Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Green tea လက္ဖက္ရည္ၾကမ္ ဟာ အလွအပေရးရာအတြက္သာမက အျခားေသာ က်န္းမာေရးအက်ိဳးေက်းဇူးေတြမ်ားစြာကိုလည္း ေပးႏိုင္တဲ့အတြက္ ေရပန္းစားလွပါတယ္။ စိတ္ဖိစီးမႈေတြကို   ေလွ်ာ့ခ်ေပးျခင္း၊  အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးျခင္း၊ အသားအေရကို စိုျပည္ေတာက္ပေစျခင္း၊ ခုခံအားကို ျမႇင့္တင္ေပးႏိုင္ျခင္းတို႕အျပင္ ဆီးခ်ိဳျဖစ္ႏိုင္ေခ်ကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဆီးခ်ိဳအေၾကာင္း တေစ့တေစာင္း

ကာဘိုဟိုက္ဒရိတ္ဓာတ္မ်ားျပားတဲ့ အစားအစာေတြကို စားမယ္ဆိုရင္ အစာေခ်ျခင္းျဖစ္စဥ္မွာ အဆိုပါ ကာဘိုဟိုက္ဒရိတ္ေတြဟာ သၾကားဓာတ္ေတြအျဖစ္ ေျပာင္းလဲျခင္းခံရပါတယ္။

ဒီ့ေနာက္မွာေတာ့ ခႏၶာကိုယ္ကေန အင္ဆူလင္ဓာတ္ကို ထုတ္လုပ္ေပးျပီး သၾကားဓာတ္ေတြကို ဆဲလ္ေတြထဲ စုပ္ယူေစကာ စြမ္းအင္အျဖစ္ ေျပာင္းလဲ အသုံးျပဳျခင္းအားျဖင့္ ေသြးတြင္းသၾကားဓာတ္ပမာဏကို ထိန္းခ်ဳပ္ေပးပါတယ္။

ဒါေပမယ့္ ဆီးခ်ိဳေဝဒနာရွင္ေတြမွာေတာ့ ဒီျဖစ္စဥ္ဟာ မတူညီႏိုင္ေတာ့ပါဘူး။အမွတ္ တစ္ အမ်ိဳးအစား ဆီးခ်ိဳမွာဆိုရင္ အင္ဆူလင္ေဟာ္မုန္းကိုလုပ္ေပးတဲ့ ပန္ကရိယအဂၤါမွာရွိတဲ့ ဆဲလ္ေတြကို ခႏၶာကိုယ္ရဲ့ ခုခံအားစနစ္က မွားယြင္းဖ်က္ဆီးလိုက္ပါတယ္။

ဒါေၾကာင့္ အင္ဆူလင္ေတြလည္း ထြက္မလာႏိုင္ေတာ့ပါဘူး။အမွတ္ ႏွစ္အမ်ိဳးအစား ဆီးခ်ိဳမွာေတာ့ အင္ဆူလင္ေဟာ္မုန္းေတြကို ခႏၶာကိုယ္ရဲ့ ဆဲလ္ေတြက ေကာင္းမြန္စြာ တံု႕ျပန္ျခင္းမရွိေတာ့တာပါ။

ဒါေၾကာင့္ ေသြးထဲမွာ ရွိတဲ့ သၾကားဓာတ္ေတြကို အသုံးမျပဳႏိုင္ဘဲ ဒီတိုင္းထားထားသလို ျဖစ္ေနတာမို႕ ၾကာလာတဲ့အခါ ေသြးတြင္းသၾကားဓာတ္ပမာဏေတြ ျမင့္တက္လာကာ ဆီးခ်ိဳေရာဂါ ျဖစ္ပြါးလာရပါေတာ့တယ္။

ဆီးခ်ိဳေရာဂါကို green tea က ဘယ္လိုကာကြယ္ေပးသလဲ။

green tea ဟာ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးႏိုင္သလို ဆီးခ်ိဳရွိေနျပီဆိုရင္လည္း ေရာဂါကို ထိန္းခ်ဳပ္ထားႏိုင္ဖို႕ ကူညီေပးႏိုင္ပါတယ္ (အထူးသျဖင့္ အမွတ္ႏွစ္အမ်ိဳးအစား ဆီးခ်ိဳကိုေပါ့)။

green tea ဟာ ခႏၶာကိုယ္ထဲေရာက္ရွိလာတဲ့အခါ ႐ႈပ္ေထြးမ်ားျပားတဲ့ ဓာတ္ျပဳမႈေတြကို ျဖစ္ေပၚေစျပီး ရလာဒ္အေနနဲ႕ အင္ဆူလင္ကို မတံု႕ျပန္တဲ့ဆဲလ္ေတြ ေကာင္းမြန္စြာ ျပန္လည္အလုပ္လုပ္လာေအာင္၊အင္ဆူလင္ကို တံု႕ျပန္လာေအာင္ ျပဳလုပ္ေပးတဲ့အတြက္ ေသြးတြင္းသၾကားဓာတ္ပမာဏကို က်ဆင္းလာေစပါတယ္။

ဒါ့အျပင္ green tea မွာပါဝင္တဲ့ polyphenols ဟာ ဓာတ္တိုးဆန္႕က်င္ပစၥည္းတမ်ိဳးျဖစ္ျပီး ေသြးလႊတ္ေၾကာေတြကို က်ယ္ေစတဲ့အတြက္ ေသြးေပါင္ခ်ိန္မ်ားျပားျခင္းကို သက္သာေစျပီး ေသြးခဲတာကို ကာကြယ္ေပးတဲ့အျပင္ ေသြးတြင္းကိုလက္စထေရာဓာတ္ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

ဒါေတြအားလုံးက ႏွလုံးနဲ႕ ေသြးေၾကာေတြကို ပိုမိုက်န္းမာေကာင္းမြန္ေစဖို႕ခ်ည္းပဲ ျဖစ္ပါတယ္။

green tea ကို အက်ိဳးရွိသထက္ရွိေအာင္ ဘယ္လိုေသာက္သုံးမလဲ။

ေန႕စဥ္သုံးစြဲသင့္တဲ့ polyphenols ပမာဏက ၂၀၀ – ၁၀၀၀ မီလီဂရမ္ ျဖစ္ျပီး လက္ဖက္ရည္တခြက္မွာ polyphenols ၅ မီလီဂရမ္ကေန ၁၈၀ မီလီဂရမ္ထိ ပါဝင္ပါတယ္။

green tea ကို ေသာက္တဲ့အခါ အျခားေသာ အရာေတြ (ဥပမာ သၾကား၊ႏို႕ဆီ၊ႏို႕ စသည္)ကို မထည့္ဘဲ သဘာဝအတိုင္း အသန္႕စင္ဆုံးအရသာကို ရရွိေအာင္ ေသာက္တာဟာ အေကာင္းဆုံးျဖစ္ပါတယ္။

လတ္ဆတ္တဲ့ green tea ကို ေသာက္ႏိုင္ရင္ အေကာင္းဆုံးပါ။တကယ္လို့ ဒီလိုမ်ိဳးလတ္လတ္ဆတ္ဆတ္မရႏိုင္ဖူးဆိုရင္ green tea အမႈန္႕ကို ေသာက္ရင္လည္း အဆင္ေျပပါေသးတယ္။

ဒါေပမယ့္ အမႈန္႕ေသာက္ရင္ေတာ့ polyphenols ဓာတ္ကို ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ပမာဏအတိုင္းရရွိဖို႕ေတာ့ ခက္ခဲပါလိမ့္မယ္။ဘာလို႕လဲဆိုေတာ့ ေန႕စဥ္လိုအပ္တဲ့ polyphenols ပမာဏကို ရရွိလာဖို႕အတြက္ ကြၽန္ေတာ္တို႕ဟာ green tea ဆယ္ခြက္ေလာက္ ေသာက္ဖို႕လိုအပ္တဲ့အတြက္ ျဖစ္ပါတယ္။

(လစ္ပတန္ တီး လိုမ်ိဳး) အိတ္ကေလးေတြနဲ႕ လုပ္ထားတဲ့ green tea ကိုလည္း ေရြးခ်ယ္ေသာက္သုံးႏိုင္ျပီး ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္ အထူးထုတ္လုပ္ထားတဲ့ လက္ဖက္ေျခာက္အိတ္ကေလးေတြကိုပါ အလြယ္တကူ ဝယ္ယူရရွိႏိုင္ပါတယ္။

ဒါဆိုရင္ ကြၽန္ေတာ္တို႕အေနနဲ႕ ေန႕စဥ္လိုအပ္တဲ့ polyphenols ပမာဏကို လြယ္ကူအဆင္ေျပစြာ ရရွိႏိုင္မွာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
Green tea လက်ဖက်ရည်ကြမ် ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို   လျှော့ချပေးခြင်း၊  အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို စိုပြည်တောက်ပစေခြင်း၊ ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုအကြောင်း တစေ့တစောင်း

ကာဘိုဟိုက်ဒရိတ်ဓာတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ အဆိုပါ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓာတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။

ဒီ့နောက်မှာတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပြီး သကြားဓာတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။

ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။အမှတ် တစ် အမျိုးအစား ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယအင်္ဂါမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းဖျက်ဆီးလိုက်ပါတယ်။

ဒါကြောင့် အင်ဆူလင်တွေလည်း ထွက်မလာနိုင်တော့ပါဘူး။အမှတ် နှစ်အမျိုးအစား ဆီးချိုမှာတော့ အင်ဆူလင်ဟော်မုန်းတွေကို ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ကောင်းမွန်စွာ တုံ့ပြန်ခြင်းမရှိတော့တာပါ။

ဒါကြောင့် သွေးထဲမှာ ရှိတဲ့ သကြားဓာတ်တွေကို အသုံးမပြုနိုင်ဘဲ ဒီတိုင်းထားထားသလို ဖြစ်နေတာမို့ ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏတွေ မြင့်တက်လာကာ ဆီးချိုရောဂါ ဖြစ်ပွါးလာရပါတော့တယ်။

ဆီးချိုရောဂါကို green tea က ဘယ်လိုကာကွယ်ပေးသလဲ။

green tea ဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သလို ဆီးချိုရှိနေပြီဆိုရင်လည်း ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် (အထူးသဖြင့် အမှတ်နှစ်အမျိုးအစား ဆီးချိုကိုပေါ့)။

green tea ဟာ ခန္ဓာကိုယ်ထဲရောက်ရှိလာတဲ့အခါ ရှုပ်ထွေးများပြားတဲ့ ဓာတ်ပြုမှုတွေကို ဖြစ်ပေါ်စေပြီး ရလာဒ်အနေနဲ့ အင်ဆူလင်ကို မတုံ့ပြန်တဲ့ဆဲလ်တွေ ကောင်းမွန်စွာ ပြန်လည်အလုပ်လုပ်လာအောင်၊အင်ဆူလင်ကို တုံ့ပြန်လာအောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းလာစေပါတယ်။

ဒါ့အပြင် green tea မှာပါဝင်တဲ့ polyphenols ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်များပြားခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးပါတယ်။

ဒါတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေကို ပိုမိုကျန်းမာကောင်းမွန်စေဖို့ချည်းပဲ ဖြစ်ပါတယ်။

green tea ကို အကျိုးရှိသထက်ရှိအောင် ဘယ်လိုသောက်သုံးမလဲ။

နေ့စဉ်သုံးစွဲသင့်တဲ့ polyphenols ပမာဏက ၂၀၀ – ၁၀၀၀ မီလီဂရမ် ဖြစ်ပြီး လက်ဖက်ရည်တခွက်မှာ polyphenols ၅ မီလီဂရမ်ကနေ ၁၈၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။

green tea ကို သောက်တဲ့အခါ အခြားသော အရာတွေ (ဥပမာ သကြား၊နို့ဆီ၊နို့ စသည်)ကို မထည့်ဘဲ သဘာဝအတိုင်း အသန့်စင်ဆုံးအရသာကို ရရှိအောင် သောက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

လတ်ဆတ်တဲ့ green tea ကို သောက်နိုင်ရင် အကောင်းဆုံးပါ။တကယ်လို့ ဒီလိုမျိုးလတ်လတ်ဆတ်ဆတ်မရနိုင်ဖူးဆိုရင် green tea အမှုန့်ကို သောက်ရင်လည်း အဆင်ပြေပါသေးတယ်။

ဒါပေမယ့် အမှုန့်သောက်ရင်တော့ polyphenols ဓာတ်ကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏအတိုင်းရရှိဖို့တော့ ခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုတော့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို ရရှိလာဖို့အတွက် ကျွန်တော်တို့ဟာ green tea ဆယ်ခွက်လောက် သောက်ဖို့လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။

(လစ်ပတန် တီး လိုမျိုး) အိတ်ကလေးတွေနဲ့ လုပ်ထားတဲ့ green tea ကိုလည်း ရွေးချယ်သောက်သုံးနိုင်ပြီး ဆီးချိုဝေဒနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက်အိတ်ကလေးတွေကိုပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို လွယ်ကူအဆင်ပြေစွာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top