ YBS ယာဥ္မ်ားအနက္ အဲကြန္းမဖြင့္ေသာယာဥ္မ်ားႏွင့္ ခရီးသည္မ်ားအား ေက်ာခ်င္းကပ္တင္သည့္ မီနီဘတ္စ္ယာဥ္မ်ားကို ထိေရာက္စြာ စစ္ေဆးအေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး အမ်ားပိုင္သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔ (YRTA)မွ အတြင္းေရးမွဴး ေဒါက္တာ ေမာင္ေအာင္က မဇၥ်ိမသို႔ ေျပာသည္။

“ အခုဆိုရင္ ပူလာတယ္။ တခ်ိဳ႕ကားေတြက အဲကြန္းမဖြင့္ဘူး။ အဲ့ဒီလို႔ အဲကြန္းမဖြင့္တဲ့ကားတို႔၊ ေနာက္ၿပီး အေအးဓာတ္ အလံုအေလာက္မေပးႏိုင္တဲ့ ကားေတြဆိုရင္ အဲ့ဒီကားမ်ိဳးကို အေရးယူမွာ။ ေနာက္တစ္ခုက ဆရာတို႔ ဘာလုပ္ထားလဲဆိုရင္ ေငြထည့္တဲ့ ပံုးေတြပါရက္သားနဲ႔ စပယ္ယာတင္တဲ့ကားေတြ ေငြပံုးကို ဖံုးထားၿပီးေတာ့ စပယ္ယာက ေကာက္ၿပီးေတာ့ ထည့္တာတို႔ ဆရာတို႔ အဲ့ဒါကို လံုးဝခြင့္မျပဳဘူး။ အဲ့ဒီကား ေတြလည္း အေရးယူမွာ”ဟု ေဒါက္တာေမာင္ေအာင္က ေျပာသည္။

ေျပးဆြဲေနေသာ YBS ယာဥ္မ်ားအနက္ အဲကြန္းမဖြင့္ေသာ ယာဥ္မ်ား၊ အေအးဓာတ္အလံုအေလာက္မေပးႏိုင္ ေသာ ယာဥ္မ်ား၊ ယာဥ္စီးခ ေကာက္ခံသည့္ ပံုးမ်ားပါရွိၿပီး စပယ္ယာမွ ယာဥ္စီးခ ေကာက္ခံေသာ ယာဥ္မ်ားႏွင့္ ခရီးသည္မ်ားကို တစ္တန္းတည္း မတင္ဘဲ ေက်ာခ်င္းကပ္တင္သည့္ မီနီဘတ္ယာဥ္မ်ားအား ႏိုဝင္ဘာလ ၇ ရက္ေန႔ျပဳလုပ္သည့္ YRTA အစည္းအေဝး ဆံုးျဖတ္ခ်က္အရ ထိေရာက္စြာ စစ္ေဆးအေရးယူသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ေဒါက္တာေမာင္ေအာင္က “ေနာက္တစ္ခုက မီနီဘတ္မွာ ဘာလုပ္လဲဆိုေတာ့ မီနီဘတ္က တအားက်ဥ္းေတာ့ကြာ။ ေက်ာခ်င္းကပ္တင္တာကို ဆရာတို႔က လံုးဝခြင့္မျပဳဘူး။ အလယ္မွာ ရင္ေဘာင္တန္း ၿပီးေတာ့ တစ္တန္းတည္း တင္ရမယ္။ ေက်ာခ်င္းကပ္တင္တာေတြ႔ရင္ေတာ့ ဆရာတို႔ကို တိုင္၊ ဆရာတို႔က အဲ့ဒီ ကားကို ထိထိေရာက္ေရာက္အေရးယူမယ္။ ဆရာတို႔က အဲ့ဒီစည္းကမ္းေတြထုတ္ထားတယ္။ ဆရာတို႔ အခု လိုက္ၿပီးေတာ့လည္း စစ္မွာ။ စစ္လို႔ေတြ႕တာနဲ႔ ဆရာတို႔က ခ်က္ခ်င္းအေရးယူမွာ”ဟု ေျပာသည္။

ထို႔ျပင္ YRTA မွ ခ်မွတ္ထားသည့္ စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္မ်ားကိုလည္း တစ္စီးခ်င္း အေရးယူသြား မည့္အျပင္ ယာဥ္လိုင္းကုမၸဏီအတြင္း စည္းကမ္းေဖာက္ဖ်က္သည့္ယာဥ္ မ်ားလာပါက ယာဥ္လိုင္းကုမၸဏီပါ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

YRTA အဖြဲ႔မွ ႏိုဝင္ဘာ ၈ရက္ေန႔ ညပိုင္းအစည္းအေဝးတြင္လည္း ေခတ္သစ္ၿငိမ္းခ်မ္းေရးကုမၸဏီအား စည္းကမ္းေဖာက္ဖ်က္မႈေၾကာင့္ ေျပးဆြဲခြင့္ ဖ်က္သိမ္းခဲ့ၿပီး ၿမိဳ႕တြင္းခ်ိတ္ဆက္ယာဥ္လိုင္းႏွင့္ ၿမိဳ႕ျပင္ယာဥ္ လိုင္း ၅ လိုင္းအား အျခားကုမၸဏီ ၃ ခုသို႔ ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ အာဏာပိုင္အဖြဲ႕ (YRTA)က လႊဲေျပာင္းေပးအပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များအနက် အဲကွန်းမဖွင့်သောယာဉ်များနှင့် ခရီးသည်များအား ကျောချင်းကပ်တင်သည့် မီနီဘတ်စ်ယာဉ်များကို ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္ဈိမသို့ ပြောသည်။

“ အခုဆိုရင် ပူလာတယ်။ တချို့ကားတွေက အဲကွန်းမဖွင့်ဘူး။ အဲ့ဒီလို့ အဲကွန်းမဖွင့်တဲ့ကားတို့၊ နောက်ပြီး အအေးဓာတ် အလုံအလောက်မပေးနိုင်တဲ့ ကားတွေဆိုရင် အဲ့ဒီကားမျိုးကို အရေးယူမှာ။ နောက်တစ်ခုက ဆရာတို့ ဘာလုပ်ထားလဲဆိုရင် ငွေထည့်တဲ့ ပုံးတွေပါရက်သားနဲ့ စပယ်ယာတင်တဲ့ကားတွေ ငွေပုံးကို ဖုံးထားပြီးတော့ စပယ်ယာက ကောက်ပြီးတော့ ထည့်တာတို့ ဆရာတို့ အဲ့ဒါကို လုံးဝခွင့်မပြုဘူး။ အဲ့ဒီကား တွေလည်း အရေးယူမှာ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ပြေးဆွဲနေသော YBS ယာဉ်များအနက် အဲကွန်းမဖွင့်သော ယာဉ်များ၊ အအေးဓာတ်အလုံအလောက်မပေးနိုင် သော ယာဉ်များ၊ ယာဉ်စီးခ ကောက်ခံသည့် ပုံးများပါရှိပြီး စပယ်ယာမှ ယာဉ်စီးခ ကောက်ခံသော ယာဉ်များနှင့် ခရီးသည်များကို တစ်တန်းတည်း မတင်ဘဲ ကျောချင်းကပ်တင်သည့် မီနီဘတ်ယာဉ်များအား နိုဝင်ဘာလ ၇ ရက်နေ့ပြုလုပ်သည့် YRTA အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာမောင်အောင်က “နောက်တစ်ခုက မီနီဘတ်မှာ ဘာလုပ်လဲဆိုတော့ မီနီဘတ်က တအားကျဉ်းတော့ကွာ။ ကျောချင်းကပ်တင်တာကို ဆရာတို့က လုံးဝခွင့်မပြုဘူး။ အလယ်မှာ ရင်ဘောင်တန်း ပြီးတော့ တစ်တန်းတည်း တင်ရမယ်။ ကျောချင်းကပ်တင်တာတွေ့ရင်တော့ ဆရာတို့ကို တိုင်၊ ဆရာတို့က အဲ့ဒီ ကားကို ထိထိရောက်ရောက်အရေးယူမယ်။ ဆရာတို့က အဲ့ဒီစည်းကမ်းတွေထုတ်ထားတယ်။ ဆရာတို့ အခု လိုက်ပြီးတော့လည်း စစ်မှာ။ စစ်လို့တွေ့တာနဲ့ ဆရာတို့က ချက်ချင်းအရေးယူမှာ”ဟု ပြောသည်။

ထို့ပြင် YRTA မှ ချမှတ်ထားသည့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကိုလည်း တစ်စီးချင်း အရေးယူသွား မည့်အပြင် ယာဉ်လိုင်းကုမ္ပဏီအတွင်း စည်းကမ်းဖောက်ဖျက်သည့်ယာဉ် များလာပါက ယာဉ်လိုင်းကုမ္ပဏီပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

YRTA အဖွဲ့မှ နိုဝင်ဘာ ၈ရက်နေ့ ညပိုင်းအစည်းအဝေးတွင်လည်း ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီအား စည်းကမ်းဖောက်ဖျက်မှုကြောင့် ပြေးဆွဲခွင့် ဖျက်သိမ်းခဲ့ပြီး မြို့တွင်းချိတ်ဆက်ယာဉ်လိုင်းနှင့် မြို့ပြင်ယာဉ် လိုင်း ၅ လိုင်းအား အခြားကုမ္ပဏီ ၃ ခုသို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)က လွှဲပြောင်းပေးအပ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top