ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ႏုိ၀င္ဘာ ၂၀ ရက္အထိ ျပတ္ေတာက္မယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းထဲမွာ လွ်ပ္စစ္မီးျပတ္ေတာက္မႈေလ်ာ့ နည္းဖုိ႔နဲ႔ ဗုိ႔အားအျပည့္ရေရးအတြက္ ဓာတ္အားလုိင္းေတြ ျပဳျပင္မွာျဖစ္လို႔ ၿမိဳ႕နယ္ကုိးခုမွာ ႏုိ၀င္ဘာ ၁၇ ရက္ကေန ၂၀ ရက္ အထိ လွ်ပ္စစ္မီးျပတ္ေတာက္မယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ေၾကညာထားပါတယ္။

ႏုိ၀င္ဘာ ၁၇ ရက္ မနက္ ၆ နာရီကေန ႏုိ၀င္ဘာ ၂၀ ရက္ ည ၁၂ နာရီအထိ လွ်ပ္စစ္မီးျပတ္ ေတာက္မယ္လို႔ အဆုိပါ ေကာ္ပိုေရးရွင္းက ေၾကညာထားပါတယ္။

လွ်ပ္စစ္မီး ျပတ္ေတာက္မယ့္ ၿမိဳ႕နယ္ေတြက သန္လ်င္၊ ေက်ာက္တန္း၊ သုံးခြ၊ ခရမ္း၊ ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံနဲ႔ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္တို႔ ပါဝင္ၿပီးအဆိုပါ ၿမိဳ႕နယ္ကုိးခုမွာ ရပ္ကြက္တခ်ိဳ႕မွာ ေလးရက္အတြင္း လွ်ပ္စစ္မီး ယာယီျပတ္ေတာက္မယ္လုိ႔ ဆိုပါတယ္။

၃၀ ေကဗီ သီလ၀ါဓာတ္အားခြဲ႐ုံကုိ ၂၃၀ ေကဗီ ကမာနက္-သန္လ်င္ ဓာတ္အားလုိင္းက တစ္ဆင့္ ဓာတ္အားပုိ႔လႊတ္ဖုိ႔ ခ်ိတ္ဆက္ ေဆာင္ရြက္ျခင္း၊ ၂၃၀ ေကဗီ သန္လ်င္ပင္မဓာတ္အားခြဲ႐ုံရဲ႕ Gantry နဲ႔ တာ၀ါတိုင္အမွတ္(၉)ၾကား ႀကိဳးဆြဲတဲ့လုပ္ငန္းေတြ ေဆာင္ရြက္ဖုိ႔ ဓာတ္အားပိတ္ ေဆာင္ရြက္မယ္လုိ႔ ေၾကညာထားပါတယ္။

အဆုိပါလုပ္ငန္းေတြက ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဓာတ္အားျပတ္ေတာက္မႈ ေလ်ာ့နည္းေရးနဲ႔ ဗုိ႔အားျပည့္၀စြာရရွိ ေရး မျဖစ္မေန လုပ္ေဆာင္ရမယ့္ လုပ္ငန္းျဖစ္တယ္လို႔ ရန္ကုန္လွ်ပ္ စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
နိုဝင်ဘာ ၂၀ ရက်အထိ ပြတ်တောက်မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းထဲမှာ လျှပ်စစ်မီးပြတ်တောက်မှုလျော့ နည်းဖို့နဲ့ ဗို့အားအပြည့်ရရေးအတွက် ဓာတ်အားလိုင်းတွေ ပြုပြင်မှာဖြစ်လို့ မြို့နယ်ကိုးခုမှာ နိုဝင်ဘာ ၁၇ ရက်ကနေ ၂၀ ရက် အထိ လျှပ်စစ်မီးပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက် ၆ နာရီကနေ နိုဝင်ဘာ ၂၀ ရက် ည ၁၂ နာရီအထိ လျှပ်စစ်မီးပြတ် တောက်မယ်လို့ အဆိုပါ ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မယ့် မြို့နယ်တွေက သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ ပါဝင်ပြီးအဆိုပါ မြို့နယ်ကိုးခုမှာ ရပ်ကွက်တချို့မှာ လေးရက်အတွင်း လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့ ဆိုပါတယ်။

၃၀ ကေဗီ သီလဝါဓာတ်အားခွဲရုံကို ၂၃၀ ကေဗီ ကမာနက်-သန်လျင် ဓာတ်အားလိုင်းက တစ်ဆင့် ဓာတ်အားပို့လွှတ်ဖို့ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ၂၃၀ ကေဗီ သန်လျင်ပင်မဓာတ်အားခွဲရုံရဲ့ Gantry နဲ့ တာဝါတိုင်အမှတ်(၉)ကြား ကြိုးဆွဲတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဓာတ်အားပိတ် ဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

အဆိုပါလုပ်ငန်းတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနဲ့ ဗို့အားပြည့်ဝစွာရရှိ ရေး မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top