Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





























ကျနေတတ်တာမျိုး )

Credit: lwinpyin
#Unicode Version#
စားပြီးသား မုန့် ကို ကျွေးကြည့်ပါ။

( အော်အော့ လုပ်နေပြီဆို ဆောင့်ကန်ထားခဲ့…

အားရပါးရ ရှိန်မနေပဲ စားနေပြီဆို အချစ်စစ်ပြီ

သေတဲ့အထိ လက်တွဲမယ့်သူက ရွံနေဖို့လိုလို့လား )

~တစ်ရေးနိုး သန်းခေါင်ကျော် ဖုန်း ထခေါ်ကြည့်ပါ။

( ဘယ်လောက်ခေါ်ခေါ် မကိုင်ဘူးဆို ခေါက်ပစ်လိုက်…

စိုးရိမ်တကြီးနဲ့ ပျာပျာသလဲ ပြန်ထူးရင် အချစ်စစ်ပြီ

ချစ်သူ အတွက်ဆို အမြဲ On Duty ဖြစ်နေရမယ်လေ )

~ဘာမပြော ညာမပြောနဲ့ ခေါင်းပိတ် ခေါက်ကြည့်ပါ။

( ဒေါသ ထွက်ပြီး ရန်ပြန်တွေ့တယ်ဆို ဝဲပစ်လိုက်တော့…

စပ်ဖြဲဖြဲနဲ့ ပြန်ရယ်ပြနေရင် လုံးဝ လက်တွဲဖေါ်စစ်ပြီ

ရစ်တဲ့ဆိုးတဲ့ ဒဏ်လေးတော့ ခံနိုင်ရည် ရှိရမှာပေါ့ )

~ ခြံစည်းရိုး အနိမ့်တစ်ခုလောက် ခုန်ကျော်ခိုင်းကြည့်ပါ။

( ရွှိဆို ခုန်သွားတယ်ဆို နောက်နေ့ကစ ဖြတ်လိုက်တော့…

အိနြေ္ဒရ ရနေတယ် မခုန်ဘူးဆို ဖိတ်စာပြေးရိုက်သင့်ပြီ

ခြံခုန် စရှိတဲ့သူက နောက်တစ်ခါ ခုန်နေဦးမှာပဲလေ )

~ဖုန်းဘေလ် ပြတ်ချင်ယောင်ဆောင် ထည့်ခိုင်းကြည့်ပါ။

( အင်းအဲလုပ်ပြီး စကားလမ်း လွှဲရင် လမ်းသာခွဲလိုက်…

တစ်သောင်းကဒ် ဂွက်ဆို လှမ်းထည့်ပေးရင် အချစ်စစ် ပြီ

ကပ်စေးနှဲ ကို တစ်ဘဝလုံးစာ ဘယ်လိုအားကိုးရမလဲ )

~ရုတ်တရက် နင်နဲ့ငါပြတ်ပြီ ထပြောကြည့်ပါ။

( ပြတ်တယ် ဟာဆိုပြီး ပေါက်ကွဲသွားရင် လွှင့်သာပစ်လိုက်…

တောင်းပန်ပါတယ် ခွဲမသွားပါနဲ့ ငိုပြနေရင် အချစ်စစ်ပြီ

တကယ်ချစ်ရင် ဘယ်လိုကြောင့်မှ အဆုံးရှုံးမခံဘူး )

~ချုံးပွဲချ ငိုချင်ယောင်ဆောင်ကြည့်ပါ။

( မျက်နှာသေနဲ့ ခံစားချက် မဲ့တာမျိုးဆို Go ခိုင်းလိုက်…

သူကပါ နှပ်ရည်ကျတဲ့အထိ လိုက်ငိုနေရင် Real ပဲ

လက်တွဲဖေါ် အစစ်က သင် မျက်ရည် ကျရင် သူပါ Auto

ကျနေတတ်တာမျိုး )

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top