Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တခါက ေရထမ္းသမားတစ္ဦးမွာ ေရအုိးႏွစ္လံုး ရွိသတဲ႔။ ေရထမ္းသမားက အဲဒီေရအိုးႏွစ္လံုးကုိ ထမ္းပိုးရဲ႔ တဖက္တခ်က္ဆီမွာ ခ်ိတ္ဆြဲၿပီး ေရထမ္းထြက္ေလ႔ ရွိသတဲ႔။

ေရအိုးတစ္လံုးမွာ အက္ရာေလးရွိေနၿပီး ေရေတြစိမ္႔က် က်န္ရစ္ေနလုိ႔ အဲဒီအိုးေလးက ဘယ္ေတာ႔မွ ေရအၿပည့္ သယ္မေပးႏူိင္ရွာဘူးတဲ့။

က်န္တဲ႔ အိုးတစ္လံုးကေတာ႔ အၿပစ္အနာအဆာ လံုး၀ကင္းရွင္းေနတဲ႔အတြက္ ေရကို အုိးအၿပည့္ သယ္ေပးႏိုင္တာေပါ့။

အလြန္ေ၀းတဲ့ ခရီးအတုိင္း ေရထမ္းသမား ေရထမ္းၿပီးၿပန္လာတုိင္း အက္ရာနဲ႔အိုးကေလးထဲက ေရဟာ တ၀က္ေလာက္ပဲ က်န္ေနခဲ႔ၿပီး က်န္တဲ့ တ၀က္က အၿမဲတမ္း လမ္းမွာ ယိုစိမ့္ က်န္ရစ္ေနခဲ႔တယ္။ ေန႔စဥ္ေန႔တုိင္း ေရတစ္ေခါက္သယ္တုိင္း အိုးႏွစ္လံုးစာအၿပည့္ ဘယ္ေတာ့မွမရပဲ ေရတစ္အုိးနဲ႔ တ၀က္စာပဲ အၿမဲရတာေပါ့။ ဒီလိုနဲ႔ ေရထမ္းသမားက ေရသယ္လာလုိက္တာ ႏွစ္အေတာ္ေတာင္ ၾကာလို႔ေနခဲ့ပါၿပီ။ အေကာင္းပတိအတုိင္း ရွိေနတဲ႔ အိုးကေတာ႔ အၿမဲတမ္း ေရအၿပည့္သယ္ေပးႏုိင္တဲ့အတြက္ သူ႔ရဲ႕အၿပစ္ကင္းမႈ အေပၚ ဂုဏ္ယူ၀မ္းေၿမာက္ေနတယ္။

အက္ရာနဲ႔ အိုးေလးခမ်ာမွာေတာ့ သူ႔ရဲ႕အၿပစ္အနာအဆာေၾကာင့္ ေရထမ္းသမား ပင္ပန္းရက်ဳိးမနပ္တာကုိ ေတြးေတြးၿပီး ရွက္လုိ႔မဆံုး၊ ၀မ္းနည္းလုိ႔မဆံုးေအာင္ ၿဖစ္ေနရွာတာေပါ့။ ေရထမ္းသမားက ေရကုိအၿမဲအၿပည့္ၿဖည့္ၿပီး သယ္ခဲ့ေပမဲ့ အုိးေလးကေတာ့ ေရ၀က္ေလာက္ပဲ အိမ္အေရာက္ သယ္ေပးႏုိ္င္ခဲ့တာကိုး။ အဲ့ဒီလို ခါးသီးတဲ႔ ရႈံးနိမ္႔မႈ၊ သိမ္ငယ္မႈေတြကို ႏွစ္အေတာ္ၾကာေအာင္ ခါးစည္းခံခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အက္ရာနဲ႔အိုးေလးဟာ ဆက္ၿပီးသီးမခံႏူိင္ေတာ့ဘူး။  တစ္ေနမွာေတာ့ ေရခပ္ေနတဲ့ ေရထမ္းသမားကို ဖြင့္ေၿပာလုိက္တယ္။

"ကၽြန္ေတာ့္ရဲ႕ အၿပစ္အနာအဆာအတြက္ ခြင့္လြတ္ေပးပါခင္ဗ်ာ၊ ကၽြန္ေတာ့္မွာ ရွိေနတဲ႔ ဒီအက္ရာကေန ေရအၿမဲယိုစိမ့္ၿပီး က်န္ေနခဲ့လုိ႔ သခင္႔အတြက္ ေရအၿပည့္ဘယ္ေတာ့မွ သယ္မေပးႏူိင္ခဲ့ဘူး။ ကၽြန္ေတာ့္ရဲ႕ ခ်ဳိ႕ယြင္းခ်က္ေၾကာင့္ သခင့္လုပ္အားေတြ ဆံုးရွံဳးရသလို ပိုၿပီးေတာ့လဲ ပင္ပန္းေနခဲ့တယ္။ တာ၀န္ကို ေက်ပြန္ေအာင္ မထမ္းေဆာင္ႏုိင္တဲ့ ကၽြန္ေတာ့္အားနဲခ်က္ေၾကာင့္ သခင္ပင္ပန္းရက်ဳိးမနပ္ၿဖစ္ရတာ စိတ္မေကာင္းၿဖစ္ရသလုိ အဲဒီအတြက္လဲ ကိုယ့္ကိုကိုယ္ ရွက္မိပါတယ္ခင္ဗ်ာ"

အဲဒီစကားကို ၾကားေတာ့ ေရထမ္းသမားက အခုလုိၿပန္ရွင္းၿပပါတယ္။

'မင္းရဲ႕တၿခားဖက္အၿခမ္းမွာ မရွိပဲ မင္းဘက္ အၿခမ္းမွာပဲ ရွိေနတဲ့ ပန္းပင္ေတြကိုလမ္းတေလွ်ာက္မွာ သတိထားမိလား။ ငါက မင္းရဲ႕အားနဲခ်က္ကိုသိတယ္။ ဒါေၾကာင့္ မင္းဘက္အၿခမ္းမွာ မ်ဳိးေစ့ေတြကို က်ဲၿပီးစိုက္ခဲ့တယ္။ အိမ္အၿပန္ လမ္းတေလွ်ာက္လံုးမွာ မင္းဆီကက်တဲ. ေရေတြဟာ အဲ႔ဒီပန္းမ်ဳိးေစ့ေတြကို ရွင္သန္ႀကီးထြားေစခဲ့တာေလ။ အခုဆို အဲ႔ဒီ ပန္းပင္ေလးေတြက အပြင့္ေတြပြင့္ေပးလုိ႔ ငါ့အိမ္အၿပန္မွာ သူတုိ႔ကိုိခူးခဲ႔ၿပီး ပန္းအုိးမွာ ထိုးလုိ႔ ရေနၿပီေလ။ မင္းရဲ႕အက္ရာသာ မရွိခဲ႔ရင္ ငါ့အိမ္ကို အခုလို က်က္သေရရွိၿပီး လွပေနေအာင္ ဘယ္လုိလုပ္ၿပီး အလွဆင္ႏိုင္မွာလဲ...”

ဒီပံုၿပင္ေလးကို ၾကည္.ၿခင္းအားၿဖင့္ ကၽြန္ေတာ့္အတြက္ေတာ့ အေတြးေတြဟာ တသီတန္းႀကီး ၀င္လာပါတယ္။ ကၽြန္ေတာ္တုိ႔ အားလံုးမွာ အားနဲခ်က္ဆိုတာ ကိုယ္စီရွိၾကပါတယ္။ အက္ရာနဲ႔ အိုးေလးလုိေပါ့ဗ်ာ။

အဲဒီ ခ်ဳိ႕ယြင္းခ်က္ အားနည္းခ်က္၊ အၿပစ္အနာအဆာေတြဟာ ကၽြန္ေတာ္တ္ုိ႔ရဲ႕ ဘ၀ေတြကို အလြန္တရာ စိတ္၀င္စားဖို.ေကာင္းေအာင္ ဖန္တီးေပးသလုိ ကိုယ့္ဘ၀ရဲ႕ ဆုလာဘ္ေတြလဲ ၿဖစ္ပါတယ္။  ဘယ္လုိ လူစားမ်ဳိးပဲၿဖစ္ၿဖစ္ ကၽြန္ေတာ္တို႔က သူ႔ရဲ႕ေကာင္းကြက္ေလးေတြကို ၿမင္တတ္ဖုိ႔လုိပါတယ္ ။ အဲဒီ ခ်ဳိ႕ယြင္းခ်က္၊ အားနည္းခ်က္၊ အၿပစ္အနာအဆာေတြကို မွန္မွန္ကန္ကန္ အသံုးခ်ႏုိင္ရင္ ဒါေတြဟာ စိတ္ပ်က္အားငယ္စရာ မဟုတ္ေတာ့ပဲ ဘ၀ရဲ႕ ေကာင္းခ်ီးေပးမႈေတြ ၿဖစ္လာမွာ ဧကန္ပါပဲ ။

"ဒါေၾကာင့္ သင့္ေဘးပတ္၀န္းက်င္မွာ ရွိတဲ့ အမ်ဳိးမ်ဳိးေသာ လူသားတိုင္းကို နားလည္စြာ ခ်ီးေၿမွာက္ဖို႔ သတိရပါ"

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မယ္မင္းပံုၿပင္မ်ား
#Unicode Version#
 တခါက ရေထမ်းသမားတစ်ဦးမှာ ရေအိုးနှစ်လုံး ရှိသတဲ့။ ရေထမ်းသမားက အဲဒီရေအိုးနှစ်လုံးကို ထမ်းပိုးရဲ့ တဖက်တချက်ဆီမှာ ချိတ်ဆွဲပြီး ရေထမ်းထွက်လေ့ ရှိသတဲ့။

ရေအိုးတစ်လုံးမှာ အက်ရာလေးရှိနေပြီး ရေတွေစိမ့်ကျ ကျန်ရစ်နေလို့ အဲဒီအိုးလေးက ဘယ်တော့မှ ရေအပြည့် သယ်မပေးနိူင်ရှာဘူးတဲ့။

ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ လုံးဝကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။

အလွန်ဝေးတဲ့ ခရီးအတိုင်း ရေထမ်းသမား ရေထမ်းပြီးပြန်လာတိုင်း အက်ရာနဲ့အိုးကလေးထဲက ရေဟာ တဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တဝက်က အမြဲတမ်း လမ်းမှာ ယိုစိမ့် ကျန်ရစ်နေခဲ့တယ်။ နေ့စဉ်နေ့တိုင်း ရေတစ်ခေါက်သယ်တိုင်း အိုးနှစ်လုံးစာအပြည့် ဘယ်တော့မှမရပဲ ရေတစ်အိုးနဲ့ တဝက်စာပဲ အမြဲရတာပေါ့။ ဒီလိုနဲ့ ရေထမ်းသမားက ရေသယ်လာလိုက်တာ နှစ်အတော်တောင် ကြာလို့နေခဲ့ပါပြီ။ အကောင်းပတိအတိုင်း ရှိနေတဲ့ အိုးကတော့ အမြဲတမ်း ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် သူ့ရဲ့အပြစ်ကင်းမှု အပေါ် ဂုဏ်ယူဝမ်းမြောက်နေတယ်။

အက်ရာနဲ့ အိုးလေးခမျာမှာတော့ သူ့ရဲ့အပြစ်အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကျိုးမနပ်တာကို တွေးတွေးပြီး ရှက်လို့မဆုံး၊ ဝမ်းနည်းလို့မဆုံးအောင် ဖြစ်နေရှာတာပေါ့။ ရေထမ်းသမားက ရေကိုအမြဲအပြည့်ဖြည့်ပြီး သယ်ခဲ့ပေမဲ့ အိုးလေးကတော့ ရေဝက်လောက်ပဲ အိမ်အရောက် သယ်ပေးနိုင်ခဲ့တာကိုး။ အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်အတော်ကြာအောင် ခါးစည်းခံခဲ့ပြီးတဲ့နောက်မှာတော့ အက်ရာနဲ့အိုးလေးဟာ ဆက်ပြီးသီးမခံနိူင်တော့ဘူး။  တစ်နေမှာတော့ ရေခပ်နေတဲ့ ရေထမ်းသမားကို ဖွင့်ပြောလိုက်တယ်။

"ကျွန်တော့်ရဲ့ အပြစ်အနာအဆာအတွက် ခွင့်လွတ်ပေးပါခင်ဗျာ၊ ကျွန်တော့်မှာ ရှိနေတဲ့ ဒီအက်ရာကနေ ရေအမြဲယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက် ရေအပြည့်ဘယ်တော့မှ သယ်မပေးနိူင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကြောင့် သခင့်လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ ပင်ပန်းနေခဲ့တယ်။ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တဲ့ ကျွန်တော့်အားနဲချက်ကြောင့် သခင်ပင်ပန်းရကျိုးမနပ်ဖြစ်ရတာ စိတ်မကောင်းဖြစ်ရသလို အဲဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်ခင်ဗျာ"

အဲဒီစကားကို ကြားတော့ ရေထမ်းသမားက အခုလိုပြန်ရှင်းပြပါတယ်။

'မင်းရဲ့တခြားဖက်အခြမ်းမှာ မရှိပဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့ ပန်းပင်တွေကိုလမ်းတလျှောက်မှာ သတိထားမိလား။ ငါက မင်းရဲ့အားနဲချက်ကိုသိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ မျိုးစေ့တွေကို ကျဲပြီးစိုက်ခဲ့တယ်။ အိမ်အပြန် လမ်းတလျှောက်လုံးမှာ မင်းဆီကကျတဲ. ရေတွေဟာ အဲ့ဒီပန်းမျိုးစေ့တွေကို ရှင်သန်ကြီးထွားစေခဲ့တာလေ။ အခုဆို အဲ့ဒီ ပန်းပင်လေးတွေက အပွင့်တွေပွင့်ပေးလို့ ငါ့အိမ်အပြန်မှာ သူတို့ကိုခူးခဲ့ပြီး ပန်းအိုးမှာ ထိုးလို့ ရနေပြီလေ။ မင်းရဲ့အက်ရာသာ မရှိခဲ့ရင် ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင် ဘယ်လိုလုပ်ပြီး အလှဆင်နိုင်မှာလဲ...”

ဒီပုံပြင်လေးကို ကြည်.ခြင်းအားဖြင့် ကျွန်တော့်အတွက်တော့ အတွေးတွေဟာ တသီတန်းကြီး ဝင်လာပါတယ်။ ကျွန်တော်တို့ အားလုံးမှာ အားနဲချက်ဆိုတာ ကိုယ်စီရှိကြပါတယ်။ အက်ရာနဲ့ အိုးလေးလိုပေါ့ဗျာ။

အဲဒီ ချို့ယွင်းချက် အားနည်းချက်၊ အပြစ်အနာအဆာတွေဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို.ကောင်းအောင် ဖန်တီးပေးသလို ကိုယ့်ဘဝရဲ့ ဆုလာဘ်တွေလဲ ဖြစ်ပါတယ်။  ဘယ်လို လူစားမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့က သူ့ရဲ့ကောင်းကွက်လေးတွေကို မြင်တတ်ဖို့လိုပါတယ် ။ အဲဒီ ချို့ယွင်းချက်၊ အားနည်းချက်၊ အပြစ်အနာအဆာတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင် ဒါတွေဟာ စိတ်ပျက်အားငယ်စရာ မဟုတ်တော့ပဲ ဘဝရဲ့ ကောင်းချီးပေးမှုတွေ ဖြစ်လာမှာ ဧကန်ပါပဲ ။

"ဒါကြောင့် သင့်ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးမျိုးသော လူသားတိုင်းကို နားလည်စွာ ချီးမြှောက်ဖို့ သတိရပါ"

ဖိုးသူတော် (www.phothutaw.com)
Credit: မယ်မင်းပုံပြင်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top