ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တပ္မေတာ္ နွင့္ သံဃာ၊ မင္းႏွင့္ ျပည္သူ သည္ ညီညြတ္ရမည္ျဖစ္သည္ဟု သီတဂူ ဆရာေတာ္ အရွင္ ဉာဏိႆရက ေအာက္တုိဘာ ၃၀ ရက္က ေဟာၾကားသည့္ တရားတပုဒ္တြင္ ထည့္သြင္း ေဟာေျပာခဲ့သည္။

သီတဂူ ဆရာေတာ္ သည္ အဆုိပါ တရားေတာ္ ကုိ ကရင္ျပည္နယ္၊ သံေတာင္ၿမိဳ႕၊ ဘုရင့္ေနာင္တပ္ၿမိဳ႕ရွိ တပ္မေတာ္ (ၾကည္း) တိုက္ခိုက္ေရးေက်ာင္း၌ ျပဳလုပ္သည့္ တရားပြဲ တြင္ ထုိကဲ့သုိ႔ ထည့္သြင္းေဟာေျပာခဲ့ျခင္း ျဖစ္သည္။

“မင္းနဲ႔ျပည္သူ ညီညြတ္ ရမယ္၊ တပ္နဲ႔သံဃာေတြ ညီညြတ္ ရမယ္။ ေလးဦးေလးဖလယ္ ညီၫြတ္ ဖုိ႔၊ ကုလားထုိင္ရဲ႕ ေလးေခ်ာင္းလုိ” ဟူ၍ ဆရာေတာ္က ထည့္သြင္းေျပာၾကားခဲ့သည္။

ထုိ႔ျပင္ သီဟုိဠ္ကြၽန္း (လက္ရွိ သီရိလကၤာႏုိင္ငံ) မွ ဒ႑ာရီ အျဖစ္အပ်က္ တခုကုိ ရည္ၫႊန္း ေဟာေျပာခဲ့ျခင္းလည္း ျဖစ္သည္။ အဆုိပါအျဖစ္အပ်က္အရ စစ္ပြဲအတြင္း လူသန္းေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့ၿပီး စိတ္ပူပန္ေသာကေရာက္ေနသည့္ ဒုဌာဂါမဏိမင္းအေၾကာင္းေဟာေျပာရာတြင္ “ရဟႏၲာႀကီးေတြက မင္းႀကီးကုိ အၿမဲတမ္း ၾကည့္႐ႈေစာင့္ေရွာက္ေနတယ္ဆုိတာ နားလည္ရမယ္” ဟုလည္း ဆရာေတာ္က ဆုိသည္။

ယင္းကဲ့သုိ႔ လူသန္းေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့သည့္ ဘုရင္ စိတ္ပူပန္ေသာကေရာက္ေနသည္ကုိ ရဟႏၲာ မ်ားက “မင္းႀကီး ဘာမွ မပူနဲ႔၊ အကုသုိလ္ နည္းနည္းေလးပဲ ျဖစ္တယ္” ေဟာေျပာခဲ့သည့္ဟု ဆုိသည္။

ထုိ႔ျပင္ “မင္းသတ္လုိက္တာ သန္းေပါင္းမ်ားစြာျဖစ္ေပမယ့္၊ တကယ့္လူစင္စစ္က တေယာက္နဲ႔ တပုိင္းပဲ ပါတယ္။ လူပီသတဲ့လူေပါ့။ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေက်းကုလား၊ တမီလ္ေတြထဲမွာ ငါးပါးသီလ ေဆာက္တည္တဲ့သူက တေယာက္၊ ငါးပါးသီလနဲ႔ သရဏဂုံ တြဲေဆာက္တည္တဲ့သူက တေယာက္ပါဝင္သည္” ဟု ဆုိသည္။

ထုိ႔ျပင္ “မင္းႀကီးမပူနဲ႔” သီတဂူ ဆရာေတာ္ က မိန္႔ၾကားၿပီး အဆုိပါအျဖစ္အပ်က္ ေဟာေျပာမႈအဆုံးသတ္တြင္ “ဘုန္းႀကီးတုိ႔ မေျပာဘူး။ သီဟုိဠ္က ရဟႏၲာ ေတြ ေျပာတာ” သီတဂူ ဆရာေတာ္ က ထည့္သြင္း ေဟာေျပာခဲ့သည္။

အဆုိပါ အျဖစ္အပ်က္ကုိ ျမန္မာႏုိင္ငံ တြင္ ဒုဌာဂါမဏိႏွင့္ ေက်းကုလား ၅၀၀ ဟု လူသိမ်ားၿပီး ရဟန္းသံဃာမ်ားက တရားပြဲမ်ားတြင္ အလ်င္းသင့္သလုိ ထည့္သြင္း ေဟာေျပာမႈမ်ား ရွိခဲ့သည္။ လူေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့၍ ဝိပၸရိသာရ ဟုေခၚသည့္ စိတ္ႏွလုံးမခ်မ္းေျမ႕ျဖစ္ေနသည့္ ဒုဌာဂါမဏိ မင္းႀကီး ကုိ အစြဲဥပါဒါန္ေၾကာင့္ ပုိ၍အျပစ္ျဖစ္ေစသည့္အေၾကာင္း စိတ္သက္သာရာ ရေစရန္ ရဟန္းမ်ားက တရားခ်သည့္ ဇာတ္လမ္းတပုဒ္ျဖစ္သည္။

“တုိ႔ရဲ႕ တပ္မေတာ္သားေတြလည္း ဒုဌာဂါမဏိထုံး ႏွလုံးမူ၊ အဇာတသတ္မင္းထုံး ႏွလုံးမူၿပီး ႏုိင္ငံေတာ္နဲ႔ သာသနာအတြက္ စစ္တာဝန္ကုိ ထမ္းျခင္းျဖစ္ရမယ္၊ ျဖစ္ပါေစလုိ႔ တုိက္တြန္းေၾကာင္း” ေဟာေျပာၿပီး တရားပြဲ ကုိ အဆုံးသတ္ခဲ့သည္။

“ဒုဌာဂါမဏိမင္းလုိ၊ အဇာတသတ္မင္းလုိ တုိင္းျပည္ အတြက္သာလွ်င္ စစ္တုိက္တာမဟုတ္ဘူး၊ ဘုရား သာသနာ အတြက္ စစ္တုိက္ရတယ္၊ ဒီလုိျဖစ္ရတယ္” ဆရာေတာ္က မိန္႔ၾကားသည္။

အစုိးရသစ္ တက္ၿပီးေနာက္ပုိင္းတြင္ ယခုႏွစ္အေစာပုိင္းက သီတဂူ ဆရာေတာ္ ကုိ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႔တံဆိပ္ ဆက္ကပ္ခဲ့သည္။ အဆုိပါ ဘြဲ႔တံဆိပ္သည္ မင္း၊ အစုိးရက သံဃာေတာ္မ်ားကုိ ဆက္ကပ္ရာတြင္ အျမင့္ဆုံးဘြဲ႔တခုလည္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#


တပ်မတော် နှင့် သံဃာ၊ မင်းနှင့် ပြည်သူ သည် ညီညွတ်ရမည်ဖြစ်သည်ဟု သီတဂူ ဆရာတော် အရှင် ဉာဏိဿရက အောက်တိုဘာ ၃၀ ရက်က ဟောကြားသည့် တရားတပုဒ်တွင် ထည့်သွင်း ဟောပြောခဲ့သည်။

သီတဂူ ဆရာတော် သည် အဆိုပါ တရားတော် ကို ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ပြုလုပ်သည့် တရားပွဲ တွင် ထိုကဲ့သို့ ထည့်သွင်းဟောပြောခဲ့ခြင်း ဖြစ်သည်။

“မင်းနဲ့ပြည်သူ ညီညွတ် ရမယ်၊ တပ်နဲ့သံဃာတွေ ညီညွတ် ရမယ်။ လေးဦးလေးဖလယ် ညီညွတ် ဖို့၊ ကုလားထိုင်ရဲ့ လေးချောင်းလို” ဟူ၍ ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သီဟိုဠ်ကျွန်း (လက်ရှိ သီရိလင်္ကာနိုင်ငံ) မှ ဒဏ္ဍာရီ အဖြစ်အပျက် တခုကို ရည်ညွှန်း ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအဖြစ်အပျက်အရ စစ်ပွဲအတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စိတ်ပူပန်သောကရောက်နေသည့် ဒုဌာဂါမဏိမင်းအကြောင်းဟောပြောရာတွင် “ရဟန္တာကြီးတွေက မင်းကြီးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာ နားလည်ရမယ်” ဟုလည်း ဆရာတော်က ဆိုသည်။

ယင်းကဲ့သို့ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဘုရင် စိတ်ပူပန်သောကရောက်နေသည်ကို ရဟန္တာ များက “မင်းကြီး ဘာမှ မပူနဲ့၊ အကုသိုလ် နည်းနည်းလေးပဲ ဖြစ်တယ်” ဟောပြောခဲ့သည့်ဟု ဆိုသည်။

ထို့ပြင် “မင်းသတ်လိုက်တာ သန်းပေါင်းများစွာဖြစ်ပေမယ့်၊ တကယ့်လူစင်စစ်က တယောက်နဲ့ တပိုင်းပဲ ပါတယ်။ လူပီသတဲ့လူပေါ့။ ကျူးကျော်ဝင်ရောက်လာတဲ့ ကျေးကုလား၊ တမီလ်တွေထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့သူက တယောက်၊ ငါးပါးသီလနဲ့ သရဏဂုံ တွဲဆောက်တည်တဲ့သူက တယောက်ပါဝင်သည်” ဟု ဆိုသည်။

ထို့ပြင် “မင်းကြီးမပူနဲ့” သီတဂူ ဆရာတော် က မိန့်ကြားပြီး အဆိုပါအဖြစ်အပျက် ဟောပြောမှုအဆုံးသတ်တွင် “ဘုန်းကြီးတို့ မပြောဘူး။ သီဟိုဠ်က ရဟန္တာ တွေ ပြောတာ” သီတဂူ ဆရာတော် က ထည့်သွင်း ဟောပြောခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကို မြန်မာနိုင်ငံ တွင် ဒုဌာဂါမဏိနှင့် ကျေးကုလား ၅၀၀ ဟု လူသိများပြီး ရဟန်းသံဃာများက တရားပွဲများတွင် အလျင်းသင့်သလို ထည့်သွင်း ဟောပြောမှုများ ရှိခဲ့သည်။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့၍ ဝိပ္ပရိသာရ ဟုခေါ်သည့် စိတ်နှလုံးမချမ်းမြေ့ဖြစ်နေသည့် ဒုဌာဂါမဏိ မင်းကြီး ကို အစွဲဥပါဒါန်ကြောင့် ပို၍အပြစ်ဖြစ်စေသည့်အကြောင်း စိတ်သက်သာရာ ရစေရန် ရဟန်းများက တရားချသည့် ဇာတ်လမ်းတပုဒ်ဖြစ်သည်။

“တို့ရဲ့ တပ်မတော်သားတွေလည်း ဒုဌာဂါမဏိထုံး နှလုံးမူ၊ အဇာတသတ်မင်းထုံး နှလုံးမူပြီး နိုင်ငံတော်နဲ့ သာသနာအတွက် စစ်တာဝန်ကို ထမ်းခြင်းဖြစ်ရမယ်၊ ဖြစ်ပါစေလို့ တိုက်တွန်းကြောင်း” ဟောပြောပြီး တရားပွဲ ကို အဆုံးသတ်ခဲ့သည်။

“ဒုဌာဂါမဏိမင်းလို၊ အဇာတသတ်မင်းလို တိုင်းပြည် အတွက်သာလျှင် စစ်တိုက်တာမဟုတ်ဘူး၊ ဘုရား သာသနာ အတွက် စစ်တိုက်ရတယ်၊ ဒီလိုဖြစ်ရတယ်” ဆရာတော်က မိန့်ကြားသည်။

အစိုးရသစ် တက်ပြီးနောက်ပိုင်းတွင် ယခုနှစ်အစောပိုင်းက သီတဂူ ဆရာတော် ကို အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။ အဆိုပါ ဘွဲ့တံဆိပ်သည် မင်း၊ အစိုးရက သံဃာတော်များကို ဆက်ကပ်ရာတွင် အမြင့်ဆုံးဘွဲ့တခုလည်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top