Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေတလာဆြစ္၏ ႏို၀င္ဘာ ၁၀ ရက္ကျဖန္႔ခ်ိခဲ့သည့္ Reputation အယ္လ္ဘမ္သည္ အေမရိကန္တြင္ တစ္ရက္အတြင္း ခ်ပ္ေရ ၇၀၀,၀၀၀ ေရာင္းခ်ႏိုင္ခဲ့သည္ဟု အယ္လ္ဘမ္ေရာင္းခ်မႈစာရင္းမ်ားကို ေလ့လာသံုးသပ္သည့္ Nielsen Music ကထုတ္ျပန္ခဲ့သည္။

ယင္းအယ္လ္ဘမ္သည္ ယခုႏႈန္းအတိုင္း ဆက္လက္ေရာင္းခ်ႏိုင္မည္ဆိုပါက လာမည့္သီတင္းပတ္အတြင္း ခ်ပ္ေရတစ္သန္းေက်ာ္ ေရာင္းရႏိုင္ေျခရွိၿပီး ၁၉၈၉ အယ္လ္ဘမ္၏ ေရာင္းအားကို ေက်ာ္တက္ဖြယ္ရွိသည္ဟု Nielsen Music ကခန္႔မွန္းခဲ့သည္။

ဆြစ္၏ ၂၀၁၄ ခုႏွစ္ကထြက္ရွိခဲ့သည့္ 1989 အယ္လ္ဘမ္သည္ ပြဲဦးထြက္ျဖန္႔ခ်ိခဲ့သည့္ သီတင္းပတ္အတြင္း ခ်ပ္ေရ ၁ ဒသမ ၂၉ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့သည္။ ၎၏ ၂၀၁၀ ျပည့္ႏွစ္ကထြက္ရွိခဲ့သည့္ Speak Now ႏွင့္ ၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့သည့္ Red အယ္လ္ဘမ္တို႔သည္လည္း ျဖန္႔ခ်ိၿပီးသီတင္းတစ္ပတ္အတြင္း ခ်ပ္ေရတစ္သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့သည္။

ကန္းထရီးမွ ေပါ့ပ္ဂီတသို႔ ကူးေျပာင္းလာခဲ့သည့္ ဆြစ္သည္ Reputation အယ္လ္ဘမ္ျဖင့္ ၂၀၁၇ ခုႏွစ္ သီခ်င္းေရာင္းခ်မႈစာရင္းကို ဦးေဆာင္ႏိုင္လိမ့္မည္ဟုလည္း Nielsen Music ခန္႔မွန္းခဲ့သည္။

ဆြစ္၏ ဆ႒မေျမာက္အယ္လ္ဘမ္ Reputation အတြက္ သီခ်င္းမ်ားကို ဆြစ္၊ ဂ်က္အန္တိုေနာ့ဖ္၊ မက္စ္မာတင္၊ ရွဲဘက္ႏွင့္ အက္ဒ္ရွီးရန္တို႔က ေရးသားခဲ့သည္။

ယင္းအယ္လ္ဘမ္တြင္ ပါ၀င္သည့္ End Game သီခ်င္းတြင္ အက္ဒ္ရွီးရန္ႏွင့္ ရက္ပ္အဆိုေတာ္ Future တို႔ပါ၀င္သီဆိုထားသည္။

ယင္းအယ္လ္ဘမ္တြင္ ပါ၀င္သည့္ Gorgeous သီခ်င္းသည္ ၎၏ခ်စ္သူ ၿဗိတိန္သ႐ုပ္ေဆာင္ Joe Alwyn အေၾကာင္းေရးစပ္ထားသည့္သီခ်င္းဟု ဆြစ္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ယင္းအယ္လ္ဘမ္တြင္ ပါ၀င္သည့္ Look What You Made Me Do သီခ်င္းသည္ Billboard Hot 100 စာရင္း၏ နံပါတ္ ၁ ေနရာကို သီတင္းပတ္ ၁၆ ပတ္ဆက္တိုက္ ဦးေဆာင္ခဲ့သည့္ Despacito သီခ်င္းကိုေက်ာ္တက္ၿပီး နံပါတ္ ၁ ျဖစ္လာခဲ့သည္။

ယင္းသီခ်င္းဗီဒီယိုသည္လည္း ျဖန္႔ခ်ိၿပီး ၂၄ နာရီအတြင္း ၾကည့္႐ႈမႈအမ်ားဆံုး သီခ်င္းဗီဒီယို ျဖစ္လာခဲ့သည္။ အသက္ ၂၇ ႏွစ္အရြယ္ရွိ ဆြစ္သည္ ဂီတသက္တမ္း ၁၃ ႏွစ္ေက်ာ္အတြင္း ဂရမ္မီဆု ၁၀ ဆုရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven
#Unicode Version#
တေလာဆွစ်၏ နိုဝင်ဘာ ၁၀ ရက်ကဖြန့်ချိခဲ့သည့် Reputation အယ်လ်ဘမ်သည် အမေရိကန်တွင် တစ်ရက်အတွင်း ချပ်ရေ ၇၀၀,၀၀၀ ရောင်းချနိုင်ခဲ့သည်ဟု အယ်လ်ဘမ်ရောင်းချမှုစာရင်းများကို လေ့လာသုံးသပ်သည့် Nielsen Music ကထုတ်ပြန်ခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ယခုနှုန်းအတိုင်း ဆက်လက်ရောင်းချနိုင်မည်ဆိုပါက လာမည့်သီတင်းပတ်အတွင်း ချပ်ရေတစ်သန်းကျော် ရောင်းရနိုင်ခြေရှိပြီး ၁၉၈၉ အယ်လ်ဘမ်၏ ရောင်းအားကို ကျော်တက်ဖွယ်ရှိသည်ဟု Nielsen Music ကခန့်မှန်းခဲ့သည်။

ဆွစ်၏ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့သည့် 1989 အယ်လ်ဘမ်သည် ပွဲဦးထွက်ဖြန့်ချိခဲ့သည့် သီတင်းပတ်အတွင်း ချပ်ရေ ၁ ဒသမ ၂၉ သန်းကျော် ရောင်းချနိုင်ခဲ့သည်။ ၎င်း၏ ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့သည့် Speak Now နှင့် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့် Red အယ်လ်ဘမ်တို့သည်လည်း ဖြန့်ချိပြီးသီတင်းတစ်ပတ်အတွင်း ချပ်ရေတစ်သန်းကျော် ရောင်းချနိုင်ခဲ့သည်။

ကန်းထရီးမှ ပေါ့ပ်ဂီတသို့ ကူးပြောင်းလာခဲ့သည့် ဆွစ်သည် Reputation အယ်လ်ဘမ်ဖြင့် ၂၀၁၇ ခုနှစ် သီချင်းရောင်းချမှုစာရင်းကို ဦးဆောင်နိုင်လိမ့်မည်ဟုလည်း Nielsen Music ခန့်မှန်းခဲ့သည်။

ဆွစ်၏ ဆဋ္ဌမမြောက်အယ်လ်ဘမ် Reputation အတွက် သီချင်းများကို ဆွစ်၊ ဂျက်အန်တိုနော့ဖ်၊ မက်စ်မာတင်၊ ရှဲဘက်နှင့် အက်ဒ်ရှီးရန်တို့က ရေးသားခဲ့သည်။

ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် End Game သီချင်းတွင် အက်ဒ်ရှီးရန်နှင့် ရက်ပ်အဆိုတော် Future တို့ပါဝင်သီဆိုထားသည်။

ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် Gorgeous သီချင်းသည် ၎င်း၏ချစ်သူ ဗြိတိန်သရုပ်ဆောင် Joe Alwyn အကြောင်းရေးစပ်ထားသည့်သီချင်းဟု ဆွစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် Look What You Made Me Do သီချင်းသည် Billboard Hot 100 စာရင်း၏ နံပါတ် ၁ နေရာကို သီတင်းပတ် ၁၆ ပတ်ဆက်တိုက် ဦးဆောင်ခဲ့သည့် Despacito သီချင်းကိုကျော်တက်ပြီး နံပါတ် ၁ ဖြစ်လာခဲ့သည်။

ယင်းသီချင်းဗီဒီယိုသည်လည်း ဖြန့်ချိပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး သီချင်းဗီဒီယို ဖြစ်လာခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဆွစ်သည် ဂီတသက်တမ်း ၁၃ နှစ်ကျော်အတွင်း ဂရမ်မီဆု ၁၀ ဆုရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top